Monday 20 August 2012

မြန်မာလူမျိုးများပျောက်ရတော့မှာလော့(ပေးစာ)


မတော်တဆ သာမန်လူမျိုးရေး ပဋိပက္ခ သက်သက်မဟုတ်ပါ။ရခိုင်ပြည်နယ် အရေးဟာ
သာမန် လူမျိုးရေး အထိကရုဏ်း သက်သက်
မဟုတ်ပါဘူး။


မြန်မာနိုင်ငံ ဘာလဲ ဘယ်လဲ စဉ်းစားကြည့်ကြပါ။ သမိုင်းဝင်မြန်မာပြည် မြေပုံက နယ်မြေတစ်ခုက ဘယ်သူတွေရဲ့သွေးတွေဘယ်သူတွေရဲ့ အရိုးတွေ မြှုပ်နှံစတေးထားခဲ့ရတာလဲ။ ဒါဟာ လူမျိုးရေး ဘာသာရေး လုပ်ကြံမှု သက်သက်ပါ။

ပြည်နယ်တောင်းတာ လူ့အခွင့်အရေးတဲ့လား၊ နိုင်ငံထောင်တာ လူသားချင်း စာနာတာတဲ့လား၊

အစိုးရသော်လည်းကောင်း၊ ပါတီများ အားလုံးသော်လည်းကောင်း နိုင်ငံချစ်စိတ် မျိုးချစ်စိတ်

နှိုးကြားသင့်နေပါပြီ။ နိုင်ငံတကာက ပေးအပ်ချီးမြှင့်တဲ့ ဘာဘွဲ့၊ ညာဘွဲ့တွေနဲ့ နိုင်ငံရဲ့ ပြည်နယ်တွေကို

လဲလှယ်တော့မှာလား။ မြန်မာနိုင်ငံရဲ့ အထင်ကရ တိုင်းရင်းသားတွေ အားလုံးကရော လက်ပိုက်ကြည့်နေကြတော့မှာလား။ ကျုပ်တို့တစ်တွေ စစ်ခင်းနေကြဦးမှာလား။ ယခုကတည်းက ရခိုင်ပြီးလျှင် ချင်းပြည်နယ် ဆိုပြီးစကားဦးသန်းနေပြီနော်။

အစိုးရနဲ့ တိုင်းရင်းသားပါတီတွေကြားမှာ ဘယ်လိုပဲသဘောထားကွဲခဲ့ပါစေ ရိုဟင်ဂျာ အရေးမှာတော့ အိပ်ချင်ယောင်ဆောင်၊

တို့ပြည်နယ်တော့ မီးမလောင်ဘူးဆိုပြီး ပြူံးပြနေမယ်ဆိုလျှင်တော့ မြန်မာပြည်ဆိုတာ သင်တို့လက်မှာမှ ပျက်ရလေတယ်ဆိုပြီး

တို့ဘိုးဘွားတွေ တမလွန်က ငိုကြွေး ဒေါသဖြစ်ရတော့မပေါ့။

ဒါဟာရခိုင်အရေးမဟုတ်ပါ၊ အမျိုးသားရေး .......

ကချင်၊ကယား၊ ကချင်၊ချင်း၊ ဗမာ၊မွန်၊ရခိုင်၊ရှမ်း၊ဆိုသော သင်တို့နှင့် တိုင်းရင်းသားစစ်စစ်တွေ မရှိလျှင်

ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်ကြီး မရှိတော့ဘူးဆိုတာ သင်တို့တစ်ချက်လောက် ငဲ့ကြည့်လိုက်ကြပါဦး။

မြန်မာနိုင်ငံသားစစ်စစ် လို့ခံယူထားသူများလည်း ဘာသာရေး၊လူမျိုးရေး မှိုင်းတိုက်မှုတွေအောက်က

ယုံကြည်ချက်တွေ၊ မာန်မာနတွေ ခဏလောက်ရပ်ပြီး ခဏလောက် ညီညွတ်ပေးကြပါတော့ဗျာ...........

BY.. ဦးယဉ်ကျေး။

(ကိုမင်းထက် ပို့ ပေးသည်)

ရွှေမြန်မာ

No comments:

Post a Comment