Thursday 23 August 2012

ရန်ကုန်တွင် ယာဉ်ကြောပိတ်ဆို့မှု တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာ


ရန်ကုန်မြို့တွင်းရှိလမ်းများ၌ ယာဉ်ကြော
ပိတ်ဆို့မှုများသည် ယခင်ကထက်သိသိ
သာသာ ဆိုးဝါး လာကြောင်း ရန်ကုန်မြို့
နေပြည် သူများက ဆိုသည်။



''ကျွန်တော်အရင်က လှည်းတန်းကနေ တောက်ဥက္ကလာကိုသွားရင် နာရီဝက်ပဲ ပိုလည်းငါးမိနစ်လောက်ပဲ အခုဆိုရင် တစ်နာရီတိတိတောင် စီးရတယ်''ဟု လှည်းတန်းရပ်ကွက်နေလူငယ်တစ်ဦးက ပြောသည်။
ယာဉ်ကြောပိတ်ဆို့မှုများမှာ အဓိကာအားဖြင့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံ၍ ကားသစ်များတင်သွင်းခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရှိရသည်။
''အရင် လမ်းဘေးမှာ ရွှံ့ဖုံးပြီးပစ်ထားတဲ့ကားတွေကလည်း အခုဆိုရင် လမ်းပေါ်မှာ တွေ့နေရသေးတယ်၊ ကားသစ်တွေလည်း လမ်းပေါ်ရောက်နေတော့ ကားတွေကများပြီး လမ်းတွေကလည်း ကျဉ်းနေတော့ ယာဉ်ကြောပိတ်ဆို့မှုတွေ မကြာခဏဖြစ်နေတယ်''ဟု မထသ(ဗဟို)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂ဝ၁၁ခုနှစ် စက်တင်ဘာ(၁)ရက်နေ့မှစ၍ သြဂုတ်လဆန်းပိုင်းထိ မော်တော်ယာဉ်သစ် များပြည်ပမှ တင်သွင်းလာသောစီးရေမှာ (၆၆၈၄၇)စီးရှိပြီဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ ထုတ်ပြန်သည့် သတင်းများအရလည်း ယာဉ်အသစ်များ သိသိသာသာ တိုးလာကြောင်း သိရှိရသည်။
ထိုကဲ့သို့ရန်ကုန်မြို့ပေါ်တွင်မော်တော်ယာဉ်များ များပြားလာခြင်းတို့ကြောင့် ကားပါကင်မရှိသောနေရာများတွင် ကားများမှာ လမ်းဘေးတွင် ချရပ်ထားခြင်းကြောင့် ယခင်လေးလမ်းသွားလမ်းများသည် နှစ်လမ်းခန့်သာ အသုံးပြုရခြင်းဖြစ်သည်ဟု မထသက ဆိုသည်။

ကားများလမ်းဘေးတွင် ချရပ်ထားသည့်အပြင် ပလက်ဖောင်းပေါ်တွင်လည်း လမ်းဘေး ဈေးသည်များကြောင့် လူများမှာ ပလက်ဖောင်းပေါ်မှ မလျှောက်နိုင်ဘဲ ကားလမ်းပေါ်မှ လျောက်သွားနေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုအားဖြစ်ပေါ်စေကြောင်း သြဂုတ်(၂၂)တွင် ပြုလုပ်သည့်မထသ(ဗဟို)နှင့် မီဒီယာများတွေ့ဆုံပွဲတွင် မထသမှတာဝန်ရှိသူများက ပြောကြား ခဲ့သည်။
ထိုကဲ့သို့ ကားများပိတ်ဆို့ခြင်းကြောင့် ကုမ္ပဏီဝန်ထမ်း၊ရုံးဝန်ထမ်းများအနေဖြင့် ယခင်ကထက်စောစောထ၍ အလုပ်သို့သွားရခြင်း၊ အိမ်ပြန်ရောက်ချိန်လည်း နောက်ကျခြင်းစသည့် ဘေးထွက် ဆိုးကျိုးများရှိလာကြောင်းကိုလည်း ပြည်သူများထံက သိရှိရသည်။

(မြစ်မခမီဒီယာ)

ရွှေမြန်မာ

No comments:

Post a Comment