Tuesday, 7 August 2012

ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက် အား ပြည်ပဟက်ကာ တစ်ဖွဲ့က တိုက်ခိုက်


ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်အား ပြည်ပဟက်ကာ တစ်ဖွဲ့က တိုက်ခိုက်ပြန်ကြားရေး ၀န်ကြီးဌာနမှ လွှင့်တင် ထားသည့်
http:// ministryofin
formation.gov.
mm/ ၀က်ဘ်ဆိုက်အား ပြင်ပ ဟက်ကာ အဖွဲ့အစည်းတစ်ခု၏ တိုက်ခိုက် ခံရမှုကြာင့် ယနေ့နံနက်၇နာရီ ၀န်းကျင်မှ စတင်၍

ဟာသပုံလေးတွေပါ။


မိုးခေါင်၍ရွှေဘိုခရိုင်တွင် မိုးကြိုစပါးထွက်နှုန်း သိသိသာသာကျဆင်း


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် မိုးခေါင်၍ ဆည်ရေအားကိုး စိုက်ပျိုးသည့်   တောင်သူ အနည်းငယ်သာရှိသည့်အတွက် ယခင်နှစ်များထက် မိုးကြိုစပါး ထွက်နှုန်း သိသိသာသာလျော့နည်းလာကြောင်း သိရှိရသည်။

အိန္ဒိယ-မြန်မာ နယ်စပ် မိုးရေးမြို့တွင် ဒေါ်စု ရုပ်တု ထားရှိမည်


နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တပိုင်းပုံ ပလာစတာ ရုပ်တု တခုကို အိန္ဒိယ-မြန်မာ နယ်စပ် မိုးရေးမြို့တွင် ထားရှိမည်ဖြစ်ကြောင်း မြန်မာ့အရေး လှုပ်ရှားနေသည့် ဒေသခံ အဖွဲ့တခုဖြစ်သည့် မဏိပူရပြည်နယ် အခြေစိုက် Solidarity committee for Burma’s

ပုဂ္ဂလိကဘဏ်များကို နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ပြု


ရန်ကုန်၊ သြဂုတ် - ၇

ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့်  ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်သည် နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ဘဏ်လုပ်ငန်း  (International Banking Service)   လုပ်ကိုင်ဆောင်ရွက်ခွင့်ကိုရရှိသွားပြီဖြစ်ကြောင်း  သတင်းရရှိသည်။

မန္တလေး ၈၈၈၈ အခမ်းအနား နိုင်ငံတော်အခမ်းအနားလို့ ဦးအောင်မင်းပြော

အစိုးရ ပြည်ထောင်စု ၀န်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်းနဲ့ ဦးစိုးသိမ်းတို့ဟာ ဒီကနေ့ ညနေ (၅)နာရီလောက်မှာ (၂၄) နှစ်မြောက် ငွေရတုအကြို ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနားကျင်းပမယ့် မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးအလယ်တိုက်ကို ရောက်ရှိလာပြီး

ပါကစ္စတန် သမ္မတ မြန်မာသမ္မတထံ ရိုဟင်ဂျာအရေး စာပို့


နယူးဒေလီ (မဇ္ဈိမ) ။       ။ ရခိုင်ပြည်နယ်မှ လူမျိုးရေး ပဋိပက္ခများအတွင်း ရိုဟင်ဂျာ မူဆလင်များ သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ လေးနက်စွာ စိုးရိမ်ပူပန်ကြောင်း ပါကစ္စတန်သမ္မတ Asif Ali Zardari က မြန်မာသမ္မတ ဦးသိန်းစိန်ထံ အင်္ဂါနေ့က စာရေးသား ပေးပို့လိုက်သည်။

သမ္မတ Zardari ၏ စာထဲတွင် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်အား မြန်မြန်ထက်ထက်

