Wednesday 29 August 2012

 မောင်တောမြို့ခံ ရခိုင်တိုင်းရင်းသားတို့ အိမ်ရောင်းဖို့ ပြင်ကြပြီ


သြဂုတ်လနောက်ဆုံးရက် သတ္တပတ်မှ
စတင်ပြီး ရခိုင်ပြည်နယ် မောင်တောမြို့
ပေါ်ရှိ ရခိုင်တိုင်းရင်းသား နေအိမ်များ
တွင် အိမ်ရောင်းမည်ဟူသော ဆိုင်း
ဘုတ်များ ချိတ်ဆွဲလာသည်ကို တွေ့


မြင်နေရကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။

မောင်တောဈေး ပတ်ဝန်းကျင်ရှိ နေအိမ်အများစုနှင့် ရခိုင်တိုင်းရင်းသား ရပ်ကွက်များရှိ နေအိမ်အချို့၌ အိမ်ရောင်းမည်ဆိုသည့် ကြော်ငြာများကပ်ထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

''လွန်ခဲ့တဲ့ သြဂုတ် ၂၀ ရက် ပတ်ဝန်းကျင်လောက်ကတည်းကစပြီး အိမ်ရောင်းမည်ဆိုတဲ့ ကြော်ငြာတွေ ကပ်လာကြတာပါ။

ဈေးနားက အိမ်တွေ ရယ်ရပ်ကွက်ထဲမှာလည်း ဆယ်အိမ်ကို နှစ်အိမ်လောက် ကြော်ငြာကပ်ထားတာ တွေ့ရတယ်။ အားလုံးတော့ မဟုတ်ပါဘူး။ ရာခိုင်နှုန်းအားဖြင့် ပြောရင် ၂၀ ရာနှုန်းလောက်တော့
ရှိမယ်''ဟု မြို့ခံတစ်ဦးက ပြောပါသည်။

အမှန်တကယ် ရောင်းချလိုသူများရှိသလို အချို့မှာလည်း မိမိတို့အနေဖြင့် မောင်တောတွင် နေထိုင်ရ
သည်မှာ လုံခြုံမှုကင်းမဲ့သည်ဟု ခံစားနေရသဖြင့် ၎င်းတို့၏ စိတ်ခံစားချက်ကို ထုတ်ဖော်ကြခြင်းဖြစ်ကြောင်း အဆိုပါမြို့ခံကပင် ပြောကြားပါသည်။


အိမ်ရောင်းရန် ပြင်ဆင်နေသည့် မောင်တောမြို့မှ
နေအိမ်အချို့အား သြဂုတ်လကုန်ပိုင်းက တွေ့ရစဉ်


''မောင်တောမြို့မှာနေရတာ မလုံခြုံတော့ဘူးလို့ ရခိုင်တော်တော်များများ ခံစားနေရပါတယ်။ ဘယ်သူကမှ ကိုယ့်ဘိုးဘွားပိုင်နေရာကို မစွန့်လွှတ်ချင်ကြပါဘူး။ ဒါပေမယ့်လည်း အကြမ်းဖက်သမားတွေ ရှိတဲ့နေရာမှာ ရှေ့ဆက်နေထိုင်ဖို့ဆိုတာ တိုင်းရင်းသားတွေအတွက် အကာအကွယ် အစီအမံတွေ လိုပါတယ်။

ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို လျစ်လျူရှူထားမယ်ဆိုရင် ဒီဒေသမှာ ဆက်နေဖို့ မလွယ်တော့ပါဘူး
''ဟု မောင်တောမြို့ ချတာရွာ ရပ်ကွက်သားတစ်ဦးက ပြောပါသည်။


''အခုကိုယ့်အိမ်ကိုယ်ရောင်းဖို့လုပ်နေတာ ဘယ်သူ့ပယောဂမှ မပါဘူး။ ဒီမှာဆက်နေဖို့ဆိုတာ ကျွန်တော်တို့အတွက် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ရောင်းဖို့လုပ်တာ။ မလုံခြုံဘူးလို့ ခံစားရလို့ လုပ်တာ။ ဘယ်သူလာမေးမေး ဒီအတိုင်းပဲပြောမှာပါ။

