Monday, 23 July 2012

ဆရာကြီး သခင်ကိုယ်တော်မှိုင်း















By The Voice Weekly

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံခရီးစဉ်

ယနေ့ နံနက်ပိုင်းတွင် ထိုင်နိုင်ငံ အစိုးရအိမ်တော်၌ ပြုလုပ်သည့် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လတ် တို့အား တွေ့ရစဉ်














နိုင်ငံတော် သမ္မတ ဦးသိန်းစိန် PTTEP ကုမ္မဏီမှ အမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဌ တို့ နှင့် တွေ့ဆုံနေစဉ် 

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စု ၀န်ကြီးများထံသို့ ထိုင်းနိုင်ငံ SCG Group၊ PTT Group PTEP နှင့် CP ကုမ္မဏီတို့မှ အမှုဆောင် အရာရှိချုပ်နှင့်ဥက္ကဌများ ယနေ့ မွန်းလွဲပိုင်းက လာရောက် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။


နိုင်ငံတော် သမ္မတ ဦးသိန်းစိန် CP ကုမ္မဏီမှ အမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဌ တို့ နှင့် တွေ့ဆုံနေစဉ် 

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စု ၀န်ကြီးများထံသို့ ထိုင်းနိုင်ငံ SCG Group၊ PTT Group PTEP နှင့် CP ကုမ္မဏီတို့မှ အမှုဆောင် အရာရှိချုပ်နှင့်ဥက္ကဌများ ယနေ့ မွန်းလွဲပိုင်းက လာရောက် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။




By Eleven Media Group, 7Day News Journal

ကြမ်းခင်း ပြိုကျမှု ဖြစ်ပွားခဲ့သည့် မုံရွာမြို့ အ.ထ.က ၂မြင်ကွင်း






By Eleven Media Group

လယ်ယာမြေသိမ်းဆည်းမှုများ စုံစမ်းဖော်ထုတ်၍ တရားမျှတစွာဖြေရှင်းရန်အရေး လွှတ်တော်အတွင်း ဆွေးနွေးသူများ

နေပြည်တော်၊ဇူလိုင်-၂၃
ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့တွင် ဇလွန်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ် တင်သွင်းခဲ့သည့် လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိ
စေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် အဆိုအား ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၄၅ ဦးက ဆွေးနွေးရန် အမည်စာရင်းတင်သွင်းထားရာ ပြီးခဲ့သည့် ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စား
လှယ် ငါး ဦးဆွေးနွေးခဲ့ပြီး ယနေ့(ဇူလိုင် ၂၃ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၁၀ ဦးက ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
မနက်ဖြန်(ဇူလိုင် ၂၄ ရက်)တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်တွင်လည်း ကိုယ်စားလှယ် ၁၀ ဦးမှ ထပ်မံဆွေးနွေးမည်ဖြစ်သည်။ဇူလိုင် ၂၄ ရက် တွင်ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်တွင် JICA မှ ချေးငွေများနှင့် ပတ်သက်၍လည်း ပြည်
ထောင်စုအဆင့် အဖွဲ့အစည်းဝင်တစ်ဦးမှ ဖတ်ကြားရှင်းလင်းတင်ပြမည့် အစီအစဉ်ပါဝင်သည်။
ဦးတင်ထွဋ်၏ အဆိုအား ဆွေးနွေးမည့် ကိုယ်စားလှယ် ၄၅ ဦးရှိသဖြင့် ယခုတစ်ပတ်အတွင်း ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်များတွင် ယင်းအဆိုအား ဆွေးနွေးမည့် အစီအစဉ်များသာ အဓိကပါဝင်နိုင်ဖွယ်ရှိကြောင်း ကိုယ်စားလှယ်များ
ကခန့်မှန်းသည်။
လစ်လပ်သွားသည့် ဒုတိယသမ္မတနှင့် ပတ်သက်သည့် အစီအစဉ်မှာ ယခုတစ်ပတ်အတွင်း ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်များတွင် ပါဝင်နိုင်ဖွယ် မရှိသေးကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ကပြောသည်။ဒုတိယ သမ္မတနေရာ
ယခင်က ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေအား တပ်မတော်သားကိုယ်စားလှယ်များက အမည်စာရင်းတင်သွင်းထားသည်ဟု သိရသော်လည်း နောက်ပိုင်းတွင် တပ်မတော်အတွင်းမှ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး သို့မဟုတ် ဗိုလ်ချုပ်ကြီး
တစ်ဦးဖြစ်လာနိုင်ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေပြန်သည်။



By 7Day News Journal

ထားဝယ်ဆိပ်ကမ်းစီမံကိန်းကို မြန်မာနှင့် ထိုင်း ဆက်လက်လုပ်ဆောင်မည်

စီးပွားရေးဆက်ဆံမှု ပိုမိုအားကောင်းခိုင်မာရေး အဓိကထား၍ နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆွေးနွေးပွဲတွင် ကန်ဒေါ်လာသန်းပေါင်းထောင်ချီကုန်ကျမည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်လုပ်ဆောင်သွားရန် ထိုင်းနှင့် မြန်မာတို့က သန္နိဋ္ဌာန်ချမှတ်ခဲ့ကြသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲရေး၏ အရေးပါသော အစိတ်အပိုင်းဖြစ်ပြီး ထိုင်းကဲ့သို့ အိမ်နီးချင်းနိုင်ငံများအတွက်အိန္ဒိယသမုဒ္ဒရာနှင့် အနောက်နိုင်ငံဈေးကွက်များအတွက် စီးပွာရေးလမ်းကြောင်းသစ်တစ်ခု ဖွင့်လှစ်နိုင်မည့်ထွက်ပေါက်ဖြစ်လာနိုင်သည်။

ထားဝယ်တွင် အထူးစီးပွားရေးဇုန်တစ်ရပ် ထူထောင်သွားရေးအတွက် နှစ်နိုင်ငံကြား ဇူလိုင် ၂၃ ရက်တွင် နားလည်မှုစာချွန်လွှာတစ်ရပ် ရေးထိုးခဲ့ပြီး ယင်းအတွက် ထိုင်းနိုင်ငံက လိုအပ်သော ကဏ္ဍများတွင် အကူအညီပေးရန်သဘောတူညီခဲ့သည်။ ယင်းကဏ္ဍများတွင် လုံခြုံရေး၊ အခြေခံအဆောက်အအုံ၊ စက်ပစ္စည်းနှင့် သယ်ယူပို့ဆောင်ရေးပံ့ပိုးပေးခြင်းများလည်းပါဝင်သည်။

နှစ်နိုင်ငံကြားတွင် ဆက်စပ်နေသောကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ၀န်ကြီးအဆင့်ဆက်သွယ်မှုများ ထူထောင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံသို့အလည် အပတ်ရောက်ရှိနေသော မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ခ်ရှင်နာ ၀ပ်ကပြောကြားသည်။

“ကျွန်မတို့ရဲ့ ဆွေးနွေးမှုတွေမှာ ထားဝယ်ဆိပ်ကမ်းတည်ဆောက်ရေးနဲ့ပတ်သက်ပြီး ခိုင်မာတဲ့တိုးတက်မှုတွေရရှိအောင် မြန်မာနိုင်ငံနဲ့ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားဖို့ ထိုင်းအစိုးရရဲ့ စိတ်ပိုင်းဖြတ်ထားမှုကို ထပ်မံအတည်ပြုခဲ့ပါတယ်”ဟု မစ္စယင်လပ်ခ်က ပြောကြားသည်။

ထားဝယ်စီမံကိန်းမှာ စတုရန်းကီလိုမီတာ ၂၅၀ ကျယ်ဝန်းပြီး သံမဏိစက်ရုံ၊ ရေနံဓာတုစက်ရုံနှင့် ရေနံချက်စက်ရုံများ ပါဝင်သည်။ ယင်းစီမံကိန်းအား ထိုင်းစက်မှုလုပ်ငန်းကုမ္ပဏီကြီးဖြစ်သော အီတာလျံ-ထိုင်းက ဦးဆောင်အကောင်အထည်ဖော်နေပြီး ရန်ပုံငွေရှာဖွေရေးတွင် ပြဿနာရှိနေသည်ဟု ဆိုသော်လည်း စီမံကိန်းမှာ အစီအစဉ်အတိုင်း ဆက်သွားနေသည်ဟု ထိုင်းကုမ္ပဏီကပြောကြားသည်။ သို့သော် ထားဝယ်တွင် တည်ဆောက်မည့် မဂ္ဂါဝပ် ၄၀၀၀ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအား မြန်မာအစိုးရက ယခုနှစ် စောစောပိုင်းတွင် တားဆီးခဲ့ရာမှ ဆိပ်ကမ်းတည်ဆောက်ရေးအပေါ် သံသယပွားခဲ့ကြသည်။

သမ္မတဦးသိန်းစိန်သည် ဇူလိုင်လ ၂၂ ရက်တွင် ထိုင်းပင်လယ်ကွေ့ရှိ လမ်ချာဘန်းရေနက်ဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ ယင်းဆိပ်ကမ်းနှင့်ထားဝယ်ဆိပ်ကမ်းအား ကုန်းလမ်းမှ လမ်းဖောက်ဆက်သွယ်သွားမည်ဖြစ်သည်

ခေါင်းဆောင်နှစ်ဦး၏ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံကြား လက်ရှိနယ်စပ်ဂိတ်များအပြင် ချင်းမိုင်၊ မဲဟောင်ဆောင်နှင့် ကန်ချာနာဘူရီဒေသများ၌ နယ်စပ် ဂိတ်အသစ်များ ထပ်မံဖွင့်လှစ်သွားရန်ကိုပါ သဘောတူညီခဲ့ကြသည်။

ကိုးကား -AFP

By 7Day News Journal

ထိုင်းနိုင်ငံသား ၉၂ ဦးအား မြန်မာတရားရုံး၌ စစ်ဆေးမည်

ထိုင်းနိုင်ငံ ရနောင်းခရိုင်နှင့်ကပ်လျက် မြန်မာနိုင်ငံ ကော့သောင်း ခရိုင်၌ တရားမ၀င် ၀င်ရောက်မှု ကြောင့် ဇူလိုင် ၄ ရက်က ဖမ်းဆီး ထားသော ထိုင်းနိုင်ငံသား ၉၂ ဦး အား ဇူလိုင် ၂၇ ရက်တွင် မြန်မာ တရားရုံး၌ ရုံးတင်စစ်ဆေးမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန် ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် သာနီသွန်ပက်ဒီကပြောကြားသည်။

