Sunday 19 August 2012

ပုသိမ် ရေဘေး ကယ်ဆယ်ရေး အလှူ


နေ့စွဲ  .  ၁၈.၈.၂၀၁၂

ဧရာဝတီတိုင်း ဒေသကြီး ၊ ပုသိမ်မြို့နယ် ၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ရေဘေးကယ်ဆယ် ကူညီရေးအဖွဲ့သို့ မြောင်းမြမြို့နယ်မှ (၁၉၉၀ လွှတ်တော်ကိုယ်စားလှယ် ) ဦးဘိုဖြူ ဦးဆောင်သော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်
နှင့် ငွေဆောင်မြို့နယ်ခွဲ  အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်တို့မှ ဆန်နှင့် အလှူငွေများ ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ပုသိမ်မြို့နယ် အတွင်းရှိ  ရေဘေးသင့် ဒုက္ခသည်များ အတွက် လှူဒါန်းသော ဆန် (၈၁) အိတ်ကို ပုသိမ်မြို့နယ် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်မှ ဦးညွှန်လှိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

ငွေဆောင်မြို့နယ်ခွဲ  အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ်မှလည်း အလှူငွေ (တစ်သိန်းရှစ်သောင်းကျပ် ) ကိုလှူဒါန်းခဲ့ပါသည်။

ယင်းအခမ်းအနားတွင် အလှူရှင်များကို ပုသိမ်မြို့နယ် ၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် မှ ဒေါက်တာသန်းထိုက်ကကျေးဇူးတင်စကားပြောကြားပြီး ရေဘေးသင့်ပြည်သူများ ကိုယ်စား ပုသိမ်မြို့နယ် ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးမြင့်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည် ။                                

သတင်း/ဓာတ်ပုံ - ၀င်းဇော် (ပုသိမ်)

သစ်ထူးလွင်

No comments:

Post a Comment