သံတမန်နည်းဖြင့် ဖြေရှင်းရေးကြိုးပမ်းမှု တရုတ်စစ်တပ်က ဆန့်ကျင်


သံတမန်နည်းဖြင့် ဖြေရှင်းရေးကြိုးပမ်းမှု တရုတ်စစ်တပ်က ဆန့်ကျင်တောင်တရုတ် ပင်လယ်ရှိ တင်းမာမှု များနှင့် ပတ်သက်၍ ဝရုန်းသုန်းကား ဖြစ်ကာ နယ်မြေ ပိုင်ဆိုင်သည့် အငြင်းပွားမှုသည် ပို၍အရှိန်မြင့်ပြင်းထန်လာ ကြောင်းနှင့် စိုးရိမ်ဖွယ်ရာများပေါ်ပေါက်နေကြောင်း၊ အမေရိ

လူမျိုး ဘာသာ မခွဲခြားဖို့ ပြင်သစ်အစိုးရတိုက်တွန်း

လူမျိုးဘာသာ အဆင့်အတန်း မခွဲခြားဘဲ အရပ်ဘက် တိုင်းရင်းသား အားလုံးကို ကာကွယ် စောင့်ရှောက်မှုပေးဖို့ ပြင်သစ်နိုင်ငံ အစိုးရက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ ရခိုင်တိုင်းရင်းသားတွေ အကြမ်းဖက်မှု ထပ်မံ

ညောင်လေးပင်နှင့် ကဝမြို့နယ် စပါးစိုက်ဧက တသောင်းကျော် ရေနစ်မြုပ်


ချင်းမိုင်(မဇ္စျိမ) ။       ။ မိုးများ အဆက်မပျက် ရွာသွန်းမှုကြောင့် ပဲခူးတိုင်း၊ ညောင်လေးပင်နှင့် ကဝမြို့နယ်တို့ရှိ စပါးစိုက်ဧက သောင်းနှင့်ချီ၍ ရေနစ်မြုပ်လျက်ရှိကာ ပျက်စီးဆုံးရှုံးကုန်မည်ကို လယ်သမားများက စိုးရိမ်ပူပန်လျက် ရှိကြသည်။

မောင်စူးစမ်း အင်္ဂါဂြိုလ်ပေါ် အောင်မြင်စွာ ဆင်းသက်နိုင်


အင်္ဂါဂြိုလ်ရောက် မောင်စူးစမ်း အာကာသ ယာဉ်က ပထမဆုံး ပေးပို့ လိုက်တဲ့ မှတ်တမ်း ဓာတ်ပုံ၊ ဓာတ်ပုံများ- အယ်ဂျာဇီးယား အွန်လိုင်း သတင်းစာမျက်နှာ 

အမေရိကန် အာကာသ သိပ္ပံ ဌာနလို့ ခေါ်တဲ့ NASA နာဆာ

၁၉၈၈ ဆန္ဒပြမှုအတွင်း ထိခိုက်၊ သေဆုံးမှု စာရင်း


၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး ဆန္ဒပြတောင်းဆိုမှုဟာ စစ်အင်အားသုံးဖြေရှင်းတာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ပစ်ခတ်မှုတွေဟာ မြန်မာပြည်ဒေသအသီးသီးမှာ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရ၊ သေဆုံးမှုစာရင်းကို အစိုးရအဆက်ဆက်က ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

ရန်ကုန်စတိုင် တိုင်တန်းနစ်ဇာတ်လမ်းလား?



By Irrawaddy

ဝန်ကြီး နှစ်ဦးမှ ရှစ်လေးလုံးအခမ်းအနားအတွက် ဆယ်သိန်းလှူ


ယနေ့( သြဂုတ်လ ၇ ရက်)ညနေ ၄း၃၀ နာရီက ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားအတွက် ပြင်ဆင်နေချိန်တွင် ပြည်ထောင်စုဝန်ကြီးနှစ်ဦးဖြစ်ကြသော စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်းနှင့် မီးရထားပို့ဆောင်ရေး

 ပြည်သူ့လွှတ်တော်၌ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို အသစ်ဖွဲ့စည်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်


ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အသစ်ထပ်မံဖွဲ့စည်းခြင်းကို ပြည်သူ့လွှတ်တော် မှ သဘောတူညီသည့်အတွက် အတည်ပြုကြောင်း ပြည်သူ့လွှတ်တော်

