Friday, 20 July 2012

မိမိတို့ပါတီများအပေါ် နိုင်ငံတော်သမ္မတမှ ရင်းနှီးပွင့်လင်းစွာတွေ့ဆုံဆွေးနွေးခဲ့သောကြောင့် များစွာအားရကျေ နပ်မှုရှိခဲ့ကြောင်း ဒီမိုကရေစီမိတ်ဆွေပါတီများမှ ပါတီခေါင်းဆောင်တချို့ကပြော


နိုင်ငံတော်သမ္မတအနေဖြင့် မိမိတို့ပါတီများအပေါ် 
ရင်းနှီးပွင့်လင်းစွာတွေ့ဆုံဆွေးနွေးခဲ့သောကြောင့် များစွာအားရကျေ နပ်မှုရှိခဲ့ကြောင်း ဒီမိုကရေစီမိတ်ဆွေပါတီများမှ ပါတီခေါင်းဆောင်တချို့က ပြောသည်။ 
မိမိတို့မိတ်ဆွေပါတီများနှင့် နိုင်ငံတော်သမ္မတတို့ အချိန် ၄ နာရီမျှ ဆွေးနွေးခဲ့သောအခါတွင် တွေ့ဆုံသူတစ်ဦးလျှင် အချိန် ၅ မိနစ်ဝန်းကျင်စီတင်ပြဆွေးနွေးရန်ပြောဆိုခဲ့သော်လည်း တကယ်တမ်းတွေ့ဆုံသူများအားလုံးတင်ပြချက်ကို တစ်ချက်ချင်းစီ အချက်ကျကျ ပြန်လည်ပြောဆိုဆွေးနွေးခဲ့ကြောင်း၊ ယခုလို ဆွေးနွေးမှုမျိုးကို သမ္မတကိုယ်တိုင်အားရ ကျေနပ်မှုရှိသည်အပြင်နောင်တွင်လည်း ထပ်မံပြုလုပ်ဦးမည်ဆိုခဲ့ကြောင်း အဆိုပါတွေ့ဆုံပွဲသို့တက်ရောက်ခဲ့သော ဒီမို ကရက်တစ်ပါတီဥက္ကဌ ဦးသုဝေက ပြောသည်။
ထို့အပြင် မိတ်ဆွေပါတီများဘက်မှ နိုင်ငံတော်သမ္မတနှင့်မတွေ့ဆုံခင်ထဲက မိမိတို့ပါတီအချင်းချင်း မည်သည့်အကြောင်း အရာများကို မည်သို့ဆွေးနွေးသွားရန်ကြိုတင် ဆွေးနွေးထားသောကြောင့် တင်ပြချက်များမထပ်ခဲ့ကြောင်း လာမည့်ရွေး ကောက်ပွဲတွင် အချိုးကျကိုယ်စားပြု စနစ်အကြောင်း၊ စီးပွားရေးဆိုင်ရာ အကြံပြုချက်များ၊ ပြည်နယ်များတွင်ဖြစ်ပေါ်နေ သောပြသနာများနှင့် တိုင်းရင်းသားအရေးကိစ္စများ၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စများကို တင်ပြဆွေးနွေးခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။
`` ရွေးကောက်ပွဲစနစ်ကိုပြုပြင်ဖို့ ကျွန်တော်ကပြောခဲ့ပါတယ်။ ကိုယ်ပြောခွင့်ရတဲ့အချိန်က နည်းတာကြောင့် စာတမ်းတွေ ကြိုလုပ်သွားတယ်။ အဲဒီစာတမ်းတွေကတော့ တင်ပြချင်တဲ့ အကြောင်းအရာတွေ အပြည့်အစုံပါပဲ။ သမ္မတကလည်း ကျွန် တော်တို့တင်ပြချက်တွေကို တစ်ချက်ချင်း ဆွေးနွေးပါတယ်။ အားရကျေနပ်မှုရှိပါတယ်။ ´´ ဟု အမျိုးသာနိုင်ငံရေးအင် အားစုပါတီ NDF မှ ဒေါက်တာသန်းငြိမ်းက ပြောသည်။
ထိုသို့နိုင်ငံတော်သမ္မတအနေဖြင့် မိမိတို့နိုင်ငံရေးပါတီများအပေါ်ရင်းနှီးပွင့်လင်းစွာပြောဆိုဆက်ဆံမှုကို များစွာအားရ ကျေနပ်သည့်အပြင် မိမိတို့ပြည်နယ်အရေးများနှင့်ပက်သက်ပြီး ဖြစ်နိုင်၊ မဖြစ်နိုင်နှင့် တိုးတက်ကောင်းမွန်လာစေရန် ဆွေး နွေးအကြံပြုချက်များ၊ တာဝန်များကိုပြန်လည်ညွှန်ကြားချက်များကြောင့် ကျေနပ်ဝမ်းမြောက်မိပါကြောင်း ချင်းအမျိုးသားပါ တီမှ ဥက္ကဌဖြစ်သူ ဦးဇိုဇမ်းကလည်းပြောသည်။
ထိုဆွေးနွေးပွဲသို့နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုစက်မှုဝန်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စု ရထားပို့ဆောင်ရေးဝန် ကြီး ဦးအောင်မင်းတို့အပြင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဒီမိုက ရက်တစ်ပါတီ( မြန်မာ) မှ ဦးသုဝေ၊ ဒေါ်သန်းသန်းနု၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးအောင်သန်း၊ ဦးမျိုးညွန့်၊ ညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးထွန်းရွှေ၊ ပြည်ထောင်စုဒီမိုကရေစီပါတီမှ ဦးသောင်းဝင်း၊ ရခိုင်တိုင်းရင်းသားများတိုး တက်ရေးပါတီမှ ဦးဦးလှစော၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းအိုက်ပေါင်း၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေ စီပါတီမှ ဦးနိုင်လှအောင်၊ ချင်းအမျိုးသားပါတီမှ ဦးဇိုဇမ်၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ဦးစောသိန်းအောင်တို့တက် ရောက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ထက်ခေါင်လင်း



By The Myanmar Post News Journal

မြောက်ဥက္ကလာတွင် လေဆင်နာမောင်းတိုက်

ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပ မြို့နယ် “ဌ“ ရပ်ကွက်တွင် ဇူလိုင်လ ၁၉ ရက် ည ၉နာရီ ၄၅ မိနစ်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အိမ်ခြေတစ်ရာခန့် ပျက်စီးခဲ့ပြီး မိသားစု ၃၀၀ ကျော် ထိခိုက် ဆုံးရှုံးကာ လူအသေအပျောက် မရှိကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးတိုးကြွယ်က ပြောကြားသည်။ ယင်းလေဆင်နှာမောင်း ကြောင့် ဌ ရပ်ကွက် ခေမာကျောင်းလမ်း ၃၊ ၄၊ ၅၊ ၇၊ ၈၊ စကားဝါလမ်း ၊နှင်းဆီ ၁လမ်း၊ ၂လမ်း၊ ပတ္တမြားလမ်းတို့မှ လူနေအိမ်များ၏ ခေါင်မိုးများ လန်ထွက်ကုန်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။ ”ဓနိမိုး ထရံကာ အိမ်တစ်လုံးတော့ ပြိုသွားတယ်”ဟု ၄င်းက ဆိုသည်။ ”၀ုန်းကနဲဆိုပြီး ခဏလေးပဲ အကုန်လုံး ပါသွားတယ်”ဟု နှင်းဆီလမ်းတွင် နေထိုင်သူ အမျိုးသမီးကြီး တစ်ဦးက ပြောသည်။ ကောင်းကင်တွင် အနီရောင်ကြီး ပေါ်လာပြီးနောက် ငါးစက္ကန့်လောက်အတွင်း အမိုးများ အကုန်လုံး လန်ထွက်သွား သည်ဟု ၄င်းက ဆိုသည်။








By The Voice Weekly

ပို့ဆောင်ရေးဝန်ကြီးဌာနပိုင် မြေပေါ်မှ ကျူးကျော်အိမ်များ ဖယ်ရှား

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ် ( ၅ ) ရပ်ကွက်အတွင်းရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနပိုင်မြေအတွင်း လွန်ခဲ့သောငါးနှစ်ခန့်မှစ၍ ၀င်ရောက်နေထိုင်ကြသည့် ကျူးကျော်နေအိမ်တစ်ရာခန့်ကို ဇူလိုင်လ ၂၀ ရက်နေ့အပြီး ဖယ်ရှားရန် ညွှန်ကြားထား၍ ယနေ့နံနက်ပိုင်းက စတင်ဖျက်သိမ်းနေသည်ကို တွေ့ရစဉ်။







By The Voice Weekly

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် သရုပ်ဆောင် နောက်ဆုံးအဆင့်ရွေးချယ်ပွဲ

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်ရန် နောက်ဆုံးအဆင့် လူရွေးချယ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင်ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့နှင့် သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများက စစ်ဆေး ကြည့်ရှု့အကဲဖြတ်သည့်မြင်ကွင်းပုံရိပ်များ။ ( ဓာတ်ပုံ - ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့)






















By The Voice Weekly

အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချယ် သတင်းစာရှင်းလင်းပွဲ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချယ် ယနေ့ နံနက်ပိုင်းက အမေရိကန် သံရုံးတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲမှဓာတ်ပုံများ




