Thursday 13 September 2012

ရိုဟင်ဂျာဟု မသုံးနှုန်းရန် ရခိုင် သတင်းစာ ဆရာအသင်း မေတ္တာရပ်ခံ


ရန်ကုန်၊ စက်တင်ဘာ ၁၃

ပြည်တွင်း မီဒီယာများနှင့် ပြည်ပ မီဒီများတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ နှင့် ပတ်သက်၍ သတင်းရေးသား ဖော်ပြရာတွင် အသုံးပြုနေကြသည့် ရိုဟင်ဂျာ ဟူသော စကားလုံး အစား
ဘင်္ဂါလီဟူ၍ ထည့်သုံးပေးရန် ရခိုင်ပြည်နယ် သတင်းစာ ဆရာအသင်းက မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း MJA ဥက္ကဋ္ဌ ဦးမောင်ဝံသထံ မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြောင်း အဆိုပါ အသင်း ထံမှ သိရှိရသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင် တာဝန်ဖြင့် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း MJA ဥက္ကဋ္ဌ ဆရာမောင်ဝံသ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေစဉ် အတွင်း ရခိုင်ပြည်နယ် သတင်းစာဆရာ အသင်းဝင်များ နှင့် ဦးမောင်ဝံသတို့ စစ်တွေမြို့ ရွှေသဇင် ဟိုတယ်၌ စက်တင်ဘာလ ၉ ရက်နေ့ က တွေ့ဆုံခဲ့စဉ် ယင်းသို့ တောင်းဆိုခဲ့ ခြင်းဖြစ် ကြောင်း ရခိုင်ပြည်နယ် သတင်းစာ ဆရာအသင်း နာယက ဗဂျီးကျော်က ပြောကြားသည်။

"မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူးဆိုတာကို သမိုင်းအထောက်အထား နဲ့တကွ လဝက ဝန်ကြီး ဦးခင်ရီနဲ့ နိုင်ငံတော် သမ္မတတို့ ကိုယ်တိုင် ပြောထားပြီးပြီ်။ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးမှာလဲ ရိုဟင်ဂျာမပါဘူး။ နိုင်ငံ အစိုးရ အဆက်ဆက်ကလဲ ဘင်္ဂလီလို့ပဲ သုံးလာခဲ့တာ။ ကျွန်တော်တို့က ရိုဟင်ဂျာဆိုတာ ဒီအရေးအခင်းဖြစ်ပြီးမှ ကြားဖူးတာ။ ပြီးတော့ ရခိုင် တိုင်းရင်းသား တွေကလဲ ရိုဟင်ဂျာလို့ သုံးတာ လုံးဝ မကြိုက်ဘူး။ ဒါကြောင့် ခေတ်အဆက်ဆက် သုံးလာခဲ့တဲ့ ဘင်္ဂလီဆိုတဲ့ စကားလုံးကိုပဲ သုံးကြဖို့ MJA ကနေ ပြည်တွင်း မီဒီယာတွေကို မေတ္တာရပ်ခံ ပေးဖို့ တောင်းဆိုတာပါ " ဟု ၄င်းကဆိုသည်။

မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း ဥက္ကဋ္ဌ ဦးမောင်ဝံသက ပြည်တွင်း သတင်းမီဒီယာများနှင့် ပတ်သက်၍ ဘင်္ဂလီများကို ရိုဟင်ဂျာဟု ဖော်ပြနေခြင်းကို စာပေစိစစ်ရေးက ထုတ်တင်စနစ်သို့ ပြောင်းလဲလိုက်ပြီ ဖြစ်သည့် အတွက် မိမိတို့အနေဖြင့် သတင်းဂျာနယ်များကို ဘယ်လိုရေးပါ ဘယ်လိုမရေးပါနှင့်ဟု တစ်စုံတစ်ရာ ပြောဆို ညွန်ကြားခွင့် မရှိသော်လည်း မေတ္တာရပ်ခံစာ ပေးပို့မည် ဆိုပါက ဖြစ်နိုင်ဖွယ်ရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု အဆိုပါပွဲ တက်ရောက်ခဲ့ သူများက ဆိုသည်။

ပြည်တွင်း သတင်းမီဒ်ီယာများတွင် ရခိုင်အရေးနှင့် ပတ်သက်၍ သတင်း ရေးသားရာ၌ ဘင်္ဂလီ ဟူသော အသုံးအစား ရိုဟင်ဂျာဟူသော စကားလုံးကို ထည့်သုံးနေခြင်းနှင့် ပတ်သက်၍ ဒေသခံ ရခိုင် တိုင်းရင်းသားများက မကျေနပ် ကြသဖြင့် စက်တင်ဘာလ ဒုတိယအပတ် အတွင်းက စ၍ မောင်တောမြို့နယ် ရဟန်းပျိုများ သမဂ္ဂ အသင်းနှင့် ရခိုင်ပြည်နယ်ရှိ သံဃာတော်များ စုပေါင်းကာ ရိုဟင်ဂျာ ဟူသော အသုံးကို မသုံးရန် မီဒီယာများကို ဆန္ဒ ဖော်ထုတ်မည် ဟူသောသတင်းများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများနှင့် သံဃာတော်များ ထံမှ သိရှိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဦးမောင်ဝံသက မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း (MJA)ကို တည်ထောင်ခဲ့ပုံများနှင့် ပတ်သက်၍ ပြောဆိုခဲ့ကြောင်း၊ ယခင် စစ်အစိုးရ အုပ်ချုပ်သည့် အာဏာရှင် စနစ်နှင့် စာလျှင် အဆိုပါ တွေ့ဆုံပွဲတွင် ဦးမောင်ဝံသက မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း (MJA)မှာ ၁၉၆၂ ခုနှစ် ဝန်းကျင်က ဖျက်သိမ်း ခံခဲ့ရသော BJA ကို ဆက်ခံခြင်း ဖြစ်ကြောင်း၊ စစ်အစိုးရ ခေတ်အဆက်ဆက်မှာ နည်းမျိုးစုံနှင့် ကြိုးပမ်းခဲ့ကြသော သတင်းစာ ဆရာကြီးများကိုလည်း ကျေးဇူးတင်ကြောင်း၊ အာဏာရှင်စနစ်နှင့် စာလျှင် ယခုအချိန်မှာ ပိုပြီး လွတ်လပ်မှု ရှိလာပြီဖြစ်ကြောင်း၊ မိမိတို့ MJN အနေဖြင့် အခြားသတင်းစာဆရာ သမဂ္ဂများ ကိုလည်း အချင်းချင်း လေးစားရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက် ခဲ့သူများက ဆိုသည်။

Ref:The Voice
Posted By Admin-KMO

By News of Myanmar

No comments:

Post a Comment