
ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
ပြု၍မရနိုင်သည့် အထပ်မြင့် အဆောက်အအုံ ရှစ်လုံးရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာရေး ကော်မတီ၊ အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေး ကော်မတီမှ သိရသည်။
အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေး ကော်မတီသို့ ဆောက်လုပ်ခွင့် တင်ပြလာသော ရှစ်ထပ်နှင့် အထက် အထပ်မြင့် အဆောက်အအုံ ၆၆ လုံးအနက် ၂၃ လုံးကိုသာ မူအားဖြင့် ဆောက်လုပ်ခွင့် ပြုခဲ့ခြင်းဖြစ်ပြီး ရှစ်လုံးမှာ လုံးဝခွင့်ပြု၍ မရနိုင်သည့် အဆောက်အအုံများ ဖြစ်နေသည်။ အဆိုပါ အဆောက်အအုံ ရှစ်လုံးသည် ရွှေတိဂုံ စေတီတော် ကန့်သတ်ဧရိယာတွင် ပါဝင်နေခြင်း၊ ရွှေတိဂုံ စေတီတော် မြင်ကွင်းလမ်းကြောင်းပေါ် ကျရောက်နေခြင်း၊ ဆိတ်ငြိမ်ရပ်ကွက်များ၌ ဆောက်လုပ်ခွင့် တင်လာခြင်း၊ ဆောက်လုပ်မည့် အထပ်ပမာဏနှင့် လျော်ညီသည့် မြေအကျယ်အ၀န်း မရှိခြင်း၊ စည်ပင်မှ သတ်မှတ်ထားသည့် Road Building Ratio နှင့် မကိုက်ညီခြင်း စသည်တို့ကြောင့် ခွင့်ပြု၍ မရနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ခွင့် မပြုခဲ့သည့် အဆောက်အအုံများမှာ ရွှေတိဂုံ စေတီတော် ကန့်သတ်ဧရိယာတွင် ပါဝင်သည့် ရွှေဂုံတိုင် ၅ လမ်းတွင် ၁၀ ထပ် အဆောက်အအုံ၊ ဗဟန်းမြို့နယ် မြေတိုင်းအမှတ် ၂၀ အေတွင် ၂၂ ထပ် (Commerical Complex) ဆောက်လုပ်ခွင့် တင်လာသည့် အဆောက်အအုံနှစ်လုံး၊ ချင်းတွင်းလမ်း၊ ၁၀ ရပ်ကွက်၊ ကမာရွတ်မြို့နယ် (Blazon ရှော့ပင်း စင်တာအနီး) တွင် ၁၂ ထပ်ခွဲ အဆောက်အအုံတစ်လုံး၊ ရွှေတောင်ကြားလမ်းတွင် ၁၆ ထပ် အဆောက်အအုံ၊ အနောက်မေခ လမ်းသွယ် (၂) မရမ်းကုန်း မြို့နယ်တွင် ၁၂ ထပ် အဆောက်အအုံ၊ ၀ါးတန်းလမ်း၊ လမ်းမတော်မြို့နယ်တွင် အကျယ် ၄၇ ပေသာရှိသည့် မြေကွက်တွင် ၁၇ ထပ်ခွဲတိုက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ စောရန်ပိုင်ရပ်ကွက်၊ အလုံမြို့နယ်တွင် ၁၇ ထပ် အဆောက်အအုံ၊ ဗိုလ်တထောင်မြို့နယ် ၅၄ လမ်းတွင် ၁၂ ထပ်ရှိသည့် ဟိုတယ်စသည့် အဆောက်အအုံ များဖြစ်ကြောင်း သိရသည်။
Eleven Media Group ဆီမှကူးယူဖော်ပြပါသည်
No comments:
Post a Comment