By The Voice Weekly




တောင်အာရှဒေသ မြေပြိုမှုများ ကြိမ်နှုန်း စိပ်သထက် စိပ်လာ

နယူးဒေလီ၊ ဇူလိုင် ၂၀
တောင်အာရှဒေသတွင် မြေပြိုမှုများ ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ဆက်တိုက်တိုးပွားလာနေသည်ကို တွေ့ရကြောင်း ဘူမိဗေဒပညာရှင်များက ပြောကြားလိုက်ကြသည်။ မိုးရွာသွန်းမှု များပြားခြင်း၊ မြေငလျင် လှုပ်ခတ်နှုန်း ပိုစိပ်လာခြင်း၊ လူသားတို့ကြောင့် ပတ်ဝန်းကျင် ဂေဟစနစ် ပိုမိုထိခိုက် ပျက်ယွင်းလာခြင်းတို့သည် မြေပြိုမှုများ ဆိုးဝါးသထက် ဆိုးဝါးလာရခြင်း အကြောင်းရင်းများဖြစ်ကြောင်း ပညာရှင်များက ဆိုသည်။

မြေပြိုမှုများကြောင့် လူသေဆုံးခြင်း၊ ပစ္စည်းဥစ္စာများ ပျက်စီးခြင်းနှင့် အိုးအိမ်များကို စွန့်ခွာရခြင်းများသည်လည်း တောင်အာရှဒေသတွင် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ဆက်တိုက် မြင့်တက်လာခဲ့ကြောင်း သိရသည်။ တောင်အာရှဒေသ ဟိမ၀န္တာတောင်တန်းများ၏ အခြေဒေသများတွင် မိုးရာသီ၌ မြေပြိုမှု အများဆုံး ဖြစ်ပွားတတ်ကြောင်းလည်း သိရသည်။

`အခုနောက်ပိုင်းနှစ်တွေမှာ မြေပြိုနှုန်းတွေ ပိုစိပ်လာတာ တွေ့ရပါတယ်၊ အထူးသဖြင့် အိန္ဒိယ တောင်ပိုင်းဒေသ၊ နီပေါ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် တစ်ချို့ဒေသတွေမှာ မြေပြိုမှု ဖြစ်ပွားနှုန်းတွေ တက်သထက် တက်လာနေပါတယ်´ ဟု အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အခြေစိုက်သော တောင်အာရှ သဘာဝဘေးဆိုးများ စီမံခန့်ခွဲရေးစင်တာ (SAARC’s) မှ သဘာဝဘေးအန္တရာယ်များဆိုင်ရာ အထူးကျွမ်းကျင်သူ မရီဂန်ကာ ဂါတက်ခ်က ပြောသည်။

စင်တာမှ ကောက်ယူထားသော စစ်တမ်းများအရ ၂၀၀၉ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ဖြစ်ပွားခဲ့သည့် မြေပြိုမှု စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းသည် တောင်အာရှဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုနှစ်တွင် မြေပြိုမှုကြောင့် တောင်အာရှမှ လူပေါင်း ၂၈၀ သေဆုံးခဲ့ရကြောင်းလည်း သိရသည်။ ၂၀၁၀ တွင်လည်း တောင်အာရှမြေပြိုနှုန်းများသည် ထို့ထက်မနည်းသောနှုန်းတွင် ရှိနေကြောင်း မစ္စတာ ဂါတက်ခ်က ပြောသည်။
တောင်အာရှဒေသတွင် မြေပြိုမှု အများဆုံး ဖြစ်ပွားနေရခြင်းမှာ မိုးရေချိန် များပြားလွန်းခြင်းနှင့် ဒေသ၏ ဘူမိမြေလွှာဖွဲ့စည်းပုံကြောင့်ဖြစ်ကြောင်း ပါမောက္ခ ဒေးဗစ် ပတ်လေကလည်း ပြောသည်။ ပါမောက္ခ ဒေးဗစ် ပတ်လေသည် ဗြိတိန်နိုင်ငံ ဒါဟမ် တက္ကသိုလ်မှ ဘူမိဗေဒ ပညာရှင်တစ်ဦးဖြစ်ပြီး နီပေါနိုင်ငံ၏ မြေပြိုမှုများနှင့် ဘူမိဖြစ်စဉ်များကို နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာ စာရင်းပြုစုနေသူလည်း ဖြစ်သည်။

တောင်အာရှဒေသသည် လှုပ်ရှားနေသော ကမ္ဘာ့မြေလွှာချပ် ဆက်ကြောင်းကြီးများ ဆုံရာ နေရာပေါ်တွင် တည်ရှိနေခြင်းကြောင့်လည်း မြေလွှာလှုပ်ရှားမှုများ မကြာမကြာ ဖြစ်ပွားကာ မြေပြိုမှုများ ပိုများရခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် လူသားတို့ ပယောဂကြောင့် ရာသီဥတု ပြောင်းလဲပြီး မိုးရွာသွန်းမှုများ တောင်အာရှဒေသတွင် ပိုလာရခြင်းသည်လည်း မြေပြိုမှုများ မြင့်တက်လာခြင်း၏ အဓိက အကြောင်းရင်းတစ်ချက်ဖြစ်ကြောင်း မစ္စတာ ပတ်လေက ပြောသည်။

Source: BBC



By Messenger News Journal

တက္ကသိုလ်ဝင်တန်း အမှတ်အများဆုံး ၁၀ ဦး ရန်ကုန်တိုင်းအစိုးရ ဆုချီးမြှင့်မည်



ရန်ကုန် (မဇ္ဈိမ) ။        ။ ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ မြန်မာ တနိုင်ငံလုံး အမှတ်အများဆုံးရရှိပြီး အဆင့် ၁  မှ ၁ဝ အထိ စာရင်းဝင်ခဲ့ကြသော ကျောင်းသူ/ကျောင်းသားများအား ရန်ကုန်တိုင်း အစိုးရက ဇူလိုင်လကုန်ပိုင်းတွင် ဆုချီးမြှင့်သွားမည်ဟု တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောသည်။

“အဆင့် ၁ ကနေ ၁၀ အထိ စာရင်းဝင် ကျောင်းသား/ကျောင်းသူ အရေအတွက်ကို သက်ဆိုင်တဲ့ ဌာနတွေကနေ တဆင့် တောင်းယူနေပါတယ်။ ဆုချီးမြှင့်ပွဲကို ဇူလိုင်လကုန်ပိုင်းမှာ ကျင်းပမှာ ဖြစ်ပေမယ့် ရက်အတိအကျ မထွက်သေး ပါဘူး” ဟု ဆိုသည်။

ယခင်နှစ်များက အမှတ်အများဆုံးရရှိသည့် တက္ကသိုလ်ဝင်တန်း ကျောင်းသူ/ကျောင်းသား များအား အမှတ် (၃) အခြေခံပညာ ဦးစီးဌာနက ဆုချီးမြင့်ခဲ့သော်လည်း ယခုနှစ်တွင် အစိုးရက စတင် ဆုချီးမြှင့်လာခြင်းဖြစ်သည်။

ပွဲကျင်းပခြင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို  ဇူလိုင်လ တတိယပတ်အတွင်း ဝန်ကြီးဌာနက ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

ပြီးခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရန်ကုန်တိုင်းဒေသတွင်းမှ ကျောင်းသူ/ကျောင်းသား ဦးရေ ၁ သိန်းကျော် ဝင်ရောက် ဖြေဆိုခဲ့သည်ဟု နိုင်ငံပိုင် MRTV4 သတင်းဌာန ဝက်ဆိုက်တွင် ဖော်ပြထားသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးရရှိရေး ဆန္ဒပြရန် စီစဉ်နေ


ချင်းမိုင်(မဇ္စျိမ) ။       ။ ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေး လိုလားကြောင်း မြစ်ကြီးနားမြို့ခံ အမျိုးသမီးများ ဦးဆောင်၍ လူမျိုးဘာသာမရွေး ပါဝင်သော စီတန်းလှည့်လည် ဆန္ဒပြပွဲတရပ်ကို လာမည့်သီတင်းပါတ်တွင် ပြုလုပ်ရန် စီစဉ်နေသည် ဟု ဦးဆောင် စီစဉ်သူတဦးဖြစ်သည့် ဒေါ်ဂျာခေါန်က ပြောသည်။

“ကျမတို့ ဒီမှာက ငြိမ်းချမ်းရေးမရှိသေးလို့ ကျမတို့ မိခင်တွေရဲ့ ဆန္ဒဖော်ထုတ်ဖို့ အဓိကပဲ။ ကျမတို့ မိခင်တွေက တိုင်းရင်းသားတွေ၊ မြို့မိမြို့ဖတွေ အကုန်လုံးကို စုပေါင်းပြီးမှ ကျမတို့ရဲ့ ဆန္ဒကို ဖော်ထုတ်ဖို့ အစီအစဉ် ရှိပါတယ်။ ခု အကုန်လုံးနဲ့ ညှိနှိုင်းနေတုန်းပဲ ရှိပါတယ်။ အားလုံးဆန္ဒ ပါဝင်ရတယ်” ဟု မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး “ကျမတို့ ကချင်ပြည်နယ်မှာ သိတဲ့အတိုင်းပဲ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းသွားအောင်လို့ အေးအေးဆေးဆေး သွားလာနိုင်အောင်၊ ကျမတို့ မိခင်တွေရော အကုန်လုံး အေးအေးဆေးဆေး နေနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့မှ လုပ်ဆောင်ခြင်း ဖြစ်တယ်။ တခြားဘာမှ မတောင်းဆိုဘူး၊ ငြိမ်းချမ်းရေးတခုပဲ တောင်းဆိုမှာပါ” ဟု ပြောသည်။

