Saturday 6 October 2012

အုပ်စုဖွဲ့ အနိုင်ကျင့်တိုက်ခိုက်မှုများအတွက်၊ ဘင်္ဂလားဒေ့ရှ်အစိုးရ ထိရောက်စွာတားဆီးရန်လိုအပ်


စက်တင်ဘာလ ၂၉ ရက်နေ့က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ရာမူးနဲ့ ကော့ဘဇားမြို့တွေမှာ ဆူပူအကြမ်းဖက်သူအများစုက လူနည်းစု
ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားတွေအပေါ် အနိုင်ကျင့်တဲ့လုပ်ရပ်တွေ

ဆောင်ရွက်ခဲ့ကြပါတယ်။ ရာပေါင်းများစွာပါတဲ့ လူအုပ်ကြီးဟာ ဘုန်းကြီးကျောင်းတွေ၊ သိမ်တွေနဲ့ ရခိုင်လူမျိုးတွေရဲ့ အိမ်တွေကို အကြမ်းဖက်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက်မှုကိစ္စမှာ
ပါဝင်ပတ်သက်နေသူတွေအပေါ် အရေးယူမှုအားနည်းနေတဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကို တွန်းအားပေးနိုင်ဖို့နဲ့ လူနည်းစု ရခိုင်ဗုဒ္ဓဘာသာဝင်တွေကို အကာအကွယ်ပေးဖို့အတွက် ဒါကာတက္ကသိုလ်ကျောင်းသား၊ ရာဂဏန်းလောက်ဟာ အောက်တိုဘာလ
၃ ရက်နေ့မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

သူတို့ကအကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်သူတွေကို ချက်ချင်းဖမ်းဆီးအရေး
ယူဖို့ အိုးအိမ်ပျက်စီးဆုံးရှုံးသွားသူတွေအတွက် ထိုက်တန်တဲ့လျော်ကြေးတွေ
ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အကြမ်းဖက်သူများဟာ အုပ်စုဖွဲ့တိုက်ခိုက်
မှုတွေ ဆက်တိုက်လုပ်ဆောင်လာကြောင်း အခုဖြစ်ရပ်တွေက ဖော်ပြနေ
ပါတယ်။ ဒီလိုဆောင်ရွက်လာနိုင်တာဟာ ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိ
သူတွေရဲ့ ထိန်းသိမ်းနိုင်မှု အားနည်းခြင်းကြောင့်ဆိုတာ ထင်ရှားလျက်ရှိပါ
တယ်။ ဒီလိုအကြမ်းဖက်မှုတွေအတွက် လူ နှစ်ရာ၊ သုံးရာလောက်က ဆန္ဒပြရုံနဲ့ မတားဆီးနိုင်ပါဘူး။ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ဒေသတွင်း
အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ တရားခံတွေကို မျှော့သွေးတိုးစမ်းသလို မထိတထိလုပ်မနေဘဲ ပြတ်ပြတ်သားသား ကိုင်တွယ်သွားဖို့လိုအပ်ပါတယ်။ ဒီလိုမှမကိုင်တွယ် နိုင်ရင် လူအုပ်နဲ့အနိုင်ကျင့်တဲ့ လုပ်ရပ်တွေ၊ ဆက်လက်
ပေါ်ပေါက်လာနိုင်ဖွယ်ရှိပြီး ရာမူးနဲ့ ကော့ဘဇားဒေသက လူနည်းစု ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေအပေါ် ကြီးမားတဲ့ခြိမ်းခြောက်မှုတွေ ဖြစ်လာပါလိမ့်မယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဒီကိစ္စမှာ ဘင်္ဂလားဒေ့ရှ်ထဲကို တရားမ၀င်
လာရောက်နေထိုင်သူ ရိုဟင်ဂျာတွေကို အဓိကတာဝန်ရှိသူအဖြစ် သံသယ
ဖြစ်မိကြောင်း လက်ညှိုးထိုးနေပါတယ်။တစ်ဘက်မှာလည်း မလေးရှား
အခြေစိုက် ရိုဟင်ဂျာလူ့အခွင့်အရေးအဖွဲ့ ဥက္ကဋ္ဌ Zafar Ahmad bin Abdul Ghani က ရိုဟင်ဂျာတွေဟာ တခြားဘာသာကိုသွားပြီးနှိပ်စက်ဖို့ စိတ်ထဲမှာမရှိကြောင်း၊ အခုကိစ္စဟာ ဘင်္ဂလားဒေ့ရှ် ပြည်သူတွေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့သာဆိုင်ကြောင်း တုန့်ပြန်ပြောဆိုလျက်ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ရိုဟင်ဂျာလူ့အခွင့်အရေးအဖွဲ့တို့ အပြန်အလှန်စွပ်စွဲနေ
ရုံနဲ့ ပြဿနာပြေလည်သွားမှာ မဟုတ်ပါဘူး။ လူ ၂၀၀၊ ၃၀၀ လောက်ဆန္ဒပြ
တာဟာလည်း တောမီးကို နို့ဆီခွက်ထဲကရေနဲ့ ငြိမ်းဖို့ကြိုးစားသလို အရာထင်
လှမယ်မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်အစိုးရက ရသေ့စိတ်ဖြေအနေနဲ့ ရာမူးမြို့ ရဲစခန်းမှူးကိုရာထူးက ဖယ်ရှားခဲ့ပါတယ်။ ရာမူး စခန်းမှူးရာထူးက နှုတ်ထွက်
သွားခဲ့လဲ နောက်စခန်းမှူးက သူထက်သူ လူစွမ်းကောင်းဆိုရင် အခြေအနေ
ပိုဆိုးလာဖို့ပဲရှိပါတယ်။ ရာမူးမှာဖြစ်ခဲ့တဲ့အကြမ်းဖက်မှုတွေကြောင့် နှစ်ပေါင်း
ရာနဲ့ချီပြီး တည်ရှိနေခဲ့တဲ့ဘုန်းတော်ကြီးကျောင်းတွေအပါအ၀င်ကျောင်း
ပေါင်း ၂၂ ကျောင်းနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဘုရားဆင်းတုတော် တွေလည်း
ပျက်စီးဆုံးရှုံးခဲ့ရပါပြီ။ အဲ့ဒီအတွက် ရဲစခန်းမှူးအဆင့်လောက်မှာတင်ပဲ တာဝန်ရှိတာလား၊ ဘင်္ဂလားဒေ့ရှ် အစိုးရမှာ တာဝန်မရှိတော့ဘူးလားလို့
မေးခွန်းထုတ်ချင်ပါတယ်။လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့က အမေရိကန်သံရုံးကို
လူအုပ်ကြီးက အနိုင်ကျင့်ချေမွခဲ့သလို၊ မြန်မာနိုင်ငံ ရခိုင်ဒေသက အင်အား
နည်း ဗုဒ္ဓဘာသာဝင်တွေကို အင်အားများလွန်းလှတဲ့ဘင်္ဂလီတွေက လူအုပ်
နဲ့ဖိပြီး အနိုင်ယူအကြမ်းဖက်ခဲ့သလို၊ အခုလဲ ရာမူးနဲ့ ကော့ဘဇားမြို့တွေမှာ ဒီလိုမျိုးအလားတူ အုပ်စုဖွဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်လာ
ခဲ့ပြန်ပါပြီ။ ရခိုင်ဒေသအရေးအခင်းမှာတုန်းက မြန်မာအစိုးရက မျက်နှာ
မလိုက်ဘဲ ပြတ်ပြတ်သားသား အရေးယူကိုင်တွယ်တာကြောင့် ထိခိုက်
သေဆုံးမှုအနည်းဆုံးနဲ့ တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်
အစိုးရကလည်း မြန်မာအစိုးရလို သမာသမတ်ကျကျဖြေရှင်းဖို့၊ အဆင့်ဆင့်
သော အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိတွေက တရားခံတွေကိုတိကျပြတ်သား
စွာအရေးယူဖို့ အထူးပဲလိုအပ်ပါတယ်။

OIC အနေနဲ့လည်းအခြေအနေမှန်ကိုရှင်းရှင်းလင်းလင်းသိအောင်
ဆောင်ရွက်သင့်ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ အုပ်စုနှစ်စုကြားမှာဘယ်ဘက်ကို
မှမယိမ်းဘဲ တည့်မတ်စွာရပ်တည်ဖို့လိုအပ်တဲ့အပြင် အကြမ်းဖက်တိုက်ခိုက်မှု
တွေကို ပြတ်ပြတ်သားသားကိုင်တွယ်ဖြေရှင်းသွားဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ဖိအားပေးတောင်းဆိုသွားရန်လည်း လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ ဒေသတွင်း
တည်ငြိမ်အေးချမ်းမှုကို ရှေ့ရှုပြီး ရေးသားလိုက်ပါတယ်။

ပဋိပက္ခများချုပ်ငြိမ်းစေလိုသူတစ်

By Myanmar Online News

No comments:

Post a Comment