ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
( အမိန့်အမှတ်၊ ၂၃ / ၂၀၁၂ )
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက်
(၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်)
ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ(က) တို့အရ အောက်ဖော်ပြပါ
ပြည်ထောင်စုဝန်ကြီး များအား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်-
(၁)ဦးခင်မောင်မြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန
(၂)ဦးဇော်မင်း အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုစာရင်းစစ်ချုပ် ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
( အမိန့်အမှတ်၊ ၂၄ / ၂၀၁၂ )
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက်
(၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်)
ပြည်ထောင်စုစာရင်းစစ်ချုပ် ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၅၊ ပုဒ်မခွဲ (ခ)နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(က) တို့အရ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးလွန်းမောင် အား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်။
ဦးဇော်မင်း အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန |
ဦးခင်မောင်မြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန |
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမ္မတရုံး ၀က်ဆိုက်
သစ်ထူးလွင်
No comments:
Post a Comment