Thursday 23 August 2012
မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းက မိဇျိမ္မ သတင်းဌာနမှ ဦးစိန်ဝင်းကို ထုတ်ပယ်ပေးရန် (ပေးစာ)
သြဂုတ်လ-၁၁-ရက် ၂၀၁၂-ခုနှစ်မှာ မြန်မာနိုင်ငံသတင်းစာဆရာများ အသင်းကို အောင်မြင်စွာ ဖွဲ့ စည်းနိုင်ခဲ့ သည်ဆိုသော သတင်းကို ဖတ်ရ ကြားရသည် ။
 ဥက္ကဋ္ဌ အဖြစ် မောင်ဝံသက ရွေးချယ်ခံရပြီး ဗဟိုဦးစီးအဖွဲ့ ဝင် ( ၅၅ ) ဦးရွေးချယ်ကာ အလုပ်အမှုဆောင် ( ၂၁ ) ဦးဖြင့် အောင်မြင်စွာဖွဲ့ စည်းခဲ့ သည်ဟု ကြေညာထားသည် ။ Online ကိုယ်စားပြု ဗဟိုဦးစီးဝင် ( ၃ ) ဦး ရွေးချယ်ထားရာ ဦးနေဘုန်းလတ် ၊ ဦးစိန်ဝင်း ၊ ဦးအေးချမ်းဟိန်းတို့  ကို ရွေးချယ်ခဲ့ သည်ဟု ဖေါ်ပြကြေညာထားသည် ။
 မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၏ ဗဟိုဦးစီးအဖွဲ့ ဝင်များ ဓါတ်ပုံကို စုရိုက်ထားပြီး ဖေါ်ပြထားရာ -Onlie ကိုယ်စားပြု ဗဟိုဦးစီးဝင် ဦးစိန်ဝင်း ဆိုသူကို တွေ့ ရတော့သည် ။
ဦးစိန်ဝင်းမှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ သို့  အကိုဖြစ်သူ ဦးစိုးနိုင် ( ဒေါက်တာဇေါ်ဝင်းအောင် ( ( DVB –FTUB အတွင်းရေးမှူး ) ၏ မိန်းမဖြစ်သူ ဒေါ်သင်းသင်းအောင် ( WLB- မိဇျိမ္မ အုပ်ချုပ်ရေးမှူး ) ကို ကြာခို ခိုးယူ ပေါင်းသွားသူအား အကြောင်းပြု၍ ရောက်ရှိလာသူဖြစ်သည် ။ ဦးစိန်ဝင်းမှာ ရဖျူဂျီအဖြစ် နေလာရာက မိဇျိမ္မ၀င်းဋ္ဌါန လုပ်ကြစဉ် အင်တာနတ်မှ သတင်းတင်ရုံသူအဖြစ်သာ လုပ်ကိုင်နေခဲ့ သူဖြစ်သည် ။
၂၀၀၀-ခုနှစ် လောက်မှာ သတင်းများကို အင်တာနတ်မှ တင်ပေးနေသော်လည်း ဦးစိန်ဝင်းမှာ မည်သည့် သတင်း တပုဒ် ၊ ဆောင်းပါးတပုဒ် ၊ ကဗျာတပုဒ် ၊ ၀တ္ထုတပုဒ် ၊ သီချင်းတပုဒ် ၊ ရေးသားခဲ့ သူ မဟုတ်ချေ ။ သို့  အတူ စာအုပ်တအုပ်လည်း ရေးသားဖြန့် ချီခဲ့ သူ မဟုတ်သလို နယူးဒေလီမြို့ ရှိ စာပေသမား ဖွဲ့ စည်းခဲ့ သော ပန်းစကား ဂျာနယ် ၊ စာပန်းအိမ် စာရေးဆရာများအဖွဲ့ ၌ ပါဝင်နိုင်ခဲ့ ခြင်း မရှိခဲ့  ။