အဆိုပါ ထိုင်းနိုင်ငံသားများအား တရားမ၀င် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု၊ လက်နက်နှင့် မူးယစ်ဆေးဝါးများ တရားမ၀င်ကိုင်ဆောင်မှုများဖြင့် စွဲချက်တင်ထားသည်ဟု မစ္စတာသာနီက ပြောသည်။ တရားခံများကိုအကူ အညီပေးရန် ဒေသခံ ထိုင်း-မြန်မာနယ်စပ်ကော်မတီသို့တာဝန်ပေးထားကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်က ၎င်းတို့အတွက် တရားမျှတမှုရှိအောင် လုပ်ဆောင်ပေးမည်ဟု ယုံကြည်ကြောင်းလည်း ပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာပေါင်တိုဗီချာချိုင်ကူးလ်ကလည်း ယင်းထိုင်းနိုင်ငံသားများကိစ္စကို ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့၌ မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ခ် ရှင်နာဝပ်ကလည်း ယင်းကိစ္စကို မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အသိပေးပြောကြားခဲ့သည်ဟု မစ္စတာသာနီကပြောသည်။ တရားခံများအား ရုံးထုတ်သည့်နေ့မှာပင် မြန်မာတရားရုံးက စီရင်ချက်ချမှတ်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် မြန်မာတရားစီရင်မှုလုပ်ငန်းစဉ်တွင် ၀င်ရောက်စွက်ဖက်မည် မဟုတ်ဟုလည်း ၎င်းကဆက်လက်ပြောကြားသည်။

/Bangkok Post/



By 7Day News Journal

ဒ်ါအောင်ဆန်းစုကြည်၏ ကလေးဘ၀မှ လက်ရှိအချိန်အထိ အဖြစ်အပျက်၊အကြောင်းအရာများကို အင်တာဗျူး ပြုလုပ်ခဲ့

ဒေါ်အောင်ဆန်းစုကြည်အတ္ထုပတိကို မှတ်တမ်းရုပ်ရှင်(Documentary ) အဖြစ် ဒါရိုက်တာမင်းထင်ကိုကိုကြီးက ဇူလိုင်လ ၂၁ရက် နံနက် ၁၀နာရီက ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း၊ခြံနံပတ် ၅၄ တွင် စတင်ရိုက်ကူးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကလေးဘ၀မှ လက်ရှိအချိန်အထိ အဖြစ်အပျက်၊အကြောင်းအရာများကို အင်တာဗျူး ပြုလုပ်ခဲ့ရာတစ်နာရီကြာမြင့်ခဲ့ပြီး ရိုက်ကွင်းတွင် ဖြေကြားပေးနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။
ဓာတ်ပုံ- မျိုးမြင့်ဆွေ


ဓာတ်ပုံ- MHKKG Team





By 7Day News Journal

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လတ်တို့ တွေ့ဆုံမှု၌ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ပူးတွဲဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးခဲ့


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ် ရှင်နာဝပ်တို့သည် ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ အစိုးရ အိမ်တော်၌ တွေ့ဆုံခဲ့ကြပြီး အဆိုပါ တွေ့ဆုံမှုတွင်
စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ပူးတွဲဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် Weekly Eleven News ဂျာနယ်၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက သတင်းပေးပို့ခဲ့ပါသည်။

"ထိုင်းဝန်ကြီးချုပ်က မနေ့ကမှ နိုင်ငံခြားခရီးစဉ်က ပြန်ရောက်လာတဲ့ အတွက် ဒီနေ့ရောက်မှ နိုင်ငံတော် သမ္မတနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့မနက် ၁၀ နာရီအချိန်က ထိုင်းအစိုးရ အိမ်တော်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ဂုဏ်ပြုကြိုဆိုပွဲ လုပ်ပါတယ်။ အဲတာပြီးတော့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ သီးခြားတွေ့ဆုံပါတယ်။ တွေ့ဆုံမှုအပြီး နှစ်နိုင်ငံ ၀န်ကြီးတွေ နားလည်မှု စာချွန်လွှာရေးထိုးခဲ့တယ်။ နောက်ပိုင်းမှာတော့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်"ဟု ကိုဝေဖြိုးက ပြောပါသည်။

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး သီးခြားတွေ့ဆုံမှုအပြီး ရေးထိုးခဲ့သော နားလည်မှု စာချွန်လွှာများမှာ မြန်မာ- ထိုင်း အစိုးရတို့ အကြား ထားဝယ် အထူး စီးပွားရေးဇုန်နှင့် စီမံကိန်း ဆက်စပ် နယ်မြေများတွင် ပြီးပြီး ပြည့်စုံသော ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ မြန်မာ- ထိုင်း အစိုးရတို့ အကြား မြန်မာနိုင်ငံအနှံ့ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာနှင့် စွမ်းအင် ဖိုရမ် တည်ထောင်ရေး ဆိုင်ရာ ပူးတွဲကြေညာချက် နားလည်မှု စာချွန်လွှာများ ဖြစ်ကြောင်း သိရပါသည်။

နားလည်မှုစာချွန်လွှာ ရေးထိုးမှုအပြီး ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်သမ္မတ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမ လုပ်ဆောင်ရာတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် ဆက်သွယ်မှု အပါအ၀င် နှစ်နိုင်ငံ ဆက်သွယ်မှု လမ်းကြောင်းများ မြှင့်တင်ရေး၊ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေးတွင် ကူညီ ဆောင်ရွက်ပေးရန် အစရှိသည်တို့ကို ပြောဆိုခဲ့ကြောင်း သိရသည်။

"ထိုင်းဝန်ကြီးချုပ် ရင်လတ်က မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီဆောင်ရွက်ပေးမယ်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အနေနဲ့ မနေ့က ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ရေနက်ဆိပ်ကမ်း လမ်ချာဘန်ကို သွားရောက်လေ့လာထားတယ်။ ဒီလေ့လာမှုက နှစ်နိုင်ငံအကြား ပူးပေါင်း လုပ်ဆောင်မှုတွေမှာ အရေးပါမှုတစ်ခု ဖြစ်လာလိမ့်မယ်။ နောက်ပြီး သြဂုတ်လထဲမှ ထိုင်းနိုင်ငံဘက်က ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို မြန်မာနိုင်ငံကို စေလွှတ်သွားမယ် စတဲ့အချက်တွေကို သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်" ဟု ကိုဝေဖြိုးက ဆက်လက် ပြောပြပါသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော် သမ္မတက မြန်မာဘာသာဖြင့် ပြောဆိုခဲ့ကာ ထိုင်းဝန်ကြီးချုပ်က ထိုင်းဘာသာစကားဖြင့်ပင် ပြောဆိုခဲ့ကြောင်း၊ သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်မှု အသွင်သာ ဆောင်ခဲ့ပြီး သတင်းထောက်များမှ မေးခွန်းမေးမြန်းခြင်း အစီအစဉ်မပါရှိခဲ့ကြောင်း သိရပါသည်။

ယနေ့ မွန်းလွဲပိုင်း အစီအစဉ်၌မူ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် အဖွဲ့သုံးဖွဲ့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရပါသည်။
နိုင်ငံတော် သမ္မတနှင့်အတူ လိုက်ပါလာသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှာ ယနေ့ မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ Rice Engineering supply ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း၊ အဆိုပါဆွေးနွေးပွဲသို့ မြန်နိုင်ငံ ဆန်စပါး ထုတ်လုပ်သူများအသင်း၊ တောင်သူလယ်သမား ကိုယ်စားလှယ်များနှင့် စက်မှုဇုန်ကိုယ်စားလှယ်များလည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည်လည်း ထိုင်နိုင်ငံရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် နေရာ အချို့သို့ သွားရောက်လေ့လာရန် အစီအစဉ်ရှိကြောင်းနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ လုပ်ကိုင်နေသော Phamattana Sea food ကုမ္ပဏီကိုလည်း သွားရောက် လေ့လာမည်ဟု သိရပါသည်။

နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့သည့် ယနေ့ ညပိုင်းတွင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်မှ တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်မည်ဖြစ်ကာ ဇူလိုင်လ ၂၄ ရက်နေ့တွင် မြဘုရားသို့ သွားရောက်ဖူးမျှော်ရန် အစီအစဉ်ရှိကြောင်း သိရပါသည်။ 
 

By Eleven Media Group

ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သော အကြမ်းဖက်အဓိကရုဏ်းတွင်ပါဝင်ပတ်သက်မှုကြောင့် အန်ဂျီအို ၀န်ထမ်းများထိန်းသိမ်း ခံရပြီးနောက်ပိုင်းတွင် INGOS, UNSTOP စသည့် ပိုစကာလှုပ်ရှားမှုများကို အန်ဂျီအိုဝန်ထမ်းအချို့က စစ်တွေမြို့တွင် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာ

ပြီးခဲ့သည့်လအတွင်းက ရခိုင်ပြည်နယ်ဒေသအ၀န်းတွင် ဖြစ်ပေါ်ခဲ့သောအကြမ်းဖက်ဖြစ်စဉ်များနှင့်ပတ်သက်၍ စစ်တွေမြို့ရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့(AZG)မှ INGO၀န်ထမ်းတစ်ဦးဖြစ်သူ အစ္စလာမ်ဘာသာဝင် ဦးကျော်လှအောင်အား ထိန်းသိမ်းခဲ့ပြီးနောက် ယခုကဲ့သို့ပိုစတာလှုပ်ရှားမှုများ နေရာအနှံဖြစ်ပေါ်လာခြင်း ဖြစ်သည်။
”UN,INGOS နဲ့ ပတ်သက်ပြီးတော့ ဒီမှာ တော်တော်လေးကို မကျေနပ်ဖြစ်နေကြတယ်။အကြမ်းဖက်မှုနဲ ဆက်နွယ်တဲ့ အန်ဂျီအိုဝန်ထမ်းတွေကိုပြည်နယ်တရားလွှတ်တော်ရုံးမှာ စစ်ဆေးနေတယ်။ UN,INGOS ကို STOP လုပ်တာက ရခိုင်ပြည်ကိုရောက်တဲ့ အန်ဂျီအိုတွေက ဒေသခံရခိုင်တွေကို အကူညီပေးတာမဟုတ်ဘူး၊ ပြည်ပကနေခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကိုပဲ ထောက်ပံ့နေတာ။ ရခိုင်မှာစာမသင်ရတဲ့ ကလေးအများကြီးဘဲ၊ ဒါပေမယ့် အန်ဂျီအိုတွေ မမြင်ယောင်ဆောင်နေတာ”ဟု စစ်တွေမြို့ခံတစ်ဦးက၄င်း၏ခံစားချက်ကိုရှင်းပြသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင်ရှိဘင်္ဂါလီများအား ပြည်နယ်ခွဲဝေပေးရန်မြန်မာအစိုးရထံတောင်းဆိုမှုများရှိလာ သည့်အချိန်တွင် UNဆန့်ကျင်ရေးအသံများ စစ်တွေတွင် ပိုမိုကျယ်ဆောင်လောင်လာခဲ့သလို ရခိုင်ပြည်နယ်အတွင်းရှိ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့ (LNGO)များကလည်းပြည်ပအန်ဂျီအို(INGO)များ၏ လုပ်ဆောင်မှု များအပေါ်တွင်ယုံကြည်မှုနည်းပါးလာကြာင်းကို လည်း လေ့လာသူအချို့က သုံးသပ်ကြသည်။