ကိုယ့်အိမ်ကိုယ်ရောင်းတာ ကိုယ့်သဘောပဲလေ''ဟု ၀ိမလရပ်ကွက်သားတစ်ဦးကလည်း
 ပြောကြားပါသည်။

 နေအိမ်အတော်များများတွင် ယခုကဲ့သို့ အိမ်ရောင်းမည်ဆိုသော ကြော်ငြာဆိုင်း
ဘုတ်များ ကပ်လာအပြီးတွင် ရဲတပ်ဖွဲ့ဝင်များက အမှန်တကယ် မရောင်းချပါက ယင်းကဲ့သို့ မပြု
လုပ်ကြရန် လာရောက်ပြောဆိုသည်လည်းရှိကြောင်း မြို့ခံများက ပြောပါသည်။

''ကျွန်တော်ကတော့ အမှန်တကယ် ရောင်းမှာပါ။ မိသားစုတွေ အတော်များများက ဒီပြဿနာတွေဖြစ်ပြီးနောက်မှာ ရန်ကုန်ကို ပြောင်းသွားကြပြီ။ ဟိုမှာလည်း အိမ်ငှားနေရတဲ့အတွက် မောင်တောက အိမ်ကိုရောင်းပြီး ဟိုမှာအိမ်ဝယ်ဖို့ ငွေလိုပါတယ်။

 မောင်တောမှာ ဆက်နေဖို့ဆိုတာ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးကအစ စဉ်းစားဖို့ လိုပါတယ်။ နောက်ပြီး စီးပွားရေးအတွက်ကလည်း စဉ်းစားနေရပြီ။ ဒီမှာကလုပ်ငန်းတွေ အကုန်ရပ်ဆိုင်းနေပြီ။
နောက်ပြီး ပုဒ်မ ၁၄၄ ထုတ်ထားတဲ့အတွက် သွားရေးလာရေးကအစ အဆင်မပြေတော့ဘူး။

ကိုယ်မှမနေနိုင်တော့လည်း ဘယ်သူဘယ်ဝါကိုမှ ရောင်းမယ်ဆိုပြီး ကန့်သတ်ထားတာ မရှိတော့ပါဘူး။ အခုဒီလို ကြော်ငြာကပ်ထားတာက Camping လုပ်တာလည်း မဟုတ်ပါဘူး''ဟု ရပ်ကွက်(၁)မှ ကိုကျော်ကျော်ဦးက ပြောပါသည်။

ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော်၌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု

ဘယ်သူကမှ ကိုယ့်ဘိုးဘွားပိုင်နေရာကို မစွန့်လွှတ်ချင်ကြပါဘူး။ ဒါပေမယ့်လည်း အကြမ်းဖက်သမားတွေ ရှိတဲ့နေရာမှာ ရှေ့ဆက်နေထိုင်ဖို့ဆိုတာ တိုင်းရင်းသားတွေအတွက် အကာအကွယ် အစီအမံတွေ လိုပါတယ်။ ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို လျစ်လျူရှူထားမယ်ဆိုရင် ဒီဒေသမှာဆက်နေဖို့ မလွယ်တော့ပါဘူး

ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဘူးသီးတောင်နှင့် မောင်တောဒေသတွင် တရားမ၀င် စိမ့်ဝင်လာမှုများကြောင့် ရခိုင်တိုင်းရင်းသား ၆ ရာခိုင်နှုန်းသာ ရှိတော့ပြီး ဘင်္ဂါလီဦးရေမှာ ၉၄ ရာခိုင်နှုန်း
အထိ ရှိနေကြောင်း ပြောကြားခဲ့သည်။


''လူမျိုးတွေ ရောနှောနေထိုင်တဲ့ နေရာတွေမှာ တိုက်ခိုက်မှုတွေ ထပ်မံမဖြစ်ပွားဖို့ လုံခြုံရေးတာဝန်ချထားဖို့အတွက် လိုအပ်တဲ့ ရဲစခန်း အဆင့်တိုးမြှင့်ခြင်း၊ အသစ်ထပ်မံဖွင့်လှစ်ခြင်းကို ဆောင်ရွက်နေပါတယ်။

 ရခိုင်ပြည်နယ်အတွင်းမှာ ရဲစခန်း ၇၅ ခုရှိပြီး ရဲစခန်း ၃၀ ခု ထပ်မံဖွင့်လှစ်ဖို့နဲ့ ရဲစခန်း ရှစ်ခုကို အဆင့်မြှင့်တင်သွားဖို့ ရှိပါတယ်''ဟု ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောကြားခဲ့သည်။

