Wednesday 10 October 2012

"မြန်မာသမ္မတအဆက်ဆက် နိုဘယ်ဆုအတွက် ဦးသိန်းစိန် ပထမဆုံး တစ်ပေးခံရ"


၂ဝ၁၂ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆု အတွက် ခန့်မှန်းခံရသူ များစာရင်း တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမည် ပါဝင်လာသည်ဟု သိရသည်။
ဦးသိန်းစိန်သည် ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် ပထမဆုံး ခန့်မှန်း စာ ရင်း ဝင်သည့် မြန်မာနိုင်ငံသမ္မတ ဖြစ်သည်။အောက်တိုဘာလ ၁၂ ရက်
နေ့ တွင် ထုတ်ပြန်ကြေညာမည့် ငြိမ်း ချမ်းရေးနိုဘယ်ဆုအတွက် အမည် စာရင်း တင်သွင်းခံရသူများ၏ အမည် စာရင်းကို ငြိမ်း ချမ်းရေး နိုဘယ် ဆုရွေးချယ်ရေးကော်မတီက ထုတ်ပြန်ကြေညာလေ့ မရှိသော် လည်းေ နာ်ေ ဝနိုင်ငံ၊ အော်စလိုမြို့ အခြေ စိုက် အော်စ လိုငြိမ်း ချမ်းရေး သုတေ သန သိပ္ပံ ကမူ ဆုရွေးချယ်ရေး ကော်မတီ ၏ လုပ်နည်း လုပ်ဟန် အားေ လ့ လာ၍ ဆုရနိုင်ခြေ ရှိသူများ ထင်ကြေး စာရင်း ကို နှစ်စဉ် ထုတ်ပြန် လေ့ ရှိသည်။ ယခုနှစ် အတွက် အဆိုပါ သုတေသန၏ ဥက္ကဋ္ဌဖြစ်သူ မစ္စတာ ခရစ်ရှန်ဘတ်ဂ်ဟာဗီကမ် ထုတ်ပြန်ထားသော ငြိမ်းချမ်းရေး နိုဘယ်ဆု ရနိုင်ခြေရှိသူများစာရင်း တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပါဝင်လာခြင်း ဖြစ်သည်။
အဆိုပါ စာရင်းတွင် သမ္မတ ဦးသိန်းစိန်နှင့်အတူ ရုရှားလူ့အခွင့် အရေးအုပ်စု Memorial နှင့် ယင်း အဖွဲ့တည်ထောင်သူ မစ္စဆက်တက နာဂန်နုခ်ကီနာ ၊ အကြမ်းမဖက်ငြိမ်း ချမ်းစွာတော်လှန်ရေးဆိုင်ရာ ကျွမ်း ကျင်သူ အမေရိကန်နိုင်ငံသား နိုင်ငံရေးပညာရှင် မစ္စတာဂျင်းရှပ်၊ လွတ် လပ်သော ရုရှားမီဒီယာအဖွဲ့ Echo of Moscow နှင့် ယင်း၏ အယ်ဒီတာ ချုပ်ဖြစ်သူ အလက်ဆီဗန် နေဒစ်ခ်တေ့ဗ်တို့ ပါဝင်လာသည်။
ထို့အတူ ဘာသာရေးအား လွဲ မှားစွာအသုံးပြုသူအားဆန့်ကျင်ရေး လှုပ်ရှားသူနိုင်ဂျီးရီးယားနိုင်ငံသား နှစ်ဦးလည်း အဆိုပါစာရင်းတွင် ပါဝင်လာသည်။
ယခုနှစ် နိုဘယ်ဆုရာသီမှာ အောက်တိုဘာလ ၈ရက်မှ ၁၅ရက် အထိဖြစ်ပြီး အောက်တိုဘာလ ၈ ရက်တွင် ဆေးပညာ နိုဘယ်ဆုကို ထုတ်ပြန်ကြေညာခဲ့ရာ ဗြိတိန် နိုင်ငံသား သုတေသနပညာရှင် ဆာဂျွန် ဘီဂေါ်ဒန်နှင့် အမေရိကန် နိုင်ငံသား ဂျပန်သုတေသနပညာ ရှင် ရှင်ဟာ ယာမာနာကာတို့က ရင့်ကျက်ပြီး ဆဲလ်များကို အခြား ဆဲလ်အမျိုး မျိုး အဖြစ် ပြန်လည်ပြု ပြင်နိုင်မှုကို တွေ့ရှိခဲ့ခြင်းနှင့် ပတ် သက်ပြီး ပူးတွဲ ဆွတ် ခူးနိုင်ခဲ့သည်။ ဗြိတိန်ပညာရှင် ဆာဂျွန်ဂေါ်ဒန်သည် ၁၉၃၃ ခုနှစ် တွင်မွေး ဖွားခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ဖားတစ်ကောင်၏ ဥဆဲလ် ကို စမ်းသပ်မှုအရ ဆဲလ်များကို အခြားဆဲလ်များအဖြစ် ပြုပြင်ပေး နိုင်ကြောင်း တွေ့ရှိခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် မွေးဖွားသော အမေရိကန် နိုင်ငံသား ဂျပန်သုတေသနပညာ ရှင် ရှင်ယာဟာမာနာကာက မူ ၂ဝဝ၂ ခုနှစ်တွင် ကြွက်များရှိ ရင့်ကျက်ပြီးဆဲလ် (stem cells ) များကို မရင့်ကျက်သေး သည့် ဆဲလ် များအဖြစ် ပြန်လည်ပြုပြင်ပေးနိုင် ကြောင်း တွေ့ရှိခဲ့သည်။ အဆိုပါ ပုဂ္ဂိုလ်နှစ်ဦး၏ ဆေးပညာတွေ့ရှိ ချက်မှာ ဆေးပညာလောက အ တွက် အလွန် အဖိုးတန် အသုံးဝင်သော ကြောင့် ပူးတွဲနိုဘယ်ဆု ချီးမြှင့် ခံ ရခြင်းဖြစ်သည်။