 အထူးသဖြင့် -DVB- အသံလွှင့်အစီစအဉ်တွင် ဇတ်လမ်းပမာများကို အပတ်စဉ် စနေနေ့ တိုင်း ရေးသား ထုတ်လွှင့်ခြင်း ၊ ဆောင်းပါးများ ထုတ်လွှင့်ခြင်းတို့ ၌ မည်သည့် ဇတ်လမ်းပမာ ၊ မည်သည့်ဆောင်းပါး တပုဒ်တလေကိုမျှ မရေးသားခဲ့ သော မိဇျိမ္မအယ်ဒီတာဟု နာမည်ခံသည့်  ဦးစိန်ဝင်းဖြစ်သည် ။
ကွန်ပြူတာကနေပြီး သတင်းတင်ခြင်းနှင့် အင်တာနတ်မှ သတင်းများကို ကူးယူဖေါ်ပြနေသူလောက်ကို မြန်မာနိုင်ငံသတင်းစာဆရာများ အသင်းတွင် သတင်းစာဆရာကြီးလို လို စာရေးဆရာကြီးလို ကဗျာဆရာကြီးလိုလို အနုပညာရှင်များကြီးများနှင့်အတူ ဓါတ်ပုံတွဲ ရိုက်ခြင်း ။ အဖွဲ့ အစည်းတွင် ဗဟိုဦးစီး
အဖွဲ့  ၀င်အဖြစ် ခန့် အပ်ထားခြင်းမှာ လွန်စွာ အကျည်းတန်စေလှပါသည် ။
ကွန်ပြူတာမှ အင်တာနတ်သတင်းတင်ခြင်းမှာ လူတိုင်းတတ်ကြရာ စာမဖွဲ့ လောက်သော အတတ်ပညာသာ ဖြစ်ပါသည် ။ ထို့ ကြောင့် မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း၏ ဂုဏ်သိက္ခညိုးနွမ်းစေမည့် ၄င်းဦးစိန်ဝင်းအား ဗဟိုဦးစီး အဖွဲ့ ဝင်အဖြစ်မှ၎င်း ၊ မြန်မာနိုင်ငံစာရေးဆရာများ အသင်းအဖွဲ့ ဝင်များ အဖြစ်မှ၎င်း အမြန်ဆုံးထုတ်ပယ်ရန် လိုအပ်နေပါသည် ။
 မြန်မာနိုင်ငံသတင်းစာဆရာများအသင်းသည် သမိုင်းတခေတ်တွင် ဂုဏ်ကြက်သရေရှိသူများသာ ပါဝင်ပတ်သက်သော စာပေအနုပညာရှင်များ ဖြစ်ကြပါ၍ စာတလုံး ၊ ကဗျာတပုဒ် ၊ ဆောင်းပါးတပုဒ် ၊ ကဗျာတပုဒ် ၊ အယ်ဒီတာအာဘော် စာညွန် ၊့ လေးချိုး ၊ ကာချင်း ၊ တြာချင်း ၊ ရတု ၊ ၊ ရကန် ၊ ဒွေးချိုး ၊
တကြောင်းတလေမျှ မရေးသားတတ်သူကို ယခုကဲ့ သို့  ဗဟိုဦးစီးအဖွဲ့ ဝင်အဖြစ်မှ မထုတ်ပယ်ဘဲထားပါက မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းအနေဖြင့် အဖတ်ဆည်မရသော ဂုဏ်သိက္ခာများ ကျဆင်းနိုင်ဘွယ်ရာသာ ရှိပါကြောင်း အသိပေးအပ်ပါသည် ။
 By ကျော်ခဏ်းနွယ်
sandar thuria ark.sandarthuria@gmail.com
""အရှင် စန္ဒသူရိယ ""အီးမေးဖြင့် ပို့ ပေးသည်။
ရွှေမြန်မာ
No comments:
Post a Comment