Wednesday 12 September 2012

KBZ ကမ္ဘောဇ ဘောလုံး လေ့ကျင့်ရေးကွင်း တည်ဆောက်ဖို့ ဆိုပြီး ဘုန်းကြီးကျောင်း ဖယ်ခိုင်းပြီ


ယနေ့ ၁၂  .၉.၂၀၁၂ တွင် တောင်ကြီး မြို့အထွက် တွင် တည်ရှိသော ထင်းရူးမြိုင်ကျောင်းအား အတင်းအဓမ္မလာရောက် ဖျက်ဆီးနေကြောင်း သတင်းရရှိ ပါတယ်။


 ကျောင်းထိုင်း ဘုန်းကြီး ဦးကုဝိစာရ ပြောပြချက်အရ နေ့လည် ၂ နာရီ ခွဲ အချိန် ခန့် တွင် လူအယောက် ၁၀၀ ခန့်  သည် (မီးသတ်သမားများ အပါအဝင် ) တို့သည် ကျောင်းထိုင်ဘုန်းကြီးအား မိမိတို့ ကိုယ်တိုင်ဖျက်မလား ကျွန်တော်တို့ ကိုယ်တိုင်ဖျက်ပေးရမလား ဆိုပြီး လာပြောပါတယ် ဒါကာကြီး ဆို၍ ဘုန်ကြီး မှ မိန့်မူပါတယ်။

၎င်း နေရာတွင် ကမ္ဘောဇဘောလုံး လေ့ကျင့်ရေးကွင်း တည်ဆောက်မည်ဆိုသည့်အတွက် ကျောင်းအား အတင်းအဓမ္မ ဖယ်ရှားခိုင်းနေတာဖြစ်ကြောင်း လွိုင်မော မီဒီယာ ဂရု မှ သတင်းပေးပို့ ထားပါတယ်။

Myanmar News Now

သစ်ထူးလွင်

No comments:

Post a Comment