အန်ဂျီအိုများအနေဖြင့် ရခိုင်ပြည်နယ်တွင် လူမှုရေးလုပ်ဆောင်မှုသက်တမ်းနှစ်ပေါင်း(၂၀)ကျော်ကြာသည့်တိုင် ဌာနေတိုင်းရင်းသားများအတွက် ထိရောက်သောအကူအညီများအား ယနေ့တိုင် ပေးစွမ်းနိုင်ခြင်း မရှိသေး ကြောင်းကိုလည်းရခိုင်ပြည်နယ်ရှိ ပြည်တွင်းလူမှုရေးအဖွဲ့(Local NGO)များက သုံးသပ်ကြသည်။

“ကျွန်တော်တို့ တိုင်းရင်းသားတွေထဲမှာပါတဲ့ ချင်း၊ခမီ၊ မြို၊ ဒိုင်းနက်စတဲ့ဒေသခံတွေကို အကူအညီမပေးဘဲ မူဆလင်ဘင်္ဂါလီတွေကိုနှစ်ပေါင်းများစွာထောက်ပံ့လာတာ။ ကျွန်တော်တို့လူမျိုးကော မဆင်းရဲဘူးလား။ရခိုင်တွေမှာလည်း အလုပ်အကိုင်မရှိလို့ ပြည်ပယိုစိးသွားတဲ့လူတွေလည်းအများကြီးပါ၊“ဟု ရခိုင်ပြည်နယ် တွင် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသူဝံလက်ကျေးလက်ဒေသဖွံ့ဖြိုးရေးဖောင်းဒေးရှင်း ဒါရိုက်တာအဖွဲ့ဝင်ဦးသိန်းဝင်းက ပြောသည်။

ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာမည့် အန်ဂျီအိုများအားသက်ဆိုင်ရာမှစီစစ်ခွင့်ပြုပေးသင့်ကြောင်းကိုလည်း ၄င်းကဆက်လက်အကြံပြုပြောဆိုခဲ့သည်။

“အုပ်ချုပ်ရေးယန္တရားရားအောက်မှာ တစ်စုံတရာ ပြောခွင့်မရဘူး၊ကိုယ်အိမ်ကိုလာတဲ့ ဧည့်သည်တွေက ဘယ်ကလာတယ်။ ဘယ်လဲဘာအတွက်လာကြတာလဲဆိုတာကို မေးမြန်း စစ်ဆေးခွင့်မရှိခဲ့လို့ ဒီလိုမျိုးပြဿနာတွေ ဖြစ်လာတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေက အမှန်တကယ်စနစ်တကျစိစစ်ပြီးတော့ဒေသခံတွေနဲ့ ပူးပေါင်းပါဝင်ပြီး စနစ်တကျစိစစ်ပြီးမှ လက်ခံသင့်တယ်”ဟု၎င်းကအကြံပြုပြောကြားခဲ့သည်။

လက်ရှိ စစ်တွေမြို့တွင် လူမှုအရေးအဖွဲ့အစည်းအချို့မှာ ၄င်းတို့၏အကူအညီပေးရေးလုပ်ငန်းများအား ရပ်ဆိုင်းထားကြောင်းကိုလည်း အန်ဂျီအိုအသိုင်းအ၀ိုင်းက သတင်းရရှိသည်။


မြန်မာနိုင်ငံတွင် ပြည်တွင်းလူမှုအရေးအဖွဲ့အစည်း(LNGO)အများစုမှာနိုင်ငံတကာလူမှုရေးအဖွဲ့အစည်းများ (International NGO)များက တဆင့်လက်ဝေခံ၍ လူမှုရေးကူညီမှုလုပ်ငန်းများအား လုပ်ဆောင်နေရသောအခြေအနေများရှိနေဆဲဖြစ်ကြောင်း၊ ထိုအခြေအနေများမှ လွတ်ကင်းနိုင်ရန်အတွက်ကြိုစားဆဲဖြစ်ကြောင်း ကိုလည်း ရန်ကုန် LNGO အသိုင်းအ၀ိုင်းက သိရှိရသည်။
သတင်းနှင့်-မြစ်မခ



By News of Myanmar

ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေ၌မော်တော်ယာဉ်များနှင့်အိမ်ခြံဝင်းများအတွင်း၌ နိုင်ငံတော်အလံများကိုဇူလိုင်လ(၂၂)ရက်နေ့မှ စတင်ကာ နေရာအနှံ့အပြား တပ်ဆင်လာ


“ကျနော်တို့သိတာကတော့သမ္မတကြီးကို ထောက်ခံတဲ့အနေနဲ့ နိုင်ငံတော်အလံကိုလွှင့်ထူတာ ဖြစ်တယ်လို့ ကြားမိတယ်။ တစ်ချို့လက်ကမ်းစာစောင်တွေမှာလည်းဖတ်ရတယ်။ ရခိုင်အရေးကိစ္စမှာ သမ္မတကဘင်္ဂလီ တွေနဲ့ပတ်သက်ပြီးပြတ်ပြတ်သားသား ပြောလိုက်တဲ့အတွက် ရခိုင်လူထုတွေက နိုင်ငံတော်အလံတွေကိုချိတ်ဆွဲတာ ဖြစ်တယ်’’ဟုစစ်တွေဒေသခံတစ်ဦးက အလံလွှင့်ထူရခြင်းနှင့်ပတ်သက်၍ရှင်းပြသည်။

မြန်မာနိုင်ငံတော်အလံများကို အိမ်ခြံဝင်းများတွင်သာမက ကား၊ဆိုင်ကယ်နှင့်စက်ဘီး၊ ဆိုက်က္ကားများတွင်လည်း ချိတ်ဆွဲထားခြင်းဖြစ်သည်။

“ဒီနေ့မှစပြီး အလံတွေချိတ်ကြတာပါ၊ တစ်ချို့အိမ်တွေမှာဆိုရင်အလံကြီးကြီးတွေ ချိတ်ထားတယ်၊ ဆိုက္ကားတွေမှာဆိုတော့ စက္ကူနဲ့လုပ်ထားတဲ့အလံတွေပါ။ အမျိုးအစားလိုက်ပေါ့’’ဟု ၄င်းက ဆက်ပြောသည်။

ယခုလ (၁၂)ရက်နေ့က နိုင်ငံတော်သမတ ဦးသိန်းစိန်နှင့်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး(Mr. Antonio Guterres )တို့နေုပြည်တော်၌ တွေ့ဆုံစဉ် ရခိုင်အရေးကိစ္စကို ပြောဆိုခဲ့ကြရာ နိုင်ငံတော်သမ္မတကြီး က သမိုင်းကြောင်းအရာတွင် ဘင်္ဂလီ များသည် ရိုဟင်ဂျာအမည်ခံ၍ခိုးဝင်လာသူများသာ ဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါခြိမ်းခြောက်လာကြောင်း ပြောကြား ခဲ့သဖြင့် ရခိုင်လူထုက ၄င်း၏အဆိုပါပြောကြား ချက်အား ထောက်ခံသည့်အနေဖြင့် မြန်မာနိုင်ငံတော်အလံကို (၉)ရက်အထိ လွှင့်ထူမည်ဟု ဒေသခံများ၏ ပြော ဆိုမှုအရ သိရှိရသည်။


ပြည်နယ်တွင်းအကြမ်းဖက်မှု တစ်လပြည့်မြောက်သည့်နေ့ကလည်း ရခိုင်ပြည်နယ်တွင်ဗုဒ္ဓဘာသာသာသနာ့ အလံများ လွှင့်ထူခဲ့သလိုဘဏ်နှင့်လူမှုရေးအဖွဲ့အစည်းရုံးများတွင်လည်း ထိုနေ့က သာသနာ့အလံများ လွှင့်ထူခဲ့ကြောင်း သိရသည်။
သတင်း-မြစ်မခ

By News of Myanmar

တိုက်ဆိုင်မှု မဟုတ်တော့ဘဲ စီမံကိန်းချ၍ တိုက်ခိုက်ထိုးနှက်မှုများ အဖြစ်သို့ ရောက်ရှိလာသော ခြိမ်းခြောက်မှုများ

googling လုပ်ရင်း မြန်မာအကြောင်း သတင်းတွေ ကြည့်လိုက်တိုင်းမှာ စုပြုံတက်လာတဲ့ သတင်းတွေက ကျွန်တော်တို့ နိုင်ငံတော်သမ္မတကြီးရဲ့ UNHCR မဟာမင်းကြီးနဲ့ တွေ့ဆုံခဲ့စဉ် ပြောခဲ့တဲ့စကားကို ဝေဖန်တိုက် ခိုက်နေကြတဲ့ သတင်းတွေ၊ သမ္မတကြီးရဲ့ ဓါတ်ပုံ၊ ကျွန်တော်တို့ရဲ့ အထွဋ် အမြတ်ဖြစ်တဲ့ နိုင်ငံတော်အလံ၊ ဒီဟာတွေကို မဖွယ်မရာတွေ ပြုလုပ်၊ မီးရှို့ ပြနေကြတဲ့ သတင်းတွေ ပလူပျံအောင် တွေ့ရပါတယ်။

အခုနောက်ဆုံး ဒီလ ၂၀ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာရဲ့ အယ်ဒီတာ့အာဘော် ခေါင်းကြီးပိုင်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အထွဋ်အထိပ်နေရာမှာ တည်ရှိတဲ့ နိုင်ငံတော်သမ္မတကြီး ကို ဝေဖန်တိုက်ခိုက်ထားတာ ဖတ်လိုက်ရပါတယ်။ Freedom of Press ကို ကျွန်တော်တို့ နားလည်နိုင်၊ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် နောက်ကွယ်က အကြောင်းတရားတွေကို ကျွန်တော်တို့ မြင်အောင် ကြည့်တတ်ဖို့လည်း လိုမယ် ထင်ပါတယ်။