မောင်တောမြို့နယ်တွင် ဇွန်လ ၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် အိမ်ခြေ
 ၄၇၀၊ ဆေးရုံတစ်ရုံနှင့် အခြားအဆောက်အအုံ ၃၆ ခု ပျက်စီးခဲ့ကြောင်း လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။

''လက်ရှိအနေအထားမှာတော့ လုံခြုံရေး အပြည့်ရှိပါတယ်။ မောင်တောမြို့ပေါ်မှာ လုံခြုံရေးအတွက် စစ်တပ်နဲ့ရဲက တာဝန်ယူထားသလို နယ်ဖက်မှာ တပ်ကတာဝန်ယူထားလို့ အခြေအနေက တည်တည်ငြိမ်ငြိမ်လို့တော့ ဆိုနိုင်ပါတယ်။

တလောကပဲ ဒီဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်တဲ့သူတချို့ ပြန်လွတ်လာတာကြောင့် မြို့ခံတွေ အခုလိုပြောင်းဖို့ ရွှေ့ဖို့ လုပ်လာကြတာဖြစ်ပါတယ်။

 လွတ်တဲ့သူတွေထဲမှာ မြို့ခံတွေ စိုးရိမ်ပူပန်တဲ့သူတွေလည်း ပါတယ်။ မထီမဲ့မြင် လုပ်တာတို့၊ ရန်စတာတို့ လုပ်ခံရတဲ့သူတွေလည်း ရှိပါတယ်။

အာဏာပိုင်တွေကတော့ လုပ်တဲ့သူကို ထိထိရောက်ရောက် အရေးယူပေးမယ် ပြောပါတယ်။ ဒါပေမယ့်လည်းဒီမှာ လူနည်းစုဖြစ်နေတဲ့အတွက် လုံခြုံရေးတွေ ရောက်မလာခင် အရင်ဆုံးခံရမှာဖြစ်
လို့ မနေရဲကြတာပါ''ဟု မောင်တောမြို့ခံတစ်ဦးက ဆိုသည်။

မောင်တောမြို့အပါအ၀င် ရခိုင်ပြည်နယ်ရှိမြို့နယ် ခုနစ်မြို့နယ်တွင် ဇွန်လကဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ညနေ ၆ နာရီမှ နံနက်၆ နာရီအထိ ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့သည်။

 ပြီးခဲ့သော သြဂုတ်လ ၁၀ ရက်နေ့တွင် အခြေအနေတည်ငြိမ်မှု အနည်းငယ်ရှိလာသဖြင့် ည ၇ နာရီမှ
နံနက် ၅ နာရီသို့ လျော့ချသတ်မှတ်ပေးခဲ့သည်။

သို့သော်လည်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် မောင်တောမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းအများစုသည် ၎င်းတို့နေရပ်များသို့ ပြန်သွားခဲ့ကြပြီး လက်ရှိအချိန်ထိ ထက်ဝက်ခန့်သာ ပြန်လည်တာဝန် ထမ်းဆောင်သေးကြောင်း သိရသည်။

''မောင်တောမြို့နယ်ထဲမှာ ကျောင်းပေါင်း ၁၅၉ ကျောင်းရှိရာမှာ ၆၁ ကျောင်းပဲ ပြန်ဖွင့်နိုင်သေးတယ်။
ဆရာ၊ ဆရာမတွေ အကုန်ပြန်မလာကြသေးဘူး။

ကျောင်းအုပ်ကြီးတွေလောက်ပဲ ပြန်လာကြသေးတယ်။ ကျန်းမာရေးမှာ ဆိုရင်လည်း ၀န်ထမ်းတစ်ဝက်လောက်ပဲ ပြန်ရောက်သေးတယ်။

 ကျေးလက်ကျန်းမာရေး ဆေးခန်းတွေလည်း ပြန်မဖွင့်နိုင်သေးဘူး''ဟု မောင်တော်မြို့ရှိ
Eleven Media Group ၏ သတင်းထောက်က ပြောကြားပါသည်။

Eleven Media  Group

ရွှေမြန်မာ

No comments:

Post a Comment