Wednesday 3 October 2012

အောက်တိုဘာလအတွင်း ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်


အောက်တိုဘာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်
ဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ
လာနိုင်ကြောင်း အောက်တိုဘာလအ တွက် ခန့်မှန်းချက်အနေဖြင့် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၌
ဖြစ်ပေါ်နေခဲ့သော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်
တည်ရှိနေကြောင်းလည်း ထုတ်ပြန်ချက်တစ်ရပ်အရ သိရှိရသည်။

မြန်မာနိုင်ငံတွင် ဘင်္ဂလားပင် လယ်အော်မှ မုန်တိုင်းများကို သတိပြုရသည့်ကာလနှစ်ခုရှိပြီး မိုးကြိုကာလဖြစ်သော ဧပြီနှင့် မေ၊ မိုးလွန်ကာလဖြစ်သည့် အောက်တိုဘာနှင့် နိုဝင်ဘာလတို့ ဖြစ်သည်။

အနောက်တောင် မုတ်သုံလေသည် စက်တင်ဘာလ တတိယပတ်
အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းမှ ဆုတ်ခွာခဲ့ပြီးဖြစ်သည်။

အောက်တိုဘာလ ၁ ရက်နေ့မှ ၅ ရက်နေ့အတွင်း အနောက်တောင် မုတ်သုံလေသည် မြစ်ဝကျွန်းပေါ်ဒေသမှ လည်းကောင်း၊ အောက်တိုဘာလ ၆ ရက်မှ ၁၀ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများမှလည်းကောင်း ဆုတ်ခွာမည်ဖြစ်သည်ဟု လည်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး
ဌာနမှ ထုတ်ပြန်ထားပါသည်။

အနောက်တောင် မုတ်သုံလေ ဆုတ်ခွာပြီးစီးချိန်သည် မြန်မာနိုင်ငံ၏ မိုးလွန်ကာလဖြစ်ပြီး မုန်တိုင်းသက်ရောက်မှုများကို သတိပြုရမည့်
ကာလဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာနိုင်ငံသည် မုန်တိုင်းသက် ရောက်မှုများကို
နှစ်စဉ်လို ကြုံတွေ့ ခဲ့ရကာ ၂၀၀၆ ခုနှစ်တွင် မာလာ မုန်တိုင်း၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ် မုန်တိုင်း၊ ၂၀၀၈ ခုနှစ်တွင် နာဂစ် မုန်တိုင်း၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂ်ျလီ မုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ဂီရိမုန်တိုင်းတို့ အသီးသီးသက်ရောက်ခဲ့ကာ နာဂစ်မုန်တိုင်းမှာ မြန်မာနိုင်ငံ၏ သမိုင်းတွင် အဆိုးရွားဆုံး ပျက်စီးမှုများကို ရင်ဆိုင်ခဲ့ရသည့် မုန်တိုင်းလည်း ဖြစ်သည်။

By Eleven Media Group

Photo - Myanmar Online News

No comments:

Post a Comment