မြစ်ကြီးနားမြို့ပေါ်တွင် စစ်ပြေးဒုက္ခသည်များ အများအပြားရှိနေသဖြင့် ထိုစစ်ပြေးဒုက္ခသည်များ မိမိတို့ ကျေးရွာ၊
နေအိမ်များသို့ ငြိမ်းငြိမ်းချမ်းချမ်း ပြန်နိုင်ရေးအတွက် ရည်ရွယ်၍ လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု သူက ဆိုသည်။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့် ဥပဒေအရ သက်ဆိုင်ရာ မြို့နယ် ရဲစခန်းသို့ အကြောင်းကြား၍ လုပ်ဆောင်သွားမည်ဟု သိရသည်။

သို့သော် ထိုဆန္ဒဖော်ထုတ်ရန် စီစဉ်သူ ဒေါ်ဂျာခေါန်သည် ကြံ့ခိုင်ရေးပါတီမှ ဆွမ်ပရဘွမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခမိုင်တန်၏ ဇနီး ဖြစ်နေသဖြင့် ပြည်သူလူထုအကြား သံသယ ရှိနေကြသည်ဟု မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။

“နှစ်ဘက်စလုံးကို ငြိမ်းချမ်းရေး အမြန်ရအောင် လုပ်ပေးဖို့ ထုတ်ဖော် ဆန္ဒပြမယ်။ ပြည်ခိုင်ဖြိုးလိုလို၊ ပြည်နယ် အစိုးရ ဘက်က ဆန္ဒဖော်ထုတ်ခိုင်းတယ်လိုလို ပြောနေကြတယ်။ သူတို့က ပြည်ခိုင်ဖြိုးက ဖြစ်နေတယ်။ အစိုးရက လုပ်ခိုင်းတယ် လို့ ကြားတယ်။ ပြည်ခိုင်ဖြိုးကဆိုတော့ လူတွေက သံသယဖြစ်နေကြတယ်”ဟု မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံတွင် ပြောင်းလဲလာပြီဟု ဆိုသော်လည်း ကချင်ပြည်နယ်တွင် ဒီမိုကရေစီ၏ အနစ်သာရ မခံစားရသေးသဖြင့် ငြိမ်းချမ်းရေးကို လိုလာကြောင်း ဆန္ဒဖော်ထုတ်ရန် စီစဉ်နေကြသည်ဟု ဒေါက်တာတူးဂျာက ပြောသည်။

“အခုက ကချင်ပြည်နယ်မှာ ဒုက္ခရောက်နေတာတွေ အများကြီး ရှိတယ်။ အထူးသဖြင့် ရွာပုန်းရွာရှောင် ဒုက္ခသည်တွေ၊ တခြားပြည်သူတွေ အနေနဲ့လည်း ဒုက္ခဆင်းရဲခံရတာတွေ အများကြီး ရှိတယ်။ ဒါက ငြိမ်းချမ်းရေး မရရှိလို့ ဒီလို ဖြစ်နေ တာ။ သူတို့က ငြိမ်းချမ်းရေး ရစေချင်တဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ကြားသိရပါတယ်”ဟု သူက ပြောသည်။

ထို့ပြင် အစိုးရဘက်မှ တပ်များ ဆုတ်ပေးခြင်း မရှိသဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး ယခုထိ ဆွေးနွေးပွဲများ အဆင်မပြေမှု ဖြစ်နေရခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

၎င်းတို့နှစ်ဖက် ယခုတကြိမ် တွေ့ဆုံမှုတွင် အစိုးရဘက်၏ တပ်ရုပ်သိမ်းရေးကိစ္စ ဆွေးနွေးမည် ဖြစ်သော်လည်း ဆွေးနွေးမည့် နေရာ ညှိနှိုင်း၍မရ ဖြစ်နေကြခြင်း ဖြစ်သည်။

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် တွေ့ဆုံမှုကို KIO ဘက်က ပယ်ချခဲ့ပြီးနောက် ရှမ်းပြည်နယ် မူဆယ်မြို့တွင် တွေ့ဆုံရန် အစိုးရဘက်က ကမ်းလှမ်းမှုကိုလည်း KIO ဘက်မှ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် မဖြစ်နိုင်ကြောင်း ဇူလိုင်လ ၁၇ ရက်နေ့က KIO ဘက်မှ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသို့ စာပို့လိုက်ပြီး ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာက ပြောသည်။

“နိုင်ငံရေးဆွေးနွေးမှု ရောက်ဖို့ ပစ်ခတ်တာ ရပ်ရမယ်။ နှစ်ဖက် ယုံကြည်မှု ရအောင်၊ ကျနော်တို့လည်း ဒု-သမ္မတကို အရဲစွန့်ပြီးတော့မှ တပ်တွေကို ရုပ်သိမ်းပေးပါလို့ သွားပြောထားတယ်။ ဒါပေမယ့် ရုပ်သိမ်းမယ်လို့ ပြောပြီး ခုထိ မရုပ်သိမ်းသေးဘူး။ ဒီထက်မကဘူး။ တိုက်ပွဲတွေ ဆက်ဖြစ်နေတော့ ဆွေးနွေးပွဲ ရောက်ဖို့ ခက်ခဲနေတယ်” ဟု မဇ္စျိမကို ပြောသည်။

ဇူလိုင်လ ၁ ရက်နေ့မှ ၁၆ ရက်နေ့ထိ တိုက်ပွဲပေါင်း ၁၆၁ ကြိမ် ဖြစ်ပွားခဲ့သည်။ ထိုအထဲမှ ၁၄၉ ကြိမ်သည် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပြီး ၁၅ ကြိမ်မှာ အစိုးရဘက်မှ ထိုးစစ်ဆင်လာ၍ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ လက်ရှိ KIO တပ်မဟာ ၁၊ ၄၊ ၅ နယ်မြေများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် ၎င်းနေရာတွင် တွေ့ဆုံ မဖြစ်နိုင်ကြောင်း စာပေးပို့ထားသည်ဟု သိရသည်။

KIO ၏ တပ်မဟာ ၄ ကိုလည်း အစိုးရဘက်မှ ထိုးစစ်ဆင်နေ၍ တရုတ်နယ်စပ် မိုင်ဂျာယန်နှင် လွယ်ဂျယ်အကြားရှိ ပရန်ဝမ်ဒေသ သို့မဟုတ် ယခင် တွေ့ဆုံခဲ့သော ရွှေလီမြို့တွင် ထပ်မံတွေ့ဆုံလိုကြောင်း KIO က စာပေးပို့ထားမှုကို အစိုးရဘက်မှ ပြန်လည်တုံ့ပြန်မှု မရှိသေးကြောင်း သိရသည်။


By Mizzima - News in Burmese

သမ္မတ ဦးသိန်းစိန်ကို ထိုင်းသတင်းစာက ပြင်းထန်စွာ ဝေဖန်


မဇ္ဈိမသတင်းဌာန ။         ။ မြန်မာသမ္မတ ဦးသိန်းစိန်သည် ဇွန်လ အတွင်းက သူ၏ ထိုင်းနိုင်ငံ ခရီးစဉ်ကို နှစ်ကြိမ် တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရပြီးနောက် လာမည့် တနင်္ဂနွေနေ့တွင် သုံးရက်ကြာ ထိုင်းနိုင်ငံ ခရီးစဉ်ကို စတင်မည် ဖြစ်သည်။ ထိုစဉ်တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်၏ မကြာသေးခင်က မှတ်ချက်များကို သောကြာနေ့ထုတ် ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာ၏ အယ်ဒီတာ့ အာဘော်က ပြင်းပြင်းထန်ထန်
ဝေဖန်ခြင်းဖြင့် မြန်မာသမ္မတ ခရီးစဉ်အား ကြိုဆိုလိုက်သည်။

မြန်မာသမ္မတ ဦးသိန်းစိန် ဇူလိုင်လအတွင်း ကမ္ဘောဒီးယား နိုင်ငံ Siem Reap တွင် ကျင်းပခဲ့သည့် အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် မိန့်ခွန်း ပြောကြားနေစဉ်

မူလက ဇွန်လ ၄ ရက်နေ့တွင် ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ် စတင်ရန် သတ်မှတ်ခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် အရှေ့အာရှ ကမ္ဘာ့စီးပွါးရေးဖိုရမ် တွင်လည်း မိန့်ခွန်းပြောရန် စီစဉ်ခဲ့သေးသည်။ သို့ရာတွင် မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ရန်နှင့် ထိုကွန်ဖရင့်တွင် မိန့်ခွန်းပြောကြားရန် အားတက်သရော ဖိတ်ကြားခဲ့ကြပြီးသည့် နောက်တွင်မူ သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြ ပြီး သမ္မတ ဦးသိန်းစိန်အနေဖြင့် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါအောက်တွင် လွှမ်းမိုးခံရမည်ကို မလိုလားသဖြင့် ခရီးစဉ် ဖျက်သိမ်းလိုက်ကြခြင်း ဖြစ်ကြောင်း ထင်ကြေးများလည်း ထွက်ပေါ်ခဲ့သည်။

