Saturday, 21 July 2012
ထိုင်းနိုင်ငံမှာ ဗိသုကာ ပထမဆုရှင် မြန်မာကျောင်းသူတဦး
ထိုင်းနိုင်ငံတ၀ှမ်းလုံးက ဗိသုကာ ဒီဇိုင်း ပြိုင်ပွဲဝင်သူတွေအားလုံးထဲမှာ "Incredible Facade Winner" လို့ ခေါ် တဲ့ပထမဆု ကို ရရှိသွားသူက မြန်မာ ကျောင်းသူလေး တဦးဖြစ်တဲ့ မခိုင်မိုးပြည့် ဆိုသူပါ။
သူကတော့ ထိုင်းနိုင်ငံ ရှင်နာဝပ် တက္ကသိုလ်မှာ ဗိသုကာ ပညာအထူးပြု လေ့လာသင်ယူနေသူဖြစ်ပြီး ရန်ကုန် ပညာရေး တက္ကသိုလ် ၊ ဆရာများလေ့ကျင့်သင်တန်းကျောင်း TTC ရဲ့ ၂၀၀၉ ခုနှစ်အပတ်စဉ် ကျောင်းသူ
ဟောင်း တဦးလည်း ဖြစ် ပါတယ်။
ပြိုင်ပွဲ ကို အကဲဖြတ် အမှတ်ပေး ဒိုင်လူကြီးတွေထဲမှာ Cambridge University ကဲ့သို့ ကမ္ဘာတ၀ှမ်းက နံမည်ကြီး ဗိသုကာ ပညာရှင်ကြီးတွေလည်းတွေလည်းဖြစ်ပါတယ်။
အခုလို မြန်မာ ကျောင်းသူတဦးရဲ့ ထိုင်း တနိုင်ငံလုံးက ပြိုင်ပွဲဝင်တွေကို ကျော်လွှားပြီး ပထမဆု ရခဲ့တာ ကို တော့ မြန်မာများအတွက် ဂုဏ်ယူစရာ တခုလည်းဖြစ်ပါတယ်။
http://blog.irrawaddy.org/2012/07/blog-post_1508.html
ဒီချုပ်ရုံးချုပ်တွင် ကျင်းပသော ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် မိန့် ခွန်း
ကျွန်မကဒေါက်တာဘွဲ့မရှိပါဘူး။ ဂုဏ်ထူးဆောင်ပေးတယ် ဆိုတာဟာ ဒေါက်တာဆိုတဲ့အသုံးအနှုန်းကို မသုံးသင့်ပါဘူး။ သုံးပိုင်ခွင့်မရှိပါဘူး။ ကျွန်မကို ဒေါ်အောင်ဆန်းစုကြည်လို့ပဲ ရိုးရိုးဆက်ပြီးခေါ်သွားလို့ရပါတယ်။ ဒေါက်တာ အခေါ်ခံစေချင်ရင် စာမေးပွဲဖြေရတော့မလိုဖြစ်နေပြီ၊ အားလုံးဒီလို အာဇာနည်နေ့မှာ သိုက်သိုက်ဝန်းဝန်းရောက်လာတဲ့အတွက် ကျွန်မ၀မ်းသာပါ တယ်။ ကျွန်မတို့ အာဇာနည်နေ့ ကျင်းပတယ် ဆိုတာဟာ အခုနှစ်တင် မဟုတ်ပါဘူး။ နှစ်ပေါင်း ၂၀ ကျော်ကတည်းက ဘယ်လိုပဲ အခက်အခဲတွေ ရှိခဲရှိခဲ့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဇာနည်နေ့ကို ကျင်းပဖြစ်အောင် ကျင်းပခဲ့ပါတယ်။ ဒီလိုကျင်းပရတဲ့အကြောင်းဟာ ကျွန်မတို့ အခြေခံအားဖြင့်တော့ နိုင်ငံရေးအကြောင်းပဲ လို့ပြောရမှာဖြစ်ပါ တယ်။ ကျွန်မတို့က နိုင်ငံရေးအဖွဲ့အစည်းဆိုတော့ နိုင်ငံရေးအကြောင်းကို အခြေခံပြီးတော့ ဒီလိုပွဲတွေကို ကျင်းပတာပါ။ အာဇာနည်စိတ်ဓာတ်ကို ကျွန်မတို့နိုင်ငံမှာ ပြန့်ပွားစေချင်လို့။ ဒီလို အာဇာနည် စိတ်ဓာတ်ပြန့်ပွားစေချင် တယ်ဆိုလို့ရှိရင် အာဇာနည်စိတ်ဓာတ်ကို လေးစားတယ်ဆိုတာ ဟာကျွန်မ တို့နိုင်ငံမှာရှိရမယ်။ အများမလေးစားတဲ့ဟာကို ပြန့်ပွားအောင်လုပ်ဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။ ဒီတော့ကျွန်မတို့ အာဇာနည် စိတ်ဓာတ်က ဘာလဲဆိုတော့ ပြောနိုင်တာတွေက အမျိုးမျိုးပေါ့နော်။ ကျွန်မအမြင်မှာတော့ အာဇာနည် စိတ်ဓာတ်ကို အများက မြင်တာက သတ္တိရှိခြင်းနဲ့ပဲဆိုင်တယ်လို့ မြင်ကြတာများတယ်။ သတ္တိရှိတာကို အာဇာနည် စိတ်ဓာတ်ပေါ့ ၊ ရဲရဲရင့်ရင့်နဲ့ လုပ်ရဲကိုင်ရဲတာကို အာဇာနည် စိတ်ဓာတ်လို့မြင်ကြတယ်။ ကျွန်မကတော့ ဒီလိုပဲ ကြည့်လို့မဖြစ်ဘူးပေါ့နော်။ အာဇာနည်ဆိုတဲ့ စကားကတော့ သက္ကတ ဘာသာကနေပြန်ကြည့်မယ်ဆိုရင် မြင့်မြတ်တဲ့မျိုးရိုးကို ဆိုလိုတာပါ။ ဒါပေမယ့် ဒီခေတ်က မျိုးရိုးကိုကြည့်တဲ့ခေတ်မဟုတ်တော့ပါဘူး။ ဒီတော့ မြင့်မြတ်တဲ့မျိုးရိုး အစား မြင့်မြတ်တဲ့စိတ်ဓာတ်လို့ပဲ ကျွန်မပြောချင်ပါတယ်။ အဲဒီတော့ မြင့်မြတ်တဲ့ စိတ်ဓာတ်ကို အခြေခံမှ အာဇာနည် စိတ်ဓာတ်လို့ အခေါ်ခံရမှာပါ။ သတ္တိရှိတယ်ဆိုတာလည်း မြင့်မြတ်တဲ့စိတ်ဓာတ်ကို အခြေခံတဲ့သတ္တိမျိုးဖြစ်ရပါမယ်။ သတ်ရဲဖြတ်ရဲတိုင်းသတ္တိမဟုတ်ပါဘူး။ တိုက်ရဲခိုက်ရဲတိုင်းလည်း အာဇာနည် မဟုတ်ပါဘူး။ အာဇာနည် စိတ်ဓာတ်ရဲ့ အခြေခံက မြင့်မြတ်တဲ့ စိတ်ဓာတ်လို့ ကျွန်မပြောချင်ပါတယ်။ မြင့်မြတ်တဲ့ စိတ်ဓာတ်တွေ ကျွန်မတို့ နိုင်ငံမှာ ပွားများအောင်လို့ ကျွန်မတို့ဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေကိုလေးစားသင့်တယ်။ ဒီခေါင်းဆောင် ကြီးတွေရဲ့ကျေးဇူးကို မမေ့သင့်ဘူးလို့ ကျွန်မတို့ ဒီလိုပဲယူဆပါတယ်။ မြင့်မြတ်တဲ့ စိတ်ဓာတ်ဆိုတာ ဘာလဲဆိုရင်တော့ လူတိုင်းလူတိုင်းဟာ သိသင့်ပါတယ်။ တကယ်တမ်း မြင့်မြတ်ခြင်းဆိုတာ ဘာလဲဆိုတာ မသိတဲ့သူတွေရှိလားလို့ တစ်ခါတလေကျွန်မစဉ်းစားမိတယ်။ ကျွန်မငယ်ငယ် တုန်းက မရှိဘူးလို့ထင်မိတယ်။ အသက်ကြီးလာတော့ ရှိတယ်ဆိုတာမြင် ခဲ့တယ်။ တကယ်ပဲတချို့က မြင့်မြတ်ခြင်းဆိုတာ ဘာလဲဆိုတာနားမလည် တာတွေရှိကြတယ်။ အဲဒီနားမလည်တာတွေက ပြုစုပျိုးထောင်မှု၊ ပညာရေးစနစ်၊ဗီဇလည်းပါပါတယ်။ ဗီဇဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ဟာ မွေးကတည်းကတူလာတာမဟုတ်ပါဘူး။ ဒါပေမယ့် မွေးကတည်းကမတူလာဘူးဆိုပေမယ့်လည်း ပြုစုပျိုးထောင်မှုနဲ့ ပညာရေးစနစ်ကနေပြီးတော့ အများကြီးပြုပြင်ပေးနိုင်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့နိုင်ငံမှာ ပညာရေးစနစ် အရေးကြီး တယ်ဆိုတာကို အမြဲပဲ မီးမောင်းထိုးရတဲ့ကိစ္စက ဒါပါပဲ။ ကျွန်မတို့နိုင်ငံသူနိုင်ငံ သားတွေဟာ တန်ဖိုးရှိတဲ့လူသားတွေဖြစ်လာအောင်လို့ ကျွန်မတို့ဟာ ပညာရေးစနစ်ကိုပြုပြင်ချင်တာပါ။ ပညာရေးစနစ်ပြုပြင်ပြီးတော့မှ ကျွန်မတို့ပိုပြီးတော့ အမြင်ကျယ်တဲ့ ပိုပြီးတော့ စိတ်ထားမြင့်တဲ့ နိုင်ငံ သူနိုင်ငံ သားတွေကို ပြုစုပျိုးထောင်ချင်ပါတယ်။ မိဘများမှာလည်းတာဝန်ရှိပါတယ်။ လက်ဦးရာတွေက မိဘတွေပဲ ။ မိဘတွေ ကိုယ်တိုင်က သားသမီးတွေကို မှန်ကန်တဲ့အတွေးအခေါ်တွေ မှန်ကန်တဲ့ တန်ဖိုးထားတွေ သိအောင်လို့ လုပ်ပေးရမှာပါ။ အဲဒီလိုလုပ်ပေးမှ ကျွန်မတို့ဟာ အာဇာနည်တွေများတဲ့ တိုင်းပြည်ဖြစ်လာပါလိမ့်မယ်။ တချို့က အာဇာနည်ဆိုတာ စွန့်လွတ်ပြီး အနစ်နာခံပြီး အသေခံသွားတဲ့သူလို့ထင်မှတ်တဲ့သူတွေလည်းရှိပါတယ်။ဒါက သူရဲကောင်းနဲ့ အာဇာနည်ကို အဓိပ္ပါယ် အသဲမကွဲ ဖော်ထုတ်လိုက်တာပဲလို့ ကျွန်မကတော့ မြင်ပါတယ်။ သူရဲကောင်းက သူရဲကောင်းပဲ၊ အာဇာနည်က အာဇာနည်ပဲ။ အာဇာနည်ဆိုတာဟာ မြင့်မြတ်တဲ့စိတ်လည်းပါရမယ်လို့ ကျွန်မထင်ပါတယ်။ ရိုးရိုးသူရဲကောင်းစိတ်ဓာတ်နဲ့ မလုံလောက်ပါဘူး။တစ်နည်းအားဖြင့် ဆိုရမယ်ဆိုလို့ရှိရင် သူရဲကောင်း အာဇာနည် ၊ အာဇာနည် သူရဲကောင်းစတာမှာတော့ သူရဲကောင်းဘက်က စပေမယ့် အာဇာနည် စိတ်ဓာတ်ရှိမှ အာဇာနည်ဖြစ်မှာပါ။ သူရဲကောင်းတိုင်းက အာဇာနည်ဖြစ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် အာဇာနည်တိုင်းကတော့ သူရဲကောင်းဖြစ် တတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဇာနည် စိတ်ဓာတ်ဆိုကတည်းက ဘယ်ဟာကိုတန်ဖိုးထားရမလဲဆိုတာ သိတဲ့အခါကျတော့ ဒီတန်ဖိုးထားမှုကို အခြေခံပြီးတော့ ဒီ သတ္တိရှိသင့်တဲ့နေရာမှာ ရှိကြတယ်။ သတ္တိထုတ်သင့်တဲ့နေရာမှာထုတ်ကြတယ်။ သတ္တိကို မထုတ်သင့်တဲ့နေရာမှာ ထုတ်တာလည်း အာဇာနည် စိတ်ဓာတ်မဟုတ်ဘူးလို့ ကျွန်မမြင်ပါတယ်။ အာဇာနည် စိတ်ဓာတ်ဆိုတာ မြင့်မားတဲ့စိတ်၊ ဆင်ခြင်တုံတရားပါတဲ့စိတ်နဲ့ သတ္တိကို တွဲထားတဲ့စိတ်လို့ ဒီလိုပဲ ကျွန်မက အဓိပ္ပာယ်ဖော်ချင်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဟာ ကျွန်မတို့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို တကယ်ပဲလေးစားတယ်၊ တကယ်ပဲ တန်ဖိုးထားတယ်ဆိုလို့ရှိရင် ဒီကိစ္စကိုနားလည်ဖို့လိုပါတယ်။ တကယ်တန်ဖိုးကိုနားမလည်ဘဲနဲ့လေးစားတယ်ဆိုတာဟာ မဖြစ်နိုင်ပါဘူး။ မှားပြီးတော့ ဒီလူဟာ မလေးစားသင့်တဲ့အရည်အချင်းကိုကြည့်ပြီး အားကျပြီးလေးစားတယ်ဆိုတာလည်း တစ်နည်းအားဖြင့် တကယ့်မြင့်မြတ်တဲ့လူတွေကို စော်ကားရာရောက်တယ်လို့ ကျွန်မကတော့ ဒီလိုပဲမြင်ပါတယ်။ အဲဒါကြောင့်မို့ အာဇာနည် စိတ်ဓာတ်ဆိုတာ ဘာလဲဆိုတာကို ကိုယ့်ကိုယ်ကို သေသေချာချာ တစ်ယောက်ချင်းတစ်ယောက်ချင်းကနေပြီး ကိုယ့်ဘာသာကို လေ့လာပြီးကြည့်စေချင်ပါတယ်။ အထူးသဖြင့် ကျွန်မတို့ရဲ့လူငယ်တွေကို ကြည့်စေချင်ပါတယ်။ လူတိုင်းလူတိုင်းဟာ အာဇာနည်ဖြစ်နိုင်ပါတယ်။ လူတိုင်းလူတိုင်း အာဇာနည်ဖြစ်ဖို့ဆိုတာ အသက်ကို စွန့်လွှတ်ဖို့ မလိုပါဘူး။ တစ်ခါတလေ မသက်မစွန့်ဘဲနဲ့တကယ့်ကိုနေသွားရတာတောင်မှ အာဇာနည် စိတ်ဓာတ်နဲ့နေသွားတာတွေရှိပါတယ်။ အဲဒါကြောင့်မို့ ကျွန်မတို့လူငယ်တွေဟာ မြင့်မြင့်ကြံကြပါ။ ကိုယ့်ကိုယ်ကို အာဇာနည် စိတ်ဓာတ်နဲ့နေနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင် လေ့ကျင့်ကြပါ။ လေ့ကျင့်နေလို့ရှိရင်ရပါတယ်။ အာဇာနည် စိတ်ဓာတ်ထဲမှာ ကိုယ်ကျိုးမရှာတဲ့ မြင့်မြတ်တဲ့ စိတ်ထားတစ်ခုလည်းပါပါတယ်။ ကိုယ်ကျိုးရှာတဲ့ စိတ်ပါသွားပြီဆိုလို့ရှိ ရင် ကိုယ့်ရဲ့တိုးတက်ရေးအတွက် ကိုယ့်ရဲ့အကျိုးတိုးတက်ရေးအတွက် သိပ်ပြီးတော့ အလေးထားသွားပြီဆိုလို့ရှိရင် ဒါအာဇာနည်မဟုတ်တော့ပါဘူး။ တခြားနေရာတွေမှာတော်တဲ့သူဖြစ်နိုင်ပါတယ်။ လူတော်ဖြစ်နိုင်ပါတယ်။ အင်မတန်မှတော်တဲ့သူဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အာဇာနည်လို့တော့ ကျွန်မကသတ်မှတ်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ဆိုလို့ရှိရင် ကိုယ့်ရဲ့ပစ္စည်းအတွက်၊ ကိုယ့်ရဲ့တိုးပွားရေးအတွက် အများကြီး စွန့်စားတဲ့သူတွေရှိတယ်။ စွန့်စွန့်စားစားနဲ့လုပ်တဲ့ စီးပွားရေးသမားတွေလည်းရှိတယ်။ စွန့်စွန့်စားစားနဲ့ကိုယ်လုပ်ချင်တဲ့အရာကို ရအောင်လို့ လုပ်တဲ့သူတွေလည်းရှိတယ်။ ဒါပေမယ့် ကိုယ့်အတွက် လုပ်တယ်ဆိုတဲ့အခြေခံတာကြောင့်မို့ ဒါကို ကျွန်မကတော့ အာဇာနည် စိတ်ဓာတ်လို့ မသတ်မှတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ ပြည်သူပြည်သား အားလုံးဟာ အာဇာနည် စိတ်ဓာတ်ဘာလဲဆိုတာကို သေသေချာချာစဉ်းစားကြပါ။ စဉ်းစားပြီးတော့မှ ဒီလို စိတ်ဓာတ်မျိုးကို ကိုယ့်အတွင်းမှာလည်း တိုးပွားအောင်လို့လုပ်ပါ။ တခြားသူတွေ ဒီလို စိတ်ဓာတ်ရှိလို့ ရှိရင်လည်း အဲဒီလို ပုဂ္ဂိုလ်တွေကို တန်ဖိုးထားပါ လို့ ကျွန်မပြောချင်ပါတယ်။ မှားပြီးတော့ သွားပြီးတန်ဖိုးမထားနဲ့နော်။ မှားပြီး တန်ဖိုးထားရင် ကျွန်မတို့နိုင်ငံ အများကြီး ဒုက္ခရောက်နိုင်ပါတယ်။ တန်ဖိုးထားမှန်ဖို့ဆိုတာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ပညာရေးမှာပဲဖြစ်ဖြစ်၊ ကျန်းမာရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ်၊ ဘာကိုတန်ဖိုးထားသင့်တယ်။ ဘယ်လိုကိစ္စတွေကို တကယ် အထင်ကြီးသင့်တယ်ဆိုတာကို၊ အထူးသဖြင့် ကျွန်မတို့လူငယ်တွေကိုသေသေချာချာ စဉ်းစားစေချင်ပါတယ်။ ဘာပဲကြည့်ကြည့် အပေါ်ယံပဲမကြည့်ပါနဲ့။ သေသေချာချာ လေးလေးနက်နက်စဉ်းစားပြီးတော့ ငါတို့ဟာ ဘာတွေကို တန်ဖိုးထားရမလဲဆိုတာ ကို စဉ်းစားပါ။ အရေးမကြီးတဲ့ ကိစ္စနဲ့ပတ်သက်လို့ အထင်မသေးပါနဲ့။ တချို့တွေကဆိုရင် အပေါ်ယံကြောပဲကြည့်ကြတယ်။ အပေါ်ယံကြောကြည့်ပြီးတော့ အထင်သေးတာတွေရှိခဲ့ပါတယ်။ ဥပမာ ဒီနေ့ အာဇာနည်နေ့မို့ ပြန်ပြောရမယ်ဆိုရင် ဖေဖေက ငယ်ငယ်က ကျောင်းသားဘ၀တုန်းက ဖိုသီဖတ်သီနဲ့နေတတ်တာ နောက်ပြီးတော့ နေပုံထိုင်ပုံက မယဉ်ကျေးတာ၊ မသိမ်မွေ့တာ အဲဒါတွေကိုကြည့်ပြီးတော့ အထင်သေးတဲ့သူတွေလည်းရှိခဲ့ပါတယ်။ ဒါပေမယ့် အဲလိုအထင်သေးတာမှားသလားဆိုတော့လည်း မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယဉ်ကျေးတဲ့သူနဲ့ ရိုင်းစိုင်းတဲ့သူဟာ ယဉ်ကျေးတဲ့သူက ပိုပြီးတော့တန်ဖိုးရှိပါတယ်။ ဖေဖေကိုယ်တိုင်လည်း ဒီဟာကို မဆုံးခင်မှာ အသိအမှတ်ပြုသွားပါတယ်။ ကျွန်မဖေဖေအကြောင်းရေးတဲ့ အထုပ္ပတ္တိအတိုလေးမှာလည်းရေးထားပါတယ်။ ကျွန်မတို့အင်မတန်မှ နီးစပ်ဖူးတဲ့ မိတ်ဆွေတစ်ယောက်ကပြောတယ်။ ဖေဖေကပြောခဲ့ဘူးတယ်တဲ့ ငယ်ငယ်တုန်းက ကျောင်းသားဘ၀တုန်းကလို သူဒီလိုနေလို့မဖြစ်ဘူးပေါ့နော်။ အခုသူကအမျိုးသားခေါင်းဆောင်အဆင့်ရောက်နေပြီဆိုတော့ ကျောင်းသားဘ၀တုန်းကလို ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းနေဖို့မသင့်ဘူး။ သူ့ကိုယ်သူပြုပြင်ဖို့လိုတယ်ဆိုတာကိုသူက ဖေဖေက အသိအမှတ်ပြုတယ် ။ သူကြိုးစားသွားမယ်လို့ပြောပါတယ်။ ကြိုးစားလည်းကြိုးစားပါတယ်။ ဒါကြောင့်မို့လို့လဲနောက်ဆုံးအပိုင်းမှာဖေဖေဟာ အပြောအဆိုကတော့ နောက်ဆုံးမိန့်ခွန်းအထိ ဗမာတွေမမေ့အောင်တော့ ခပ်ကြမ်းကြမ်းပြောသွားတာပဲ။ ဒါပေမယ့် ဆက်ဆံရေးနဲ့ပတ်သက်လို့ရှိရင် အထူးသဖြင့် လူကြီးတွေကို ဒါကတော့ ဖေဖေက ငယ်ငယ်ထဲကပါ ငယ်ငယ်ကတည်းက လူကြီးတွေကိုလေးလေးစားစားနဲ့ ဂါရ၀တရားပြည့်ပြည့်၀၀နဲ့ ဆက်ဆံခဲ့တာတွေရှိပါတယ်။ နောက်ပိုင်းမှာလည်း ပိုပို ပိုပိုပြီး ယဉ်ကျေးသိမ်မွေ့လာတယ်ဆိုပြီးတော့မြင်ရတာပေါ့လေ။ ဒါကမေမေ့ရဲ့ကျေးဇူးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ပိုပြီးတော့ ယဉ်ကျေးသိမ်မွေ့လာတယ်ဆိုတော့ ငြင်းလို့မရနိုင်ပါဘူး။ တကယ့်အာဇာနည် စိတ်ဓာတ်ရှိတဲ့သူဆိုတာဟာ စိတ်နှိပ်ချမှုလည်းရှိရမယ်။ ကိုယ့်မှာပြုပြင်ဖို့လိုတယ်ဆိုတာကိုလည်းနားလည်ရမယ်။ ကိုယ်နဲ့မတန်တဲ့အဆင့်ကို ကိုယ်ရောက်နေပြီဆိုပြီးတော့ မာန်တက်နေတယ်ဆိုတာလည်း ဒါအာဇာနည် စိတ်ဓာတ်မဟုတ်ဘူး။ အာဇာနည် မှန်ရင် အတွေးအခေါ်မှန်ရတယ်။ အတွေးအခေါ်မှန်တဲ့အခါကျရင် ကိုယ့်အားနည်းချက်ကို ကိုယ်တွေ့ရတယ်။ တခြားသူရဲ့အားသာချက်ကိုလည်း သိရတယ်။ တရားတော်ထဲမှာ ဆိုလို့ရှိရင် ကျွန်မအင်မတန်မှ ကြိုက်တဲ့ ဆုံးမစကားတစ်ခုရှိပါတယ်။ ဒီကိစ္စကိုလည်း ကျွန်မမကြာခဏပြောပါတယ်။ ဒါကတော့ရှင်းရှင်းလေးပါ ။ သူတော်ကောင်းဆိုတာ ကိုယ့်ရဲ့ကျေးဇူးကို ကျုံ့ပြီးတော့မြင်တယ်။ သူများရဲ့ကျေးဇူးကို ချဲ့ပြီးတော့မြင်တယ်။ သူယုတ်မာကတော့ပြောင်းပြန်ပေါ့နော်။ ကိုယ့်ရဲ့ကျေးဇူးကိုချဲ့ပြီးတော့မြင်တယ်။ သူများရဲ့ကျေးဇူးကို ချုံ့ပြီးတော့မြင်တယ်။ အဓိကပြောရမယ်ဆိုရင် သူတော်ကောင်းဆိုတာ ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ် သိရတယ်။ ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ် အလေးထားရတယ်။ တခြားသူတွေရဲ့အားနည်းချက်တွေကို မြင်ပြီးတော့ သိပြီးတော့ အင်မတန်မှ ချဲ့ကားပြီးတော့ ကိုယ့်ရဲ့အားနည်းချက်ကို ကျတော့ လစ်လျူရှုထားတဲ့သူတွေသာ သူတော်ကောင်းမဟုတ်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အဲဒီတော့ အာဇာနည်ဆိုကတည်းက သူတော်ကောင်းဖြစ်ရမယ်။့မြင့်မြတ်တဲ့စိတ်ရှိရမယ်။ မြင့်မြတ်တဲ့စိတ်ရှိတဲ့စိတ်ရှိတဲ့သူဟာ ကိုယ့်ရဲ့အားနည်းချက်ကို သိရမယ်။ သိရုံတင်မကဘူး။ ပြုပြင်ချင်တဲ့စိတ်လည်းရှိရမယ်။ အဲဒါကြောင့် ကျွန်မ ဒီနေ့ ဖေဖေနဲ့တကွ ကျဆုံးသွားတဲ့ခေါင်းဆောင်ကြီးတွေ အကြောင်းပြောနေတဲ့နေရာမှာ ဖေဖေကိုယ်တိုင်ပြောသွားတဲ့စကား သူ့ကိုယ်သူပြုပြင်ဖို့လိုတယ်။ ကျောင်းသားဘ၀တုန်းကလိုပုံစံနဲ့သူနေလို့မရတော့ဘူး။ သူဟာကျောင်းသားမဟုတ်တော့ဘူး။ သို့သော်ငြားလည်း အဲဒီတုန်းက ဖေဖေတော်တော်ငယ်ပါသေးတယ်။ ၃၂ နှစ် ။ဒီစကားပြောခဲ့တုန်းက ၃၂ နှစ် မပြည့်သေးခင်ပေါ့။ ဘုရင်ခံရဲ့ကောင်စီမှာ ဒုဥက္ကဋ္ဌဖြစ်ပြီးတဲ့အချိန် ၃၂ နှစ်မပြည့်သေးတဲ့ အချိန်မှာ ဒီစကားပြောခဲ့တာပါ။ အခုခေတ်ဆိုရင် ၃၂ နှစ်မပြည့်သေးတာကို ကလေးလို့တချို့ကတောင်ထင်ကြတယ်။ ကျွန်မ တို့လည်း အမှန်ပြောရင် တစ်ခါတလေ ကလေးလို့မြင်ပါတယ်။ လူငယ်ပေါ့နော်။ ဒါပေမယ့် ဖေဖေကတော့ လူကြီးစိတ်အပြည့်အ၀နဲ့ သူဟာ လူကြီးတစ်ယောက်ဖြစ်သွားလို့ လူကြီးပီပီနေရမယ်။ သူ့ရဲ့အားနည်းချက်တွေကို သူပြုပြင်ရမယ်။ ဒီဟာတွေကို တစ်နေ့ထက်တစ်နေ့ တိုင်းပြည်အတွက်ပိုတန်ဖိုးရှိအောင်လို့ နေသွားရမယ်ဆိုတာကို လက်ခံသွားတာကြောင့်မို့လို့ ကျွန်မအနေနဲ့ကတော့ ဖေဖေဟာ တကယ့်အာဇာနည်စိတ်ဓာတ်နဲ့ပြည့်စုံတယ်လို့ ဒီလိုပဲသတ်မှတ်ပါတယ်။ ကျဆုံးသွားရလို့ ၊ ဒီလို အနစ်နာခံသွားရလို့ အာဇာနည်ရယ်လို့ ဒီလို ကျွန်မ သတ်မှတ်တာမဟုတ်ပါဘူး။ မှန်ကန်တဲ့ ၊ မြင့်မြတ်တဲ့ စိတ်ဓာတ်ရှိလို့ အာဇာနည်လို့ ကျွန်မက သတ်မှတ်တာပါ။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့နိုင်ငံမှာ အာဇာနည်တွေ အများကြီး မွေးဖွားရှင်သန်နိုင်ကြပါစေလို့ ကျွန်မအနေနဲ့ ဆန္ဒပြုရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
By Popular Myanmar News Journal
By Popular Myanmar News Journal
အိုင်တီ ဦးခင်ရွှေ
လွှတ်တော်ထဲ iPad သုံးနေသူကတော့ ဇေကမ္ဘာဦးခင်ရွှေဖြစ်ပါတယ်။မြန်မာ့ရိုးရာ ကျောက်သင်ပုန်းနဲ့ ပုံစံတူတဲ့ ခေတ်ပေါ်အီလက်ထရွန်နစ်ပစ္စည်း iPad ဟာ အမတ်တိုင်း မကိုင်ကြပါဘူး။
တန်ဘိုးကြီးတဲ့အတွက် မ၀ယ်ကြတာ မဟုတ်ဘဲ သုံးဖို့ အခြေအနေ မပေး၊ မလိုအပ်တဲ့အတွက် ၀ယ်မကိုင်ကြတာ ဖြစ်ပါလိမ့်မယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရိုက်ကူးထားတဲ့ ဒီဓာတ်ပုံထဲမှာ ဦးခင်ရွှေက ထိတွေ့မျက်နှာပြင် touch screen ကို ပွတ်သပ်ပြီး စာဖတ်နေလို့ တော်ပါသေးရဲ့။
ဂိမ်းဆော့နေတာ ဆိုရင်တော့ သေပြီဆရာ။
မြေယာဥပဒေဆိုင်ရာတွေ ဖတ်နေသလား၊ ဘာတွေ ဖတ်နေသလဲ ဆိုတာတော့ မသိရပါဘူး။
ဘာပဲပြောပြော အိုင်တီအမတ်တွေ လွှတ်တော်ထဲရှိနေတာ ကောင်းပါတယ်လေ။
http://blog.irrawaddy.org/2012/07/blog-post_7302.html
မန္တလေးက ပညာရေးဆွေးနွေးပွဲ
မန္တလေးတွင် ပညာရေးပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေးပွဲတခုကို ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။တချိန်က မြန်မာနိုင်ငံ ပညာရေးစနစ် မှားယွင်းနေမှုကို ထုတ်ဖော်ပြောလျှင် အဖမ်းခံရမည် စိုးရိမ်သောကြောင့် ရေငုံနှုတ်ပိတ်နေခဲ့ကြကြောင်း၊
အစိုးရကလည်း ပညာရေးစနစ် အားကောင်းလာလျှင် အာဏာကို ထိပါးမည် စိုးသောကြောင့် ပညာရေးအခြေအနေ တိုးတက်မှု မရှိစေရန် ပြုလုပ်ခဲ့ကြောင်း
လက်ရှိအစိုးရသည် ပြည်သူတင်သော အစိုးရဖြစ်သောကြောင့် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်လိမ့်မည် အထင်နှင့် ယခုကဲ့သို့ အရဲစွန့်ကြခြင်း ဖြစ်ကြောင်း တက်ရောက်လာသည့် ပညာရှင်များက ဆွေးနွေး ပြောကြားခဲ့ကြသည်။
http://blog.irrawaddy.org/2012/07/blog-post_2325.html
ဦးအောင်သိန်းလင်း လွှတ်တော်ထဲက ထွက်ရမှာလား
တရုတ်ပြည်က စာစောင်တခုနဲ့ အင်တာဗျူးမှာ ရဲရဲတောက် ပြောကြားခဲ့တယ် ဆိုတဲ့ ဦးအောင်သိန်းလင်းရဲ့ ဒိုင်ယာလော့တွေကို အွန်လိုင်းမှာ ဖတ်မိသူများ အကြီးအကျယ် အံ့အားသင့်နေကြပါတယ်။ဒီလို ပြောဆိုတတ်သူတယောက်က ဘာကြောင့် လွှတ်တော်ထဲ ရောက်နေတာလဲ ဆိုပြီး တချို့က မေးခွန်း ထုတ်နေကြပါတယ်။
တချို့ကလည်း သူ့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ ပယ်ဖျက်နိုင်တဲ့ နည်းလမ်း ရှိတယ်လို့ အခိုင်အမာ ဆိုနေပါတယ်။
ဒါဆို ဦးအောင်သိန်းလင်း လွှတ်တော်ထဲကနေ အထုတ် ခံရမှာလား။ နည်းလမ်း ရှိတယ် ဆိုတော့လည်း ကြိုးစားကြဖို့ လှုံ့ဆော်မှုတချို့လည်း ထွက်ပေါ်နေပါပြီ။
Forum for Democracy in Burma (FDB) အဖွဲ့ကတော့ သူတို့ရဲ့ ဖေ့ဘုတ် http://www.facebook.com/media4fdb မှာ အခုလို တိုက်တွန်းထားပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဲဆန္ဒရှင်များက ပြန်လည်ရုတ်သိမ်းလို့ရပါတယ်။
အခန်း (၈) နဲ့ (၉ )မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။ ဦးအောင်သိန်းလင်းရဲ့ မဲဆန္ဒနယ်မှ ပြည်သူများက လက်မှတ်များ ရေးထိုးပြီး ကော်မရှင်ထံ တိုင်ကြားကြပါခင်ဗျား။

http://blog.irrawaddy.org/2012/07/blog-post_21.html
ဗိုလ်ချုပ် အောင်ဆန်း ဘယ်သူ ဖြစ်မလဲ ???