ရခိုင်ဒုက္ခသည်များအတွက် ကိုရီးယားမှ ဒေါ်လာ နှစ်သိန်းခွဲဖိုး လှူဒါန်း


ရန်ကုန် (မဇ္ဈိမ) ။       ။ ရခိုင်ဒေသတွင်းရှိ ဒုက္ခသည်များအတွက် တောင်ကိုရီးယားအစိုးရမှ အမေရိကန်ဒေါ်လာ ၂၅ဝ,ဝဝဝ တန်ဖိုးရှိ ယာယီတဲအိမ် အလုံး ၇ဝဝ နှင့် တာပေါ်လင် ၇ဝဝ ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံး (UNHCR) သို့ အင်္ဂါနေ့က လှူဒါန်းလိုက်သည်။

လွှဲပြောင်းလှူဒါန်းသည့် အခမ်းအနားကို ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန် ၃ ရှိ UNHRC သိုလှောင်ရုံ၌

သမ္မတနှင့် တွေ့ဆုံဆွေးနွေးမှု နိုင်ငံရေးပါတီများ အားရ


သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံကာ နိုင်ငံရေး၊ စီးပွားရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကဏ္ဍများအပေါ် ဆွေးနွေးရခြင်းနှင့် ပတ်သက်၍ နိုင်ငံရေးပါတီ များက ကျေနပ် အားရကြောင်း ပြောဆိုသည်ဟု သိရသည်။

လန်ဒန်အိုလံပစ်ပွဲနဲ့ ကြုံခဲ့ရတဲ့ နှင်းဆီအဖွဲ့ အကြောင်းပြောတဲ့ ကျော်ကျော်ဗို


ကျော်ကျော်ဗိုက ညီညွတ်ခြင်းနှင်းဆီအဖွဲ့နဲ့အတူ ဥရောပနိုင်ငံတွေကို ၁လကြာ သွားရောက်ဖျော်ဖြေခဲ့ပြီး သြဂုတ်လ ၁ရက်နေ့ မှာ ပြန်လည် ရောက်ရှိခဲ့ပါတယ်။ လန်ဒန် မှာ ရှိတဲ့ သာသနရံသီ ဘုန်းကြီးကျောင်း အတွက် ရန်ပုံငွေပွဲ သွားရောက် ဖျော်ဖြေခြင်းဖြစ်ပြီး လန်ဒန်မှာ တစ်ပွဲ၊ ဂျာမနီမှာတစ်ပွဲ၊ ဒိန်းမတ်မှာတစ်ပွဲ၊ နယ်သာလန်မှာ တစ်ပွဲ၊ လန်ဒန်က

 အိန္ဒိယတွင် ရေလွှမ်းမှုများကြောင့် လူ ၃၀ ကျော်သေဆုံး


အိန္ဒိယမြောက်ပိုင်းရှိ တောင်ထူထပ်သော Uttarakhand ပြည်နယ်တွင် ရေလွှမ်းမှုများကြောင့် အနည်းဆုံးလူ ၃၄ ဦး သေဆုံးခဲ့ပြီး ဟိန္ဒူဘုရားဖူး ရာပေါင်းများစွာမှာ ပိတ်မိနေခဲ့ကြောင်း တာဝန်ရှိသူများက သြဂုတ်လ ၅ ရက်တွင် ပြောကြားခဲ့သည်။

ကျောက်တော်မြို့ ရှိရခိုင်အမျိုးသားပိုင်ဆန်စက်မီးရှို့ ခံရ

သြဂုတ်(၆)၊ ၂၀၁၂
ကျောက်တော်မြို့နယ်၊ တောက်ပေါက်ရွာအနီးရှိ လက်ဆောက်ကောက်ကျေးရွာ(ကုလားရွာ)တွင်တည်ရှိသော ရခိုင်အမျိုးသား ဦးအောင်လှဇံပိုင်ဆိုင်သော
ဆန်စက်အား ရွာခံကုလားများမှ သိမ်းပိုက်ပြီးမီးရှို့လိုက်သည်ဟ