မြန်မာအစိုးရကမူ နိုင်ငံအတွင်းတွင် ထမ်းဆောင်ရန် တာဝန်များ ရှိနေခြင်းကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။ နောက်ပိုင်းတွင်လည်း နောက်ထပ် ခရီးစဉ် တခုကို ဖျက်သိမ်းခဲ့ပြန်သည်။

သမ္မတဦးသိန်းစိန် အနေဖြင့် ထိုင်းဝန်ကြီးချုပ် ယင်လပ် နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကာ ခေါင်းဆောင်နှစ်ဦးသည် လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ၂ဝ၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ နေရာကို မြန်မာနိုင်ငံက လက်ခံဆောင်ရွက်မည် ဖြစ်သည့် အတွက် ကြိုတင် ပြင်ဆင်ရေးများ အပါအဝင် မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးရေးများတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာတရပ် လက်မှတ်ရေးထိုးပွဲသို့လည်း တက်ရောက် ကြမည်ဖြစ်သည်ဟု ထိုင်းအရာရှိများက အစောပိုင်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အရာရှိတဦးသို့ ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန် မကြာသေးခင်က ပြောကြားခဲ့သည့် မှတ်ချက်ကို ဘန်ကောက်ပို့စ် သတင်းစာ၏ အယ်ဒီတာ့ အာဘော်က သောကြာနေ့တွင် ပြင်းပြင်းထန်ထန် စိန်ခေါ် ထားခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ မှတ်ချက်မှာ မြန်မာနိုင်ငံအတွင်းရှိ သိန်းနှင့်ချီသည့် ရိုဟင်ဂျာများအား ကုလသမဂ္ဂက လက်ခံရန် အကြံပေးခြင်း ဖြစ်သည်။ ဇွန်လအတွင်းက ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွါးကာ လူပေါင်း ၇ဝ ကျော် အသက် ဆုံးရှုံးခဲ့ရသည့် အပြင် အိုးအိမ်များနှင့် ပိုင်ဆိုင်မှုများ များစွာ ပျက်စီး ဆုံးရှုံးခဲ့ရပြီး နောက်တွင် သမ္မတက ကုလသမဂ္ဂ အရာရှိအား အကြံပေးခဲ့ခြင်း ဖြစ်သည်။

ဘန်ကောက်ပို့စ် အယ်ဒီတာ့ အာဘော်တွင် “မြန်မာနိုင်ငံနဲ့ သူတို့အစိုးရဟာ ၄၈ နှစ်လုံးလုံး ရက်စက် ကြမ်းတမ်းလှတဲ့ စစ်အာဏာရှင်စနစ် အပြီးမှာ ပြန်လည် အမီလိုက်ဖို့အတွက် သွားစရာခရီးတွေ အများကြီး ရှိနေသေးပါတယ်။ မကြာခင် က မြန်မာနိုင်ငံ အနောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေဟာ အပြင်ပန်း စည်းလုံးညီညွတ်မှု မျက်နှာစာကြီး ကို ပြိုကျစေခဲ့ပါတယ်” ဟု ဆိုထားသည်။  

“သမ္မတ ဦးသိန်းစိန်ရဲ့ မှတ်ချက်ဟာ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ အစိုးရ တရပ်ဆီက ကြားရတဲ့ ခုတလောအတွင်း စိတ်ပျက်စရာ အကောင်းဆုံး မှတ်ချက်ပါပဲ” ဟု အယ်ဒီတာ့ အာဘော်က ဆိုသည်။  

ဘန်ကောက်ပို့စ် အယ်ဒီတာ့ အာဘော်က ဆက်လက်၍ ဆိုထားသည်မှာ “သူ [သမ္မတ ဦးသိန်းစိန်] က ကုလသမဂ္ဂကို လွန်ခဲ့တဲ့ အပါတ်က ပြောခဲ့ရာမှာ ရခိုင်ပြည်နယ်မှာ ရှိတဲ့ တသန်းနီးပါးရှိတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက လက်ခံ ကြိုဆိုမှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ သူတို့ကို ဒုက္ခသည် စခန်းတွေမှာ နေရာချထားဖို့နဲ့ ပိုကောင်းတာကတော့ မြန်မာနိုင်ငံကနေ နှင်ထုတ်ဖို့ပါပဲလို့ ဆိုခဲ့ပါတယ်။ သူတို့ဟာ လူမျိုးအရလည်း အများစု ဗမာတွေနဲ့ ခြားနားနေပြီး ဘာသာရေးအရလည်း မူစလင်တွေ ဖြစ်ကြတယ်လို့ သမ္မတက ပြောခဲ့ပါတယ်။ တခုတည်းသော အဖြေကတော့ သူတို့ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို လွှဲပြောင်းပေးဖို့ ဒါမှမဟုတ် သူတို့ကို လက်ခံချင်တဲ့ တတိယ နိုင်ငံတွေမှာ သူတို့ကို အခြေချစေဖို့ပါပဲ လို့ သူက ဆိုပါတယ်” ဟု ရေးသားထားသည်။

ဘန်ကောက်ပို့စ် သတင်းစာက မြန်မာသမ္မတ ဦးသိန်းစိန်၏ အမြင်အား ထိုင်းအစိုးရက စောဒက တက်ပါရန် တိုက်တွန်း ထားသည်။  

“ရိုဟင်ဂျာတွေရဲ့ ဖြစ်တည်မှုနဲ့တကွ ပြဿနာတွေကို ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ ဆွေးနွေးသင့်ပါတယ်။ ထိုင်းနိုင်ငံ နဲ့ တခြားအိမ်နီးချင်း နိုင်ငံတွေဟာ ဒီလူတွေရဲ့ အတိဒုက္ခတွေကို သေသေချာချာ သတိထားမိပါတယ်” ဟု သတင်းစာက ဆိုသည်။

“မြန်မာ သမ္မတရဲ့ အံ့သြထိတ်လန့်စရာ ကောင်းတဲ့ မှတ်ချက်ကို မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ သေနတ်အောက်မှာ တကယ့်ကမ္ဘာနဲ့ နှစ်ပေါင်းများစွာ အဆက်ပြတ် အထီးကျန်နေခဲ့ရတဲ့အတွက် ခုလို ပြောမိတာလို့ ဆင်ခြေပေးလို့တော့ ရနိုင်ပါတယ်” ဟု ဘန်ကောက်ပို့စ်က ရေးသားထားသည်။

သမ္မတ ဦးသိန်းစိန် အနေဖြင့် သူပြောခဲ့သည့် စကားအတိုင်း အကောင်အထည်ဖော် လုပ်ဆောင်လာခဲ့လျှင်လည်း လက်ခံနိုင်စရာမရှိဟု အယ်ဒီတာ့ အာဘော်က ဆိုထားသေးသည်။

“မြန်မာနိုင်ငံဟာ ရှည်လျားပြီး အမှောင်ဖုံးလွှမ်းနေတဲ့ အကြမ်းဖက်မှု သမိုင်းကြောင်းကနေ ရုန်းကန်ပေါ်ထွက်လာနေ
တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅ဝ က စံနှုန်းတွေနဲ့ အလွန် ကွဲပြားခြားနားတဲ့ စံနှုန်းတွေနဲ့ ကမ္ဘာသစ်ထဲကို ဝင်ရောက်နေ တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ဦးသိန်းစိန်ရဲ့ မှတ်ချက်တွေကတော့ လူမျိုးရေးခွဲခြားမှု၊ မလိုမုန်းထားမှု၊ ခြိမ်းခြောက်မှု ဆန်နေပါတယ်။ သူတို့ကို စောဒကတက် ဝေဖန်မှုတွေ ရှိသင့်ပါတယ်” ဟု ထိုင်းနိုင်ငံထုတ်ဘန်ကောက်ပို့စ်သတင်းစာ အယ်ဒီတာ့အာဘော်က ရေးသားထားသည်။

By မဇ္ဈိမသတင်းဌာန

ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယကို သွားမည်


နယူးဒေလီ (မဇ္ဈိမ) ။        ။မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် သြဂုတ်လဆန်းပိုင်းတွင် အိန္ဒိယသို့ တပါတ်ကြာ သွားရာက်လည်ပတ်မည်ဟု သိရသည်။

သြဂုတ်လ ၁ ရက်နေ့တွင် ရောက်ရှိလာမည့် မြန်မာ ကာ/ချုပ်သည် ၃ ရက်နေ့တွင် အိန္ဒိယ ကာကွယ်ရေးဝန်ကြီး A K Antony အပြင် ရေတပ်ဦးစီးချုပ် Admiral Nirmal Verma၊ လေတပ်ဦးစီးချုပ် Chief Marshal N A K Browne နှင့် ကြည်းတပ်ဦးစီးချုပ် General Bikram Singh တို့နှင့် နယူးဒေလီတွင် တွေ့ဆုံရန်ရှိကြောင်း The Times of India သတင်းစာတွင် ရေးသားထားသည်။

