Wednesday 3 October 2012

ချောင်းဆိုးခြင်း အတွက် အလွယ်ကူဆုံး ဖြေရှင်းနည်း


ချောင်းဆိုးတာကို လူတိုင်းနီးပါး ခံစားဖူးကြ ပါတယ်။ သင့်ကို အိပ်စက် မရလောက်အောင် နှောင့်ယှက်နိုင်တဲ့ အထိလည်း ချောင်းဆိုးနိုင်ပါတယ်။

ဘာကြောင့် ချောင်းဆိုးတာလဲ ??

အသက်ရှူ လမ်းကြောင်း အတွင်း ယားယံစေတဲ့ အရာတွေကို အသက်ရှူ လမ်းကြောင်း အတွင်းမှ ဖယ်ရှားလိုတဲ့ အခါ ချောင်းဆိုးပြီး ဖယ်ရှားပါတယ်။

ဘာတွေက သင့်ကို ချောင်းဆိုး စေတာလဲ ??

* အအေးမိ၊ နှာစေးစေတဲ့ အသက်ရှူ လမ်းကြောင်းထဲ ရောဂါပိုး ဝင်ရောက်ခြင်း

* ဓာတ်မတည့်ခြင်း

* သလိပ်များရှိခြင်း

* ဆေးလိပ်သောက်ခြင်း

* ဖုန်မှုန့်နှင့် မီးခိုးငွေ့များ ရှူရှိုက်မိခြင်း

ဘယ်လောက် ကြာကြာ ချောင်းဆိုးနိုင်လဲ ??

ရောဂါကြောင့် မဟုတ်ဘဲ ချောင်းဆိုးခဲ့ရင် ၁ဝ ရက်အတွင်း ပျောက်ကင်းနိုင် ပါတယ်။ ဒီလို မဟုတ်ဘဲ ချောင်းဆိုးတဲ့ အခါ သွေးပါရင် ဒါမှမဟုတ် နှစ်ပတ်ထက် ကျော်ပြီး ချောင်းဆိုးနေရင် ဆရာဝန်နဲ့ ပြပြီး ကုသမှု ခံယူပါ။

အိမ်တွင်း နည်းလမ်းနှင့် ဖြေရှင်းပါ !!!

* သင်က အအေးမိ၊ နှာစေးဖြစ်တာ၊ တုပ်ကွေး ဖြစ်တာတွေကြောင့် ချောင်းဆိုးတယ် ဆိုရင် သင့်ခန္ဓာကိုယ်မှာ အရည်တွေ ဆုံးရှုံးနိုင် ပါတယ်။ အရည် ဆုံးရှုံးတာကြောင့် အသက်ရှူလမ်းကြောင်း တစ်လျှောက်ရှိ အမြှေး ပါးတွေ ခြောက်သွေ့နိုင် ပါတယ်။ ရေများများ သောက်ပေးပါ။ တစ်နေ့ကို အနည်းဆုံး ရေရှစ်ခွက် သောက်ပါ။

* ရေနွေးပူပူကို မှုတ်သောက်တာ ကြောင့်လည်း ချောင်းဆိုးတာ သက်သာ စေနိုင်ပါတယ်။ လက်ဖက်ရည်ကြမ်း ထဲကို ပျားရည်၊ သံပရာရည် ရောထည့် ပြီးလည်း သောက်နိုင် ပါတယ်။

* ချင်းကို ဖျော်ရည် ပြုလုပ်ပြီးလည်း သောက်နိုင် ပါတယ်။ ချင်းမှာ ရောင်ရမ်း မှုကို ပျောက်ကင်း စေတဲ့ သဘာဝ အာနိသင် ပါရှိတာကြောင့် ချောင်းဆိုးတာ ကို သက်သာစေ ပါတယ်။

အမျိုးကောင်းသား

By Royal Hero Media

No comments:

Post a Comment