ဒါဟာ ဘာသာရေးနဲ့ မဆိုင်ပါဘူး။ ပြည်တွင်းမှာ တရားဝင်နေထိုင်လာခဲ့ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ မဆိုင်ပါဘူး။ ပြောရရင် ကမ္ဘာပေါ်မှာ ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့နိုင်ငံသားတွေဟာ မေတ္တာတရားရဲ့ အရိပ်အာဝါသ၊ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းရဲ့ အဆုံးအမတွေနဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ လူ့အဖွဲ့အစည်းကို ဆက်ခံခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်လပ်စွာကိုးကွယ်ခွင့်ကို အာမခံထားသလို ကျွန်တော်တို့ မြေမှာ စေတီပုထိုးကျောင်းကန်တွေသာ မက ချာ့ခ်ကျောင်းတွေ၊ ပလီတွေ တည်ရှိနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဖြစ်ပြီးသမျှတွေကို ရှုမြင်ရာမှာ ဘာသာရေး လို့ မမြင်ကြပါဘူး။ ကျွန်တော်တို့မှာ ခွဲခြားမြင်နိုင်တဲ့ အသိတရား၊ ဘာသာတရားရဲ့ အဆုံးအမတွေ ရှိနေပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာ့အလယ်မှာ ကျွန်တော်တို့နိုင်ငံကို ရာဇ၀င်လူဆိုး နိုင်ငံကြီး ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ အကွက်ကျကျ လုပ်ကြံလာကြတာဟာ အခုဆိုရင် ပိုပိုပြီး ဆိုးရွားလာနေတာကို အားလုံး တွေ့ကြရပါလိမ့်မယ်။ ကျွန်တော်တို့ဟာ နိုင်ငံကြီးသား ပီသစွာ၊ ယဉ်ကျေးတဲ့ လူကအဖွဲ့အစည်း ပီသစွာ ၀ါးလုံးရှည်နဲ့ ဆွဲယမ်းပြီး သိမ်းကြုံး ပြောနေတာ မဟုတ်ပါဘူး။ ဒီလို ထိန်းထိန်းသိမ်းသိမ်း အမြော်အမြင် ရှိရှိ ကျင့်ကြံနေတာကို အခွင့်ကောင်းယူပြီး မိုက်မိုက်ရိုင်းရိုင်း တွေ ကမ်းကုန်အောင် လုပ်လာတာကို စဉ်းစားကြည့်ရင် လူမိုက်နဲ့ လူလိမ္မာတို့ရဲ့ ရန်ပွဲတစ်ခုကို ကြည့်နေရသလို ဖြစ်လာတာ တွေ့ရှိရပါတယ်။

နိုင်ငံတော်သမ္မတကြီးရဲ့ ပြောကြားချက်က ရှင်းရှင်းလေးပါ။ (တရားဝင် ဒီမြေ ဒီရေမှာ နေထိုင်လာခဲ့ကြတဲ့ ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တွေ မပါပါဘူး) "ခိုးဝင်လာတဲ့ ရိုဟင်ဂျာတွေ" လို့ တိတိကျကျ ပြောထားတာ ဖြစ်ပါတယ်။ ခိုးဝင်လာတယ်ဆိုမှတော့ ရှင်းနေပြီပဲ။ ဒါကိုပဲ သတင်းအချက်အလက် အမျိုးမျိုး ဖန်တီးလုပ်ကြံပြီး နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို အသုံးချ၊ မီဒီယာတွေကို အသုံးချပြီး ကျွန်တော်တို့နိုင်ငံကို တိုက်ခိုက်နေကြ တာ ဖြစ်ပါတယ်။

တစ်ဘက်က ကြည့်ရင် နိုင်ငံတော်အကြီးအကဲ ဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောထားခဲ့ပြီးတဲ့နောက်မှာ ကျန်ရှိသော (မီဒီယာများနှင့် ၀င်ဆန့်သော၊ မီဒီယာများအပေါ်မှာ လွှမ်းမိုးမှု အတန်အသင့်ရှိကြကုန်သော) ပုဂ္ဂိုလ်ကြီင်္းများ၊ အဖွဲ့အစည်းများ အနေနဲ့ ဒီသဘောအတိုင်း ရပ်တည်ပြဖို့ လိုပါတယ်။

နောက်တစ်ဘက်က တွေးကြည့်ရင် နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဒီလို ပြတ်သားရှင်းလင်းတဲ့ သဘောထားကို ထုတ်ဖော်လိုက်ခြင်းအတွက် အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက်မှုတွေ ကြုံတွေ့ လာနိုင်တယ် ဆိုတာကိုလည်း သိရှိထားပြီး ဖြစ်ပါတယ်။ ဒီလို သိရှိ ထားပါလျက်နဲ့ ယခုလို ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတကြီးရဲ့ ရင်ထဲ နှလုံးသားထဲက ခံစားချက်ကို ကျွန်တော်တို့ နိုင်ငံသားတွေ မြင်အောင် ကြည့်စေချင်ပါတယ်။

နိုင်ငံတော်သမ္မတကြီးဟာ ရဲရင့်ပြတ်သားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ပီသစွာ ကျွန်တော်တို့ ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပြနေပါပြီ။ Follow Me လို့ မပြောရုံတမယ်ပါပဲ။ သူ့ရဲ့ ခေါင်းဆောင်မှုဟာ နှုတ်က ပြောမှာမဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ချက်နဲ့ ဦးဆောင်ပြမယ့် သဘောလို့ မှတ်ယူမိပါတယ်။



နိုင်ငံတော်သမ္မတရုံး အဆင့်မြင့်အရာရှိတစ်ဦး၏ Facebook စာမျက်နှာမှကူးယူဖော်ပြသည်။


By News of Myanmar

Sunday, 22 July 2012

ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား မန္တလေးမှာ ကျင်းပမည်

သြဂုတ်လ (၈) ရက်နေ့ ကျရောက်မယ့် (၂၄) နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် ငွေရတုအကြို အခမ်းအနားကို မန္တလေးမြို့မှာ ကျင်းပသွားမှာ ဖြစ်ပြီး တစ်နိုင်ငံလုံးက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ တက်ရောက်ကြမယ်လို့ သိရပါတယ်။ 

ဒီအခမ်းအနား ဖြစ်မြောက်ရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲတစ်ခုကို မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး ဒက္ခိဏရာမ အလယ်တိုက်မှာ ဒီကနေ့ မနက်ပိုင်းကကျင်းပခဲ့ပါတယ်။

(၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပြီးခဲ့တဲ့ တနင်္လာနေ့က မန္တလေးမြို့ကို လာရောက်ခဲ့စဉ်က ဆွေးနွေးခဲ့တဲ့ အတိုင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရှစ်လေးလုံး ငွေရတုအကြိုပွဲ မန္တလေးမြို့မှာ ကျင်းပနိုင်ရေး အစီအစဉ်နဲ့ ပတ်သက်လို့ အသေးစိတ် ညှိနှိုင်း ဆွေးနွေးခဲ့
ကြတာ ဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကိုမောင်မောင်ဦးက RFA ကို ပြောပါတယ်။

"ရန်ကုန်က ကိုယ်စားလှယ်အဖွဲ့နဲ့ မန္တလေးက စိတ်ဝင်စားသူ၊ ရှစ်လေးလုံးမှာ ဖြတ်သန်းဖူးသူ၊ နိုင်ငံရေးမှာ စိတ်ဝင်စားသူ အဖွဲ့တွေ လုပ်ငန်းညှိနှိုင်းပွဲပါ။ ဒီညှိနှိုင်းပွဲမှာ ပွဲလုပ်တဲ့အခါမှာ အသုံးပြုမယ့် လိုဂို (logo) ဒီဇိုင်းတွေ၊ အလံတွေ၊ အခမ်းအနား ကျင်းပတဲ့အခါမှာ ဖိတ်ကြားမယ့် လူတွေ၊ နေရာ၊ Agenda၊ အဲဒါတွေကို အကြိုညှိနှိုင်းဆွေးနွေးတာ ဖြစ်ပါတယ်။ "

ဒီအခမ်းအနားနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အထက်ပိုင်း အတွက် မန္တလေးမြို့ ပွဲဖြစ် မြောက်ရေး ဦးဆောင်ကော်မတီနဲ့ မြန်မာနိုင်ငံ အောက်ပိုင်း အတွက်ကိုတော့ (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့က တာဝန်ယူ ဖိတ်ကြားမယ်လို့ သိရပါတယ်။

ဒီကနေ့ကျင်းပတဲ့ အခမ်းအနား ဖြစ်မြောက်ရေး အစည်းအဝေးကို ရန်ကုန်မြို့က (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့ကိုယ်စားလှယ် အဖြစ် ကိုပြုံးချိုနဲ့ ကိုဘသက်အောင်တို့ တက်ရောက်ခဲ့ပြီး၊ မန္တလေးမြို့က
မြ၀တီကျောင်းတိုက် ဆရာတော် ဦးအရိယာဘိဝံသ၊ အလယ်တိုက် ဆရာတော် ဦးခေမာစာရ၊ ရဲဘက်စခန်းပြန် နိုင်ငံရေး အကျဉ်းသားဟောင်း ဆရာတော် ဦးဝိသုတနဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ၊ ဗကသ ကျောင်းသူ ကျောင်းသားတွေ စုစုပေါင်း (၁၀၀) ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။

By RFA Burmese

မြန်မာ့ရေပိုင်နက်အတွင်း ၀င်ရောက်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၉၁ ဦးနှင့် ထိုင်းနိုင်ငံသား တစ်ဦးအား ဖမ်းဆီး


မြန်မာနိုင်ငံ ရေပိုင်နက်အတွင်း သို့ ၀င်ရောက်လာသည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား ၉၁ ဦးနှင့် ထိုင်း နိုင်ငံသား တစ်ဦးတို့ကို မြန်မာ့ တပ်မတော်(ရေ)မှ ဇူလိုင် ၂၀ ရက်က စစ်တွေမြို့ပင်လယ်ပြင် တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိသည်။
''စက်လှေက ယိုးဒယားနိုင်ငံ က စက်လှေပါ။ တစ်ဦးကို လေး သိန်းစီနဲ့ မလေးရှားဖက်ကို ပို့ဖို့ ဆိုပြီး တရားမ၀င်သွားရောက် ကြတယ်။ မြန်မာရေပိုင်နက်အ တွင်းမှာ တွေ့လို့ တပ်မတော်(ရေ) က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်"ဟု အဆိုပါ နိုင်ငံခြားသားများကို စစ်တွေမြို့ အကျဉ်းထောင်သို့ ပို့ ဆောင်ရာတွင် လုံခြုံရေးတာဝန် ယူခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ စက်လှေပေါ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၉၁ ဦး၊ ယိုးဒယားနိုင်ငံသား ၁ ဦး၊ မြန်မာ ရေလုပ်သား ၃ ဦး၊ စုစုပေါင်း ၉၅ ဦးပါရှိပြီး ယင်းစက်လှေကို မလေး ရှားနိုင်ငံသို့ သွားရောက်ရန်အတွက် ငှားရမ်းလာခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖမ်းဆီးရမိသူများကို စစ် တွေဆိပ်ကမ်းမှတစ်ဆင့် စစ်တွေ အကျဉ်းထောင်သို့ ကနဦး ပို့ ဆောင်ထိန်းသိမ်းထားပြီဖြစ်ပြီး ဆက်လက်၍ တခြားထောင်များ သို့ ခွဲ၍ပို့ဆောင်မည်ဖြစ်ကာ ၎င်းတို့ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မအရ တရားစွဲဆိုသွားမည် ဟု သိရသည်။
ယခုကိစ္စနှင့်ပတ်သက်၍ စစ် တွေမြို့ လုံခြုံရေးအတွက် တာ ၀န်ယူထားသော ရဲတပ်ရင်းတစ်ခု မှ အဆင့်မြင့် အရာရှိတစ်ဦးအား ဆက်သွယ်မေးမြန်းရာ ''ဒီကိစ္စမှန် ပါတယ်။ နိုင်ငံတကာ စံချိန်စံညွှန်း တွေနဲ့ အညီ ဆက်လုပ်သွားမှာ တွေ ရှိလာမှာပါ။ ခိုးသွား ခိုးလာ တွေတော့ ရှိတာပေါ့။ ဒါပေမဲ့ မြန်မာ့ရေပိုက်နက်ထဲ ကျူးကျော် လာတာတော့ မရပါဘူး"ဟု ယင်း က ပြန်လည်ဖြေကြား၍ အတည်ပြုပေးခဲ့သည်။

By 7Day News Journal

Saturday, 21 July 2012

ထိုင်းနိုင်ငံမှာ ဗိသုကာ ပထမဆုရှင် မြန်မာကျောင်းသူတဦး


မခိုင်မိုးပြည့်ကို သူ၏ ပြိုင်ပွဲဝင် ဗိသုကာ ဒီဇိုင်းနဲ့အတူ တွေ့ရစဉ် ။ ဓာတ်ပုံ-

ထိုင်းနိုင်ငံတ၀ှမ်းလုံးက ဗိသုကာ ဒီဇိုင်း ပြိုင်ပွဲဝင်သူတွေအားလုံးထဲမှာ "Incredible Facade Winner" လို့ ခေါ် တဲ့ပထမဆု ကို ရရှိသွားသူက မြန်မာ ကျောင်းသူလေး တဦးဖြစ်တဲ့ မခိုင်မိုးပြည့် ဆိုသူပါ။

သူကတော့ ထိုင်းနိုင်ငံ ရှင်နာဝပ် တက္ကသိုလ်မှာ ဗိသုကာ ပညာအထူးပြု လေ့လာသင်ယူနေသူဖြစ်ပြီး ရန်ကုန် ပညာရေး တက္ကသိုလ် ၊ ဆရာများလေ့ကျင့်သင်တန်းကျောင်း TTC ရဲ့ ၂၀၀၉ ခုနှစ်အပတ်စဉ် ကျောင်းသူ
ဟောင်း တဦးလည်း ဖြစ် ပါတယ်။

ပြိုင်ပွဲ ကို အကဲဖြတ် အမှတ်ပေး ဒိုင်လူကြီးတွေထဲမှာ Cambridge University ကဲ့သို့ ကမ္ဘာတ၀ှမ်းက နံမည်ကြီး ဗိသုကာ ပညာရှင်ကြီးတွေလည်းတွေလည်းဖြစ်ပါတယ်။

အခုလို မြန်မာ ကျောင်းသူတဦးရဲ့ ထိုင်း တနိုင်ငံလုံးက ပြိုင်ပွဲဝင်တွေကို ကျော်လွှားပြီး ပထမဆု ရခဲ့တာ ကို တော့ မြန်မာများအတွက် ဂုဏ်ယူစရာ တခုလည်းဖြစ်ပါတယ်။



http://blog.irrawaddy.org/2012/07/blog-post_1508.html

ဒီချုပ်ရုံးချုပ်တွင် ကျင်းပသော ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် မိန့် ခွန်း

