Friday 12 October 2012

လူပျိုကြီး ဇာတ်သိမ်းပွဲနဲ့ ၈၈ မျိုးဆက် ကိုကိုကြီးရဲ့ ဥရောပခရီး


၈၈ မျိုးဆက်ကျောင်းသားတွေထဲက ပြည်ပခရီး ပထမဆုံး ထွက်လာသူ ကိုကိုကြီးတယောက် ဥရောပ ခရီးစဉ်အတွင်း မှာ လူပျိုကြီး ဘ၀ ဇာတ်သိမ်းခန်းဖြစ်မယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

အခုဆိုရင် ကိုကိုကြီးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ တဆင့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ထွက်ခွာဖို့ ရှိတယ်လို့ ဆို ကြပါတယ်။

ပြင်သစ်ခရီးစဉ်မှာ သူ့ရဲ့ ချစ်သူနဲ့ တွေ့မယ်ဆိုတဲ့ သတင်းတွေနဲ့ အတူ ချစ်သူမောင်နှံရဲ့ တလ တာ ဟန်းနီးမွန်း ခရီး ဖြစ်မှာပါတဲ့။

ကိုကိုကြီးရဲ့ ဟန်းနီးမွန်းခရီး ဥရောပ ခရီးစဉ်အတွင်း ပြင်သစ်နိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ အီတလီ နိုင်ငံတို့ကို သွားဖို့ ရှိပါ တယ်တဲ့။ သူ့ချစ်သူ ဘယ်သူလည်းဆိုတာ သိချင်သူတွေလည်း အလွန်များနေပါတယ်။

သူကတော့ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ အ လုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးတဦးဖြစ်တယ်လို့ သိရပါ တယ်။ သူ ဘယ်သူလည်းဆိုတာ လိုက်လံစုံစမ်း နေပါ တယ်။ သူနဲ့ နီးစပ်သူတွေက ကိုကိုကြီးရဲ့ ချစ်သူ ဘယ်သူ ဆိုတာ အမည်နာမ ပြောဖို့ ငြင်းဆိုထားကြပါတယ်။

အရွယ်လွန် အချစ်၊ ကဗျာဆန်တဲ့ အချစ်တွေနဲ့ ပေါင်းရစ်ထားတဲ့ မေတ္တာကြိုးတခုဆိုတာတော့ အခိုင်အမာ ဆိုပါတယ်။ အကျဉ်းထောင်တွေက လွတ်လာပြီးပြီးချင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ ဆုံစဉ်က အကျဉ်းထောင် တွေထဲမှာ ပဲ လူငယ်ဘ၀ ပေးဆပ်လိုက်ခဲ့ရတဲ့ လူပျိုကြီးများကို မျိုးဆက်ကျန်ရစ် ဖို့ အမြန်ဆုံး အိမ်ထောင်ပြုကြဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။

သူတို့ထဲက ပထမဆုံး မဲဦးပေါက်ကတော့ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးနဲ့ အိမ်ထောင်ပြုခဲ့တဲ့ ကိုမာကီဖြစ်ပါ။ အခုဆိုရင် ကိုကိုကြီးဟာ ၈၈ မျိုးဆက်ကျောင်းသားလူပျိုကြီးတွေထဲက ဒုတိယမြောက် စွံသွားသူလို့ ပြောရမှာဖြစ်ပါ။

By Irrawaddy

1 comment:

  1. RC-2 မှာ IR ဖက်ကပြန်ပြန်လာတဲ့ အရပ်ရှည်ရှည်ထိပ်ပြောင်ပြောင် တစ်ယောက်ကို ၁၉၈၅-၈၆ စာသင်နှစ်တွေမှာ မြင်ခဲ့ရတာကိုပြန်သတိရမိပါတယ်။ တွေ့တိုင်းလဲ တစ်ယောက်တည်းမဟုတ်ပါဘူး။ ကောင်မလေးတွေက သုံးလေးယောက် ကောင်ကလေးတွေကနှစ်ယောက်လောက်နဲ့ပေါ့။ အတန်းပြီးချိန်တိုင်း ရီမောပြီး ပြန်လာတဲ့ပုံပါဘဲ။ Chemistry ကကောင်မလေးနဲ့မကြည်လို့ စိတ်ပျက်ပျက်နဲ့ ခုန်တန်းဝိုင်းမှာထိုင်နေရင်း အဲဒီ နဖူးပြောင်ပြောင် စပ်ဖြဲဖြဲမျက်နှာကြီးကိုမြင်တိုင်း လူချင်းမသိပေမဲ့ စိတ်တော်တော်ပျက်ခဲ့ရတယ်။ (အဲဒီအချိန်ကပါ)။ အခုတော့လဲ ... မြန်မြန်စွန်ပါစေလို့ဆုတောင်းလျှက်ပါဗျာ ...

    ReplyDelete