Sunday 19 August 2012

လူတစ်ဦးသေဆုံးမူ ရဲစခန်းမှ အမှုမှန်ဖော်ထုတ်နိုင်ခြင်းမရှိသေး


ရခိုင်ပြည်နယ်မင်းပြားမြို့မှ လူတစ်ဦးပျောက်ဆုံး
နေမှုအား “ရဲစခန်းမှအမှုမှန်ဖော်ထုတ်နိုင်ခြင်း
မရှိသေးကြောင်းသိရသည်။မင်းပြားမြို့၊
 ဈေးဟောင်းပိုင်းရပ်ကွက်၊ ခ၀ါသည်တန်းမှ
 မောင်ထွန်းဝင်း၊ အသက် ၃၂ နှစ်(ဘ) ဦးကျော်ထွန်း
အောင်သည် ဇွန်လ ၁၅ ရက်နေ့ကတည်းက


ပျောက်ဆုံးနေခဲ့ရာ၁၈ရက်နေ့တွင် မီသားစုများကစိုးရိမ်ပြီးလိုက်ရှာသော်လည်းမတွေ့သဖြင့်၂၂ရက်
နေ့တွင်မြို့နယ်ရဲစခန်းသို့သွားရောက်တိုင်တန်းခဲ့ကြောင်းသိရသည်။
 
သို့သော် လည်း မြို့နယ်ရဲစခန်းမှ မည်သို့မျှအရေးယူခြင်းမရှိသည့်အတွက် ထိုပျောက်ဆုံးနေသော ထွန်းဝင်းအားယနေ့တိုင် ရှာ ဖွေမရနိုင်သေးကြောင်းသိရသည်။

အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် တစ်ပါတ်ခန့်အကြာတွင် စမ်းပလေဘင်္ဂလီကျေးရွာမှ အသက် ၁၂ နှစ်အရွယ်ခန့်ဘင်္ဂလီလူငယ်တစ်ဦး ဈေး ၀ယ်ရန်ရောက်ရှိလာစဉ် ဈေးသည်များက မေးမြန်းခဲ့ရာ ထိုလူငယ်ပြောစကားအရ သူတို့ရွာသို့ ရခိုင်တစ်ဦးရောက် လာကြောင်းနှင့် အမည်မဖော်လိုသူ ငါးဦးခန့်က ထိုရခိုင်သားအား ဖမ်းဆီးကာ ဓါးဖြင့်လေးပိုင်းပိုင်းလိုက်ကြောင်း၊ ယင်း နောက် ဂုန်နီအိတ်ဖြင့်ထုတ်ကာ ရေမြောင်းတွင်မြုပ်နှံလိုက်ကြောင်းကို ပြောကြားခဲ့ကြောင်းသိရသည်။

 ထို့အတူ အဆိုပါကုလားရွာမှ တာဇာမလုတ် ဆိုသူဘင်္ဂလီကလည်းအထက်ပါလူငယ်ထွက်ဆိုခဲ့သည့်
အတိုင်းပင် ပြန်ပြောသ ဖြင့် ထိုသတင်းအားရဲစန်းသို့သွားရောက် တိုင်ကြားခဲ့ပြန်သော်လည်း
အမှုအားမလိုက်ဘဲ ထိုသို့ထုတ်ဖော်ပြောကြား သူကိုသာ ရစခန်းသို့ခေါ်ယူကာ တစ်ပတ်ခန့်
ချုပ်နှောင်ထားခဲ့ပြီး ပြန်လွှတ်လိုက်ကြောင်းလည်းသိသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ရစခန်းမှပြောကြားသည်မှာ ဘင်္ဂလီရွာသားများသည် တစ်ဦးပေါ်တစ်ဦးမကျေနပ်သ ဖြင့် လိမ်လည် ပြောဆိုခြင်းဖြစ်ကြောင်း သတင်းပြန်ကြားခဲ့သော်လည်း ယနေ့အချိန်ထိ လူပျောက်မှုကို ဖော်ထုတ်ပေး နိုင်ခြင်းမရှိသေးသည့်အတွက် ဒေသခံများက အားမလိုအားမရဖြစ်နေရကြောင်းသိရှိရပါတယ်။


ထိုသို့ ပျောက်ဆုံးနေမှုအားအမှုမှန်ပေါ်ပေါက်ရေးသည် မိသားစုများအတွက် အရေးကြီးလှသော်လည်း မြို့နယ်ရဲစခန်းမှ အေးဆေး စွာနေထိုင်နိုင်ခြင်းသည် လုံးဝမသင့်တော်သောလုပ်ရပ်တစ်ခုဖြစ်ကြောင်း၊ ကူညီပါရစေဟု ဆိုင်းဘိုးရေးထားသော်လည်း ပြည်သူများကိုကူ ညီပေးခြင်းမရှိသေးသည့်အတွက် အဆိုပါလူပျောက်မှုသည် တိမ်မြုပ်ခြင်းဖြစ်ကြောင်းလည်းသိရသည်။

ခိုင်မင်းညို

ရွှေမြန်မာ

No comments:

Post a Comment