ဓာတ်ပုံ- Bogyoke Aung San Movie
ဇကာတင် ရွေးချယ်ထားတဲ့ ဗိုလ်ချပ်အောင်ဆန်း ဇာတ်ရုပ် နေရာ သရုပ်ဆောင်ရန် ရွေးချယ် ထားတဲ့ အမျိုးသား ၇ ဦးနဲ့ ဒေါ်ခင်ကြည်ဇာတ်ရုပ်နေရာ သရုပ်ဆောင်ရန် ရွေးချယ်ထားတဲ့ အမျိုးသမီး ၄ ဦးတို့ ကို ဒေါ်အောင်ဆန်းစုကြည်က မေးမြန်း စစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။
ဇာတ်ကားဖြစ်မြောက်ရေးနဲ့ပတ်သက်ပြီး လူရွှင်တော် ကိုဇာဂနာ အပါအ၀င် ထင်ရှားတဲ့ အနုပညာရှင်တွေက
လည်း ၀ိုင်းဝန်းအားဖြည့် အကြံပြုကူညီနေကြပါတယ်။
အမျိုးသားရုပ်ရှင် ပိုင်ရှင် ဦးစိန်တင်၊ ဒေါ်မြသန်းနဲ့ သား ကျော်သူ (နာရေး ကူညီမှု အသင်း- ရန်ကုန် ) မိသားစုရဲ့ ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်းတွေ ကို ဗိုလ်ချုပ် ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် လှူဒါန်းခဲ့ရာ မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်ခံရ ယူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ က ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့ အသက် ၁၀၀ ပြည့် ဖြစ်တဲ့ ၂၀၁၅ ခုနှစ် မှာ အများပြည်သူ ကြည့်နိုင်ဖို့ ကြိုးစားသွားမှာလို့လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး နာယကအဖြစ် တာဝန်ယူ ထားတဲ့အတွက်ရယ် ဖခင်နဲ့ မိခင်တို့ရဲ့ ဇာတ်ရုပ်ကို ဘယ်သူနဲ့ ပို သင့်တော်မလည်းဆိုတာတွေ ကို သေချာ စစ်မေးခဲ့တယ်လို့ သိရပါတယ်။

ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ထင်ရှားတဲ့ ဆရာတော် အရှင်ဆန္ဒဓိက အပါအ၀င်၊ အနုပညာရှင်တွေနဲ့ စိတ်ဝင် စားသူတွေကလည်း ကျပ်ငွေ သိန်းပေါင် ရာနှင့် ချီ၍ လှူဒါန်းထားပါတယ်။

ရုပ်ရှင် ရိုက်ကွင်းနေရာကိုတော့ ပဲခူးတိုင်း အစိုးရအကြီးအကဲ တဦးလည်းဖြစ်တဲ့ တချိန်က နို်င်ငံခြားရေး ၀န်ကြီး
ဟောင်း ဦးဥာဏ်ဝင်းက ပဲခူးမြို့အနီးက မြေဧက ၁၀၀ ကျော်ကို အသုံးပြုရန် ကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။
http://blog.irrawaddy.org/2012/07/blog-post_5811.html
နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၂ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ယနေ့မြ န်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန်တိုင်းထွာချက် များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည်ဆက်လက် တည်ရှိနေပါသည်။
ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လ ယ်အော်တို့တွင်မုတ်သုံလေအားအလွန်ကောင်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပို င်း၊မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင်နေရာကွက်ကျား၊ ချင်းပြည်နယ်တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ် တို့တွင်နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ် တွင်ဒေသ အလိုက်နှင့်ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့ တွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန် ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါမိုးသက်လေပြင်း များကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/ မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၄ ၀)အထိ တိုက်ခတ်နိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေဆက်လက်အားကောင်းနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွ က်ယနေ့ညနေအထိခန့်မှန်းချက်။နေရာ ကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အ တွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင် ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။
ယခုမိုးလေဝသ ခန့်မှန်းချက်အား မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ တရားဝင် Website မှ ရယူ ဖော်ပြခြင်း ဖြစ်သည်။
By THe Voice Weekly
ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လ
ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပို
မြန်မာ့ပင်လယ်ပြင်။မြန်မာ့ကမ်းရ
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွ
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အ
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတ
ယခုမိုးလေဝသ ခန့်မှန်းချက်အား မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ တရားဝင် Website မှ ရယူ ဖော်ပြခြင်း ဖြစ်သည်။
By THe Voice Weekly
စစ်တွေတွင် ဘင်္ဂါလီ ၂၀၀ကျော် စုရုံးမှု သေနတ်ပစ်ဖောက် ဟန့်တား
အရေးပေါ် အခြေအနေ ထုတ်ပြန် ထားဆဲဖြစ်သော ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့ ဘုမေရွှာမှ ဘင်္ဂါလီလူမျိုးများ ဇူလိုင်လ ၂၀ရက်နေ့တွင် ဗလီမှ အပြန်တွင် လူ ၂၀၀ကျော် စုရုံးပြီး ရခိုင်တိုင်း ရင်းသားများ နေထိုင်ရာ ရပ်ကွက်များဘက်သို့ ချီတက်လာသဖြင့် လုံခြုံရဲများက သေနတ်ပစ်ဖောက် ဟန့်တား ခဲ့ရကြောင်း ဒေသ အာဏာပိုင်များနှင့် ဒေသခံများက ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်မှာ ဇူလိုင်လ ၂၀ရက်နေ့ နံနက် ဘင်္ဂါလီလူမျိုးများ ဗလီတွင် ၀တ်ပြုပြီး အပြန်တွင် လူ ၂၀၀ခန့် စုံရုံးကာ ရခိုင် တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများသို့ နေ့လယ် ၁နာရီ ခွဲခန့်တွင် ချီတက်လာခဲ့သဖြင့် ဒေသလုံခြုံရေး များက ဆူပူမှု မဖြစ်ပွားစေရန် အချိန်မီ ထိန်းသိမ်း ခဲ့ရကြောင်း ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောကြားသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေးဌာနမှ ဥက္ကဌ ဦးဦးလှသိန်းကမှု “သေနတ်သုံးချက် ပစ်ပြီး လူစုခွဲလိုက်ရတယ်။ ထိခိုက် ပျက်စီးတာတော့ မရှိခဲ့ဘူး“ ဟု ၄င်းက စစ်တွေမြို့ အခြေအနေကို ရှင်းပြသည်။
The Voice Weekly
http://www.thithtoolwin.com/2012/07/blog-post_9001.html#.UAmC8JPbXbM
အဆိုပါ ဖြစ်စဉ်မှာ ဇူလိုင်လ ၂၀ရက်နေ့ နံနက် ဘင်္ဂါလီလူမျိုးများ ဗလီတွင် ၀တ်ပြုပြီး အပြန်တွင် လူ ၂၀၀ခန့် စုံရုံးကာ ရခိုင် တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများသို့ နေ့လယ် ၁နာရီ ခွဲခန့်တွင် ချီတက်လာခဲ့သဖြင့် ဒေသလုံခြုံရေး များက ဆူပူမှု မဖြစ်ပွားစေရန် အချိန်မီ ထိန်းသိမ်း ခဲ့ရကြောင်း ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောကြားသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေးဌာနမှ ဥက္ကဌ ဦးဦးလှသိန်းကမှု “သေနတ်သုံးချက် ပစ်ပြီး လူစုခွဲလိုက်ရတယ်။ ထိခိုက် ပျက်စီးတာတော့ မရှိခဲ့ဘူး“ ဟု ၄င်းက စစ်တွေမြို့ အခြေအနေကို ရှင်းပြသည်။
The Voice Weekly
http://www.thithtoolwin.com/2012/07/blog-post_9001.html#.UAmC8JPbXbM
Friday, 20 July 2012
၂၀၊၇။၂၀၁၂ ညနေပိုင်းသတင်းတိုများစုစည်းတက်ဆက်မှု
လမ်းဘေးဆီဆိုင်တွေ တရားဝင်ဖြစ်အောင် ကူညီမည်