ကျွန်မကဒေါက်တာဘွဲ့မရှိပါဘူး။ ဂုဏ်ထူးဆောင်ပေးတယ် ဆိုတာဟာ ဒေါက်တာဆိုတဲ့အသုံးအနှုန်းကို မသုံးသင့်ပါဘူး။ သုံးပိုင်ခွင့်မရှိပါဘူး။ ကျွန်မကို ဒေါ်အောင်ဆန်းစုကြည်လို့ပဲ ရိုးရိုးဆက်ပြီးခေါ်သွားလို့ရပါတယ်။ ဒေါက်တာ အခေါ်ခံစေချင်ရင် စာမေးပွဲဖြေရတော့မလိုဖြစ်နေပြီ၊ အားလုံးဒီလို အာဇာနည်နေ့မှာ သိုက်သိုက်ဝန်းဝန်းရောက်လာတဲ့အတွက် ကျွန်မ၀မ်းသာပါ တယ်။ ကျွန်မတို့ အာဇာနည်နေ့ ကျင်းပတယ် ဆိုတာဟာ အခုနှစ်တင် မဟုတ်ပါဘူး။ နှစ်ပေါင်း ၂၀ ကျော်ကတည်းက ဘယ်လိုပဲ အခက်အခဲတွေ ရှိခဲရှိခဲ့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဇာနည်နေ့ကို ကျင်းပဖြစ်အောင် ကျင်းပခဲ့ပါတယ်။ ဒီလိုကျင်းပရတဲ့အကြောင်းဟာ ကျွန်မတို့ အခြေခံအားဖြင့်တော့ နိုင်ငံရေးအကြောင်းပဲ လို့ပြောရမှာဖြစ်ပါ တယ်။ ကျွန်မတို့က နိုင်ငံရေးအဖွဲ့အစည်းဆိုတော့ နိုင်ငံရေးအကြောင်းကို အခြေခံပြီးတော့ ဒီလိုပွဲတွေကို ကျင်းပတာပါ။ အာဇာနည်စိတ်ဓာတ်ကို ကျွန်မတို့နိုင်ငံမှာ ပြန့်ပွားစေချင်လို့။ ဒီလို အာဇာနည် စိတ်ဓာတ်ပြန့်ပွားစေချင် တယ်ဆိုလို့ရှိရင် အာဇာနည်စိတ်ဓာတ်ကို လေးစားတယ်ဆိုတာ ဟာကျွန်မ တို့နိုင်ငံမှာရှိရမယ်။ အများမလေးစားတဲ့ဟာကို ပြန့်ပွားအောင်လုပ်ဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။ ဒီတော့ကျွန်မတို့ အာဇာနည် စိတ်ဓာတ်က ဘာလဲဆိုတော့ ပြောနိုင်တာတွေက အမျိုးမျိုးပေါ့နော်။ ကျွန်မအမြင်မှာတော့ အာဇာနည် စိတ်ဓာတ်ကို အများက မြင်တာက သတ္တိရှိခြင်းနဲ့ပဲဆိုင်တယ်လို့ မြင်ကြတာများတယ်။ သတ္တိရှိတာကို အာဇာနည် စိတ်ဓာတ်ပေါ့ ၊ ရဲရဲရင့်ရင့်နဲ့ လုပ်ရဲကိုင်ရဲတာကို အာဇာနည် စိတ်ဓာတ်လို့မြင်ကြတယ်။ ကျွန်မကတော့ ဒီလိုပဲ ကြည့်လို့မဖြစ်ဘူးပေါ့နော်။ အာဇာနည်ဆိုတဲ့ စကားကတော့ သက္ကတ ဘာသာကနေပြန်ကြည့်မယ်ဆိုရင် မြင့်မြတ်တဲ့မျိုးရိုးကို ဆိုလိုတာပါ။ ဒါပေမယ့် ဒီခေတ်က မျိုးရိုးကိုကြည့်တဲ့ခေတ်မဟုတ်တော့ပါဘူး။ ဒီတော့ မြင့်မြတ်တဲ့မျိုးရိုး အစား မြင့်မြတ်တဲ့စိတ်ဓာတ်လို့ပဲ ကျွန်မပြောချင်ပါတယ်။ အဲဒီတော့ မြင့်မြတ်တဲ့ စိတ်ဓာတ်ကို အခြေခံမှ အာဇာနည် စိတ်ဓာတ်လို့ အခေါ်ခံရမှာပါ။ သတ္တိရှိတယ်ဆိုတာလည်း မြင့်မြတ်တဲ့စိတ်ဓာတ်ကို အခြေခံတဲ့သတ္တိမျိုးဖြစ်ရပါမယ်။ သတ်ရဲဖြတ်ရဲတိုင်းသတ္တိမဟုတ်ပါဘူး။ တိုက်ရဲခိုက်ရဲတိုင်းလည်း အာဇာနည် မဟုတ်ပါဘူး။ အာဇာနည် စိတ်ဓာတ်ရဲ့ အခြေခံက မြင့်မြတ်တဲ့ စိတ်ဓာတ်လို့ ကျွန်မပြောချင်ပါတယ်။ မြင့်မြတ်တဲ့ စိတ်ဓာတ်တွေ ကျွန်မတို့ နိုင်ငံမှာ ပွားများအောင်လို့ ကျွန်မတို့ဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေကိုလေးစားသင့်တယ်။ ဒီခေါင်းဆောင် ကြီးတွေရဲ့ကျေးဇူးကို မမေ့သင့်ဘူးလို့ ကျွန်မတို့ ဒီလိုပဲယူဆပါတယ်။ မြင့်မြတ်တဲ့ စိတ်ဓာတ်ဆိုတာ ဘာလဲဆိုရင်တော့ လူတိုင်းလူတိုင်းဟာ သိသင့်ပါတယ်။ တကယ်တမ်း မြင့်မြတ်ခြင်းဆိုတာ ဘာလဲဆိုတာ မသိတဲ့သူတွေရှိလားလို့ တစ်ခါတလေကျွန်မစဉ်းစားမိတယ်။ ကျွန်မငယ်ငယ် တုန်းက မရှိဘူးလို့ထင်မိတယ်။ အသက်ကြီးလာတော့ ရှိတယ်ဆိုတာမြင် ခဲ့တယ်။ တကယ်ပဲတချို့က မြင့်မြတ်ခြင်းဆိုတာ ဘာလဲဆိုတာနားမလည် တာတွေရှိကြတယ်။ အဲဒီနားမလည်တာတွေက ပြုစုပျိုးထောင်မှု၊ ပညာရေးစနစ်၊ဗီဇလည်းပါပါတယ်။ ဗီဇဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ဟာ မွေးကတည်းကတူလာတာမဟုတ်ပါဘူး။ ဒါပေမယ့် မွေးကတည်းကမတူလာဘူးဆိုပေမယ့်လည်း ပြုစုပျိုးထောင်မှုနဲ့ ပညာရေးစနစ်ကနေပြီးတော့ အများကြီးပြုပြင်ပေးနိုင်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့နိုင်ငံမှာ ပညာရေးစနစ် အရေးကြီး တယ်ဆိုတာကို အမြဲပဲ မီးမောင်းထိုးရတဲ့ကိစ္စက ဒါပါပဲ။ ကျွန်မတို့နိုင်ငံသူနိုင်ငံ သားတွေဟာ တန်ဖိုးရှိတဲ့လူသားတွေဖြစ်လာအောင်လို့ ကျွန်မတို့ဟာ ပညာရေးစနစ်ကိုပြုပြင်ချင်တာပါ။ ပညာရေးစနစ်ပြုပြင်ပြီးတော့မှ ကျွန်မတို့ပိုပြီးတော့ အမြင်ကျယ်တဲ့ ပိုပြီးတော့ စိတ်ထားမြင့်တဲ့ နိုင်ငံ သူနိုင်ငံ သားတွေကို ပြုစုပျိုးထောင်ချင်ပါတယ်။ မိဘများမှာလည်းတာဝန်ရှိပါတယ်။ လက်ဦးရာတွေက မိဘတွေပဲ ။ မိဘတွေ ကိုယ်တိုင်က သားသမီးတွေကို မှန်ကန်တဲ့အတွေးအခေါ်တွေ မှန်ကန်တဲ့ တန်ဖိုးထားတွေ သိအောင်လို့ လုပ်ပေးရမှာပါ။ အဲဒီလိုလုပ်ပေးမှ ကျွန်မတို့ဟာ အာဇာနည်တွေများတဲ့ တိုင်းပြည်ဖြစ်လာပါလိမ့်မယ်။ တချို့က အာဇာနည်ဆိုတာ စွန့်လွတ်ပြီး အနစ်နာခံပြီး အသေခံသွားတဲ့သူလို့ထင်မှတ်တဲ့သူတွေလည်းရှိပါတယ်။ဒါက သူရဲကောင်းနဲ့ အာဇာနည်ကို အဓိပ္ပါယ် အသဲမကွဲ ဖော်ထုတ်လိုက်တာပဲလို့ ကျွန်မကတော့ မြင်ပါတယ်။ သူရဲကောင်းက သူရဲကောင်းပဲ၊ အာဇာနည်က အာဇာနည်ပဲ။ အာဇာနည်ဆိုတာဟာ မြင့်မြတ်တဲ့စိတ်လည်းပါရမယ်လို့ ကျွန်မထင်ပါတယ်။ ရိုးရိုးသူရဲကောင်းစိတ်ဓာတ်နဲ့ မလုံလောက်ပါဘူး။တစ်နည်းအားဖြင့် ဆိုရမယ်ဆိုလို့ရှိရင် သူရဲကောင်း အာဇာနည် ၊ အာဇာနည် သူရဲကောင်းစတာမှာတော့ သူရဲကောင်းဘက်က စပေမယ့် အာဇာနည် စိတ်ဓာတ်ရှိမှ အာဇာနည်ဖြစ်မှာပါ။ သူရဲကောင်းတိုင်းက အာဇာနည်ဖြစ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် အာဇာနည်တိုင်းကတော့ သူရဲကောင်းဖြစ် တတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဇာနည် စိတ်ဓာတ်ဆိုကတည်းက ဘယ်ဟာကိုတန်ဖိုးထားရမလဲဆိုတာ သိတဲ့အခါကျတော့ ဒီတန်ဖိုးထားမှုကို အခြေခံပြီးတော့ ဒီ သတ္တိရှိသင့်တဲ့နေရာမှာ ရှိကြတယ်။ သတ္တိထုတ်သင့်တဲ့နေရာမှာထုတ်ကြတယ်။ သတ္တိကို မထုတ်သင့်တဲ့နေရာမှာ ထုတ်တာလည်း အာဇာနည် စိတ်ဓာတ်မဟုတ်ဘူးလို့ ကျွန်မမြင်ပါတယ်။ အာဇာနည် စိတ်ဓာတ်ဆိုတာ မြင့်မားတဲ့စိတ်၊ ဆင်ခြင်တုံတရားပါတဲ့စိတ်နဲ့ သတ္တိကို တွဲထားတဲ့စိတ်လို့ ဒီလိုပဲ ကျွန်မက အဓိပ္ပာယ်ဖော်ချင်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဟာ ကျွန်မတို့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို တကယ်ပဲလေးစားတယ်၊ တကယ်ပဲ တန်ဖိုးထားတယ်ဆိုလို့ရှိရင် ဒီကိစ္စကိုနားလည်ဖို့လိုပါတယ်။ တကယ်တန်ဖိုးကိုနားမလည်ဘဲနဲ့လေးစားတယ်ဆိုတာဟာ မဖြစ်နိုင်ပါဘူး။ မှားပြီးတော့ ဒီလူဟာ မလေးစားသင့်တဲ့အရည်အချင်းကိုကြည့်ပြီး အားကျပြီးလေးစားတယ်ဆိုတာလည်း တစ်နည်းအားဖြင့် တကယ့်မြင့်မြတ်တဲ့လူတွေကို စော်ကားရာရောက်တယ်လို့ ကျွန်မကတော့ ဒီလိုပဲမြင်ပါတယ်။ အဲဒါကြောင့်မို့ အာဇာနည် စိတ်ဓာတ်ဆိုတာ ဘာလဲဆိုတာကို ကိုယ့်ကိုယ်ကို သေသေချာချာ တစ်ယောက်ချင်းတစ်ယောက်ချင်းကနေပြီး ကိုယ့်ဘာသာကို လေ့လာပြီးကြည့်စေချင်ပါတယ်။ အထူးသဖြင့် ကျွန်မတို့ရဲ့လူငယ်တွေကို ကြည့်စေချင်ပါတယ်။ လူတိုင်းလူတိုင်းဟာ အာဇာနည်ဖြစ်နိုင်ပါတယ်။ လူတိုင်းလူတိုင်း အာဇာနည်ဖြစ်ဖို့ဆိုတာ အသက်ကို စွန့်လွှတ်ဖို့ မလိုပါဘူး။ တစ်ခါတလေ မသက်မစွန့်ဘဲနဲ့တကယ့်ကိုနေသွားရတာတောင်မှ အာဇာနည် စိတ်ဓာတ်နဲ့နေသွားတာတွေရှိပါတယ်။ အဲဒါကြောင့်မို့ ကျွန်မတို့လူငယ်တွေဟာ မြင့်မြင့်ကြံကြပါ။ ကိုယ့်ကိုယ်ကို အာဇာနည် စိတ်ဓာတ်နဲ့နေနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင် လေ့ကျင့်ကြပါ။ လေ့ကျင့်နေလို့ရှိရင်ရပါတယ်။ အာဇာနည် စိတ်ဓာတ်ထဲမှာ ကိုယ်ကျိုးမရှာတဲ့ မြင့်မြတ်တဲ့ စိတ်ထားတစ်ခုလည်းပါပါတယ်။ ကိုယ်ကျိုးရှာတဲ့ စိတ်ပါသွားပြီဆိုလို့ရှိ ရင် ကိုယ့်ရဲ့တိုးတက်ရေးအတွက် ကိုယ့်ရဲ့အကျိုးတိုးတက်ရေးအတွက် သိပ်ပြီးတော့ အလေးထားသွားပြီဆိုလို့ရှိရင် ဒါအာဇာနည်မဟုတ်တော့ပါဘူး။ တခြားနေရာတွေမှာတော်တဲ့သူဖြစ်နိုင်ပါတယ်။ လူတော်ဖြစ်နိုင်ပါတယ်။ အင်မတန်မှတော်တဲ့သူဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အာဇာနည်လို့တော့ ကျွန်မကသတ်မှတ်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ဆိုလို့ရှိရင် ကိုယ့်ရဲ့ပစ္စည်းအတွက်၊ ကိုယ့်ရဲ့တိုးပွားရေးအတွက် အများကြီး စွန့်စားတဲ့သူတွေရှိတယ်။ စွန့်စွန့်စားစားနဲ့လုပ်တဲ့ စီးပွားရေးသမားတွေလည်းရှိတယ်။ စွန့်စွန့်စားစားနဲ့ကိုယ်လုပ်ချင်တဲ့အရာကို ရအောင်လို့ လုပ်တဲ့သူတွေလည်းရှိတယ်။ ဒါပေမယ့် ကိုယ့်အတွက် လုပ်တယ်ဆိုတဲ့အခြေခံတာကြောင့်မို့ ဒါကို ကျွန်မကတော့ အာဇာနည် စိတ်ဓာတ်လို့ မသတ်မှတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ ပြည်သူပြည်သား အားလုံးဟာ အာဇာနည် စိတ်ဓာတ်ဘာလဲဆိုတာကို သေသေချာချာစဉ်းစားကြပါ။ စဉ်းစားပြီးတော့မှ ဒီလို စိတ်ဓာတ်မျိုးကို ကိုယ့်အတွင်းမှာလည်း တိုးပွားအောင်လို့လုပ်ပါ။ တခြားသူတွေ ဒီလို စိတ်ဓာတ်ရှိလို့ ရှိရင်လည်း အဲဒီလို ပုဂ္ဂိုလ်တွေကို တန်ဖိုးထားပါ လို့ ကျွန်မပြောချင်ပါတယ်။ မှားပြီးတော့ သွားပြီးတန်ဖိုးမထားနဲ့နော်။ မှားပြီး တန်ဖိုးထားရင် ကျွန်မတို့နိုင်ငံ အများကြီး ဒုက္ခရောက်နိုင်ပါတယ်။ တန်ဖိုးထားမှန်ဖို့ဆိုတာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ပညာရေးမှာပဲဖြစ်ဖြစ်၊ ကျန်းမာရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ်၊ ဘာကိုတန်ဖိုးထားသင့်တယ်။ ဘယ်လိုကိစ္စတွေကို တကယ် အထင်ကြီးသင့်တယ်ဆိုတာကို၊ အထူးသဖြင့် ကျွန်မတို့လူငယ်တွေကိုသေသေချာချာ စဉ်းစားစေချင်ပါတယ်။ ဘာပဲကြည့်ကြည့် အပေါ်ယံပဲမကြည့်ပါနဲ့။ သေသေချာချာ လေးလေးနက်နက်စဉ်းစားပြီးတော့ ငါတို့ဟာ ဘာတွေကို တန်ဖိုးထားရမလဲဆိုတာ ကို စဉ်းစားပါ။ အရေးမကြီးတဲ့ ကိစ္စနဲ့ပတ်သက်လို့ အထင်မသေးပါနဲ့။ တချို့တွေကဆိုရင် အပေါ်ယံကြောပဲကြည့်ကြတယ်။ အပေါ်ယံကြောကြည့်ပြီးတော့ အထင်သေးတာတွေရှိခဲ့ပါတယ်။ ဥပမာ ဒီနေ့ အာဇာနည်နေ့မို့ ပြန်ပြောရမယ်ဆိုရင် ဖေဖေက ငယ်ငယ်က ကျောင်းသားဘ၀တုန်းက ဖိုသီဖတ်သီနဲ့နေတတ်တာ နောက်ပြီးတော့ နေပုံထိုင်ပုံက မယဉ်ကျေးတာ၊ မသိမ်မွေ့တာ အဲဒါတွေကိုကြည့်ပြီးတော့ အထင်သေးတဲ့သူတွေလည်းရှိခဲ့ပါတယ်။ ဒါပေမယ့် အဲလိုအထင်သေးတာမှားသလားဆိုတော့လည်း မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယဉ်ကျေးတဲ့သူနဲ့ ရိုင်းစိုင်းတဲ့သူဟာ ယဉ်ကျေးတဲ့သူက ပိုပြီးတော့တန်ဖိုးရှိပါတယ်။ ဖေဖေကိုယ်တိုင်လည်း ဒီဟာကို မဆုံးခင်မှာ အသိအမှတ်ပြုသွားပါတယ်။ ကျွန်မဖေဖေအကြောင်းရေးတဲ့ အထုပ္ပတ္တိအတိုလေးမှာလည်းရေးထားပါတယ်။ ကျွန်မတို့အင်မတန်မှ နီးစပ်ဖူးတဲ့ မိတ်ဆွေတစ်ယောက်ကပြောတယ်။ ဖေဖေကပြောခဲ့ဘူးတယ်တဲ့ ငယ်ငယ်တုန်းက ကျောင်းသားဘ၀တုန်းကလို သူဒီလိုနေလို့မဖြစ်ဘူးပေါ့နော်။ အခုသူကအမျိုးသားခေါင်းဆောင်အဆင့်ရောက်နေပြီဆိုတော့ ကျောင်းသားဘ၀တုန်းကလို ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းနေဖို့မသင့်ဘူး။ သူ့ကိုယ်သူပြုပြင်ဖို့လိုတယ်ဆိုတာကိုသူက ဖေဖေက အသိအမှတ်ပြုတယ် ။ သူကြိုးစားသွားမယ်လို့ပြောပါတယ်။ ကြိုးစားလည်းကြိုးစားပါတယ်။ ဒါကြောင့်မို့လို့လဲနောက်ဆုံးအပိုင်းမှာဖေဖေဟာ အပြောအဆိုကတော့ နောက်ဆုံးမိန့်ခွန်းအထိ ဗမာတွေမမေ့အောင်တော့ ခပ်ကြမ်းကြမ်းပြောသွားတာပဲ။ ဒါပေမယ့် ဆက်ဆံရေးနဲ့ပတ်သက်လို့ရှိရင် အထူးသဖြင့် လူကြီးတွေကို ဒါကတော့ ဖေဖေက ငယ်ငယ်ထဲကပါ ငယ်ငယ်ကတည်းက လူကြီးတွေကိုလေးလေးစားစားနဲ့ ဂါရ၀တရားပြည့်ပြည့်၀၀နဲ့ ဆက်ဆံခဲ့တာတွေရှိပါတယ်။ နောက်ပိုင်းမှာလည်း ပိုပို ပိုပိုပြီး ယဉ်ကျေးသိမ်မွေ့လာတယ်ဆိုပြီးတော့မြင်ရတာပေါ့လေ။ ဒါကမေမေ့ရဲ့ကျေးဇူးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ပိုပြီးတော့ ယဉ်ကျေးသိမ်မွေ့လာတယ်ဆိုတော့ ငြင်းလို့မရနိုင်ပါဘူး။ တကယ့်အာဇာနည် စိတ်ဓာတ်ရှိတဲ့သူဆိုတာဟာ စိတ်နှိပ်ချမှုလည်းရှိရမယ်။ ကိုယ့်မှာပြုပြင်ဖို့လိုတယ်ဆိုတာကိုလည်းနားလည်ရမယ်။ ကိုယ်နဲ့မတန်တဲ့အဆင့်ကို ကိုယ်ရောက်နေပြီဆိုပြီးတော့ မာန်တက်နေတယ်ဆိုတာလည်း ဒါအာဇာနည် စိတ်ဓာတ်မဟုတ်ဘူး။ အာဇာနည် မှန်ရင် အတွေးအခေါ်မှန်ရတယ်။ အတွေးအခေါ်မှန်တဲ့အခါကျရင် ကိုယ့်အားနည်းချက်ကို ကိုယ်တွေ့ရတယ်။ တခြားသူရဲ့အားသာချက်ကိုလည်း သိရတယ်။ တရားတော်ထဲမှာ ဆိုလို့ရှိရင် ကျွန်မအင်မတန်မှ ကြိုက်တဲ့ ဆုံးမစကားတစ်ခုရှိပါတယ်။ ဒီကိစ္စကိုလည်း ကျွန်မမကြာခဏပြောပါတယ်။ ဒါကတော့ရှင်းရှင်းလေးပါ ။ သူတော်ကောင်းဆိုတာ ကိုယ့်ရဲ့ကျေးဇူးကို ကျုံ့ပြီးတော့မြင်တယ်။ သူများရဲ့ကျေးဇူးကို ချဲ့ပြီးတော့မြင်တယ်။ သူယုတ်မာကတော့ပြောင်းပြန်ပေါ့နော်။ ကိုယ့်ရဲ့ကျေးဇူးကိုချဲ့ပြီးတော့မြင်တယ်။ သူများရဲ့ကျေးဇူးကို ချုံ့ပြီးတော့မြင်တယ်။ အဓိကပြောရမယ်ဆိုရင် သူတော်ကောင်းဆိုတာ ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ် သိရတယ်။ ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ် အလေးထားရတယ်။ တခြားသူတွေရဲ့အားနည်းချက်တွေကို မြင်ပြီးတော့ သိပြီးတော့ အင်မတန်မှ ချဲ့ကားပြီးတော့ ကိုယ့်ရဲ့အားနည်းချက်ကို ကျတော့ လစ်လျူရှုထားတဲ့သူတွေသာ သူတော်ကောင်းမဟုတ်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အဲဒီတော့ အာဇာနည်ဆိုကတည်းက သူတော်ကောင်းဖြစ်ရမယ်။့မြင့်မြတ်တဲ့စိတ်ရှိရမယ်။ မြင့်မြတ်တဲ့စိတ်ရှိတဲ့စိတ်ရှိတဲ့သူဟာ ကိုယ့်ရဲ့အားနည်းချက်ကို သိရမယ်။ သိရုံတင်မကဘူး။ ပြုပြင်ချင်တဲ့စိတ်လည်းရှိရမယ်။ အဲဒါကြောင့် ကျွန်မ ဒီနေ့ ဖေဖေနဲ့တကွ ကျဆုံးသွားတဲ့ခေါင်းဆောင်ကြီးတွေ အကြောင်းပြောနေတဲ့နေရာမှာ ဖေဖေကိုယ်တိုင်ပြောသွားတဲ့စကား သူ့ကိုယ်သူပြုပြင်ဖို့လိုတယ်။ ကျောင်းသားဘ၀တုန်းကလိုပုံစံနဲ့သူနေလို့မရတော့ဘူး။ သူဟာကျောင်းသားမဟုတ်တော့ဘူး။ သို့သော်ငြားလည်း အဲဒီတုန်းက ဖေဖေတော်တော်ငယ်ပါသေးတယ်။ ၃၂ နှစ် ။ဒီစကားပြောခဲ့တုန်းက ၃၂ နှစ် မပြည့်သေးခင်ပေါ့။ ဘုရင်ခံရဲ့ကောင်စီမှာ ဒုဥက္ကဋ္ဌဖြစ်ပြီးတဲ့အချိန် ၃၂ နှစ်မပြည့်သေးတဲ့ အချိန်မှာ ဒီစကားပြောခဲ့တာပါ။ အခုခေတ်ဆိုရင် ၃၂ နှစ်မပြည့်သေးတာကို ကလေးလို့တချို့ကတောင်ထင်ကြတယ်။ ကျွန်မ တို့လည်း အမှန်ပြောရင် တစ်ခါတလေ ကလေးလို့မြင်ပါတယ်။ လူငယ်ပေါ့နော်။ ဒါပေမယ့် ဖေဖေကတော့ လူကြီးစိတ်အပြည့်အ၀နဲ့ သူဟာ လူကြီးတစ်ယောက်ဖြစ်သွားလို့ လူကြီးပီပီနေရမယ်။ သူ့ရဲ့အားနည်းချက်တွေကို သူပြုပြင်ရမယ်။ ဒီဟာတွေကို တစ်နေ့ထက်တစ်နေ့ တိုင်းပြည်အတွက်ပိုတန်ဖိုးရှိအောင်လို့ နေသွားရမယ်ဆိုတာကို လက်ခံသွားတာကြောင့်မို့လို့ ကျွန်မအနေနဲ့ကတော့ ဖေဖေဟာ တကယ့်အာဇာနည်စိတ်ဓာတ်နဲ့ပြည့်စုံတယ်လို့ ဒီလိုပဲသတ်မှတ်ပါတယ်။ ကျဆုံးသွားရလို့ ၊ ဒီလို အနစ်နာခံသွားရလို့ အာဇာနည်ရယ်လို့ ဒီလို ကျွန်မ သတ်မှတ်တာမဟုတ်ပါဘူး။ မှန်ကန်တဲ့ ၊ မြင့်မြတ်တဲ့ စိတ်ဓာတ်ရှိလို့ အာဇာနည်လို့ ကျွန်မက သတ်မှတ်တာပါ။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့နိုင်ငံမှာ အာဇာနည်တွေ အများကြီး မွေးဖွားရှင်သန်နိုင်ကြပါစေလို့ ကျွန်မအနေနဲ့ ဆန္ဒပြုရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
By Popular Myanmar News Journal

