Tuesday 28 August 2012
ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်
ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ကြောင်းအား အမိန့်အမှတ် ၂၂/၂၀၁၂ နှင့် ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးကြောင်းအား အမိန့်အမှတ် ၂၁/၂၀၁၂ဖြင့် နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၂၇ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်
ပြောင်းလဲခန့်အပ်လိုက်သော ပြည်ထောင်စုဝန်ကြီးများမှာ ၉ ဦးဖြစ်ပြီး ၎င်းတို့၏ လက်ရှိတာဝန်ယူရမည့် ဝန်ကြီးဌာနနှင့် ယခင်ဝန်ကြီးဌာနများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ဦးစိုးသိန်း - သမ္မတရုံးဝန်ကြီးဌာန (ယခင် - စက်မှုဝန်ကြီးဌာန)
၂။ ဦးအောင်မင်း - သမ္မတရုံးဝန်ကြီးဌာန (ယခင် - ရထားပို့ဆောင်ရေးဝန်ကြီးဌာန)
၃။ ဦးလှထွန်း - သမ္မတရုံးဝန်ကြီးဌာန (ယခင် - ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)
၎။ ဦးတင်နိုင်သိန်း - သမ္မတရုံးဝန်ကြီးဌာန (ယခင် - အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန)
၅။ ဦးအောင်ကြည် - ပြန်ကြားရေးဝန်ကြီးဌာန (ယခင် - လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာန)
၆။ ဦးကျော်ဆန်း - သမဝါယမဝန်ကြီးဌာန (ယခင် - ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)
၇။ ဦးအုန်းမြင့် - မွေး/ရေ ဝန်ကြီးဌာန (ယခင် - သမဝါယမဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန)
၈။ ဦးအေးမြင့် - စက်မှုဝန်ကြီးဌာန (ယခင် - သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)
၉။ ဦးတင့်ဆန်း - အားကစားဝန်ကြီးဌာန (ယခင် - ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန)
ထို့အပြင် ခန့်အပ်လိုက်သော ဒုတိယ၀န်ကြီးစုစုပေါင်းမှာ ၁၅ ဦးဖြစ်ပြီး ၎င်းတို့ တာဝန်ယူရမည့် ဝန်ကြီးဌာနများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ ရဲချုပ်ကျော်ကျော်ထွန်း - ပြည်ထဲရေးဝန်ကြီးဌာန
၂။ ဦးပိုက်ထွေး- ပြန်ကြားရေးဝန်ကြီးဌာန
၃။ ဦးသန်းဆွေ - ယဉ်ကျေးမှုဝန်ကြီးဌာန
၎။ ဦးအောင်သိမ်း - သမ္မတရုံးဝန်ကြီးဌာန
၅။ ဒေါက်တာလင်းအောင် - ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
၆။ ဦးဆက်အောင် - အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၇။ ဒေါက်တာဒေါ်ခင်စန်းရီ - အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၈။ ဒေါ်စုစုလှိုင် - လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၉။ ဦးသောင်းတင် - ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ဝန်ကြီးဌာန
၁၀။ ဦးထင်အောင် - စွမ်းအင်ဝန်ကြီးဌာန
၁၁။ ဗိုလ်မှူးချုပ်ဝင်းမြင့် - လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
၁၂။ ဦးအေးမြင့်မောင် - ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
၁၃။ ဒေါက်တာဒေါ်သက်သက်ဇင် -ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
၁၄။ ဦးသောင်းထိုက် - အားကစားဝန်ကြီးဌာန
၁၅။ ဒေါက်တာဒေါ်သိန်းသိန်းဌေး - ကျန်းမာရေးဝန်ကြီးဌာန
ယခင် သမ္မတရုံးဝန်ကြီးဌာန၌ ယခင်ဝန်ကြီး ၂ ဦးရှိရာမှ ယခုထပ်မံခန့်အပ်လိုက်သော သမ္မတရုံးဝန်ကြီး ၄ ဦးကြောင့် စုစုပေါင်း သမ္မတရုံးဝန်ကြီးဌာန၌ ပြည်ထောင်စုဝန်ကြီး ၆ ဦး ရှိလာမည်ဖြစ်သည်။ ထိုသို့ ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲ ခန့်အပ်လိုက်ခြင်းကြောင့် လက်ရှိတွင် လစ်လပ်လျက်ရှိသော ပြည်ထောင်စုဝန်ကြီးဌာနများမှာ -
- ရထားပို့ဆောင်ရေးဝန်ကြီးဌာန
- ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
- အလုပ်သမားဝန်ကြီးဌာန
- လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
- ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန
- သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
- အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန
- ယဉ်ကျေးမှုဝန်ကြီးဌာန တို့ဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ ပြည်ထောင်စုဝန်ကြီးများအား ပြောင်းလဲ တာဝန်ပေးအပ်ကြောင်းနှင့် ဒုတိယဝန်ကြီးများအား ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့အရ ခန့်အပ်လိုက်ကြောင်း သိရှိရသည်။
By Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment