Tuesday 21 August 2012

တရားစီရင်ရေး စနစ် ပြုပြင်ပြောင်းလဲရေး လွှတ်တော်မှာ ဆွေးနွေး


ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တရားစီရင်ရေး စနစ် ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


တရားစီရင်ရေးမှာ တာဝန် မကျေပြွန်တဲ့၊ ဂုဏ်အင်္ဂါ အရည်အချင်း ပျက်ယွင်းတဲ့ ပုဂ္ဂိုလ်တွေကို ဖယ်ရှားပြီး
ပြည်သူက ရွေးချယ်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေကို ပြန်လည်ရွေးချယ်ဖို့ တရားစီရင်ရေး နဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအဆိုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဥပဒေရေးရာကျွမ်းကျင်သူတွေ
အပါအဝင် ကိုယ်စားလှယ် ၁၉ ဦး က ဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး တက်ရောက်လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ အစည်းအဝေး အပြီးမှာ NLD လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့
ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒီကနေ့ ညနေပိုင်းမှာ လည်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။

RFA Burmese

သစ်ထူးလွင်

No comments:

Post a Comment