Wednesday 22 August 2012

ဗိုလ်ကျနေတဲ့ စစ်ဗိုလ် လူထွက်များ


ဒါကတော့ ပေးစာ တစောင်ဖြစ်ပါတယ်။
Irrawaddy သတင်းဌာနမှ Editors များနှင့် သတင်းရေးသား အစီအစဉ် တင်ဆက်သူများခင်ဗျား…..



ကျွန်တော်က ရန်ကုန်တိုင်းမှ ဖြစ်ပါတယ်
ခင်ဗျား….

သတင်းပေးပို့သူကတော့ ဌာနဆိုင်ရာမှ ၀န်ထမ်းတစ်ဦးဖြစ်ပါတယ်ခင်ဗျား…

ဘယ်ဌာနဆိုင်ရာလည်းဆိုတာကိုတော့ ဗိုလ်မှူးကြီးများသိလျှင် မျက်မာန်ရှပြီး အလုပ်ပြုတ်အောင် လုပ်မှာ ကို ကြောက်တဲ့အတွက် မပြောရဲသေးပါခင်ဗျား .. အဲလိုလည်း ခြိမ်းခြောက်ခံထားကြရလို့ပါ ခင်ဗျား…

အခုတော့ စစ်တပ်မှ ပြောင်းလာသော ဗိုလ်မှူးကြီးများဧ။် နေ့စဉ်နှင့် အမျှ ဆဲရေးတိုင်းထွာ ပါးရိုက် ကိုယ်ထိ လက်ရောက် ထိုးနှက်မှုများကို ထိုဌာနဆိုင်ရာမှ ၀န်ထမ်းများအားလုံး ခံစားနေရပါသောကြောင့် အားလုံး ကိုယ်စား Irrawaddy သတင်းဌာန သို့ နိုင်ငံတော်သမ္မတကြီး သိစေရန် ရင်ဖွင့် ပြောကြားလိုက်ရခြင်း ဖြစ်ပါ တယ်……

သမ္မတကြီးမှ သိရှိပြီး အမြန်ဆုံး ဖော်ထုတ် အရေးယူပေးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ခင်ဗျား………. အကြောင်းအရာများကို attachment နှင့် ထည့်ပေးထားပါသည်ခင်ဗျား .. စာအရမ်းရှည်နေလျှင် လိုအပ်သလို ဖြတ်တောက်ပြီး သတင်းအစီအစဉ်မှာ ထည့်ပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား....


အလုပ်ပြုတ်မည့်စိုးသောကြောင့် အမည် မဖော်လိုသေးသော ဌာနဆိုင်ရာမှ ၀န်ထမ်း တစ်ဦး ဆိုပြီး ပေးပို့လာတဲ့ စာတစောင်ဖြစ်ပါတယ်။



စစ်တပ်မှပြောင်းလာသည့် ရာထူးနှင့် မထိုက်တန်သည့် အချို့သော အရာရှိဗိုလ်မှူး၊၊ ဒုတိယဗိုလ်မှူးကြီးများနှင့် ဗိုလ်မှူးကြီးများဧ။် အုပ်ချုပ်မှုအကြောင်း


ယခု အရပ်ဘက် ဌာနဆိုင်ရာ အများစု၌ စစ်တပ်မှဝင်ရောက်၍ အထက် အရာရှိနေရာများ ယူထားကြ သည့် စစ်တပ် အရာရှိကြီးများသည် စစ်တပ်တွင် မည်သည့် ပညာများဖြင့် အုပ်ချုပ်ခဲ့သည် မသိရှိပါ။

သို့သော်ယင်းတို့၏အရပ်ဘက်ဌာနဆိုင်ရာများ၌အုပ်ချုပ်သည့်ပုံစံများမှာအလွန်တရာရိုင်းစိုင်းအကျည်းတန်ပါသည်။ ယင်းကို နိုင်ငံတော် အဖွဲ့အစည်းများမှ အကြီးအကဲများမှ သိရှိလိမ့်မည်ဟု မထင်ပါ၊၊

၎င်းတို့ အုပ်ချုပ်နည်း ပညာမှာပါးရိုက်ခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ ကိုယ်ထိလက်ရောက် ထိုးနှက်ခြင်း ဟူသည့် လူ့အခွင့်အရေး ကို ချိုးဖောက်သော အုပ်ချုပ်သည့် ပညာပင်ဖြစ်သည် ဟုတွေးထင်မိပါသည်။

ယင်းကိစ္စရပ်များကို နိုင်ငံတော်၏ အကြီးအကဲများ သိရှိစေချင်ပါသည်။ အဆိုပါဌာနဆိုင်ရာရောက် စစ်တပ် အရာရှိကြီး အချို့သည် လုပ်ငန်းအကြောင်း တစ်လုံးတစ်ပါဒ မျှလ ည်း မသိရှိ၊ မည်ကဲ့သို့ဆောင်ရွက်ရမည်ကို လည်း မလေ့လာ၊ လုပ်ငန်းအကြောင်းလည်းနားမလည်၊ ယင်းတို့ရောက်ရှိနေသည့် ထိုင်ခုံကိုလည်း ပျောက် မှာစိုး၊ စီမံ ခန့်ခွဲမှုလည်း မတတ်ကျွမ်း၊ ၄င်းတို့ မတတ်ကျွမ်း မသိရှိသည်ကိုလည်း လက်အောက် ငယ်သားများ သိရှိမည် စိုး၍ နိုင်ထက်စီးနင်း နင်ပဲငဆ ဟိန်းဟောက်ကြိမ်းမောင်း မော်မကြည့်ဝံ့ရန် တစ်သွေး တစ်သံ တစ်မိန့် ဆောင်ရွက်နေကြပါသည်။

ဝန်ထမ်းများမှာ မိမိတို့နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည့် လုပ်သက်များကြောင့်လည်းကောင်း၊ မိသားစု စားဝတ်နေရေးအတွက် စဉ်းစား ငဲ့ညှာ၍လည်းကောင်း ကြိတ်မှိတ် သည်းခံ၍ ဆောင်ရွက် နေကြရသည်ကို အားလုံး သိရှိစေချင်ပါသည်၊၊

စစ်တပ်နှင့် အရပ်ဘက် ရောထွေးဆောင်ရွက်မှု၏ အကြောင်းများကို သိရှိစေချင်ပါသည်။ စစ်တပ်မှ ပြောင်းလာ သည့် အရာရှိကြီးများ အထူးတလည် ကျွမ်းကျင်သည့် ပညာရပ်မှာ ဦးဏှောက်မသုံးရသည့် ပါးရိုက်ခြင်း၊ တစ်ဆွေလုံး တစ်မျိုးလုံးအား ဆဲရေးတိုင်းထွာခြင်း၊ ကိုယ်ထိလက်ရောက် ပိတ်ထိုးခြင်းဟူသည့် ပညာရပ် များပင်ဖြစ်ပါကြောင်း၊ လက်အောက်ဝန်ထမ်းများကို ယင်းသို့ အုပ်ချုပ်နေသည့် စစ်တပ်မှ ပြောင်းရွေ့လာသော ဗိုလ်မှုးကြီးများကို သူတို့နှင့်သင့်တော်သည့် နေရာသို့သာ ထားရှိသင့် ပါ ကြောင်း၊ ဌာနဆိုင်ရာအချို့မှ ကြားသိရသည့် သတင်းများစွာနှင့် ကိုယ်တိုင်တွေ့ကြုံ ခံစားရသူမှ ခံစားရေးသား လိုက်ရခြင်းဖြစ်ပါသည်။

By Irrawaddy

No comments:

Post a Comment