Friday 12 October 2012

အငှားယာဉ်မောင်းတစ်ဦးကို တည်ခိုခန်းအတွင်းခေါ်ယူပြီး ၀ိုင်ဝန်းရိုက်နှက်ကာ ယာဉ်အားခိုးယူသွားသူများကို ဖမ်းဆီးစစ်ဆေးလျှက်ရှိ


အငှားယာဉ်မောင်းတစ်ဦးကို တည်ခိုခန်းအတွင်းခေါ်ယူပြီး ၀ိုင်းဝန်းရိုက်နှက်ကာ ယာဉ်အားခိုးယူသွားသူများအား ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၂ နာရီ ၄၀ အချိန် ၀န်းကျင်တွင် အသက်၂၅ နှစ်အရွယ်ရှိ လှိုင်မြို့နယ်တွင်နေထိုင်သည့် ယာဉ်မောင်းတစ်ဦးကို ၄င်း၏ယာဉ် အားငှားစီးလေ့ရှိသည့်အမျိုးသမီးတစ်ဦးက ကမာရွက်မြို့နယ်တွင်ရှိသည့် Venus တည်ခိုခန်းသို့ လာရောက်ခေါ်ရန် ဖုန်းဆက်အကြောင်းကြားခဲ့သည့်အတွက် သွားရောက်ခဲ့ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ သွားရောက်ခေါ်ခဲ့ရာတွင် အဆိုပါတည်ခိုခန်းသို့ရောက်သည့်အခါ ဖုန်းဆက်ခေါ်ထားသည့်အမျိုးသမီးမှ အခန်းအတွင်းသို့ ဖုန်းဖြင့်ထပ်မံခေါ်ယူခဲ့သည်အတွက် သွားရောက်ခဲ့ရာ အမျိုးသားခြောက်ဦးမှချုပ်ပြီး ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း သိရသည်။

ထိုနောက် ၀ိုင်းဝန်းရိုက်နှက်ခဲ့သူများပြန်သွားပြီးနောက် သိပ်မကြာခင်တွင် ယာဉ်မောင်းဖြစ်သူက ရပ်ထားသည့်ယာဉ်မတွေ့ရှိတော့သဖြင့် စုံစမ်းခဲ့ရာ ခိုးယူသွားခဲ့ကြောင်း သိရသဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ၀ိုင်းဝန်ရိုက်နှက်ပြီး ယာဉ်အားခိုးယူသွားသူကို ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

အဆိုပါဖြစ်နှင့်ပတ်သက်၍ ကမာရွတ်မြို့နယ်ရဲစခန်းမှ ဒုရဲအုပ်မောင်မောင်စိုးက "အခင်းဖြစ်ပြီး ၁၀ မိနစ်အကြာမှာပဲ ကျူးလွန်သွားတဲ့တစ်ဦးကို လှိုင်မြို့နယ်က ကျောက်စိမ်းဟိုတယ်ရှေ့မှာ ဖမ်းဆီးရမိခဲ့တယ်။ အဲဒီကနေတစ်ဆင့် ကျူးလွန်ခဲ့သူအားလုံးကို ဖမ်းဆီးပြီးတော့စစ်ဆေးနေပါတယ်" ဟု ပြောကြားခဲ့သည်။

ဝိုင်းဝန်းရိုက်နှက်ခဲ့ပြီး ယာဉ်ခိုးယူခဲ့သော ကိုစိုင်းမျိုးထွန်းဝင်းနှင့် အပေါင်းအပါ ၆ ဦးကို ကမာရွက်ရဲ့စခန်းမှ (ပ)၄၁၃/၂၀၁၂၊ ပုဒ်မ-၂၉၄/၃၂၅/၁၁၄ ၊ (ပ)၄၁၄/၂၀၁၂၊ပုဒ်မ ၃၇၉ (ကား) ဖြင့် ကမာရွက်ရဲစခန်းမှ ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

By Eleven Media Group

No comments:

Post a Comment