စက်သုံးဆီ ရောင်းချနေတဲ့ မြို့နယ်တိုင်းရှိ လက်လုပ်လက်စား ပျံကျရောင်းချနေသူတွေကို တရားဝင် ခွင့်ပြုနိုင်တဲ့ အဆင့်ဖြစ်အောင် တတ်နိုင်သမျှ ဆောင်ရွက်ပေးပါမယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောပါတယ်။ တရားမဝင် စက်သုံးဆီ ပပျောက်အောင် နည်းမျိုးစုံနဲ့ ဆောင်ရွက်ဖို့ရှိနေပါတယ်။ တရားမဝင် ရောင်းချနေသူတွေကို တရားဝင်အောင် တစ်ဖက်က ဆောင်ရွက်ပေးမှာ ဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်နဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေ ပါဝင်ကူညီ ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ဒေါက်တာဝင်းမြင့်က ‘လမ်းဘေးမှာ ရောင်းချနေတဲ့ လက်လုပ်လက်စားတွေ လက်မဲ့မဖြစ်ဖို့ အားလုံးပူးပေါင်းပြီး ဆောင်ရွက်စေချင်တယ်’ လို့ ပြောပါတယ်။ တရားဝင် ရောင်းချနေတဲ့ လုပ်ငန်းရှင်ချည်းပဲ သည်လုပ်ငန်းကို လုပ်သွားတာမျိုး မဖြစ်စေပဲ သူတို့နဲ့ စီးပွားရေး ဆက်စပ်နေတဲ့ ပျံကျရောင်းချသူတွေကိုပါ တရားဝင်ဖြစ်နိုင်ဖို့ လက်ကမ်းကြိုဆို ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မြို့တွင်းမှာ ပျံကျရောင်းဖို့ ဥပဒေအရ ခွင့်ပြုလို့မရဘူး ဆိုရင်လည်း မြို့ပြင်လိုနေရာမျိုးမှာ ရောင်းချမယ့်နေရာ သတ်မှတ်ပေးဖို့ လိုပါတယ်။ နောက်တစ်ချက်က ဆီထည့်တဲ့ ပန့်တွေ ဝယ်ပေးတာ ဒါမှမဟုတ် ရောင်းတဲ့စနစ် ကျင့်သုံးပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် လုပ်ငန်းရှင်တွေရဲ့ စီးပွားရေးလည်း ဖွံ့ဖြိုးလာမှာ ဖြစ်သလို လက်လုပ်လက်စားတွေလည်း အဆင်ပြေလာနိုင်မှာ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။
http://www.khitlunge.net.mm/news/news_detail.aspx?info_id=26299
အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ်ကြောင့် ကားဈေးထပ်မံ လျော့ကျနိုင်
ဈေးနှုန်းများ ကျဆင်းလျက်ရှိသော ရန်ကုန်မော်တော်ကား ဈေးကွက်အတွင်း နောက်ပိုင်းကာလများတွင် အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ်တွင် ပါရှိသည့် အခွန်နှုန်းထားအတိုင်း ဝယ်ယူမည်ဆိုပါက ဈေးထပ်မံကျဆင်းနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။ အာဆီယံနိုင်ငံများသာမက ဂျပန်၊ ကိုရီးယား၊ အိန္ဒိယစသော အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံများတွင်ပါ မိမိဝယ်ယူမည့် ကုမ္ပဏီကို အဆိုပါ သဘောတူစာချုပ် တောင်းယူနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းဆွေးနွေးဖက် နိုင်ငံများ၏ အကောက်ခွန်နှုန်းထား သက်သာခွင့်တွင် အာဆီယံ-တရုတ်အတွက် Form E ၊ အာဆီယံ-ဂျပန် အတွက် AJ Form နှင့် အာဆီယံ-ကိုရီးယားအတွက် AK Form တို့ပါရှိလျှင် သက်ဆိုင်ရာ သဘောတူစာချုပ်များအလိုက် အခွန်လျှော့ချပေးမည်ဖြစ်ကြောင်း သိရသည်။ “နောက်ပိုင်း လျှောက်လွှာတွေနဲ့ လာလျှောက်လို့ အခွန်သက်သာခွင့်ရရင် မော်တော်ယာဉ်ဈေးနှုန်း ထပ်ကျနိုင်သေးတယ်။ အကန့်အသတ် လုပ်ထားတဲ့ ပမာဏက တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာတဲ့အတွက် ဈေးထပ်ကျနိုင်ပါတယ်။ အားလုံးကလည်း အဲဒီအခြေအနေကို မျှော်လင့်ထားကြတယ်။ ဘယ်လောက်ထိ ဈေးကျမယ် ဆိုတာကိုသာ ခန့်မှန်းလို့ မရသေးတာ” ဟု ၄င်းက ပြောသည်။ အကောက်ခွန်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ အာဆီယံနိုင်ငံများမှ ထုတ်လုပ်သော ကားသစ်တင်သွင်းမည်ဆိုလျှင် အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ် ATIGA Form D ပါရှိလာလျှင် အကောက်ခွန် ငါးရာခိုင်နှုန်းသာ ကောက်ခံမည်ဟု ပါရှိသည်။ ထို့ကြောင့် Form D အာဆီယံ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် ပါရှိရန် လိုအပ်ပြီး မရှိလျှင် မြန်မာ့အကောက်ခွန်နှုန်းထား ၂၀၁၂ ပါ ဇယားအတိုင်း ကောက်ခံမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
http://www.khitlunge.net.mm/news/news_detail.aspx?info_id=26303
မြန်မာ့ပထမဆုံး အွန်လိုင်းမှ ဈေးဝယ်ခြင်းကို AGD ဘဏ်မှ စတင်မည်
စက်သုံးဆီ ရောင်းချနေတဲ့ မြို့နယ်တိုင်းရှိ လက်လုပ်လက်စား ပျံကျရောင်းချနေသူတွေကို တရားဝင် ခွင့်ပြုနိုင်တဲ့ အဆင့်ဖြစ်အောင် တတ်နိုင်သမျှ ဆောင်ရွက်ပေးပါမယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောပါတယ်။ တရားမဝင် စက်သုံးဆီ ပပျောက်အောင် နည်းမျိုးစုံနဲ့ ဆောင်ရွက်ဖို့ရှိနေပါတယ်။ တရားမဝင် ရောင်းချနေသူတွေကို တရားဝင်အောင် တစ်ဖက်က ဆောင်ရွက်ပေးမှာ ဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်နဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေ ပါဝင်ကူညီ ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ဒေါက်တာဝင်းမြင့်က ‘လမ်းဘေးမှာ ရောင်းချနေတဲ့ လက်လုပ်လက်စားတွေ လက်မဲ့မဖြစ်ဖို့ အားလုံးပူးပေါင်းပြီး ဆောင်ရွက်စေချင်တယ်’ လို့ ပြောပါတယ်။ တရားဝင် ရောင်းချနေတဲ့ လုပ်ငန်းရှင်ချည်းပဲ သည်လုပ်ငန်းကို လုပ်သွားတာမျိုး မဖြစ်စေပဲ သူတို့နဲ့ စီးပွားရေး ဆက်စပ်နေတဲ့ ပျံကျရောင်းချသူတွေကိုပါ တရားဝင်ဖြစ်နိုင်ဖို့ လက်ကမ်းကြိုဆို ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မြို့တွင်းမှာ ပျံကျရောင်းဖို့ ဥပဒေအရ ခွင့်ပြုလို့မရဘူး ဆိုရင်လည်း မြို့ပြင်လိုနေရာမျိုးမှာ ရောင်းချမယ့်နေရာ သတ်မှတ်ပေးဖို့ လိုပါတယ်။ နောက်တစ်ချက်က ဆီထည့်တဲ့ ပန့်တွေ ဝယ်ပေးတာ ဒါမှမဟုတ် ရောင်းတဲ့စနစ် ကျင့်သုံးပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် လုပ်ငန်းရှင်တွေရဲ့ စီးပွားရေးလည်း ဖွံ့ဖြိုးလာမှာ ဖြစ်သလို လက်လုပ်လက်စားတွေလည်း အဆင်ပြေလာနိုင်မှာ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။
http://www.khitlunge.net.mm/news/news_detail.aspx?info_id=26299
အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ်ကြောင့် ကားဈေးထပ်မံ လျော့ကျနိုင်
ဈေးနှုန်းများ ကျဆင်းလျက်ရှိသော ရန်ကုန်မော်တော်ကား ဈေးကွက်အတွင်း နောက်ပိုင်းကာလများတွင် အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ်တွင် ပါရှိသည့် အခွန်နှုန်းထားအတိုင်း ဝယ်ယူမည်ဆိုပါက ဈေးထပ်မံကျဆင်းနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။ အာဆီယံနိုင်ငံများသာမက ဂျပန်၊ ကိုရီးယား၊ အိန္ဒိယစသော အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံများတွင်ပါ မိမိဝယ်ယူမည့် ကုမ္ပဏီကို အဆိုပါ သဘောတူစာချုပ် တောင်းယူနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းဆွေးနွေးဖက် နိုင်ငံများ၏ အကောက်ခွန်နှုန်းထား သက်သာခွင့်တွင် အာဆီယံ-တရုတ်အတွက် Form E ၊ အာဆီယံ-ဂျပန် အတွက် AJ Form နှင့် အာဆီယံ-ကိုရီးယားအတွက် AK Form တို့ပါရှိလျှင် သက်ဆိုင်ရာ သဘောတူစာချုပ်များအလိုက် အခွန်လျှော့ချပေးမည်ဖြစ်ကြောင်း သိရသည်။ “နောက်ပိုင်း လျှောက်လွှာတွေနဲ့ လာလျှောက်လို့ အခွန်သက်သာခွင့်ရရင် မော်တော်ယာဉ်ဈေးနှုန်း ထပ်ကျနိုင်သေးတယ်။ အကန့်အသတ် လုပ်ထားတဲ့ ပမာဏက တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာတဲ့အတွက် ဈေးထပ်ကျနိုင်ပါတယ်။ အားလုံးကလည်း အဲဒီအခြေအနေကို မျှော်လင့်ထားကြတယ်။ ဘယ်လောက်ထိ ဈေးကျမယ် ဆိုတာကိုသာ ခန့်မှန်းလို့ မရသေးတာ” ဟု ၄င်းက ပြောသည်။ အကောက်ခွန်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ အာဆီယံနိုင်ငံများမှ ထုတ်လုပ်သော ကားသစ်တင်သွင်းမည်ဆိုလျှင် အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ် ATIGA Form D ပါရှိလာလျှင် အကောက်ခွန် ငါးရာခိုင်နှုန်းသာ ကောက်ခံမည်ဟု ပါရှိသည်။ ထို့ကြောင့် Form D အာဆီယံ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် ပါရှိရန် လိုအပ်ပြီး မရှိလျှင် မြန်မာ့အကောက်ခွန်နှုန်းထား ၂၀၁၂ ပါ ဇယားအတိုင်း ကောက်ခံမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