၂၀၁၂ ခုနှစ် ခုနစ်လအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်တိုက်မှုဖြစ်စဉ် ခုနစ်ရာကျော် ဖြစ်ပွား၊ ကျူးလွန်သူမှ တိုက်ပြီး ထွက်ပြေးသွားသည့် အမှုပေါင်းသုံးရာနီးပါးရှိခဲ့


၂၀၁၂ ခုနှစ် ခုနှစ်လအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်တိုက်မှု ဖြစ်စဉ်ခုနစ်ရာကျော် ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူမှ တိုက်ပြီးထွက်ပြေးသွားသည့် အမှုပေါင်းသုံးရာနီးပါးရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

Monday, 6 August 2012

 စိတ်ကျန်းမာရေး အထူးကုဆေးရုံကြီးသို့ လာရောက်ပြသသူဦးရေ နှစ်စဉ်မြင့်တက်လျက်ရှိပြီး အများစုမှာ လူမူစီးပွားရေး ပြဿနာများကြောင့် စိတ်ရောဂါဖြစ်ပွား၍ ရောက်ရှိလာသူများဖြစ်


စိတ်ကျန်းမာရေး အထူးကုဆေးရုံ ကြီး (ရန်ကုန်)သို့ လာရောက်ပြသသူ ဦးရေနှစ်စဉ်မြင့်တက်လျက် ရှိပြီးလူနာ အများစုမှာ လူမှုစီးပွားရေး ပြဿနာများကြောင့် စိတ်ရောဂါဖြစ်ပွားကာ ရောက်ရှိလာသူများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၃နှစ်အတွင်း စတော့ဈေးကွက်ပေါ်ပေါက်လာတော့မည်


အခြားနိုင်ငံများတွင် စတော့ဈေးကွက်ကို ငါးနှစ်အချိန်ယူ၍ ဆောင်ရွက်ရသော်လည်း မြန်မာနိုင်ငံတွင် စတော့ဈေးကွက် သုံးနှစ်အတွင်း ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ငွေကြေးကျွမ်းကျင်

မလေးရှားတွင်နေထိုင်သူများအတွက် မြန်မာပြည်သို့ ဈေးသက်သာသောဖုန်းခေါ်ဆိုခ












အထူးသတင်းကောင်းတခုပြောပရစေခင်ဗျာ...

မုန်တိုင်းအန္တရာယ် ယခုနှစ် အောက် တိုဘာ တွင်ကြုံတွေ့ နိုင်ကြောင်း ဒေါက်တာ ဦးထွန်းလွင် သတိပေး ပြောကြား


အင်အားပြင်း မုန်တိုင်းအန္တ ရာယ် ယခုနှစ်အောက်တိုဘာ တွင်ကြုံတွေ့ နိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် ကသတိပေး ပြောကြားသည်။

မုန်တိုင်းအန္တရာယ်နှင့်အတူအ ချိန်အခါမဟုတ်မိုးရွာ သွန်းခြင်းနှင့်ရေကြီး ခြင်းအန္တရာယ် တို့ကိုပါကြုံတွေ့နိုင်သည် ဟု ဆိုသည်။

အင်းစိန်ပန်းခြံအနီး ဆန္ဒထုတ်ဖော်သောဈေးသည်အချို့ခေါ်ယူစစ်ဆေးခံရ

ရန်ကုန်၊ သြဂုတ် - ၆
အင်းစိန်ပန်းခြံအနီးတစ်ဝိုက်ရှိ ပျံကျဈေးသည်များ ဈေးရောင်းချခွင့် တားဆီးခံရသောကြောင့် အဆိုပါနေရာတွင် ဈေးသည်နှစ်ဆယ်ကျော် ယနေ့(သြဂုတ် ၆ ရက်) မွန်းလွဲ ၃ နာရီမှ ၅ နာရီထိ နှစ်နာရီခန့်အကြာ

ရန်ကုန်တက္ကသိုလ် စာပေသဟာယအသင်းဖွဲ့လိုက်ပြီ

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်း ပထမဆုံးတက္ကသိုလ်ကျောင်းသား သဟာယအသင်းအဖြစ် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် စာပေသဟာယအသင်းကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျောင်းသား (၂၀) ကျော်နဲ့ စတင်ဖွဲ့စည်းလိုက်တယ်လို့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်သူ

