Friday 31 August 2012

ဖုန်းငွေဖြည့်ကတ် အွန်လိုင်းမှ ဝယ်နိုင်တော့မည်


မိုဘိုင်းလ်ဖုန်း ကြိုတင်ငွေဖြည့်ကတ်တွေကို စက်တင်ဘာလ ဒုတိယပတ်ကစပြီး အွန်လိုင်းကနေ ဝယ်ယူနိုင်တော့မယ်လို့ သိရတယ်။ ဂျီအက်စ်အမ်နဲ့ စီဒီအမ်အေ 450/800MHz မိုဘိုင်းလ်ဖုန်းတွေအတွက် ကြိုတင်ငွေဖြည့်ကတ်တွေကို
ဝယ်ယူနိုင်မှာပါ။ အွန်လိုင်းက ဝယ်ယူလိုတဲ့သူတွေ အနေနဲ့ http://www.prepaidcard.com.mm/ ကနေတစ်ဆင့် ကိုယ်ဝယ်လိုတဲ့ ကြိုတင်ငွေဖြည့်ကတ်တွေကို ဝယ်ယူနိုင်မှာပါ။ ကြိုတင်ငွေဖြည့်ကတ်ရဲ့ အချက်အလက် နံပါတ်တွေကို ငွေပေးချေပြီးရင် အီးမေးလ်နဲ့ ချက်ချင်းပို့ပေးမှာ ဖြစ်တယ်လို့ သိရတယ်။ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ သုံးနေတဲ့ ကြိုတင် ငွေဖြည့်ကတ်တွေ၊ နိုင်ငံတကာမှာ သုံးနေတဲ့ အိုင်ကျွန်းကတ်တွေကိုပါ ဝက်ဘ်ဆိုက်မှာ ရေးချပေးသွားမယ်လို့ ဝန်ဆောင်မှုကို စီစဉ်နေတဲ့ တာဝန်ရှိသူတစ်ဦးက အီးမေးလ်ကတစ်ဆင့် ပြောပါတယ်။ ငွေပေးချေမှု စနစ်အတွက် Myanpay အွန်လိုင်း ငွေပေးချေမှုစနစ်ကို သုံးထားပြီး အွန်လိုင်းကနေ ဝယ်ယူတဲ့သူတွေ အနေနဲ့ ငွေပေးချေပြီးတာနဲ့ သူတို့ရဲ့ အီးမေးလ်မှာ ကြိုတင်ငွေဖြည့်ကတ်ရဲ့ အချက်အလက်တွေ ရရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ကြိုတင်ငွေဖြည့်ကတ်တွေရဲ့ ဈေးနှုန်းကိုလည်း အပြင်ဈေးထက်ပိုပြီး သက်သာအောင် စီစဉ်ထားတယ်လို့ သိရတယ်။ ကြိုတင်ငွေဖြည့်ကတ်ကို အွန်လိုင်းက စရောင်းချပေးမယ့် http://www.prepaidcard.com.mm/ ကို စက်တင်ဘာလ ဒုတိယပတ်ကစပြီး လည်ပတ်မယ်လို့ သိရတယ်။ Myanpay အွန်လိုင်းငွေပေးချေမှုစနစ်နဲ့ ချိတ်ထားတဲ့အတွက် အွန်လိုင်းကနေ ကြိုတင်ငွေဖြည့်ကတ် ဝယ်ယူချင်သူတွေ အနေနဲ့ Myanpay အကောင့်ရှိဖို့ လိုအပ်တယ်လို့ သိရကြောင်း ၂၀၁၂ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

By International Social Network Myanmar

No comments:

Post a Comment