၂ဝ၁၂ ခုနှစ်အတွက် ရူပဗေဒ နိုဘယ်ဆုကို အောက်တိုဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာရာ မော်ရိုကိုနိုင်ငံဖွားပြင်သစ်နိုင်ငံသား ရူပဗေဒပညာရှင် ဆာဂျီဟာဂိုချီနှင့် အမေရိကန် နိုင်ငံသား ရူပဗေဒ ပညာ ရှင် ဒေးဗစ်ဝိုင်းလန်းဒ်တို့ ပူးတွဲဆွတ်ခူးနိုင်ခဲ့သည်။
အောက်တိုဘာ ၁ဝ ရက် နေ့တွင် ဓာတုဗေဒနိုဘယ်ဆု၊ ၁၁ ရက်နေ့ တွင် စာပေနိုဘယ်ဆု၊ ၁၂ ရက်နေ့တွင် ငြိမ်းချမ်းရေးနိုဘယ်ဆု နှင့် ၁၅ ရက်နေ့တွင် စီးပွားရေး ဆိုင်ရာနိုဘယ်ဆု တို့ကို ထုတ်ပြန် ကြေညာ မည်ဖြစ် သည်။
နှစ်စဉ် ချီးမြှင့်သော နိုဘယ် ဆုများတွင် ကမ္ဘာတစ်ဝန်းမှ စိတ် ဝင် စား မှုအမြင့်ဆုံးနှင့် ဂုဏ်သိက္ခာ အမြင့်မားဆုံးဟုယူဆထားကြသော ငြိမ်း ချမ်းရေး နိုဘယ်ဆုအတွက် လောင်းကစားကုမ္ပဏီများကလည်း လောင်းကြေး ဖွင့်လှစ် ထားကြရာ ယခုနှစ်အတွက် အီဂျစ်နိုင်ငံ၏မာသာထရီဇာဟု တင်စားခံရသူ မစ္စဂေါ့ဘရန်က အလေးပေးမှု စာရင်းတွင် အမြင့်ဆုံးဖြစ် သည်။ ၄င်းသည် အီဂျစ်နိုင်ငံ တစ်ဝန်းမှ ကံမကောင်းသော မိမဲ့၊ ဖမဲ့ ကေ လး ငယ်များအား ခရစ်ယာန်၊ မွတ် ဆလင် မခွဲခြားဘဲ ကူညီပေးေ န မှု ကြောင့် ယခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် ဖြစ်နိုင်ခြေအရှိ ဆုံးဟု ယူဆထား၍ အလေးပေးမှုမြင့် နေခြင်းဖြစ်သည်။
ထို့အပြင် ဂုဏ်သိက္ခာ ကြီးမား လှသော စာပေနိုဘယ်ဆု အတွက် တရုတ်နိုင်ငံသား စာရေးဆရာမိုယန် နှင့် ဂျပန်နိုင်ငံသား စာရေးဆရာ ဟာရုကီမူရာဏာမီတို့ ရေပန်းစား နေပြီး ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှ စာပေပညာရှင်များက ဆုရွေးချယ် ရေးကော်မတီအနေနှင့် အမျိုးသမီး တစ်ဦး သို့မဟုတ် မြောက်အမေရိက တိုက်သားတစ်ဦးအား ရွေးချယ်သင့် သည့်အချိန်ဟု ဆွေးနွေးအကြံပြု ထားရာ အမေရိကန်စာရေးဆရာ ဒွန်ဒီလီ လိုဖာဖာ၊ ဆိုမာလီနိုင်ငံသား နူရူဒင်ဖါရာနှင့် ကနေဒါဝတ္ထုတို စာ ရေးဆရာ အဲလစ်မွန်ရိုးတို့လည်း ခန့်မှန်း စာရင်းတွင် ပါဝင်လာသည်။ သို့ရာတွင် မည် သည့် ဝတ္ထုတိုစာရေး ဆရာကိုမှ စာပေနိုဘယ်ဆုချီးမြှင့် ခြင်း မရှိခဲ့ပေ။
ဆွီဒင်လူမျိုး ဒိုင်းနမိုက်တီ ထွင်သူအဲလ်ဖရက်နိုဘယ်က ၁၈၉၅ ခုနှစ်တွင် နိုဘယ်ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး ၁၉ဝ၁ ခုနှစ်မှ စ၍ ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာ၊စာပေနှင့်ငြိမ်းချမ်းရေးနိုဘယ် ဆုများကို စတင်ချီးမြှင့်ခဲ့သည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုကို မြန်မာနိုင်ငံမှ ပထမဆုံးရရှိခဲ့ သူမှာ ဒေါ်ေ အာင် ဆန်းစုကြည် ဖြစ်ပြီး ၁၉၉၁ ခုနှစ်က ချီးမြှင့်ခံရခြင်း ဖြစ် သည်။

PN-055
Ref: AFP, nobleprize.org

By Popular Myanmar

No comments:

Post a Comment