Thursday 13 September 2012

"" ကမာရွတ်ဗုံးကွဲမှုဖြင့် ဆက်စပ်သူများ ထောင်ဒဏ်ချမှတ်ခံရ""


ရန်ကုန်တိုင်း ကမာရွတ်မြို့ နယ်က
အများသုံး သန့်စင်ခန်းအတွင်း ပြီးခဲ့
တဲ့နှစ်က ဗုံးပေါက်ကွဲမှုနဲ့  ဆက်စပ်ဖမ်း
ဆီးထားတဲ့ စိုင်းတင်မင်းကိုနဲ့

စိုင်းတင်မင်းထွန်း
ညီအစ်ကို ၂ ဦးကို  ရန်ကုန် အေရှ့ပိုင်းခရိုင်တရားရုံးက စက်တင်ဘာ ၁၂
ရက်နေ့မှာ ထောင်ဒဏ်စီရင်လိုက်ပါတယ်။

ညီဖြစ်သူ စိုင်းတင်မင်းထွန်းကို ဖောက်ခွဲမှုနဲ့ ထောင်ဒဏ် ၇ နှစ်၊ အစ်ကိုဖြစ်သူ
 စိုင်းတင်မင်းကို ကို ဖောက်ခွဲအားပေးမှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တာလို့
သူတို့ကို ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ဒေါ်ရှုက ပြောပါတယ်။

“ညီလေးက မနှစ်က ဟိုဘက် (ထိုင်း) ကေန ဒီဘက်ကို လာတည်းတယ်၊ အစ်ကိုအိမ်ကို လာတည်းတာ ဖောက်ခွဲဖို့ လာတာ၊


                                               ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် အများသုံး
                                                သန့်စင်ခန်းမှာ ဗုံးပေါက်ကွဲခဲ့စဉ်က

အစ်ကိုက မလုပ်နဲ့ လူတွေဒုက္ခေရာက်မယ်ဆိုပြီး ဗုံးကို အစဖျောက်မယ်ဆိုပြီး
 ချောင်းထဲသွား ပစ်ပြီး ပြန်လာတော့ အဖမ်းခံရတာ၊ စိုင်းတင်မင်းကို
အရင်အဖမ်းခံရတယ်။

”ပြီးခဲ့တဲ့ ၂၀၁၁ ခု ဒီဇင်ဘာ ၂၁ ရက်နေ့က ကမာရွတ်မြို့ နယ် အများသုံးသန့်စင်ခန်းအတွင်း
 ဗုံးပေါက်ကွဲမှုမှာ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သက်ပြီး သူတို့ကို ဖမ်းဆီးစစ်ဆေး ထောင်ချခဲ့တာ ဖြစ်ပါတယ်။

အစ်ကိုဖြစ်တဲ့ စိုင်းတင်မင်းကို ကို မြောက်ဥက္ကလာပြမို့နယ်က နေအိမ်မှာ ဖမ်းဆီးပြီး
ညီဖြစ်သူ စိုင်းတင်မင်းထွန်းကိုတော့ သာယာဝတီမြို့မှာ ဖမ်းဆီးခဲ့
တာဖြစ်ပါတယ်။

အဲဒီဗုံးကွဲမှုကို တိုက်ရိုက် ကျူးလွန်ခြင်းရှိ၊ မရှိနဲ့ ပတ်သက်တဲ့ တရားရုံးဆုံးဖြတ်ချက်
ကိုတော့ တိတိကျကျမသိရေသးပါဘူး။

စိုင်းတင်မင်းထွန်းဟာ ထိုင်းနိုင်ငံ နယ်စပ်ကနေ မြန်မာပြည်တွင်း မှာ
 ဖောက်ခွဲရေး လုပ်ဆောင်ဖို့ ပြန်သွားတဲ့အကြောင်း ရဲစစ်ချက်မှာ
ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

DVB (မြန်မာပိုင်း)

ရွှေမြန်မာ

No comments:

Post a Comment