Saturday 25 August 2012

နိုင်ငံရေးအရ ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းအဖြေရှာဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား


မြန်မာနိုင်ငံတွင် ဒီမိုကရေ စီထွန်းကားဖို့၊တည်တံ့ခိုင်မြဲဖို့ဆို ပါက နိုင်ငံရေးအရ ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းအဖြေရှာဖို့ရန်လို အပ်ကြောင်း အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း  စုကြည်မှပြောကြားလိုက်ကြောင်း သတင်းရရှိသည်။
တိုင်းရင်းသားပါတီများမှ  လွှတ်တော်ကိုယ်စားလှယ်များနှင့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များတွေ့ဆုံစဉ်
ဒေါ်အောင်ဆန်းစုကြည်မှ ““ကျွန်မ တို့ ဒီလိုအဖြေသာလွယ်လို့ရှိလို့ ရှိရင် ဒီနိုင်ငံအတွင်းမှာ တိုင်းရင်း သားအဖွဲ့တွေ လက်နက်ကိုင်အဖွဲ့    တွေ ဘာတွေဆိုတဲ့ပြဿနာ ဘယ်တုန်းကမှ တက်လာမှာ မဟုတ်ဘူး၊ဒီလိုပြေလည်အောင်  လုပ်ဖို့အဖြေပေါ့နော်။အဖြေတစ်ခု  ကျွန်မတို့မှာ မရလို့ ဘယ်လိုပြေ လည်အောင်လုပ်မလဲဆိုတာ အဲ  တော့ အားလုံးက ၀ိုင်းပြီးတော့ ညှိရမှာပဲ။ကျွန်မတို့နိုင်ငံမှာပေါ့ နော်။ပြေလည်အောင် ဖြေရှင်းတဲ့  ယဉ်ကျေးမှုမရှိဘူးပြောရမယ်ဆို ရင်  Negotiation culture   ပေါ့   မရှိဘူး။အဲဒီလုပ်တဲ့ အလေ့အထ မရှိဘူး။သူ့အမြင်ကိုယ့်အမြင်တင် ပြတယ်။အဲဒီပုံစံကို  အခုကျွန်မ တို့ မလုပ်တတ်ဘူး။အဲတော့ ဒါကို  ကျွန်မတို့ အချင်းချင်းလေ့ကျင့်ချင် တယ်။ဒါ့အပြင် မနေ့က သမ္မတ ဦးသိန်းစိန်ရဲ့အခြေခံဥပဒေခုံရုံး  ဆုံးဖြတ်ချက်နဲ့ပတ်သက်တဲ့သ၀ဏ် လွှာအပေါ် လွှတ်တော်ကိုယ်စား လှယ်တွေအကြား အငြင်းပွားစရာ   ဖြစ်ပေါ်ခဲ့တာနဲ့ပတ်သက်ပြီးလည်း  ညှိနှိုင်းဖြေရှင်းရေးဟာ အဓိက ကျပါတယ်””ဟု ဒေါ်အောင်ဆန်း   စုကြည်မှ ပြောပြသည်။
နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ  ဆိုင်ရာခုံရုံး၊ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်  ပြီးခဲ့သည့်မတ်လကလွှတ်တော်ရေး  ရာ ကော်မတီကို ပြည်ထောင်စု  အဆင့်နှင့်ဆုံးဖြတ်ခဲ့ပါသည်။ခုံရုံး အနေနှင့်ဖွဲ့စည်းပုံအခြေခံပါ ပြဋ္ဌာန်းချက်များကိုဖောက်ဖျက် တာဖြစ်ပြီး ဥပဒေအရ ပေးအပ် ထားသည့် တာဝန်များကို ကျေပွန် စွာ မထမ်းဆောင်နိုင်တာဖြစ်ကြောင်း  သြဂုတ်လ(၂၁)ရက်နေ့ နောက်ဆုံး  ထား၍ရာထူးမှအနားယူပေးဖို့ တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်များအပါအ၀င် လွှတ်တော် ကိုယ်စားလှယ်(၃၀၀)ကျော်မှ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်း  ရရှိသည်။

By Hot News Weekly

No comments:

Post a Comment