Sunday 19 August 2012

ပုသိမ်မြို့ရေဘေး ဒုက္ခသည်များ အတွက် အလှူခံမည်


ရန်ကုန် သြဂုတ် ၁၈

ပုသိမ်မြို့ ရေဘေး ဒုက္ခသည်များ အတွက် အလှူငွေ ကောက်ခံခြင်းများကို ယခုလ ၁၈ ရက်နေ့မှ စတင်ကာ စက်တင်ဘာ သုံးရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း Online Volenteers Diseaster Recover for Myanmar (OVDR4 MM) ၏ အဖွဲ့ဝင် ဦးဇေယျာကျော်က ပြောကြားသည်။


ယခုကဲ့သို့ အလှူငွေ ကောက်ခံခြင်းများ ပြုလုပ်ရာတွင် ၁၈ ရက်နေ့တွင် ကမာရွတ် လှည်းတန်းရှိ BISOU ကော်ဖီဆိုင်တွင် လည်းကောင်း၊၁၉ ရက်နေ့တွင် မြေနီကုန်းရှိ J'Donut ဆိုင်တွင် လည်းကောင်း၊ ညနေ သုံးနာရီမှ ခြောက်နာရီအထိ ကောက်ခံသွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ပုသိမ်မြို့ အစွန်အဖျားရှိ ရေဘေး ဒုက္ခသင့် ကျေးရွာများကို အဓိကထား လှူဒါန်းသွားမည့် ဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။

လက်ရှိ ကောက်ခံ ရရှိထားသော အလှူငွေများမှာ ကိုရီယား ဝမ်နှစ်သိန်း ကျော်၊ စင်ကာပူ ဒေါ်လာ လေးရာ ရရှိထားကြောင်း ယင်းအသင်း၏ အလှူငွေ ကောက်ခံ ရရှိရေး အဖွဲ့ဝင် ဦးသံလွင်ထံမှ သိရသည်။

(OVDR4 MM)သည် ပခုက္ကူမြို့ရေကြီးပြီး နောက်တွင် အွန်လိုင်းပေါ်ရှိ လူငယ်များ စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပခုက္ကူ ရေဘေး အလှူ၊ ကချင် စစ်ဘေး ဒုက္ခသည်များ၊ လှိုင်သာယာမြို့ အလယ်ရွာ မီးဘေးသင့် ပြည်သူများ၊ စက်ဆန်း မီးဘေးသင့် ပြည်သူများနှင့်  ယခု နောက်ဆုံး ရခိုင်ဒေသရှိ အိုးအိမ်မဲ့များအတွက် ဦးကျော်သူ ဦးဆောင်သည့် နာရေး ကူညီမှု အသင်းမှ တဆင့် ကျပ် ၃၉ သိန်းကျော် ပေးလှူခဲ့ကြောင်း ၄င်းက ဆိုသည်။

The Voice Weekly

သစ်ထူးလွင်

No comments:

Post a Comment