Wednesday 12 September 2012

Facebook က ဖုန်းမထုတ်သော်လည်း Search Engine လုပ်မည်


စက်တင်ဘာ ၁၂။ ။ Facebook အနေဖြင့် စမတ်ဖုန်း ထုတ်လုပ်မည် ဟူသော သတင်းမှာ ကောလဟာလ တစ်ခုမျှသာ ဖြစ်ပြီး Facebook တည်ထောင်သူ မတ်ဇူကာဘတ် ( Mark Zuckerberg) မှ ရှင်းလင်းပြော
ဆိုခဲ့သည်။ သို့သော် စိတ်ဝင်စားဖွယ်ရာ အိုင်ဒီယာ တစ်ခုကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းမှာ Google ကိုယှဉ်ပြိုင်မည့် Facebook –Search Engine ပြုလုပ်ရန် ဖြစ်ကြောင်း သိရသည်။

“ Facebook က ဘယ် OS မှာမဆို အလွယ်တကူ ထောက်ပံ့ပေးတဲ့ integrated servic တစ်ခုအနေနဲ့ ရှိနေရပါမယ်။ iOS, Android, Windows Phone OS အစရှိသဖြင့် စမတ်ဖုန်း OS တွေမှာ အကောင်းဆုံးထောက် ပံ့ပေးမယ့် Social Networking ပဲ ဖြစ်လာမှာပါ။ စမတ်ဖုန်း ထုတ်ဖို့ဆိုတာ ကျွန်တော်တောင် မစဉ်းစားမိသေးတဲ့ ကောလဟာလ ဖြစ်ပါတယ်။” ဟု ဇူကာဘတ်မှ ဖြေကြားခဲ့သည်။

“Facebook က ကိုယ်ပိုင် Hardware များပိုင်ဆိုင်တဲ့ အခြား နည်းပညာ ကုမ္မဏီများနဲ့မတူပါဘူး။ ဒီတော့ သွားနေကျမဟုတ်တဲ့ ဆန့်ကျင်ဘက် လမ်းကနေ သွားရပါမယ်။ အရင်ဆုံး User တွေကို Integrate လုပ်ပေးနိုင် မယ့် စနစ်တစ်ခု ဖန်တီးပေးရပါမယ်။ Facebook ဆိုရှယ်နတ်ဝေါခ့် က တော်တော်လေး အလုပ်ရှုပ်နေပါပြီ။ တစ်ရက်ကို မေးခွန်းပေါင်း ၁ ဘီလျံမက တက်နေပါတယ်။ ဒီအတွက်ကြောင့် ခန့်အပ်ထား တဲ့ ဖြေ ကြားပေးသူ Administrator လည်း မတတ်နိုင်တော့ပါဘူး။

ဒီတော့ ပြီးပြည့်စုံစွာ ဖြေရှင်းပေးမယ့် Search Engine တစ်ခု ပြုလုပ် လိုက်ခြင်းက အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ Facebook မှာ ဖြေကြား မှု ပြည့်ပြည့်စုံစုံ မလုပ်နိုင်သလို၊ ရှာဖွေမှုလည်း အဆင့်မမြင့်ပါဘူး။ လက်ရှိ အောင်မြင်နေတဲ့ Search Engine များထက် ပိုမို မြန်ဆန်ပြီး Facebook ကိုအကျိုးပြုမယ့် စနစ်တစ်ခု ထပ်တိုးလာစေဖို့ ဖြစ်ပါတယ်။ ကျွန်တော် ဒီအတွက် ကြိုးစားသွားပါမယ်” ဟုလည်း ဖြေကြားခဲ့သည်။

Google သည် Search Engine ပလက်ဖောင်းတွင် အောင်မြင်မှုရရှိလာပြီး Facebook ကိုယှဉ်ပြိုင်ရန် ဆိုရှယ်ဆိုက်ဖြစ်သည့် Google+ ကို တည်ထောင် ခဲ့သည်။ ယနေ့ထိ Facebook ကိုမကျော်နိုင်သေးသော်လည်း အသုံးပြုသူ ဦးရေ တစ်ဆဆ တိုးပွားလျက် ရှိသည်။ ထို့ကြောင့် Facebook သည် အဓိက ပြိုင်ဘက် Google+ ကိုစိန်ခေါ်ရန် Search Engine တစ်ခု ပြုလုပ်ခြင်းဖြစ်မည်ဟု နည်းပညာရှင်များက ယူဆကြသည်။

ထို့ကြောင့် စမတ်ဖုန်းထုတ်ရန် ငြင်းပယ်ပြီး Search Engine ထုတ်ရန် ပြော ဆိုလိုက်သော ဇူကာဘတ်သည် အမှန်တကယ်ပင် Google ၏ Search Engine ကိုကျော်လွားနိုင်မနိုင်ရန် ခန့်မှန်းမရသေးသော အဖြေတစ်ခုဖြစ် သည်။ လက်ရှိ Search Engine မျိုးစုံ အသုံးပြုနေသော များအနေဖြင့် Facebook Search Engine ပေါ်လာသည့်အခါ အသုံးပြုမပြုမှာ User များအပေါ်တွင်သာ မူတည်ကြောင်း နိုင်ငံတကာ နည်းပညာဝဘ်ဆိုဒ် များက ရေးသားဖော်ပြခဲ့သည်။
----
Ref:Pocketlint.
Aung Kham (TSJ Team)

By TechSpace Journal

No comments:

Post a Comment