Monday 20 August 2012

ရာမဒန်ဥပုသ်သုံးရက်အတွင်း မောင်တောမှ ဘင်္ဂါလီများကို ဗလီတက်ခွင့်ပြု


သြဂုတ် ၂၀ မှ ၂၂ ရက်အထိ ကျရောက်မည့် ရာမဒန်ပွဲတော်ကာလရက်များတွင် ဘင်္ဂါလီများ
သက်ဆိုင်ရာဗလီများသို့ တက်ရောက်ရန်
 တောင်းဆိုမှုကို မောင်တောခရိုင်
တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့်


 ပြန်လည်ထူထောင်ရေးအဖွဲ့က စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုလိုက်ကြောင်း
 သြဂုတ် ၁၉ ရက်တွင် ပြုလုပ်သည့် ဒေသအာဏာပိုင်များနှင့် ဘင်္ဂါလီများ တွေ့ဆုံ ဆွေးနွေးရာတွင် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် ကွပ်ကဲရေးမှူးက ပြောကြားသည်။

ရာမဒန်ပွဲတော်သုံးရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာများရှိ ဗလီများတွင် မွန်းလွဲ ၁ နာရီ ဗလီတက်ချိန်နှင့် ညနေ ၅ နာရီတွင် တစ်ချိန် ဗလီတက်ဝတ်ပြုရမည်ဖြစ်သည်။

ဇွန် ၈ ရက် ဆူပူအကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့သည့် မောင်တောမြို့ ကျောက်ဗလီနှင့် မြို့မကညင်တန်းဗလီတွင် ဗလီတက်ရောက်ခွင့်ကို ရပ်ဆိုင်းထားကာ  ဒေသခံတိုင်းရင်းသားကျေးရွာများနှင့် နီးကပ်စွာတည်ရှိနေသည့် ဗလီများတွင် ဗလီတက်ရောက်ခြင်းကိုလည်း ခွင့်မပြုဟု သတင်းရရှိသည်။

''ဗလီမတက်ရဘူးလို့ ပိတ်ထားတာ မရှိပါဘူး။ ဒါပေမဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေ၊ ပုဒ်မ-၁၄၄ ကြောင့် လူငါးဦးထက် မစုရ၊ သတ်မှတ်ထားတဲ့အချိန်ထက် ကျော်လွန်ပြီးတော့ မသွားရတာပါ။

 အခုသူတို့ တောင်းဆိုတာက ရာမဒန်ကာလသုံးရက်တည်း ဖြစ်တဲ့အ တွက် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်နားလည်မှုတည်ဆောက်ပြီးတော့ လုံခြုံရေးတာဝန်ယူထားရတဲ့သူတွေက ခွင့်ပြုပေးတာ ဖြစ်ပါတယ်။ ဥပဒေအရ ဆိုရင်တော့ လူစုလူဝေးလုပ်ခွင့်ကို မရှိပါဘူး''ဟု ခရိုင်ဥပဒေအရာရှိက ရှင်းပြသည်။

ဘင်္ဂါလီများ လူစုလူဝေးများဖြင့် ဗလီတက်ရောက်ခွင့်ရရှိရေးအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံသို့ တင်ပြတောင်းခံခြင်းများ ပြုလုပ်သည့်အတွက် သြဂုတ် ၁၈ ရက်က ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဗိုလ်မှူးထိန်လင်းက မောင်တောမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ဘင်္ဂါလီလူမျိုးများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် စည်းကမ်းချက်များနှင့်အညီ ရာမဒန်ဥပုသ် သုံးရက်ကို တက်ရောက်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

7day news

ရွှေမြန်မာ

No comments:

Post a Comment