Monday 27 August 2012

အီရန်ထိပ်သီးအစည်းအဝေးသို့ မြောက်ကိုရီးယား တက်ရောက်မည်


မြောက်ကိုရီးယား လွှတ်တော်ဥက္ကဋ္ဌ ကင်ယုံနမ်သည် အီရန်မြို့တော် တီဟီရန်တွင် လာမည့်အပတ်၌ကျင်းပမည့် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့အစည်း ထိပ်သီးအစည်းအဝေးသို့
တက်ရောက်မည်ဖြစ်ကြောင်း အစိုးရသတင်းဌာနက သြဂုတ်လ ၂၃ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ အဘိုးဖြစ်သူ ကင်အီဆွန်းကို ထာဝရသမ္မတအဖြစ် သတ်မှတ်ထားခဲ့သည့်အတွက် ကင်ယုံနမ်သည် လွတ်တော်ဥက္ကဋ္ဌအဖြစ် နိုင်ငံအကြီးအကဲတာဝန်ကို ထမ်းဆောင်နေရခြင်းဖြစ်သည်။

မြောက်ကိုရီးယားနှင့် အီရန်တို့သည် ၎င်းတို့၏ နျူကလီးယား စီမံကိန်းများကြောင့် နိုင်ငံတကာမှ ပိတ်ဆို့မှုများခံထားရပြီး အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးတင်းမာသည့် နိုင်ငံများဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မြောက်ကိုရီးယားသို့ အီရန်ကိုယ်စားလှယ်အဖွဲ့ လာရောက်ခဲ့ဖူးသည်။ ၂၀၁၁ ခုနှစ် မေလက ယင်းနှစ်နိုင်ငံအကြား ဒုံးကျည်နည်းပညာများ ဖလှယ်ခဲ့သည်ဟု သံသယရှိခဲ့သော်လည်း အီရန်ဘက်မှ ငြင်းဆိုခဲ့သည်။

Ref:AFP

By Eleven Media Group

No comments:

Post a Comment