ကျောက်တော်မြိုနယ် ဆူပူမှု လူသေဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မိုင် (၈၀)ကျော်ကွာဝေးတဲ့ ကျောက်တော်မြို့နယ်က မွတ်စလင်အိမ်ခြေအများဆုံးရှိတဲ့ ကျေးရွာ (၃)ရွာ မနေ့က မီးရှို့ခံခဲ့ရပြီး သေဆုံးသူတချို့ရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ 

ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ ရခိုင်တိုင်းရင်းသားတွေအကြား မနေ့က

အရေးကြီးအဆိုများ ဆွေးနွေး အတည်ပြုရန် လိုအပ်နေဟု လွှတ်တော်အမတ် ပြော


ရန်ကုန် (မဇ္ဈိမ) ။        ။ အရေးကြီး ဥပဒေများကို ပြည်သူ့လွှတ်တော်တွင် မြန်မြန်ဆန်ဆန် ဆွေးနွေး အတည်ပြုရန် အားနည်းနေပြီး အဓိက အကြောင်းအရာများကို ပိုမိုအချိန်ပေး ဆွေးနွေးရန် လိုအပ်နေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အချို့က ဆိုသည်။

တပ် ထိပ်တန်းအရာရှိများ ပါမည်ဖြစ်၍ KIO နှင့်အစိုးရ ဆွေးနွေးရန်နေရာ ညှိဆဲ


ချင်းမိုင်(မဇ္ဈိမ) ။       ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ယခုတကြိမ်
ပြန်လည်တွေ့ဆုံရာတွင် တပ်မတော်မှ ထိပ်တန်း အရာရှိကြီးများလည်း ပါဝင်မည်ဖြစ်၍ တွေ့ဆုံဆွေးနွေးရန် နေရာ ညှိနှိုင်းနေရဆဲ ဖြစ်ကြောင်း အကျိုးဆောင်များက ပြောသည်။

ဇွန်လ ၂ဝ ရက်နေ့က KIO နှင့် အစိုးရ နှစ်ဘက် ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ တရုတ်နယ်စပ် မိုင်ဂျာယန်တွင် သုံးကြိမ်မြောက် အလွတ်သဘော တွေ့ဆုံခဲ့ပြီး နောက်တကြိမ် တွေ့ဆုံမှုတွင် နှစ်ဖက်

အင်တာနက်ဝက်ဘ်ဆိုက်များပေါ်မှ ငွေပေးချေခြင်း၊ လက်ခံခြင်းများပြုလုပ်နိုင်မည့် online payment Gateway စနစ် စတင်ရန်စီစဉ်

အင်တာနက်ဝက်ဘ်ဆိုက်များပေါ်မှ ငွေပေးချေနိုင်သော၊ ငွေလက် ခံနိုင်သောစနစ်ဖြစ်သည့် -Y Pay ကို စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ရတနာပုံကုမ္ပဏီလီမိတက် စီမံကိန်းများတည်ဆောက်ရေးဌာန၏ ဌာနမှူး ဦးအောင်စံမြတ်ကပြောသည်။ အဆိုပါစနစ်မှာ အွန်လိုင်းမှဖုန်း ဘီလ်ဆောင်သောစနစ်၊ အွန်လိုင်းမှ လျှပ်စစ်မီတာပေးဆောင်သောစနစ်များကဲ့သို့ ငွေပေးချေခြင်းကို အွန်လိုင်းပေါ်မှ ဆောင်ရွက်နိုင်မည်ဖြစ်xကြောင်းသိရသည်။ ““အွန်လိုင်းကနေ ရောင်းဝယ်ဖောက်ကားနိုင်မှာဖြစ်တယ်။

"မြန်မာအလုပ်သမ တစ်ဦး အဓမ္မပြုကျင့်ခံရပြီး ၅ထပ်တိုက်ပေါ်က ပစ်ချခံရ"

သြဂုတ် ၃

မြတ်ညို( အလွတ်သတင်းထောက်)

