Sunday 2 September 2012

စက်တင်ဘာလ (၃) ရက်နံနက် (၉) နာရီအချိန်တွင် ကျောက်တော်မြို့  ဆက်ဆံရေးရုံးကို ဖွင့်မည်


သမ္မတ ဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေး
ဖိတ်ခေါ်ချက်အရ ရခိုင်ပြည် လွတ်မြောက်ရေး
ပါတီနှင့် ရခိုင် ပြည်နယ် အစိုးရတို့ သည်
လွန်ခဲ့သည့် ဧပြီလ အတွင်း သဘော
တူညီခဲ့သည့် အချက် (၅) ချက်ထဲတွင်


တချက် အပါအ၀င် ဖြစ်သည့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ဆက်ဆံ ရေးရုံးများ
ဖွင့်လှစ်ရေး သဘော

တူညီချက် အတိုင်း စက်တင်္ဘာလ (၃) ရက်နေ့  နံနက် (၉)နာရီ အချိန်တွင် ရခိုင်ပြည် လွတ်မြောက်ရေး
ပါတီ ဆက်ဆံရေးရုံး တည်ရှိရာ အိမ်အမှတ် ၄၀၀၊ သစ်တောလမ်း၊ မြို့ သစ်ရပ်ကွက်တွင် ငြိမ်းချမ်းရေး ဆွေးနွေး ရေးဖွဲ့ အတွင်းရေးမှူး စောမြရာဇာလင်းမှ ဦးဆောင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ရုံးဖွင့်ပွဲသို့  ပြည်နယ် အစိုးရဖက်မှ နယ်စပ်ရေးရာ လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊

 ပြည်နယ် ရှေ့ ချုပ် အပါအ၀င်၊ မြို့ နယ် ဌာနဆိုင်ရာ အကြီအကဲ များနှင့် ရခိုင် ပြည် လွတ်မြောက်ရေး ပါတီဖက်မှ စောမြရာဇာလင်း ဦးဆောင်ပြီး ဗဟိုအဖွဲ့ ဝင် ခိုင်အောင်စိုးသန်း၊ ကျောက်တော်မြို့  ဆက်
ဆံရေးရုံး တာဝန်ခံ ခိုင်စိုးပိုင် အပါအ၀င် အဖွဲ့ ဝင်အင်အား ၁၂ ဦးမှ ဦးဆောင်၍ ဖွင့်လှစ်လားမည်
 ဖြစ်သည်။

ထို့ ပြင် မြို့ မိမြို့ ဖ များ၊ ပြည်သူများနှင့် သတင်းသမား များလည်း တတ်ရောက် ကြမည် ဖြစ်ကြောင်း ဆက်လက်သိရှိရပါသည်။

စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
ဆက်သွယ်ရန် – ခိုင်အောင်စိုးသန်း၊ ဖုန်း – 0095 942 173 5098

Arakan Liberation Party

ရွှေမြန်မာ

No comments:

Post a Comment