http://www.khitlunge.net.mm/news/news_detail.aspx?info_id=26303
မြန်မာ့ပထမဆုံး အွန်လိုင်းမှ ဈေးဝယ်ခြင်းကို AGD ဘဏ်မှ စတင်မည်
မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဖြစ် အွန်လိုင်းမှ ဈေးဝယ်ယူခြင်းကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD Bank) မှ စတင်မည်ဖြစ်ကြောင်း အဆိုပါဘဏ်က ဇူလိုင် ၁၆ ရက်တွင် တရားဝင် ထုတ်ပြန်လိုက်သည်။ အဆိုပါ ဘဏ်တွင် ငွေစာရင်း ဖွင့်လှစ်ထားသူများအနေဖြင့် အွန်လိုင်းမှ ဈေးဝယ်ယူခြင်းကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်နှင့် ရတနာပုံတယ်လီပို့တို့ ပူးပေါင်းကာ အင်တာနက်တွင် ဈေးဝယ်ယူခြင်းကို စမ်းသပ်တည်ဆောက် ရေးဆွဲမှုများ ပြီးစီးပြီဖြစ်ကြောင်း၊ ယင်းနောက် စမ်းသပ်၍ သုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့လည်း အဆိုပါ စနစ်ကို ခွင့်ပြုချက် တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။ စမ်းသပ်မှုများ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း ၎င်းတို့အား ခွင့်ပြုချက် ပေးလိုက်ကြောင်း၊ ယင်းကြောင့် မကြာတော့သည့် ကာလအတွင်း အများပြည်သူတို့ အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ယူခြင်းကို စတင်နိုင်ပြီ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
စိုက်ပျိုးရေးဆိုင်ရာ အများပိုင်ကုမ္ပဏီ မြို့ကြီးသုံးမြို့တွင် အစုရှယ်ယာများ စတင်ရောင်းချသွားမည်
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက တည်ထောင်ထားသည့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ အများပိုင်ကုမ္ပဏီ (Myanmar Agribusiness Public Corporation, MACPO) ၏ အစုရှယ်ယာများကို လာမည့်သြဂုတ်လဆန်းတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့တို့တွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း ၄င်းကုမ္ပဏီ တည်ထောင်ရာတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ဒါရိုက်တာ ဦးရဲမင်းအောင်က ပြောသည်။ ရှယ်ယာဝယ်ယူလိုသူများအား ရှယ်ယာတစ်စုလျှင် ကျပ်ငွေတစ်သောင်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ကျပ်ငွေတစ်ဘီလီယံထက် ပိုမိုဝယ်ယူခွင့် မရှိကြောင်း ၄င်းဒါရိုက်တာက ပြောသည်။ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းတွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ပြီး ဆန်တင်ပို့ရာတွင် ထိပ်တန်းကုမ္ပဏီ ၃ ခုတွင် ရပ်တည်သည့် လုပ်ငန်းရှင်တစ်ဦးက “နိုင်ငံတကာမှာ အများပိုင်ကုမ္ပဏီဆိုတာ Private ကုမ္ပဏီကနေ Public ကုမ္ပဏီဖြစ်လာတာ။ Private ကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေ အောင်မြင်လာရင် လုပ်ငန်းတွေ ကြီးလာရင် သူ့ငွေနဲ့သူ မနိုင်တော့ဘူး။ ဒီတော့ အများပိုင်ကုမ္ပဏီအနေနဲ့ ထူထောင်ပြီး ရှယ်ယာထုတ်ရောင်းတာ။ ရှယ်ယာ ဝယ်တဲ့သူက Private ကုမ္ပဏီမှာ ဘယ်လောက် အောင်မြင်ခဲ့သလဲ၊ သူ့အကျိုးအမြတ်တွေ ဘယ်လောက်ရှိသလဲ၊ တစ်နှစ်စာ တစ်နှစ် ရှင်းတမ်းတွေကို ကြည့်ပြီးတော့မှ စိတ်ဝင်စားပြီး ဒီကုမ္ပဏီကတော့ လုပ်ငန်းကောင်းတယ်၊ အကျိုးအမြတ်တွေ ရှာနိုင်တယ်ဆိုတာ ကြည့်ပြီးမှ ရှယ်ယာထည့်မယ့်သူက ရှယ်ယာဝယ်တာ။ နိုင်ငံတကာမှာ အများပိုင်ကုမ္ပဏီကို ချက်ချင်းထောင်ပြီး ချက်ချင်းထုတ်ရောင်းတယ်ဆိုတာ မရှိပါဘူး။ မြန်မာနိုင်ငံမှာ ပြောင်းပြန်ဖြစ်နေတာ။ အခုမှ ထောင်တယ်၊ အခု ချက်ချင်းရှယ်ယာထုတ်ရောင်းတယ်၊ ဒါလုံးဝ မဖြစ်သင့်ဘူး” ဟု ထောက်ပြပြောကြားသည်။ ၄င်းအများပိုင်ကုမ္ပဏီ တည်ထောင်ခွင့်ကို ယခုနှစ် ဧပြီလအတွင်း သက်ဆိုင်ရာက ခွင့်ပြုခဲ့ပြိး ကုမ္ပဏီမတည် ရင်းနှီးငွေပမာဏသည် ကျပ်ဘီလီယံ တစ်ထောင် ရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
ရုပ်သံလိုင်းများ လန်ဒန်အိုလံပစ်ပြိုင်ပွဲကို အပြိုင်ပြသမည်
ယခုလနှောင်းပိုင်းတွင် စတင်မည့် လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင် နိုင်ငံအသီးသီးမှ အိုလံပစ်လက်ရွေးစင် အားကစားသမားများ အကြိတ်အနယ် အနိုင်မခံ အရှုံးမပေး ယှဉ်ပြိုင်ကြတော့မည် ဖြစ်သကဲ့သို့ မြန်မာပြည်တွင်း ရုပ်သံလိုင်းများကလည်း အိုလံပစ်ပြိုင်ပွဲအား သူ့ထက်ငါအပြိုင် ထုတ်လွှင့်ကြမည်ဖြစ်သည့် အတွက် လန်ဒန်အိုလံပစ် ပြိုင်ပွဲများနှင့် ပတ်သက်၍ ပြိုင်ဆိုင်မှုက ပြည်တွင်း၌လည်း ရှိနေသည်။ ပြည်တွင်းပြည်ပ အားကစားပြိုင်ပွဲများအတွက် ရုပ်သံထုတ်လွှင့်ခွင့်များကို အရယူကာ Sky Net ရုပ်သံလိုင်းသည် မြန်မာပြည်တွင် အားကစားအစီအစဉ်များ ထုတ်လွှင့်ရာ၌ ဦးစီးဦးဆောင် အခန်းကဏ္ဍ၌ ရှိနေသည့် အထင်ကရ ရုပ်သံလိုင်းတစ်ခုဖြစ်သည့် အားလျော်စွာ Sky Net မှ လန်ဒန်အိုလံပစ် ပြိုင်ပွဲအား တိုက်ရိုက်ထုတ်လွှင့်မည်ဟု ပြီးခဲ့သည့် ဇွန်လက မြန်မာပရိသတ်များအား ကြေညာခဲ့သည်။ “တခြားရုပ်သံလိုင်းတွေက ပြမယ်၊ မပြဘူးဆိုတာတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ကမ္ဘာ့အားကစားပွဲကြီးတွေကို ပြသမယ့် တစ်ခုတည်းသော ရုပ်သံလိုင်းအနေနဲ့ ရပ်တည်နိုင်ဖို့ ပြုလုပ်သွားမယ်” ဟု Sky Net မှ အကြီးတန်းအထွေထွေ မန်နေဂျာ ဦးဇော်သက်မောင်က ပြောကြားခဲ့သည်။ သို့သော် Forever Group ကုမ္ပဏီလက်အောက်တွင် ရှိသော 5 Movie ရုပ်သံလိုင်းသည် ဇူလိုင် ၁၀ ရက်ထုတ် ကြေးမုံ သတင်းစာတွင် အိုလံပစ်ပြိုင်ပွဲအား တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည်ဟူသော ခေါင်းစဉ်ဖြင့် ကြော်ငြာထည့်သွင်းခြင်းအားဖြင့် ရုပ်သံပြိုင်ဆိုင်မှုထဲ ဝင်ရောက်လာသည်။ Forever Group ကုမ္ပဏီလက်အောက်ရှိ အခမဲ့ရုပ်သံလိုင်းများဖြစ်သော MRTV-4 နှင့် Channel-7 တို့သည်လည်း လန်ဒန်အိုလံပစ်ပြိုင်ပွဲအား တိုက်ရိုက်သော်လည်းကောင်း၊ ထပ်ဆင့်သော်လည်းကောင်း၊ Highlight ပြသခြင်းဖြင့် သော်လည်းကောင်း ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
မြန်မာအင်ဖိုတက်ခ်၌ လွတ်လပ်ပွင့်လင်းစွာ ရှာဖွေရေး ဆွေးနွေးပွဲ ကျင်းပမည်
မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှု စတင်လုပ်ဆောင်ရာ၌ အဓိကကျသော Data (အချက်အလက်)များ၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ကွန်ပျူတာနှင့် ပတ်သက်သော ICT နည်းပညာကို အသုံးပြုနိုင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအဖွဲ့နှင့် အိုင်စီတီ အချက်များကို လွတ်လပ်ပွင့်လင်းစွာ ရှာဖွေရေး ဆွေးနွေးပွဲမှ (Barcamp Yangon) ကို လာမည့် သြဂုတ်၃ ရက်တွင် လှိုင်မြို့နယ်ရှိ မြန်မာအင်ဖိုတက်ခ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးနှင့် ပညာရေး စသည်များမှ အိုင်တီနည်းပညာနှင့် ပေါင်းစပ်လုပ်ဆောင်ရန် စိတ်ပါဝင်စားသည့် လူငယ်များကို ဖိတ်ခေါ်ပြီး သြဂုတ် ၃ ရက်မှစပြီး ကဏ္ဍတစ်ခုစီ အတွက် တစ်ရက်စီ ဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်သည်။ လူငယ်များ၏ စွန့်ဦးတီထွင်သည့် စွမ်းရည်များကို မြင်ချင်ပါကြောင်း၊ နိုင်ငံတကာတွင် ICT နည်းပညာကို အသုံးပြု၍ Data များရှာဖွေခြင်း၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ ကိစ္စများကို ဆောင်ရွက်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်သင့်ကြောင်း၊ အထူးသဖြင့် စွန့်ဦးတီထွင်လိုသည့် လူငယ်များအနေဖြင့် ပါဝင်ဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်အတွက် များစွာ အထောက်အကူ ပြုနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းများအကြောင်း မိတ်ဆက်ပြောကြားခြင်းကို ထိုင်းနိုင်ငံ၌ ပြုလုပ်မည်
|
အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များ အလုပ်ထုတ်ခံရမှု သက်ဆိုင်ရာသို့ တင်ပြမည်
မြန်မာနိုင်ငံတွင်းရှိ စက်ရုံ အလုပ်ရုံများတွင် အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့်ပေးရေး တောင်းဆိုသည့်
အလုပ်သမား ခေါင်းဆောင်များ အလုပ်မှ ထုတ်ပယ်ခြင်း ခံနေရသည့် ကိစ္စနှင့် ပတ်သက်၍ အလုပ်သမား ၀န်ကြီးဌာန အလုပ်သမားခုံ သမာဓိရုံးနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများသို့ တင်ပြသွားရန်ရှိကြောင်း နိုင်ငံတကာ အလုပ်သမား အဖွဲ့
(ILO) မှ နည်းပညာ ဆိုင်ရာအကြံပေး အရာရှိ ရော့ခ် ၀ီလ်စင်က ပြောသည်။
အလုပ်သမား ခေါင်းဆောင်များ အလုပ်မှ ထုတ်ပယ်ခြင်း ခံနေရသည့် ကိစ္စနှင့် ပတ်သက်၍ အလုပ်သမား ၀န်ကြီးဌာန အလုပ်သမားခုံ သမာဓိရုံးနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများသို့ တင်ပြသွားရန်ရှိကြောင်း နိုင်ငံတကာ အလုပ်သမား အဖွဲ့
(ILO) မှ နည်းပညာ ဆိုင်ရာအကြံပေး အရာရှိ ရော့ခ် ၀ီလ်စင်က ပြောသည်။
ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရသည့် ဆန္ဒပြနေသော တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ(ဓာတ်ပုံ – ဧရာဝတီ)
ယင်းသို့ အလုပ်သမား ခေါင်းဆောင်များ အလုပ်မှ ထုတ်ပယ် ခံနေရခြင်းသည် မကြာမီက ထုတ်ပြန်ထားသည့်
အလုပ်သမား အခြေခံဥပဒေ၏ အကျိုးသက်ရောက်မှု အားနည်းနေသောကြောင့် ဖြစ်ကြောင်း၊ ထို့အပြင် လူထု သိရှိမှု နည်းနေပြီး ဥပဒေပါ အချက်အလက်များတွင် အလုပ်သမားများ အပေါ် ကာကွယ် တာဝန်ယူနိုင်သည့် အချက်အလက်များ နည်းပါးနေခြင်းကြောင့် ဖြစ်ကြောင်း၊ အလုပ်သမား ခေါင်းဆောင်များ ထုတ်ပယ် ခံနေရခြင်းကို သက်ဆိုင်ရာ ဌာနများက
စုပေါင်း တားဆီးရန် လိုအပ်ကြောင်း ၎င်းက ယမန်နေ့ ရန်ကုန်တွင် ပထမဆုံးအကြိမ် ကျင်းပသည့် ILO အလုပ်ရုံ ဆွေးနွေးးပွဲတွင် ပြောဆိုလိုက်သည်။
အလုပ်သမား အခြေခံဥပဒေ၏ အကျိုးသက်ရောက်မှု အားနည်းနေသောကြောင့် ဖြစ်ကြောင်း၊ ထို့အပြင် လူထု သိရှိမှု နည်းနေပြီး ဥပဒေပါ အချက်အလက်များတွင် အလုပ်သမားများ အပေါ် ကာကွယ် တာဝန်ယူနိုင်သည့် အချက်အလက်များ နည်းပါးနေခြင်းကြောင့် ဖြစ်ကြောင်း၊ အလုပ်သမား ခေါင်းဆောင်များ ထုတ်ပယ် ခံနေရခြင်းကို သက်ဆိုင်ရာ ဌာနများက
စုပေါင်း တားဆီးရန် လိုအပ်ကြောင်း ၎င်းက ယမန်နေ့ ရန်ကုန်တွင် ပထမဆုံးအကြိမ် ကျင်းပသည့် ILO အလုပ်ရုံ ဆွေးနွေးးပွဲတွင် ပြောဆိုလိုက်သည်။
“အလုပ်သမား ခေါင်းဆောင်တွေ အလုပ်ထုတ် ခံနေရတဲ့အပေါ် အလုပ်သမား ၀န်ကြီးဌာနက အလုပ်ရှင်တွေကို သတိပေးတာ၊ သတင်းအချက်အလက် ထုတ်ပြန်တာတွေ လုပ်ပေးသင့်တယ်။ အလုပ်သမား၊ အလုပ်ရှင်နဲ့ သက်ဆိုင်ရာ ဌာနများကလည်း ဥပဒေ ပြဌာန်းချက်တွေကို အတိအကျ လိုက်နာသင့်တယ်” ဟု သူက ဆိုသည်။
အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်ရှင် အဖွဲ့အစည်းများနှင့် ဌာနများမှ ခုံသမာဓိ အဖွဲ့ဝင်များ၊ဥပဒေ ရေးရာ သက်ဆိုင်သူ များကို ILO က တာဝန်ယူကာ အဖွဲ့အစည်း တခုချင်းစီ သော်လည်းကောင်း၊ စုပေါင်း၍သော် လည်းကောင်း ပြီးပြည့်စုံမှု ရှိသည့် အလုပ်သမား၊ အလုပ်ရှင်နှင့် ပတ်သက်သည့် ဥပဒေရေးရာ သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ပို့ချ သွားရန် ရှိကြောင်း သိရသည်။
ဥပဒေ ပြဌာန်းချက်နှင့် မညီဘဲ အလုပ်သမား ခေါင်းဆောင်များကို အလုပ်မှ ထုတ်ပယ်ခြင်းသည် အလုပ်သမား ဥပဒေနှင့်
အကျုံးမ၀င်ကြောင်း၊ ထို့ကြောင့် ဥပဒေ အသက်ဝင်စေရေးအတွက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလုပ်သမား ခုံသမာဓိ အဖွဲ့များအနေဖြင့် လုပ်သားရေးရာ ကိစ္စများ ဆုံးဖြတ်ရာတွင် တရားမျှတမှုမရှိဘဲ ဘက်လိုက်မှုများ ရှိနေမည်ကို အလုပ်သမား များက စိုးရိမ်လျက်ရှိသည်ဟု အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တဦးဖြစ်သည့် ဦးဇော်ညွန့်က ပြောသည်။
အကျုံးမ၀င်ကြောင်း၊ ထို့ကြောင့် ဥပဒေ အသက်ဝင်စေရေးအတွက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလုပ်သမား ခုံသမာဓိ အဖွဲ့များအနေဖြင့် လုပ်သားရေးရာ ကိစ္စများ ဆုံးဖြတ်ရာတွင် တရားမျှတမှုမရှိဘဲ ဘက်လိုက်မှုများ ရှိနေမည်ကို အလုပ်သမား များက စိုးရိမ်လျက်ရှိသည်ဟု အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တဦးဖြစ်သည့် ဦးဇော်ညွန့်က ပြောသည်။
“ဥပဒေပိုင်း ဆိုင်ရာတွေကို ပြန်ညှိဖို့တော့ လိုအပ်နေပြီ။ အလုပ်ရှင်တွေက အလုပ်သမား ခေါင်းဆောင်တွေကို ပြစ်မှု မကျူးလွန်ဘဲ ဖြုတ်ပစ်တာတွေပါ ရှိလာတယ်” ဟု သူက ဆိုသည်။
ဖြစ်ရပ်တခုအနေဖြင့် စံကောင်း ကမ္ဘာကျော် စက်ရုံတွင် အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းခဲ့ရာ ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သော လုပ်သား ကိုယ်စားလှယ် ၁၂ ဦးအား ပြစ်မှုကျူးလွန်ခြင်း မရှိဘဲ အလုပ်မှ ထုတ်ခဲ့ကြောင်း သိရသည်။
စက်ရုံ အလုပ်ရုံများတွင် အလုပ်သမား ဆန္ဒပြမှုများ ဆက်လက်ရှိနေမည် ဆိုပါက ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက် လာသည့် အခါတွင် အကျိုး သက်ရောက်မှုများ ရှိလာနိုင်ကြောင်း လုပ်ငန်းရှင် အသိုင်းအ၀န်းက ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ တ၀န်း၌ တရားဝင် မှတ်ပုံတင်ထားသည့် အခြေခံ အလုပ်သမား အဖွဲ့အစည်း စုစုပေါင်း ၁၂၇ ဖွဲ့
ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။
ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။
ယမန်နေ့က ကျင်းပသည့် ILO ၏ အလုပ်ရုံဆွေးနွေးပွဲသို့ အလုပ်သမားရေးရာ ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦး၊ အလုပ်ရှင် အဖွဲ့အစည်းမှ တာဝန်ရှိသူ အနေဖြင့် ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဒေါ်ခိုင်ခိုင်နွယ်၊ အလုပ်သမား အဖွဲ့အစည်းများ ဘက်မှ ဦးသန့်ဇင်ဦးနှင့် အလုပ်သမား အင်အား ၃၀၀ ကျော် တက်ရောက် ဆွေးနွေး ခဲ့သည်။
Subscribe to:
Posts (Atom)