ဒေသတွင်းတွင် တရုတ်နိုင်ငံ အနေဖြင့် နယူးဒေလီအား (အိန္ဒိယအား) နောက်တကြိမ် အသာစီး မရယူနိုင်ရေး အာမခံနိုင်ရန် မူဝါဒတခုလုံးနှင့်အညီ ဤသို့ မြန်မာ့ထိပ်တန်း တပ်မတော်ခေါင်းဆောင်တဦး လာရောက်ခြင်းဖြစ်ကြောင်း လည်း ဆိုသည်။

ခရီးစဉ်အတွင်းတွင် ဒုဗိုလ်ချုပ်မှူးကြီးသည် ကိုလ်ကတ္တားအခြေစိုက် အရှေ့တိုင်း စစ်ဌာနချုပ်နှင့် Visakhapatnam ရှိ အရှေ့တိုင်း ရေတပ်မတော် ဌာနချုပ်တို့အပြင် အခြားသော ကာကွယ်ရေးအခြေစိုက်ဌာနမျးသို့လည်း သွားရောက်မည်ဖြစ်သည်။

သြဂုတ်လ ၈ ရက်နေ့ထိ အိန္ဒိယတွင် ရှိနေစဉ်အတွင်း မြန်မာခေါင်းဆောင်များ အိန္ဒိယသို့ လာရောက်တိုင်း သွားရောက်လေ့ရှိသည့် ဗုဒ္ဓဂါယာ ဘုရားဖူးအစီအစဉ်လည်း ပါဝင်မည်ဖြစ်သည်။

ယခု ခရီးစဉ်မှာ မေလကုန်ပိုင်းက အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း နေပြည်တော်နှင့်ရန်ကုန်သို့ သွားရောက်ပြီးနောက် မြန်မာဘက်မှ အဆင့်မြင့်ပုဂ္ဂိုလ်တဦး ပြန်လည် လာရောက်ခြင်းလည်းဖြစ်သည်။

မစ္စတာ မန်မိုဟန်ဆင်း၏ ၃ ရက်ကြာခရီးစဉ်အတွင်း မြန်မာအစိုးရနှင့် နှစ်နိုင်ငံ သဘောတူစာချုပ် ၁၂ ခု လက်မှတ်ရေးထိုးနိုင်ခဲ့သလို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သေးသည်။

၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာလအတွင်းကလည်း ဝန်ကြီး ၁၃ ဦးအား ခေါင်းဆောင်၍ မြန်မာသမ္မတ ဦးသိန်းစိန် အိန္ဒိယနိုင်ငံသို့ ၄ ရက်ကြာ လာရောက်လည်ပတ်ခဲ့ဖူးသည်။

By မဇ္ဈိမသတင်းဌာန

ကမ္ဘာမြေကို ဦးတည်သော ဆိုလာမုန်တိုင်း ခြောက်ကြိမ်မြောက် ဖြစ်ပွား

စနေနေ့နှင့် တနင်္ဂနွေနေ့များ တွင် ဆိုလာမုန်တိုင်း ဖြစ်ပေါ်မှု ကြောင့် ကမ္ဘာမြေ၏ သံလိုက်စက် ကွင်းကို တိုက်ခတ်ခံခဲ့ရကြောင်း သိရသည်။ သို့ရာတွင် အဆိုပါ ဖြစ်ရပ်သည် အသေးစားဖြစ်ရပ် သာ ဖြစ်ပါလိမ့်မည်ဟု သိပ္ပံပညာ ရှင်များက ဆိုသည်။ ၄င်းတို့အနေ ဖြင့် စွမ်းအင်ကွန်ရက် ဆောင်ရွက် နေမှုများ၊ လေကြောင်းလိုင်းများ နှင့် အခြား အကျိုးသက်ရောက် မည့်အဖွဲ့အစည်းများကို သတိပေး ထားသည်ဟု ဆိုသည်။
“ဘယ်စစ္စတန် တစ်ခုခုကိုမျှ ဆိုးကျိုးဖြစ်တာ မတွေ့ရပါဘူး” ဟု ကော်လိုရာဒိုပြည်နယ်ရှိ အမေ ရိကန် အာကာသရာသီဥတု ကြို တင်ခန့်မှန်းရေးဌာန (US Space Weather Predicition Center) မှ ခန့်မှန်းရေးအရာရှိ ဂျိုးကွန်းချက်စ် (Joe Kunches) က ထုတ်ဖော် ပြောဆိုခဲ့သည်။
ကမ္ဘာမြေ၏ အပြင်ဘက် သံ လိုက်စက်ကွင်းကို စွမ်းအားပြည့် အမှုများက ကျဲချတိုက်ခတ်လာ ခြင်းကြောင့် အရောင်အသွေးစုံ မြောက်ဝင်ရိုးစွန်း အလင်းများပေါက်ပွားလာဖွယ်ရှိသည်။ တဖျပ် ဖျပ်တောက်ပသည့် မြောက်ဝင်ရိုး စွန်းအလင်းများကို ယခု စနေ၊ တနင်္ဂနွေနေ့များတွင် အမေရိကန်၊ ကနေဒါနယ်စပ်နှင့် ဥရောပမြောက် ပိုင်း၌ မြင်တွေ့နိုင်ဖွယ်ရှိသည်ဟု ကွန်းချက်စ်က ဆိုသည်။
ကမ္ဘာမြေကြီးဆီသို့ တစ်နာရီ လျှင် ကီလိုမီတာ ၄ ဒသမ ၈ သန်းနှုန်းဖြင့် ဦးတည်ပြေးလာ သောစွမ်းအားမြင့်အမှုန်တိမ်တိုက် ကြီးကိုပစ်ပေါက်လိုက်သောအလင်း ထုကြီးအားနေကလွှတ်ထုတ်လိုက် သည့် ကြာသပတေးနေ့တွင် အဆိုပါ မုန်တိုင်းစတင်ခဲ့ခြင်းဖြစ် သည်။
ထိုကဲ့သို့စွမ်းအားမြင့်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်မှာ ယခု နှစ်တွင်ခြောက်ကြိမ်မြောက်ဖြစ်ခဲ့ သည်ဟု ဆိုသည်။ ဆိုလာမုန်တိုင်းများကြောင့် ဂြိုလ်တုများ ပျက်စီးနိုင်ပြီး ရေဒီ ယို ဆက်သွယ်ရေးလိုင်းများ ပြတ် တောက်နိုင်ကြောင်း သိရသည်။

http://www.yoyarlay.com/book/book/environment/28267-2012-07-18-09-43-58

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ယခု နှစ်ကုန်တွင် လက်ခံ နိုင်မည့် ခရီးသည် ပမာဏထက် ကျော်လွန် နိုင်

ပို့ဆောင်ရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ လက်ခံနိုင်တဲ့ ခရီးသည် ပမာဏဟာ
ယခုနှစ်ကုန်မှာ ပိုမိုများပြား လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ဟာ ခရီးသည် လက်ခံနိုင်မှု အနေနဲ့ ၂.၇ သန်း ၀င်ဆံ့တဲ့ အပြည်ပြည် ဆိုင်ရာ လေဆိပ် တစ်ခု ဖြစ်ပါတယ်။ အဲ့ဒီ လေဆိပ်ကို ၂၀၀၇ ခုနှစ် မေလ ၂၅ ရက်နေ့က တည်ဆောက် ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ ပြည်တွင်း ခရီးသည်များ တိုးတက် ၀င်ရောက်လာမှုဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ၅ နှစ်တာ ကာလအတွင်း ခရီးသွား ၂၃ ရာခိုင်နှုန်း တိုးတက် လာခဲ့ပါတယ်။ အဆိုပါ တာဝန်ရှိသူရဲ့ ပြောပြချက် အရ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ဟာ ယခုအတိုင်း ခရီးသည် ၀င်ရောက်မှု ဆက်လက် တိုးတက် လာမယ် ဆိုပါက ယခုနှစ်ကုန်မှာ လေဆိပ် လက်ခံနိုင်တဲ့ ခရီးသည် ပမာဏထက် ကျော်လွန် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာမှုတွေ အရ ပြည်ပ ခရီးသွားများ ၀င်ရောက်လာမှု ကလည်း ပိုမို များပြား လာပြီး လာမယ့် ၂၀၁၃ ခုနှစ် မှာလည်း အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် အရှေ့တောင် အာရှ ဆီးဂိမ်း ပြိုင်ပွဲနဲ့ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံနိုင်ငံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်မယ့် အစီအစဉ်တွေကြောင့် ပြည်ပ ခရီးသွားများ ၀င်ရောက်မှု တွေဟာ  ပိုမိုများပြား လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ၀င်ရောက် လာတဲ့ ပြည်တွင်း၊ ပြည်ပ ခရီးသည် အရေအတွက်ဟာ နှစ်ကုန်မှာ သတ်မှတ်ပမာဏ ထက်ကျော်လွန် သွားနိုင် တာကြောင့် ပဲခူးတိုင်းေ ဒသကြီး ပဲခူးမြို့မှ ၂ မိုင်ခန့် ကွာဝေးတဲ့ နေရာမှာ ဟံသာဝတီ လေဆိပ် စီမံကိန်းကို ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ လေဆိပ် စီမံကိန်းဟာ ရန်ကုန်မြို့မှ ၄၈ မိုင်အကွာမှာ တည်ရှိပြီး စီမံကိန်း လျာထားမြေ ၉၇၄၂ ဧက ကျယ်ဝန်းပြီး ပင်လယ် ရေမျက်နှာပြင် အထက် ၁၃၅.၇၇ ပေရှိတဲ့ တည်ဆောက်ဆဲ လေဆိပ် စီမံကိန်း တစ်ခု ဖြစ်ပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ တည်ဆောက် ထားမှုဟာ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလမှာ ခရီးသည် ၃ သန်းဆံ့တဲ့ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ ခရီးသည် ၃.၅ သန်း ၀င်ဆံ့တဲ့ နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို တည်ဆောက် ပေးထားပြီး ယခု လက်ရှိ တည်ဆောက် နေတဲ့ ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် ကတော့ မြန်မာနိုင်ငံမှာ နောက်ထပ် အသစ် ထွက်ပေါ် လာမယ့် အပြည်ပြည် ဆိုင်ရာ လေဆိပ် တစ်ခု ဖြစ်ကြောင်း သိရပါတယ်။