အိုင်တီ ဦးခင်ရွှေ

လွှတ်တော်ထဲ iPad သုံးနေသူကတော့ ဇေကမ္ဘာဦးခင်ရွှေဖြစ်ပါတယ်။

မြန်မာ့ရိုးရာ ကျောက်သင်ပုန်းနဲ့ ပုံစံတူတဲ့ ခေတ်ပေါ်အီလက်ထရွန်နစ်ပစ္စည်း 
iPad ဟာ အမတ်တိုင်း မကိုင်ကြပါဘူး။
တန်ဘိုးကြီးတဲ့အတွက် မ၀ယ်ကြတာ မဟုတ်ဘဲ သုံးဖို့ အခြေအနေ မပေး၊ မလိုအပ်တဲ့အတွက် ၀ယ်မကိုင်ကြတာ ဖြစ်ပါလိမ့်မယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရိုက်ကူးထားတဲ့ ဒီဓာတ်ပုံထဲမှာ ဦးခင်ရွှေက ထိတွေ့မျက်နှာပြင် touch screen ကို ပွတ်သပ်ပြီး စာဖတ်နေလို့ တော်ပါသေးရဲ့။
ဂိမ်းဆော့နေတာ ဆိုရင်တော့ သေပြီဆရာ။
မြေယာဥပဒေဆိုင်ရာတွေ ဖတ်နေသလား၊ ဘာတွေ ဖတ်နေသလဲ ဆိုတာတော့ မသိရပါဘူး။

