ပင်မစာမျက်နှာ
သတင်းများ
အခြားသတင်းများ
ဆောင်းပါး
ကာတွန်းများ
အားကစား
မိုးလေ၀သ
ကျန်းမာရေး
ပညာရေး
စီးပွားရေး
ရုပ်ရှင်
အနုပညာ
ယဉ်ကျေးမှု
မှုခင်း
ဟာသ
နိုင်ငံတကာသတင်း
Breaking News
ထွေရာလေးပါး
ကဗျာ
ပေးစာ
အတွေးအမြင်
ဗဟုသုတ
Saturday, 4 August 2012
လျှပ်စစ်ကန်ထရိုက်ဆိုသူများ အဖွဲ့အစည်းဖွဲ့ပြီး မီတာဆင်ခများမတရားကောက်ခံနေ
မန္တလေးမြို့ မဟာအောင်မြေမြို့ နယ်အတွင်းက မဟာအောင်မြေ လျှပ်စစ်ရုံးမှ လျှပ်စစ်ကန်ထရိုက် ဆိုသူများ မီတာဆင်ရန် ရောက်လာပြီး မီတာဆင်ရန် ကျွန်တော်၏ အိမ်သို့ရောက်လာပါသည် ကျွန်တော်၏ အိမ်မှာ သံလျှပ်မှော် ရပ်ကွက် အတွင်းတွင် နေထိုင်ပါသည် နေရပ်လိပ်စာတော့ အတိအကျ မပြောတော့ပါ ၄င်းအဖွဲ့ထဲတွင် ကျွန်တော့်ကို သိသောသူလည်းပါသောကြောင့် ဖြစ်စဉ်မှာ ကျွန်တော်တို့ရပ်ကွက် အတွင်းအခြားအိမ်များတွင် မီတာ ကျခဲ့လာသောအခါ ကန်ထရိုက်ဆိုသူတစ်ဦး သာရောက်လာပြီး လုပ်ကိုင်ပေးပါသည် ယခုမှာသူတို့ပြောသည်မှာ ဒါခင်များအိမ်က ကန်ထရိုက် အဖွဲ့အစည်းဂျော့ ဟု ပြောပါသည်။
ကျွန်တော်တို့သိသည်မှာ လျှပ်စစ်ရုံးတွင် မီတာလျှောက်သောအခါ လျှပ်စစ်ရုံးမှ မီတာလာတပ်ဆင် ပေးသည်ကိုပဲ နားလည်ပါသည် ယခုသူတို့ပြောသည်မှာ ဒါကရုံးနဲ့ မဆိုင်ဘူး ကျွန်တော်တို့က ကန်ထရိုက်အဖွဲ့အစည်း ဒါတွေကကန်ထရိုက် လူကြီးတွေဟုပြောပါသည် တပ်ဆင်ခဆိုပြီး လေးသောင်းခွဲတောင်းပါသည် ကျွန်တော်မှာ ကြိုးတွေလဲ ၀ယ်ရဦးမှာမို့ နည်းနည်းလျှော့ပေးရန် တောင်းပန် ပြောဆိုသောအခါ ဘယ်လိုမှ မလျှော့နိုင်ပါ ဒါအဖွဲ့အစည်းရန်ပုံငွေလို့ ပြောပါသည် ကျွန်တော်တို့ ပြည်သူတွေ နားမလည်သည်မှာ မီတာလျှောက်သော အခါ ကိုးသောင်းကျော်ရုံးမှာ သွင်းရပါသည် ထို့နောက်ရုံးမှ တာဝန်ရှိသူမှ ကျွန်တော်တို့ အိမ်ကိုလာရောက် စစ်ဆေးပြီး မှန်ကန်ကြောင်း လက်မှတ်ထိုးပြီး ကန်ထရိုက်များ လာရောက်တပ်ဆင်ပါသည် ယခုကျွန်တော်အိမ်တွင် လာသော ကန်ထရိုက်အဖွဲ့ အစည်းဆိုသူများ၏ ရန်ပုံငွေဆိုတာကို နားမလည်ခဲ့ပါ အခြားအိမ်များတွင် လာရောက်တပ်ဆင်ကြသော ကန်ထရိုက်များမှာ ညှိနိုင်းရု်ရခဲ့ကြသည် ကိုတွေရပါသည် ဆင်းရဲသော အိမ်တော်တော် များများကိုလျှော့ပေး သွားကြသည်ကို တွေ့ခဲ့ရပါသည် ယခု ကန်ထရိုက်အသင်း ဆိုသည်မှာ တရားဝင်အစိုးရမှ ဖွဲ့စည်းပေးထားသော အဖွဲ့လားဆိုတာကို တာဝန်ရှိသူများဖြေကြားပေးစေလိုပါသည်။
သံလျှပ်မှော်ရပ်ကွက်မှ ပေးစာ
By သစ်ထူးလွင်
No comments:
Post a Comment
Newer Post
Older Post
Home
View mobile version
Subscribe to:
Post Comments (Atom)
No comments:
Post a Comment