 
 
http://www.mrtv4.com.mm/news/local/others/detail/item:7561

"ပြည်သူတွေက ရူးလို့ပေါ့"


(ဓာတ်ပုံ - ဧရာဝတီ)


ဒီကနေ့အတွက် စိတ်ဝင်စားဖွယ် အကောင်းဆုံး ဖတ်စရာတခုကတော့ တရုတ်နိုင်ငံမှာ အပတ်စဉ် ထုတ်ဝေတဲ့ 南方周末 - Southern Weekly (Southern Weekend) စာစောင်နဲ့ ဦးအောင်သိန်းလင်း အင်တာဗျူး ဆိုတာပါပဲ။

ဒီစာစောင်ဟာ တရုတ်နိုင်ငံမှာ အလယ်အလတ်အကျဆုံး၊ သြဇာလွှမ်းမိုးမှုအရှိဆုံး လို့ New York Times သတင်းစာက ဆိုထားပါတယ်။

တရုတ်လို ဖော်ပြထားတဲ့ အင်တာဗျူးကို ဘားမားနက် burmanet.org မှာ အင်္ဂလိပ်ဘာသာပြန်ထားပါတယ်။

အဲဒီထဲက ကောက်နုတ်ချက်တချို့ကတော့ ဒီလိုပါ -

-အနောက်က မြန်မာပြည်ကို ပိတ်ဆို့ပြီး သူတို့ရဲ့ ရုပ်သေးအစိုးရကို အာဏာရစေချင်တာ၊ မြန်မာပြည်ထဲမှာ အာဏာကိုဖြတ်လမ်းနည်းနဲ့ ယူချင်တဲ့အုပ်စုတစ်စု ရှိတယ်၊ ဒီအုပ်စုက အနောက်သြဇာခံအုပ်စုပဲ ...

- ယူအန်ကို ယုံစရာလား၊ ယူအန်ကို ဘယ်သူထိန်းချုပ်နေသလဲ၊ ဘန်ကီမွန်းကို ဘယ်သူထိန်းချုပ်နေသလဲ၊ ယူအန်ရဲ့ ဌာနချုပ်က နယူးယော့မြို့မှာ နော် ...

-ကျုပ်တော့ ဘန်ကီမွန်းကို မကြိုက်ဘူး၊ မယုံဘူး၊ ဒီလူဟာ အနောက်နဲ့ တစ်ဖွဲ့ထဲပဲ၊ သူတစ်ပါးပြည်တွင်းရေးကို မဆိုင်ပဲ ၀င်ရောက်စွတ်ဖက်နေတဲ့သူတွေ ....

- ဟီလာရီကို အ၀င်ခံတာ ကျုပ်တို့အရေးနိမ့်မှုတစ်ရပ်ပဲ၊ သူ မြန်မာပြည်ကိုလာတာ ပြည်သူတွေကိုတွေ့ဖို့မဟုတ်ဘူး၊ တိုင်းပြည်အကျိုးအတွက်မဟုတ်ဘူး၊ ဟိုမိန်းမကိုလာတွေ့တာ၊ သိတယ်မဟုတ်လား ဟိုမိန်းမလေ၊ အဲဒီမိန်းမကြောင့် ကျုပ်တို့နိုင်ငံ စီးပွားရေးပိတ်ဆို့မှုခံရတာ ...

-လွှတ်တော်ထဲမှာ အတူတကွပူးပေါင်းပြီးအလုပ်လုပ်မလား ..ဟားဟား ပူးပေါင်းအလုပ်လုပ်ရမှာပေါ့၊ ကျုပ်တို့က ၇၆% ဒင်းတို့က ၆% ဟားဟား ပူးပေါင်းအလုပ်လုပ်ရမှာပေါ့ ...

-ကြားဖြတ်ရွေးကောက်ပွဲမှာ ဒင်းတို့ဘာလို့အကြီးအကျယ်အနိုင်ရသွားသလဲဆို ပြည်သူတွေက ရူးလို့ပေါ့၊ အဲဒီမိန်းမက ပေါ်ပြူလာဖြစ်နေတယ်လေ၊ ဒါကလည်း နိုင်ငံသူရဲကောင်းကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်နေလို့သက်သက်ပါဗျာ ...

-ဒီကြားဖြတ်ရွေးကောက်ပွဲကနေ ကျုပ်တို့ရလိုက်တဲ့ သင်ခန်းစာက နောက်ရွေးကောက်ပွဲတွေမှာ လူကြိုက်များမဲ့ ပေါ်ပြူလာဖြစ်မဲ့ မဲဆွယ်စည်းရုံးရေးတွေကို များများလုပ်ဖို့ပဲ ..

-မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းဖို့ဆုံးဖြတ်တာ ဦးသိန်းစိန်တစ်ယောက်ထဲရဲ့ ဆုံးဖြတ်ချက်ပဲ၊ လွှတ်တော်ရဲ့အတည်ပြုချက် မဟုတ်ဘူး၊ ကျုပ်တို့က တရုတ်နဲ့မြန်မာကြား နားလည်မှုလွဲမှားသွားမှာ သိပ်စိုးရိမ်တယ်၊ ဒါကြောင့် သူ့ရဲ့ဆုံးဖြတ်ချက်ကို အားလုံး ကန့်ကွက်ခဲ့ကြတာ၊ ဘယ့်နဲ့ဗျာ ဒီလောက်အရေးပါတဲ့ စီမံကိန်းကို ရပ်ပစ်ရတယ်၊ ဒီစီမံကိန်းဟာ တိုင်းပြည်ရဲ့ လျှပ်စစ်စွမ်းအား မလုံလောက်မှုကို အများကြီးအကျိုးပြုမဲ့ စီမံကိန်းဗျ၊ ဒီစီမံကိန်း ပြန်ကို ပြန်စရမယ်ဗျာ ...

အောင်ဇင်လတ် Facebook မှာ လမ်းတစ်ခြမ်းခင်းသူကြီးရဲ့ မှတ်သားဖွယ်စကားများ ဆိုပြီး အဲဒီလို တွေ့ရပါတယ်။

အင်္ဂလိပ်ဘာသာပြန်ကိုတော့ burmanet.org မှာ အခုလို ဖတ်နိုင်ပါတယ်။

မြန်မာပြည်မှာ ရုပ်သေးအစိုးရ ထူထောင်ချင်သူတွေ ရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်ပြော ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။


Southern Weekend (China)

