Tuesday 24 July 2012

ရှစ်လေးလုံးလူထုလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့တဲ့ ပြည်ပရောက် ကျောင်းသားတွေ ပြည်တော်ပြန်လာနိုင်ရေးဆွေးနွေး

ရှစ်လေးလုံးလူထုလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့ပြီး လက်ရှိ ပြည်ပရောက်နေတဲ့
ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ ဂုဏ်သိက္ခာရှိရှိ ပြည်တော်
ပြန်လာနိုင်ရေး သမ္မတ ဦးသိန်းစိန်ရဲ့ ညွန်ကြားချက်အရ ပြည်ထောင်စု
အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနဲ့ ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး ညှိုနှိုင်းနေတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က
ပြောပါတယ်။

"အဓိက ကတော့ သမ္မတကြီးနဲ့ ဦးအောင်မင်း ဘက်ကတော့ ကျနော်တို့ ၈၈ တုန်းက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကို အဓိက ဦးဆောင်
ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်တွေ သိက္ခာရှိရှိ ပြန်လာလို့ ရအောင် ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဗီဇာထုတ်ပေးပြီးတော့ မြန်မာနိုင်ငံကို အလည်အပတ် သွားတာမျိုးထက် စာရင် ဒီ ၈၈ လူထုအုံကြွမှုကြီးမှာ ဦးဆောင်ခဲ့ကြတဲ့၊ နောက်ပြီးတော့ ဒီထိုင်း-မြန်မာ နယ်စပ်၊ အိန္ဒိယ - မြန်မာနယ်စပ် တွေမှာ ဒီလို ကျောင်းသား
တပ်မတော်၊ ကျောင်းသား အဖွဲ့အစည်းတွေကို ဦးဆောင်ခဲ့ကြတဲ့
ဒီ ခေါင်းဆောင်တွေကို သိက္ခာရှိအောင်၊ သူတို့ရဲ့ အခန်း ကဏ္ဍကိုလည်း အသိအမှတ် ပြုစေချင်တဲ့ အပိုင်းမှာ ညှိနှိုင်း ဆောင်ရွက်နေတာတွေ ရှိပါတယ်။ "

မြန်မာပြည်ကို ပြန်ဖို့ ဆွေးနွေးနေသူတွေထဲမှာ ကျောင်းသားတပ်မတော် ABSDF ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ဦးထွန်းအောင်ကျော်၊ ဦးမိုးသီးဇွန် အပါအ၀င် စုစုပေါင်း (၁၁) ဦးပါဝင်ပါတယ်။



By RFA Burmese

No comments:

Post a Comment