ဘာပဲပြောပြော အိုင်တီအမတ်တွေ လွှတ်တော်ထဲရှိနေတာ ကောင်းပါတယ်လေ။



http://blog.irrawaddy.org/2012/07/blog-post_7302.html

မန္တလေးက ပညာရေးဆွေးနွေးပွဲ


မန္တလေးတွင် ပညာရေးပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေးပွဲတခုကို ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။

တချိန်က မြန်မာနိုင်ငံ ပညာရေးစနစ် မှားယွင်းနေမှုကို ထုတ်ဖော်ပြောလျှင် အဖမ်းခံရမည် စိုးရိမ်သောကြောင့် ရေငုံနှုတ်ပိတ်နေခဲ့ကြကြောင်း၊
အစိုးရကလည်း ပညာရေးစနစ် အားကောင်းလာလျှင် အာဏာကို ထိပါးမည် စိုးသောကြောင့် ပညာရေးအခြေအနေ တိုးတက်မှု မရှိစေရန် ပြုလုပ်ခဲ့ကြောင်း
လက်ရှိအစိုးရသည် ပြည်သူတင်သော အစိုးရဖြစ်သောကြောင့် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်လိမ့်မည် အထင်နှင့် ယခုကဲ့သို့ အရဲစွန့်ကြခြင်း ဖြစ်ကြောင်း တက်ရောက်လာသည့် ပညာရှင်များက ဆွေးနွေး ပြောကြားခဲ့ကြသည်။



http://blog.irrawaddy.org/2012/07/blog-post_2325.html

ဦးအောင်သိန်းလင်း လွှတ်တော်ထဲက ထွက်ရမှာလား


တရုတ်ပြည်က စာစောင်တခုနဲ့ အင်တာဗျူးမှာ ရဲရဲတောက် ပြောကြားခဲ့တယ် ဆိုတဲ့ ဦးအောင်သိန်းလင်းရဲ့ ဒိုင်ယာလော့တွေကို အွန်လိုင်းမှာ ဖတ်မိသူများ အကြီးအကျယ် အံ့အားသင့်နေကြပါတယ်။

ဒီလို ပြောဆိုတတ်သူတယောက်က ဘာကြောင့် လွှတ်တော်ထဲ ရောက်နေတာလဲ ဆိုပြီး တချို့က မေးခွန်း ထုတ်နေကြပါတယ်။

တချို့ကလည်း သူ့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ ပယ်ဖျက်နိုင်တဲ့ နည်းလမ်း ရှိတယ်လို့ အခိုင်အမာ ဆိုနေပါတယ်။

ဒါဆို ဦးအောင်သိန်းလင်း လွှတ်တော်ထဲကနေ အထုတ် ခံရမှာလား။ နည်းလမ်း ရှိတယ် ဆိုတော့လည်း ကြိုးစားကြဖို့ လှုံ့ဆော်မှုတချို့လည်း ထွက်ပေါ်နေပါပြီ။

Forum for Democracy in Burma (FDB) အဖွဲ့ကတော့ သူတို့ရဲ့ ဖေ့ဘုတ် http://www.facebook.com/media4fdb မှာ အခုလို တိုက်တွန်းထားပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဲဆန္ဒရှင်များက ပြန်လည်ရုတ်သိမ်းလို့ရပါတယ်။
အခန်း (၈) နဲ့ (၉ )မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။ ဦးအောင်သိန်းလင်းရဲ့ မဲဆန္ဒနယ်မှ ပြည်သူများက လက်မှတ်များ ရေးထိုးပြီး ကော်မရှင်ထံ တိုင်ကြားကြပါခင်ဗျား။



http://blog.irrawaddy.org/2012/07/blog-post_21.html

ဗိုလ်ချုပ် အောင်ဆန်း ဘယ်သူ ဖြစ်မလဲ ???



ဓာတ်ပုံ- Bogyoke Aung San Movie


ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ဇာတ်ကားအတွက် သရုပ်ဆောင်များ ရွေးချယ်နေရာ ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက် ၉ နာရီက တက္ကသိုလ် ရိပ်သာလမ်းနေအိမ်မှာ ဇကာတင်ရွေးချယ်ထားသူတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လူတွေ့ မေးမြန်းမှု လုပ်ခဲ့ကြောင်း Bogyoke Aung San Movie ဖေ့စ်ဘုတ် စာမျက်နှာ မှာ ဖော်ပြ ထားပါတယ်။

ဇကာတင် ရွေးချယ်ထားတဲ့ ဗိုလ်ချပ်အောင်ဆန်း ဇာတ်ရုပ် နေရာ သရုပ်ဆောင်ရန် ရွေးချယ် ထားတဲ့ အမျိုးသား ၇ ဦးနဲ့ ဒေါ်ခင်ကြည်ဇာတ်ရုပ်နေရာ သရုပ်ဆောင်ရန် ရွေးချယ်ထားတဲ့ အမျိုးသမီး ၄ ဦးတို့ ကို ဒေါ်အောင်ဆန်းစုကြည်က မေးမြန်း စစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။

ဇာတ်ကားဖြစ်မြောက်ရေးနဲ့ပတ်သက်ပြီး လူရွှင်တော် ကိုဇာဂနာ အပါအ၀င် ထင်ရှားတဲ့ အနုပညာရှင်တွေက
လည်း ၀ိုင်းဝန်းအားဖြည့် အကြံပြုကူညီနေကြပါတယ်။

အမျိုးသားရုပ်ရှင် ပိုင်ရှင် ဦးစိန်တင်၊ ဒေါ်မြသန်းနဲ့ သား ကျော်သူ (နာရေး ကူညီမှု အသင်း- ရန်ကုန် ) မိသားစုရဲ့ ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်းတွေ ကို ဗိုလ်ချုပ် ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် လှူဒါန်းခဲ့ရာ မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်ခံရ ယူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ က ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့ အသက် ၁၀၀ ပြည့် ဖြစ်တဲ့ ၂၀၁၅ ခုနှစ် မှာ အများပြည်သူ ကြည့်နိုင်ဖို့ ကြိုးစားသွားမှာလို့လည်း သိရပါတယ်။




ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး နာယကအဖြစ် တာဝန်ယူ ထားတဲ့အတွက်ရယ် ဖခင်နဲ့ မိခင်တို့ရဲ့ ဇာတ်ရုပ်ကို ဘယ်သူနဲ့ ပို သင့်တော်မလည်းဆိုတာတွေ ကို သေချာ စစ်မေးခဲ့တယ်လို့ သိရပါတယ်။



ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ထင်ရှားတဲ့ ဆရာတော် အရှင်ဆန္ဒဓိက အပါအ၀င်၊ အနုပညာရှင်တွေနဲ့ စိတ်ဝင် စားသူတွေကလည်း ကျပ်ငွေ သိန်းပေါင် ရာနှင့် ချီ၍ လှူဒါန်းထားပါတယ်။



ရုပ်ရှင် ရိုက်ကွင်းနေရာကိုတော့ ပဲခူးတိုင်း အစိုးရအကြီးအကဲ တဦးလည်းဖြစ်တဲ့ တချိန်က နို်င်ငံခြားရေး ၀န်ကြီး
ဟောင်း ဦးဥာဏ်ဝင်းက ပဲခူးမြို့အနီးက မြေဧက ၁၀၀ ကျော်ကို အသုံးပြုရန် ကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။



http://blog.irrawaddy.org/2012/07/blog-post_5811.html

နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၂ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည်ဆက်လက် တည်ရှိနေပါသည်။
ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားအလွန်ကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင်နေရာကွက်ကျား၊ ချင်းပြည်နယ်တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ် တို့တွင်နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ် တွင်ဒေသ အလိုက်နှင့်ပဲခူးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးတို့ တွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါမိုးသက်လေပြင်း များကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။မုတ်သုံလေဆက်လက်အားကောင်းနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

ယခုမိုးလေဝသ ခန့်မှန်းချက်အား မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ တရားဝင် Website မှ ရယူ ဖော်ပြခြင်း ဖြစ်သည်။



By THe Voice Weekly

စစ်တွေတွင် ဘင်္ဂါလီ ၂၀၀ကျော် စုရုံးမှု သေနတ်ပစ်ဖောက် ဟန့်တား

အရေးပေါ် အခြေအနေ ထုတ်ပြန် ထားဆဲဖြစ်သော ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့ ဘုမေရွှာမှ ဘင်္ဂါလီလူမျိုးများ ဇူလိုင်လ ၂၀ရက်နေ့တွင် ဗလီမှ အပြန်တွင် လူ ၂၀၀ကျော် စုရုံးပြီး ရခိုင်တိုင်း ရင်းသားများ နေထိုင်ရာ ရပ်ကွက်များဘက်သို့ ချီတက်လာသဖြင့် လုံခြုံရဲများက သေနတ်ပစ်ဖောက် ဟန့်တား ခဲ့ရကြောင်း ဒေသ အာဏာပိုင်များနှင့် ဒေသခံများက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်မှာ ဇူလိုင်လ ၂၀ရက်နေ့ နံနက် ဘင်္ဂါလီလူမျိုးများ ဗလီတွင် ၀တ်ပြုပြီး အပြန်တွင် လူ ၂၀၀ခန့် စုံရုံးကာ ရခိုင် တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများသို့ နေ့လယ် ၁နာရီ ခွဲခန့်တွင် ချီတက်လာခဲ့သဖြင့် ဒေသလုံခြုံရေး များက ဆူပူမှု မဖြစ်ပွားစေရန် အချိန်မီ ထိန်းသိမ်း ခဲ့ရကြောင်း ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောကြားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေးဌာနမှ ဥက္ကဌ ဦးဦးလှသိန်းကမှု “သေနတ်သုံးချက် ပစ်ပြီး လူစုခွဲလိုက်ရတယ်။ ထိခိုက် ပျက်စီးတာတော့ မရှိခဲ့ဘူး“ ဟု ၄င်းက စစ်တွေမြို့ အခြေအနေကို ရှင်းပြသည်။

The Voice Weekly



http://www.thithtoolwin.com/2012/07/blog-post_9001.html#.UAmC8JPbXbM