Myanmar MP: Some people want to set up a puppet regime in Myanmar – Zhang Zhe and Ye Weimin
Tue 17 Jul 2012
[Note from BurmaNet editor: the following interview is an unofficial translation]
Editor: Different political forces in Myanmar are trying to consolidate and reconcile. But on the other hand, the game among them and the under the table confrontations never stopped.
For Myanmar today, the ruling party- USDP- is without question the most important leading force. Will USDP step out of its historic shadow? In the “new” parliament, how will USDP and the opposition led by Aung San Suu Kyi co-exist with each other? With these questions, the reporters from Southern Weekend interviewed Aung Thein Linn, executive member of the Central Committee of USDP, chairman of the Reform and Modernization Supervisory Committee of the Myanmar parliament, and a former mayor of Yangon.
Aung Thein Linn came from the military and was the mayor of Yangon from 2003 to 2011. Currently, he has left the military and his mayor position to be a member of the parliament. He is also the chairman of USDP in Yangon region, leading more than half a million members of USDP.
“I do not trust Ban Ki-moon, nor UN”.
Southern Weekend : From 2011, President Thein Sein has been pushing for massive economic, social and political reforms in Myanmar. Could you start with an overall assessment of the reform?
Aung Thein Linn: We are to build a democratic country and will not reverse the trend. We are to build a peaceful, developed and democratic country for the next generation. Everyone in this country loves democracy. We have done a good job implementing the Seven-Step Road Map.
Southern Weekend: So far, do you think the reform is successful?
Aung Thein Linn: Yes.
Southern Weekend: Then what are the main difficulties for the reform?
Aung Thein Linn: A major challenge is the economic sanctions since the 1990’s. They impact everyone: not only the government, but also every person. The sanction resolutions are an interference in our internal affairs by Western countries. Through the interference, they want to build a puppet regime in Myanmar, which is not something we want.
Southern Weekend: Recently, the economic sanctions are being loosened. Both the U.S. and EU have shown some friendly gestures….
Aung Thein Linn: We do not believe them. There is still a gang in our country who wants to grab the power. Their goal is to set up a puppet regime in Myanmar.
Southern Weekend: About international community and sanctions, recently UN Secretary General visited Myanmar and met with President Thein Sein. All these show that the relationship between Myanmar and the international community is improving, no?
Aung Thein Linn: Just think about it: who is controlling the UN? Who is controlling Ban Ki-moon? The headquarter of UN is in New York. Just think about it and you will know.
Southern Weekend: But it seems to me that President Thein Sein likes Ban Ki-moon.
Aung Thein Linn: Maybe, I don’t like them anyway. I don’t trust Ban Ki-moon, nor the UN. They are all the same. All they think of is to interfere with other countries’ internal affairs.
Southern Weekend: US Secretary of State Hillary Clinton also visited Myanmar recently. What is your comment?
Aung Thein Linn: That is our failure. She wasn’t here to see us. Her trip was not for our people, nor for our country, but only for “that woman”. You know that person. It was precisely because of “that woman” that Myanmar has faced with sanctions.
“Efforts to revise the Constitution will not succeed”
Southern Weekend: In the recent by-elections, NLD led by Aung San Suu Kyi had a landslide victory. Now NLD has 43 members in the parliament and has become the largest opposition party. As a member of the central committee of the ruling party and an MP, how do you plan to cooperate with them?
(Aung Thein Linn clashed his two fists against each other, laughing, saying “Yes, cooperation! Cooperation!” Then he had the more serious look on his face.)
Aung Thein Linn: All of our policies are for the country. We don’t have any selfish motive and are willing to cooperate with any party that serves the country and the people. After the by-elections, they won 43 seats, only 6% of the parliament. We have 76% and are the absolute majority.
Southern Weekend: You are holding the power…
Aung Thein Linn: At least for now. Our principle is “All for the country”. That is also the three principles of USDP: to protect the territorial integrity of the country, the solidarity among ethnic groups and Myanmar’s sovereignty.
Southern Weekend: We saw the opening of many offices of NLD in Yangon and many excited people. They support Aung San Suu Kyi and NLD with great passion. What’s your comment on that?
Aung Thein Linn: They are crazy. Ok, she is popular, but only because she is the daughter of General Aung San. He is our national hero.
Southern Weekend: You mentioned the reform is for the democratization of Myanmar. Have you thought about that someday you might lose your status as the ruling party and become an opposition party?
Aung Thein Linn: In elections, the party winning the majority will organize the government, but still it has to rule the country according to the Constitution. The Constitution was approved by all the people. The ruling party and government might change, but the Constitution can not be changed just because some people don’t agree.
Southern Weekend: But as far as I know, the NLD is trying to revise the Constitution.
Aung Thein Linn: Yes, they don’t like the Constitution.
Southern Weekend: Because it doesn’t allow the spouse of a foreign national to run for office. That way, the political future of Aung San Suu Kyi becomes a problem, right?
Aung Thein Linn: Yes, that is a rule for the qualification of the president and vice presidents.
Southern Weekend: Do you think their effort to revise the Constitution will succeed?
Aung Thein Linn: The leader of NLD (Aung San Suu Kyi) is the spouse of a foreign national. That’s why they want to revise the Constitution. But it is our responsibility to maintain our national identity and we will pass along this responsibility from generation to generation. The Constitution determines that the spouse of a foreign national shall not be the leader of the nation.
Southern Weekend: You are saying the revision of Constitution will not succeed.
Aung Thein Linn: No way. No one likes their trick. Myanmar was once a British colony and was ruled by the British for more than 100 years. No one wants to go back to be a colony again. This is the main reason. The second reason is that we will never allow any foreign military facility in Myanmar. That is a requirement for our sovereignty.
“We learned a lot of lessons.”
Southern Weekend: As the MP of the ruling party, how do you view the representatives of the opposition parties in the Parliament? Are they your friend, competitor or collaborator, or else?
Aung Thein Linn: Competitors.
Southern Weekend: Are there any different opinions on political reform and the relationship with the opposition parties within USDP? For example, among the senior members of USDP’s Central Committee, do you share the same view?
Aung Thein Linn: There is no difference of opinions. Our solidarity is based on the three main principles of the party. No different opinions.
Southern Weekend: Have you learned any lessons from the by-elections?
Aung Thein Linn: We learned a lot, really learned a lot.
Southern Weekend: For example?
Aung Thein Linn: For example, to win an election, we need to do more public relations campaign on the work we have done and better understand the need of the people. We also need to change the thinking style of the people, spread the knowledge and work with the people regularly.
Southern Weekend: Is there a problem of further releasing the political prisoners? Some critics are saying there are still a large number of political prisoners in Myanmar.
Aung Thein Linn: We used to have political prisoners, who are all released now. So-called political prisoners were all in prison because they broke the law.
Southern Weekend: NLD told us that there are at least 300 political prisoners not released yet.
Aung Thein Linn: They have been spreading false rumors about us. This is a shameful hostile strategy of the Americans.
Southern Weekend: About next general election, does USDP have any specific plan to win more votes?
Aung Thein Linn: We will reform USDP and improve the party organs at all levels, at villages, townships and cities.
Southern Weekend: What do you mean by reform? Looking for better party representatives?
Aung Thein Linn: Yes, we will find better people. Furthermore, we will also build road, water systems and schools for the villages, promote the medical insurance system, provide better social welfare and small loans for farmers.
Southern Weekend: Do you think you can win the next general election by these?
Aung Thein Linn: We will win if we try.
“Myitsone dam must continue.”
Southern Weekend: Many people feel that now Myanmar seeks a balance among China, U.S. and Europe. Will there be any change to the foreign policy of USDP?
Aung Thein Linn: Generally speaking, our foreign policy seeks peaceful coexistence. We have a close and friendly relationship with China. China has helped us tremendously for a long time. Everyone knows that. In Myanmar, you could see China’s donations everywhere. Among all the countries, China has helped Myanmar most and for the longest time. That is why we have survived so far.
Southern Weekend: In 2011, President Thein Sein announced the suspension of the Myitsone dam. Many Chinese are very interested in this issue.
Aung Thein Linn: That is not our national policy, and not a decision by the parliament. It was a decision by one man.
Southern Weekend: One man, meaning the President?
Aung Thein Linn: Yes, it was his own idea, not a resolution by the parliament. We oppose his decision. He tries to sever the ties between China and Myanmar.
Southern Weekend: Do you think the construction of the dam could be resumed?
Aung Thein Linn: It MUST, because we have to think for the country. We need electrical power. The power shortage in Myanmar has been a long problem, and a political one. You can imagine that some Western countries try to sever the ties between China and Myanmar.
Southern Weekend: What is your attitude towards foreign investment?
Aung Thein Linn: We have drafted the new foreign investment laws. In the future, all countries are welcome to invest, but will do so by the law. The Chinese are very close to Myanmar. At the UN and other international forums, China has always been on the side of Myanmar government. The peoples of China and Myanmar understand each other. We welcome China to invest in Myanmar. We are friends.
Southern Weekend: But there are indeed complaints from NGO, media and average Myanmar people about Chinese companies’ exploitation of resources and polluting the environment. Will you hate the Chinese?
Aung Thein Linn: No. We are very friendly towards the Chinese. When we were in trouble, it was the Chinese who helped us.


http://blog.irrawaddy.org/2012/07/blog-post_1247.html

ပခုက္ကူမှာ ဒီလိုတွေဖြစ်နေတယ်

မကွေးတိုင်း ပခုက္ကူမြို့မှာ အထူးရဲသတင်းတပ်ဖွဲ့ အက်စ်ဘီတွေရဲ့ အပြုအမူတွေဟာ ထောက်လှမ်းရေးခေတ်တုန်းကလို ဖြစ်နေတယ်လို့ ပေးပို့လာတဲ့ စာပါ။
ပေးပို့လာတဲ့ မူရင်းအတိုင်း တင်ပြလိုက်ပါတယ်။


(ဓာတ်ပုံ - YanNaing@facebook)


လေးစားရပါတဲ့ ဧရာဝတီ ခင်များ


ကျနော်ဟာ မြို့ပေါ် ၁၅ ရပ်ကွက်ရှိတဲ့ထဲက အုပ်ချုပ်ရေးမှူးတယောက်ဖြစ်ပါတယ်။ ကျနော်တို့ ပခုက္ကူမြို့မှာ အက်စ်ဘီ အထူးသတင်းရဲတပ်ဖွဲ့ဟာ အရင်က ထောက်လှမ်းရေးခေတ်ကောင်းတုန်းကလို အချိုးမျိုးတွေပြန်ပြီးတော့လုပ်လာနေပါတယ်။ အထူးသတင်းရဲတပ်ဖွဲ့က ဒုရဲအုပ်လင်းမြတ်ကျော်နဲ့ အောင်ညီညီဦး တို့အတွဲဟာ အဆိုးဆုံးဖြစ်ပါတယ်။


ဘုန်းတော်ကြီးကျောင်းတွေထဲကိုလည်း သူတို့ဝင်ချင်သလိုဝင်ပြီး စစ်လားဆေးလားတွေလုပ်တဲ့အတွက် သံဃာထုကြားမှာလည်း စိတ်အနှောင့်အယှက်ဖြစ်နေရပါတယ်။


