
“တပ်မတော် ကွန်ယက်ဆက်သွယ်ရေး ထိန်းချုပ်မှုစနစ်” လုံခြုံရေးဆောင်ရွက်ရာမှာ လူပုဂ္ဂိုလ်လုံခြုံရေး၊ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းများ လုံခြုံရေး၊ ကွန်ယက်လုံခြုံရေး၊ စစ်ဆေးရေးနှင့် ထိန်းချုပ်မှု ဆောင်ရွက်ခြင်း စသည်တို့ကို လုပ်ကိုင်ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ Cyber Security ကျိုးပေါက်မှုမရှိစေရေး စစ်ဆေး ကြပ်မတ်ရာမှာ နည်းပညာပိုင်းဆိုင်ရာများကို “တပ်မတော် ကွန်ယက်ဆက်သွယ်ရေး ထိန်းချုပ်မှုစနစ်” လုံခြုံရေးဦးစီးကော်မတီ (တိုင်းအဆင့်) က ကူညီဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

တကယ်လို့ ကွန်ပျူတာနဲ့ ကွန်ယက်ဆိုင်ရာ ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်ပါအတိုင်း မလိုက်နာ မဆောင်ရွက်ခဲ့ရင်တော့ တပ်မတော်ကွန်ယက်ဆက်သွယ်ရေး ထိန်းချုပ်မှုစနစ် လုံခြုံရေးဦးစီးကော်မတီ (တိုင်းအဆင့်) ကို တင်ပြပြီး စစ်စည်းကမ်းအရ အရေးယူသွားမယ်လို့ သိရပါတယ်။ အလားတူပဲ ကွန်ပျူတာ Software နဲ့ Hardware ပိုင်းဆိုင်ရာ အခက်အခဲတွေရှိလာခဲ့ရင် ဖုန်းနံပါတ် ၀၃၂- ၃၀၀၀၉၊ ၀၃၂-၃၀၀၇၈ နဲ့ ၀၃၂-၃၀၀၈၂ တို့ကို ဆက်သွယ်ဆောင်ရွက်ဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။ အဲဒီလို စစ်တပ်အတွင်းမှာ သတင်းမီဒီယာနဲ့ ပတ်သက်ပြီး စနစ်တကျ ပိတ်ဆို့ထိန်းချုပ်ထားတာကို ကြည့်ရင် မီဒီယာရဲ့ အရေးပါမှုကို သိရှိနိုင်ပါကြောင်း စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org သို့ သတင်းပေးပို့သွားပါတယ်။
စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်
http://www.thithtoolwin.com/2012/07/blog-post_4722.html#.UBXt3pPbXbM
No comments:
Post a Comment