Friday 31 August 2012

ခိုးကူးခွေရောင်းချသူများအား သက်ဆိုင်ရာနှင့် ပေါင်းဖမ်းမည်ဟု ရုပ်ရှင်အစည်းရုံးဥက္ကဌပြောကြား


မြန်မာနိုင်ငံရုင်ရှင်အစည်းရုံးအနေဖြင့်
ခိုးကူးခွေရောင်းချသူများအား  တိုက်ရိုက်
ဖမ်းဆီးပိုင်ခွင့်  မရှိသော်လည်း ရုပ်ရှင်
လောကကို  ကာကွယ်လိုသည့်အတွက်
 ခိုးကူးခွေရောင်းချသည်ဟု သတင်းရရှိပါက

သက်ဆိုင်ရာ အာဏာပိုင်များသို့ တိုင်ကြား၍ ပူးပေါင်းဖမ်းဆီးမည်ဟု မြန်မာနိုင်ငံ
ရုပ်ရှင်အစည်းရုံးဥက္ကဌ ဦးဇင်ဝိုင်းက သတိပေးပြောကြားလိုက်သည်။

 “ ခိုးကူးခွေဖမ်းဆီးခြင်းအတွက် အထိုက်လျောက် အောင်မြင်မှုရပါတယ် အရင်တုန်းက ဖြန့်ချီလိုက်လို့ ဆိုင်အရေအတွက် ရှစ်ဆိုင်လောက်ပဲ ယူတဲ့အချိန်မှာ အခုဆိုတစ်ထောင့်လေးရာ ကနေ တစ်ထောင့်ငါးရာ တစ်ထောင့် ခြောက်ရာလောက်အထိ တက်လာပါပြီ'ဟု ဦးဇင်ဝိုင်းကပြောသည်။

 မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးအနေနှင့် လမ်းဘေးတွင်ရောင်းချနေသော နိုင်ငံခြားကားများကို
ပစ်မှတ်မထား ကြောင်းနှင့် မိမိရုပ်ရှင်လောကသားများအား ထိခိုက်စေသော မြန်မာရုပ်ရှင်ကားများ ဗွီဒီယိုအငြိမ့်ဂီတခွေများကို ရောင်းချသူများကိုသာ ဖမ်းဆီးကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းရုံးမှပြောသည်။

ခိုးကူးခွေ ဖဖ်းဆီးနေသည့်ကိစ္စနှင့်ပတ်သက်၍  နိုင်ငံခြားအခွေများကို ပစ်မှတ်ထား ဖမ်းဆီးနေခြင်း မဟုတ်ကြောင်းနှင့်  အဆိုပါအခွေများမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံ့းနှင့် တိုက်ရိုက်မပတ်သက်ကြောင်း

နှင့် နိုင်ငံခြားခွေများသည် လိုင်စင်မဲ့ရောင်းချခြင်းဖြစ်ကြောင်းနှင့်  နိုင်ငံခြားခွေများအား တရားမဝင်ရောင်းချနေခြင်းမှာ  ၁၉၉၆ ခုနှစ်ဗွီဒီယို ဥပဒေနှင့်ညိစွန်းကြောင်းကိုလည်း  ၄င်းကဆက်ပြောသည်။

 ၁၉၉၆ ခုနှစ်ဗွီဒီယိုဥပဒေမှာ   ပြန်ကြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဥပဒေတစ်ရပ်သာ   ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

 “ ထုတ်ပြန်ထားတဲ့သူတွေက ခွင့်ပြုမယ်ဆိုရင် ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး ကျွန်တော်တို့က ဖမ်းဆီးပိုင်ခွင့်လည်းမရှိပါဘူး” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းရုံးဥက္ကဌဦးဇင်ဝိုင်းက   ရှင်းပြသည်။

 မိမိတို့အနေနှင့်  နိုင်ငံခြားကားများကိုသာ  ရောင်းချလိုခြင်းဖြစ်ပြီး  မြန်မာဇာတ်ကားအချို့နှင့်  မြန်မာဂီတ သီချင်းခွေ   ရောင်းချသူများကို ဖမ်းဆီးမည်ဆိုပါက မိမိတို့သည် မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ခိုးကူးခွေရောင်းသူများကပြောသည်။

 “ ကျွန်တော်တို့က မိသားစု စားဝတ်နေရေးအတွက် လမ်းဘေးမှာ အခွေရောင်းတဲ့ အလုပ်ကို လုပ်ကိုင်တဲ့အတွက် ကိုရီးယား ကားနှင့် နိုင်ငံခြားကားများကိုတော့ အောက်ခြေလူတန်းစားများ စားဝတ်နေရေးအတွက် ရောင်းချဖို့ ခွင့်ပြုစေချင်ပါတယ်” ဟု ယုဇနပလာဇာတွင် ခွေရောင်းချသူ ကိုဇော်မိုးက ပြောသည်။

မြစ်မခမီဒီယာ

ရွှေမြန်မာ

2 comments:

  1. ခုမှ...
    ပြည်သူတွေကိုနှိပ်ကွပ်လို့တနိုင်ငံလုံးလည်း
    ထောင်ထဲရောက်ကုန်ပါပြီ၊၀ဋ်ဆိုတာလည်တတ်ပါတယ်၊
    ( မြန်မာ့ရုပ်ရှင်ကောင်းစားဘို့
    ဟောလီးဝုတ်ကိုဖျက်သိမ်းစို့)

    ReplyDelete
  2. မြန်မာကားတွေအရမ်းပေါလို့ မကြည့် ဖြစ်တာကြာဘီမြန့် မာရုပ်ရှင်လောကဘာဖြစ်ဖြစ်ဂရုမစိုက်လို့ နိုင်ငံခြားကားတွေတော့ မဖမ်းပါနဲ့ ဗျာ..
    နို့ မို့ ဆိုမြန်မာလူမျိုးတွေကြည့် စရာမရှိတော့ ဘူး
    မြန်မာကားတွေတခွေကိုတစ်ရာနဲ့ ရောင်းတောင်ကြည့် မှာမဟုတ်လို့ လုပ်မနေပါနဲ့ ဗျာ

    ReplyDelete