အဆိုးဆုံးကတော့ ပခုက္ကူ တံတားသစ်ကြီးမှာ လုံခြုံရေးအစောင့်တို့ တံတားဖြတ်ကူးခတို့ စတဲ့ ဂိတ်တွေရှိလျှက်နဲ့ အက်စ်ဘီက ဒုရဲအုပ်လင်းမြတ်ကျော်နဲ့ အောင်ညီညီဦးတို့က ကုန်ကားတွေ ဆိတ်အရောင်းအ၀ယ်လုပ်တဲ့ကားတွေကို အတင်းရပ်တန့်ခိုင်းပြီး ဟိုဟာစစ်ဒီဟာစစ်နဲ့ အထောက်ထားပြည့်စုံပေမယ့်လည်း ငွေကြေးတွေ တောင်းခံလို့ ကားသမားတွေမှာ စိတ်အနှောင့်အယှက် ဖြစ်နေရပါတယ်။


ဝစ်သောက်လို့ခေါ်တဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေကိုလည်း သူတို့ကအခကြေးငွေယူပြီး သယ်ဆောင်ပေးတာ တံတားပေါ်ကို ဖြတ်သန်းခွင့်ပေးတာတွေ လုပ်လာလို့ ငွေပေးရသူတွေက ကျနော်တို့ အုပ်ချုပ်ရေးမှူတွေကို လာတိုင်တာတောတာတွေ ရှိပါတယ်။ ကျနော်တို့ အုပ်ချုပ်ရေးမှူးဆိုတာလည်း ဘာပါဝါမှမရှိတော့ ဧရာဝတီကနေ တဆင့် သက်ဆိုင်ရာ လူကြီးမင်းများသိစေရန် စာရေးအကြောင်းကြားလိုက်ပါတယ်။


ကျေးဇူးတင်ပါသည်။

http://blog.irrawaddy.org/2012/07/blog-post_8762.html

အမေရိကန်သံအမတ်သစ်ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲ



မြန်မာပြည်ဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် စတင် တာဝန်ထမ်းဆောင်ပြီး ရက်ပိုင်းအတွင်း ပြုလုပ်တဲ့ ဒဲရစ်မစ်ချယ်ရဲ့ သတင်းစာရှင်းလင်းပွဲ မြင်ကွင်း ဖြစ်ပါတယ်။

ဒီကနေ့ ရန်ကုန်မှာ ပြုလုပ်တဲ့ရှင်းလင်းပွဲအတွင်း သူရဲ့ ပြောကြားချက်မူရင်းကို ဖော်ပြပေးလိုက်ပါတယ်။
လောလောဆယ်တော့ မြန်မာဘာသာပြန်ထားတာ မတွေ့ရသေးပါ။
P R E S S R E L E A S E
U . S . E M B A S S Y R A N G O O N
1 1 0 U n i v e r s i t y A v e n u e , K a m a y u t T o w n s h i p , R a n g o o n , B u r m a

Remarks by Ambassador Derek J. Mitchell
As prepared for delivery
Friday, July 20

Thank you all very much for coming today. Before I get to an announcement, I wanted to
convey first my deep gratitude for the warm welcome I have received here from citizens and
colleagues since arriving 10 days ago on July 11. It has been an eventful and perhaps historic
10 days, and I have to say I’m already a bit tired! But there is so much work to do. I wanted
to express my particular gratitude to President U Thein Sein and his government for moving
so rapidly to allow me to present my credentials as U.S. Ambassador immediately upon my
arrival. I know this is rather unprecedented and extraordinary, and I want to make sure they
know of my – and my government’s – appreciation for their flexibility and responsiveness. It
has allowed me to get right to work this past week.

As you have heard from press reports, Secretary Clinton and President Thein Sein met last
Friday in Siem Reap. Secretary Clinton underscored U.S. support for the on-going reform
efforts here, and expressed excitement for what lies ahead. The meeting between Secretary
Clinton and President Thein Sein is a demonstration of the continued positive momentum in
our bilateral relationship and increasing cooperation between our two countries. On July 11,
the United States eased sanctions to allow American companies to do business in this
country. We believe that responsible investment will serve the long-term economic interests
of both our peoples. Here, we believe investment, done according to traditional U.S.
corporate principles and values, can contribute to broad-based economic development, help
create jobs, improve the welfare of the people of this country, and support continued
economic and political reform and national reconciliation.

A critical component of responsible investment, and of democracy more broadly, is
transparency. The United States has required American companies doing business here to
report on their activities in line with the highest standards of international corporate
governance. In fact, this reporting requirement is unprecedented for anywhere else in the
world our companies do business. We believe this requirement serves our mutual interest in
demonstrating the unique quality of our companies around the world and their commitment to
be partners in your reform process. We also hope the information will help empower civil
society to take an active role in monitoring all new investment that flows into the country.
Economic transparency is particularly critical in extractive industries, because of the amount
of money involved, and because state-owned companies like Myanmar Oil and Gas
Enterprises are entrusted with the management of this nation’s patrimony, its natural
resources. To that end, we have special requirements for US companies involved with stateowned
enterprises, including MOGE.

In addition to increasing our investment, we are also serious about increasing our
development and humanitarian assistance. As announced in April, we are reopening our
USAID mission and expanding our USAID program here. Two weeks ago, on July 5th, we
announced $3 million in assistance to support efforts to deal with humanitarian needs in
Rakhine and Kachin States, and disaster risk reduction projects across the country. Today, I
can announce we are providing $3 million in food assistance to displaced people in Kachin
and northern Shan States.

Through USAID's Office of Food For Peace, we are donating this $3 million dollars to the
World Food Program. With this contribution, WFP will purchase approximately 3,400
metric tons of rice, which will help feed 55,000 people for six months. WFP will distribute
this rice to displaced persons in Kachin and northern Shan States, in government controlled
areas as well as in areas not controlled by the government. As always, our core principle is to
provide help where it is needed and to be inclusive in our assistance, providing support to the
people of Burma whatever ethnic or religious group. Once stood up, our USAID mission will
continue to look for ways to support both immediate needs and longer-term goals in the
country, including initiatives to promote civil society and democratic development, health
needs, and other efforts in partnership with all relevant actors in this diverse society.

Thank you for listening. I can take a few questions.

http://blog.irrawaddy.org/2012/07/blog-post_5087.html

မြန်မာပြည်ကို ချောင်းပေါက်အောင် ရောက်တဲ့ အမေရိကန်ပါမောက္ခ

Dr. Karl Jackson (ဓာတ်ပုံ - www.sais-jhu.edu)

ဗုဒ္ဓဟူးနေ့က ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်နဲ့ တွေ့ခဲ့တဲ့ အမေရိကန်ပါမောက္ခ Dr. Karl Jackson ရဲ့ မြန်မာပြည် ခရီးဟာ ၂ နှစ်အတွင်း သူ့ရဲ့ ဆယ်ကြိမ်မြောက် ခရီးစဉ် ဖြစ်ပါလိမ့်မယ်။

ဧပြီလကုန်ပိုင်း အမေရိကန် အထက်လွှတ်တော်၊ နိုင်ငံခြားဆက်ဆံရေးကော်မတီရဲ့ မူဝါဒရေးရာ ကြားနာပွဲတခုမှာ သူက မြန်မာပြည်ကို ၂ နှစ်အတွင်း ၉ ကြိမ် ရောက်ခဲ့ကြောင်း ပြောထားပါတယ်။

သူ့ပြောဆိုချက် အပြည့်အစုံကို ဒီစာ အဆုံးမှာ ပူးတွဲ ဖော်ပြထားပါတယ်။

သံတမန်ဆက်ဆံမှု တိုးတက်ရေး၊ ဒဏ်ခတ်ပိတ်ဆို့မှု ဖြေလျှော့ပေးရေး ဆောင်ရွက်ကြတဲ့ ကာလများအတွင်း မြန်မာပြည်ကို ချောင်းပေါက်အောင် ရောက်ခဲ့သူပါ။

အမေရိကန်မှာ စစ်ပညာ သင်ယူနိုင်ခွင့်တချို့ ကမ်းလှမ်း ပေးအပ်တဲ့နည်းနဲ့ မြန်မာစစ်အုပ်စုထဲက ပြုပြင်ပြောင်းလဲရေးသမားတွေကို အားပေးသင့်ပါတယ် လို့ သူက ကြားနာပွဲမှာ တင်ပြခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ မူဝါဒအပြောင်းအလဲအတွက် ရှင်းပြ နားချ တိုက်တွန်းတဲ့ ပညာရှင်တဦးဖြစ်ဖွယ်ရှိပါတယ်။

ဒါကတော့ မနေ့က သတင်းစာမှာ တွေ့ရတဲ့ သတင်းတိုပါ။
မြန်မာအမတ်တွေကို သူတို့ဆီ ဖိတ်ခေါ်ဖို့ ပြောဖြစ်ကြပါတယ် တဲ့။

ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်
အမေရိကန်နိုင်ငံ ဂျွန်စ်ဟော့ပ်ကင်း တက္ကသိုလ်မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် ဇူလိုင် ၁၈

ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် အမေရိကန်နိုင်ငံ Johns Hopkins University မှ Professor, Dr. Karl Jackson ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသားလွှတ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်များအား အမေရိကန်နိုင်ငံသို့ ဖိတ်ကြားရေးအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ အမျိုးသားလွှတ်တော်ကော်မတီနှင့် ကော်မရှင်တို့မှ ဥက္ကဋ္ဌများ၊ လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)

http://blog.irrawaddy.org/2012/07/blog-post_6152.html