
ဖုန်းဆက် အကြောင်းကြားတဲ့ အတွက် နေအိမ်ကို ပြန်တဲ့အခါ သမီးဖြစ်သူမှာ သူ၏ ရည်းစားဖြစ်သူ ကို.....(စိစစ်ဆဲ) နဲ့ စကားနိုင် လုရင်းကနေ စကားများပြီး အဖြူရောင် ကော်ရိုးတပ် အရိုးအသွား(၆)လက်မခန့်ရှိတဲ့ စတီးဓါးနဲ့ ထိုးတဲ့အတွက် မ.......ရဲ့ ၀ဲပါးပြတ်ရှ၊ ကျောဝဲဘက် ထိုးသွင်း ဒဏ်ရာတို့ရပြီး သင်္ဃကျွန်း စံပြဆေးရုံမှာ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ကုသရတဲ့ အတွက် ဖခင်ဖြစ်သူဦး.......ကတရားလို ပြုတိုင်တန်းထားကာ တ/ဥက္ကလာပရဲစခန်းက (ပ) ၆၄၇/၁၂
ပုဒ်မ ၃၂၆ နဲ့ စုံစမ်းနေရာကနေ အောက်တိုဘာလ (၁၂) ရက်နေ့မှာ သေဆုံးသွားတဲ့ အတွက် ပုဒ်မ ၃၂၆ မှ ပုဒ်မ ၃၀၂ ကိုပြောင်းလဲ အမှုဖွင့်ပြီး အမှုကို ဆက်လက်စုံစမ်း နေတယ်လို့ သိရတယ်။
by The Modern News Journal
သစ်ထူးလွင်
No comments:
Post a Comment