Saturday 1 September 2012

“စေတနာ့ဝသန်” အလှူငွေ ကျပ်သိန်း ၅၅၀ ကျော်ရရှိပြီ


၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးဆောင် ကျင်းပ နေသော“စေတနာ့ဝသန်” ဂီတ ဖျော်ဖြေပွဲသို့ လာရောက် အားပေးသော သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ နာယကဦးတင်ဦး တို့ကို တွေ့ရစဉ်။






၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးဆောင်ကျင်းပ နေသော“စေတနာ့ဝသန်” ဂီတဖျော်ဖြေပွဲသို့ လာရောက် အားပေးသော သမ္မတရုံး ၀န်ကြီးများဖြစ်သည့် ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့ကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့နှင့်အတူ တွေ့ရစဉ်။

sky net ရုပ်သံမှလည်း အလှူငွေကျပ် သိန်းငါးရာ တိတိအား လှူဒါန်းသွားပြီး သမ္မတရုံး ၀န်ကြီးများ ဖြစ်ကြသည့် ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့က အလှူငွေကျပ် တစ်သိန်းစီ လှူဒါန်းသွားသည်။

အဆိုပါဖျော်ဖြေပွဲတွင် ညနေ ၆ နာရီခွဲအချိန်အထိ အလှူငွေစုစုပေါင်းကျပ်သိန်း ၅၅၀ ကျော်(Sky Net အလှူငွေအပါအ၀င်) ရရှိပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း-ဓါတ်ပုံ 7Day News Journal

သစ်ထူးလွင်

No comments:

Post a Comment