Wednesday 12 September 2012

ကျိုင်းတုံမြို့ EPC ၀န်ထမ်းများ၏အကျင့်ပျက်ခြစားမှု


ကျိုင်းတုံမြို့ မီးလင်းရေး အတွက် ကျိုင်းတုံမြို့(ရှမ်းအရှေ့)၏ မိုင်းခွန်ရေအား လျှပ်စစ်ဓါတ် အားပေးစက်ရုံကို ၁၉၉၂ခုနှစ်မှ စတင်တည်ဆောက် ခဲ့ပါသည်။ မိုင်းခွန်ရေအားလျှပ်စစ်ဓါတ်အားပေး စက်ရုံကို တည်ဆောက်ရာတွင် ပြည်သူလူထုဘက်မှ ထည့်ဝင်ငွေများ လည်းပါရှိပါသည်။
ငွေလက်ခံဖြတ်ပိုင်းနှင့် တကွပူးတွဲးတင်ပြပါသည်။

 ယခုအ ခါကျိုင်းတုံ EPC ၀န်ထမ်းအချို့၏ အကျင့်ပျက်ခြစားမှု့ ကြောင့် ကျိုင်းတုံမြို့ပေါ်(၅)ရပ်ကွက်တွင် နေထိုင်ကြသည့်မြို့ နေလူထုမှာ မိုင်းခွန်ရေအား လျှပ်စစ်မှထုတ်ပေးသော လျှပ်စစ်ကိုအပြည့်၊ အ၀မခံစားရပါ။ ည(၁၀)နာရီတွင်မီးပေးပြီး နံနက်(၅)နာရီခွဲတွင် မီးဖြတ်တောက်ပါသည်။ မြို့နေလူထု၏ အိပ်စက်အနားယူနေသော အချိန်ဖြစ်ပါသည်။

သို့သော် အကျင့်ပျက် EPC ၀န်ထမ်းအချို့က ငွေယူပြီးအထူးလိုင်းအဖြစ် ချိတ်ပေးထားသော ဟော်တယ်များ၊ အိမ်တွင်းစက်မှု လုပ်ငန်းများနှင့် နေအိမ်အချို့မှာ(၂၄)နာရီ ပြည့်မီးရရှိနေပါသည်။ ထိုအကျင့်ပျက် EPC ၀န်ထမ်းများကအိမ်တစ်လုံး အတွက်လစဉ် ကျပ်ငွေသုံးသောင်းပေးလျှင် အထူးလိုင်းချိတ်ပေးပါသည်။

ငွေကြေးမတတ်နိုင်သူများက ဖယောင်းတိုင် မီးကိုအကန့်အသတ်နဲ့သာ သုံးနိုင်ပြီးမီးငြိမ်းသည့် အခါမှောင်ထဲမှာပဲ နေကြရပါသည်။သိုဖြစ်ပါသောကြောင့်တိုင်း ပြည်ကိုအဘက်ဘက်မှ ပြန်လည်ပြုပြင်တည်ဆောက်နေသည့် ကာလတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို   အနှောက်အယှက်ဖြစ်စေသည့် အကျင့်ပျက်ခြစားမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနမှ တိကျသော စုံစမ်းစစ်ဆေးမှု့ များ ပြုလုပ်ပြီးထိရောက်စွာ အရေးယူပေးပါရန် အသိပေးအပ်ပါသည်။

ကျိုင်းတုံမြို့သူမြို့သားများ

သစ်ထူးလွင်

No comments:

Post a Comment