Thursday 23 August 2012

မြစ်ရေကြီးမှ အခြေအနေသတင်း

(၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂၂)ရက် (၁၃း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၂၄-၇-၂၀၁၂)ရက်နေ့မှစ၍ ယနေ့ထိ (၂၉)ရက်ခန့် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်

(၁၁၄)စင်တီမီတာ (၃.၇-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၁၉-၈-၂၀၁၂)ရက်နေ့မှစ၍ ယနေ့ထိ (၃)ရက်ခန့် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၁၇)စင်တီမီတာ (၇-လက်မခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အောက်သို့ ကျဆင်းနိုင်ပါသည်။

Source : မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန

By The Voice Weekly

No comments:

Post a Comment