ဘန်ကောက်မြို့အနီး စမုတ်စာခွန်၊ မဟာချိုင် နယ်မြေ အုန်းနွဲ့ စိုင်းဟတ် ၆ထပ်တိုက်တွင် နေထိုင် သည့်အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ယမန်နေ့

ဒေါက်တာသန်းဝင်း၏ ယဉ်းကျေးမှု စောင့်ရှောက်ရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်း၍ ယဉ်ကျေးမှုမြှင့်တင်ရေး စီမံချက်ချ ဆောင်ရွက်ရန်နှင့် စပ်လျဉ်းသည့် အဆိုကို ဦးဝင်းထိန် မိတ္ထီလာမဲဆန္ဒနယ်မှ ဆွေးနွေးခြင်း-

ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များခင်ဗျား။ ကျွန်တော်တို့ နိုင်ငံဟာ အားလုံးသိတဲ့အတိုင်းပဲ ပြည်ထောင်စုနိုင်ငံ ဖြစ်ပါတယ်။ ပြည်ထောင်စုနိုင်ငံ ဖြစ်တဲ့အတိုင်းပဲ ပြည်ထောင်စုသားတွေ နေထိုင်ကြပြီးတော့ ဖွဲ့စည်းထားတဲ့နိုင်ငံ ဖြစ်ပါတယ်။ အဲတော့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ယဉ်ကျေးမှုကို တိုးတက်အောင်၊ မြှင့်တက်အောင် ထိန်းသိမ်းဖို့ဆိုလို့ရှိရင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထိမ်းသိမ်းစောင့်ရှောက်ရေးဆိုတဲ့ ‌ဝေါဟာရက မပြည်စုံဘူးလို့ ယူဆပါတယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဆိုတာမှာ မြန်မာအပြင် ခုနတုန်းက ဒေါက်တာဒေါ်သန်းငွေ တင်ပြသွားသလို တိုင်းရင်းသား မျိုးစုံရဲ့ ယဉ်ကျေးမှုလည်းအကျုံးဝင်ဖို့လိုပါလိမ့်မယ်။ ဒါမှသာလို့ရှိရင် မြန်မာပြည်မှာရှိတဲ့ မြန်မာ

အင်းစိန်ပန်းခြံအနီး လမ်းဘေးဈေးသည်များ ဈေးမရောင်းရ၍ ဆန္ဒထုတ်ဖော်

==========================================
တည်ကြည်အေး
==========================================
ယနေ့ သြဂုတ်လ ၆ ရက်နေ့ နေ့လည် ၂ နာရီတွင် အင်းစိန်မြို့နယ် အင်းစိန်ပန်းခြံအနီးတွင် လမ်းဘေးဈေးသည် ၂၀ ကျော်ခန့်က အင်းစိန်မြို့နယ် စည်ပင်မှ ဈေးရောင်းချခွင့် တားမြစ်၍ ဈေးရောင်းချခွင့် မရသောကြောင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဈေးသည်များထံမှ သိရသည်။


အဆိုပါဈေးသည်များမှာ ပြီးခဲ့သည် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ အင်းစိန်မြို့နယ် စည်ပင်သာယာရာရေး ကော်မတီမှ ဈေးရောင်းချခွင့်အား စတင်တားမြစ်ခဲ့ရာ သြဂုတ်လ ၂ ရက်နေ့ ကြာသာပတေးနေ့ တွင်

၇ လအတွင်း ရန်ကုန်တွင် ယာဉ်တိုက်မှုကြောင့် ၁၇၀ ဦး သေဆုံး


ရတနာဦး | တနင်္လာနေ့၊ သြဂုတ်လ ၀၆ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၄၄ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ်အတွင်း ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လကုန် အထိ ယာဉ်တိုက်မှု စုစုပေါင်း ၇၁၁ မှု ဖြစ်ပွားခဲ့ရာတွင် သေဆုံးသူ ၁၇၀ ဦးနှင့် ဒဏ်ရာရသူ ၁,၁ဝ၃ ဦးရှိခဲ့ကြောင်း ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး