Monday 30 July 2012

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လေးမျိုးခွဲပြီး ဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတကြီးပြောကြား

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို လေးမျိုးခွဲခြားပြီးဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သ မ္မတကြီးက ပြောကြားလိုက်သည်။

ဇူလိုင်လလယ်ပိုင်းက ဒီမိုကရေစီညီနောင် ၁၀ ပါတီအဖွဲ့တို့မှ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ နှင့်တွေ့ဆုံခဲ့စဉ်က ပြောကြားလိုက်ခြင်းဖြစ်သည်။

ပထမဦးစားပေးအနေဖြင့် နိုင်ငံသားများ အလုပ်အကိုင်ရရှိရေးအတွက် အလုပ်အကိုင်အခွင့်အ လမ်းများစွာ ပေးနိုင်သည့် စက်မှုလုပ်ငန်းများ၊ဒုတိယအနေဖြင့် ရော်ဘာ၊ သစ်စသည့် သဘာဝထွက်ကုန်များကို Value Added တန်ဖိုးမြင့်ကုန်ချောများ ထုတ်လုပ်သည့် လုပ်ငန်းများ၊ တတိယမှာ အဖိုးတန်သတ္တုများ ထုတ် လုပ်ခြင်း လုပ်ငန်းများနှင့် စတုတ္ထမှာ IT နှင့် Telecommunication လုပ်ငန်းများ ထူထောင်ရန်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

အနောက်နိုင်ငံများမှလည်း မြန်မာနိုင်ငံအား ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပြီး လာရောက်ရင်း နှီးမြှုပ်နှံမှုများ စတင်တာစူနေကြချိန်လည်း ဖြစ်သည့်အတွက် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာနိုင်မည့် အရေးပင်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက ပြောသည်။

“လာရောက်လုပ်ကိုင်ကြမယ့် ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းတွေအနေနဲ့ စစချင်းမှာ နယ်ပယ်အ လိုက် ပြည်တွင်းကျွမ်းကျင်လုပ်သားတွေ နည်းမယ်။ အလုပ်ရှင်တွေက နှစ်စဉ် ကျွမ်းကျင်လုပ်သား ၂၅ ရာခိုင် နှုန်းကို မွေးထုတ်ပေးသွားရမယ်။ ဒိလိုအလုပ်အကိုင်လုပ်နိုင်ဖို့ကို သင်တန်းတွေကနေ မွေးထုတ်ပေးနိုင်ဖို့အ တွက် မူကြမ်းထဲမှာ ရေးဆွဲထားတယ်”ဟု ယင်းဥပဒေမူကြမ်းပါ အချက်ကို ဒေါက်တာမြတ်ဥာဏစိုးက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းပါ အချက်အချို့ကို ပြောသည်။

နိုင်ငံကြီးပွားချမ်းသာတိုးတက်ရေးအတွက် စိုက်ပျိုးရေးနိုင်ငံအဆင့်မှ စက်မှုနိုင်ငံဖြစ်လာအောင် ပြောင်းလဲကြရမည်ဖြစ်ကြောင်း၊ အရင်းအနှီးနှင့် နည်းပညာများ လိုအပ်သည့်အတွက် ဖိတ်ခေါ်လျက်ရှိကြောင်း ဖြင့်လည်း ယင်းတွေ့ဆုံပွဲတွင် သမ္မတကြီးက ပြောကြားခဲ့သည်။

စိုက်ပျိုးရေး အဓိကထုတ်လုပ်သည့် နိုင်ငံဖြစ်လာသည့်အတွက် ကုန်ကြမ်းအဆင့်တင်ပို့မှုမှ သည် ကုန်ချောထုတ်လုပ်တင်ပို့နိုင်ရေး ဦးတည်သင့်ကြောင်းလည်း မန္တလေးကုန်သည်ကြီးများအသင်းမှ ဦးကို ကြီးကပြောသည်။

“ပို့ကုန်တွေထဲမှာမှ ကုန်ကြမ်းအဆင့်မှာပဲ ပို့နိုင်သေးတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလာရင် နည်းပညာမြင့်မားတဲ့အတွက် ကုန်ချောအဆင့်ထုတ်လုပ်မှုတွေ လုပ်လာနိုင်မယ်။ ဒီနည်းပညာတွေကိုလဲ မြန်မာ တွေယူနိုင်ဖို့လိုတယ်”ဟု ဦးကိုကြီးကဆိုသည်။

တိုင်းရင်းသားတို့၏ အကျိုးစီးပွား၊တိုင်းပြည်ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာ မထိခိုက်ရေး၊ သဘာဝပတ်ဝန်းကျင် မပျက်ယွင်းစေရေးတို့ကို အလေးထားဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သမ္မတကြီးက ပြောဆိုခဲ့ကြောင်း သိရသည်။



http://teashoptalk.com/article/view/id/19611

No comments:

Post a Comment