Monday, 6 August 2012

သေတွင်းတူးကြသူများ

By Irrawaddy

ရွှေဖြူ နှင့် အခြားသတ္တုတွင်းကြောင့် တာချီလိတ်ကျေးလက်များအခက်တွေ့



သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျေးလက် ဒေသခံများ ရွှေဖြူ ရွှေဝါ သတ္တုတွင်းကြောင့်

ကာတွန်း

ဇင်းမယ် နဲ့ ၀ါဆိုသင်္ကန်း


ထိုင်းနိုင်ငံ၊ ချင်းမိုင် (ဇင်းမယ်) မြို့ရောက် မြန်မာပြည်သားတွေ ၀ပ်ဆိုင်းမွမ်းမြန်မာကျောင်းမှာ ၀ါဆိုသင်္ကန်း ကပ်လှူကြပုံ ရုပ်သံမှတ်တမ်း ဖြစ်ပါတယ်။

Sunday, 5 August 2012

ဆိပ်ကမ်းတစ်ဝိုက်မှလောင်စာဆီ ဆိုင်များကိုဖယ်ရှားပေးရန် ရပ်ကွက်(၂)ခုရှိပြည်သူများက နိုင်ငံတော်သမ္မတကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ထံသို့  တောင်းဆို



ဗန်းမော်မြို့လယ် လူနေစိပ် သော မြို့မရပ်၊ အလယ်ရပ်ကွက် ဆိပ်ကမ်းတစ်ဝိုက်တွင် တရားမ ၀င်ရောင်းချနေကြသော လောင် စာဆီဆိုင်များကြောင့် (၇)လခန့် အတွင်း မီးလောင်မှု(၂)ကြိမ်ဖြစ် ပွားခဲ့ပြီးနောက် ၎င်းဆိုင်များကို ဖယ်ရှားပြောင်းရွှေ့ပေးနိုင်ဖို့ ရပ် ကွက်နေပြည်သူများက နိုင်ငံ တော်သမ္မတကြီးနှင့် ကချင်ပြည် နယ်ဝန်ကြီးချုပ်တို့ထံ (မီးလောင် မှုအထောက်အထား ဓာတ်ပုံများ နှင့်အတူ) စုပေါင်းလက်မှတ်ရေး

ဟံလင်းကျေးရွာမှလယ်မရှိဘဲ စိုက်ပျိုးစရိတ်ထုတ်ပေး

၃၀-၇-၂၀၁၂ နေ့က စစ် ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ် ဟံလင်းကျေး ရွာတွင် မိုးရွာသီစိုက်ပျိုးထုတ် စရိတ်ထုတ်ချေးရာ၌ နိုင်ငံတော်မှ သတ်မှတ်ထားသည့် လယ်တစ် ဧကလျှင် ငွေကျပ်(၅၀၀၀၀)နှုန်း ထုတ်ချေးနေကြောင်း နေပြည် တော်ပိတောက်မြေ အသံလွှင့် ဌာနမှလည်းကောင်း၊ နိုင်ငံပိုင် သတင်းစာများမှလည်းကောင်း၊ ထုတ်လွှင့်ရေးသားသော်လည်း ဟံလင်းစံပြကျေးရွာတွင်

သက်ဆိုင်ရာသို့ (သမိုင်းဘူတာရှေ့ မှ မီးရထားပိုင်မြေကိစ္စ)

ယခု တစ်လော အိမ်ရာဖြတ်ခိုင်း မှု့ များ ရန်ကုန်မြို့  နေရာ အနှံတွေ့ မြင်နေမိပါသည်။အ မှန် တစ် ကယ် ၀န် ကြီး ငှာန မှ ပိုင် ဆိုင် သော မြေ နေ ရာ အား ဖယ် ရှားခိုင်း ခြင်း ကို အ ပြည့် အ ၀ လက် ခံ ပါ သော် လည်း ၀န် ကြီး ငှာ န ပိုင်မ ဟုတ် သော မြေ အား လက် ၀ယ် စာ ရွက် စာ တမ်း ပိုင် ဆိုင် မှူ့  အ ထောက် အထား မ ပြ သ နိုင် သော မြေ အား ၀န် ကြီး ငှာ န ပိုင် မြေ ဟု ဆို ကာ အ တင်းအ ကြပ် သိမ်း ပိုက် ဖို့  ကြံ စည် မှူ့  အား သက် ဆိုင် ရာ သို့  တင် ပြပေ စေ လို ပါ သည်။
ဖြစ် စဉ် မှာ သမိုင်း ဘူ တာ ရှေ့  မှ မီးရထား ပိုင် မြေ ကိစ္စ ဖြစ် ပါသည်။ ဟို အ ရင် နှစ် ပေါင်း 30 ကျော် ထဲ က မီး ရ ထား မြေ မှာ သံ လမ်းနှစ် လမ်း ကြား မှ တိုင်း တာ လျှင် ပေ 150 သာ ရှိ ပါ သည်။ ယ ခု တည် ရှိနေ သော ဗဟို လမ်း ဆို သည် မှာ မ ရှိ ခဲ သေး ပါ။

ဗီယက်နမ်နဲ့ ပြင်သစ် မြန်မာဟိုတယ်လုပ်ငန်းကို မျက်စိကျ

ဟိုတယ်နှင့် ခရီးသွားလုပ် ငန်းဝန်ကြီးဌာန၏ အဆိုအရ ဗီယက်နမ်ပြင်သစ်နှင့် အိန္ဒိယတို့ သည် မြန်မာ့ဟိုတယ် လုပ်ငန်း တွင် ရင်းနှီးမြှုပ်နှံရန်အတွက် အာ ရုံကျနေကြောင်း ဆိုသည်။
ဒီမိုကရေစီ ပွင့်လင်းမြင်သာ မှု ရှိလာသဖြင့် မြန်မာနိုင်ငံသို့ နိုင်ငံခြား ဧည့်သည်များ အ၀င် များလာရာ မြန်မာ့ဟိုတယ်လုပ်

မြန်မာ့ဆက်သွယ်ရေး လုပ်ရပ် မကျေနပ်ကြ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း  မှ ကြိုးဖုန်းနှစ်စဉ်ကြေးများကို ယခင်က တစ်နှစ်လျှင် ကျပ် ၅၄၀ အစား တစ်နှစ်လျှင် ကျပ် ၆၀၀၀ သို့ ၂၀၁၂ မေလမှစ၍ သတင်းစာ တွင် ကြေညာခြင်းမရှိဘဲ တိုးမြှင့်  သတ်မှတ်လိုက်ကြောင်း သိရသည်။
“မီတာခတောင် တစ်ယူနစ် (၃၅) ကျပ်တိုးတယ်ဆိုတာ သတင်းစာထဲထည့်တယ်။

တနင်္သာရီမြို့နှင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ၃၀ ကျော် ရေလွှမ်းမိုး ရေဘေးသင့်သူများ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ

တနင်္သာရီမြို့နှင့် တနင်္သာရီမြို့နယ်တွင်းရှိ ကျေးရွာ ၃၀ ကျော်တွင် ရေလွှမ်းမိုးမှုဒဏ် ခံနေရကြောင်း ဒေသခံများက ပြောကြားသည်။


`အခုကျွန်တော်တို့ လုံးဝရွှေ့ပြောင်းနေရသူတွေကို တစ်အိမ်ထောင် ဆန်သုံးပြည်နဲ့ ခေါက်ဆွဲခြောက်တွေ ပေးနိုင်အောင် ကြိုးစားနေတယ်။ အဓိကလိုနေတာက ကျန်းမာ ရေးစောင့်ရှောက်မှုတွေလိုနေတာ၊ ခြင်တွေကြောင့် တုပ်ကွေးနဲ့ကူးစက်ရောဂါတွေ---

အိုလံပစ် ပြိုင်ပွဲဝင် မြန်မာအားကစားသမားများ ရလဒ်များ မကောင်း

 ၂၀၁၂ ခုနှစ်၊လန်ဒန် အိုလံပစ် ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေသည့်
 မြန်မာ အားကစား သမားများသည် လက်ရှိအချိန်တွင် ရလဒ်များ ဆိုးရွား

လျက်ရှိပြီး ပါဝင် ယှဉ်ပြိုင်နေသည့် ကစားသမား ခြောက်ဦးတွင် လေးဦး
အထိ ပြိုင်ပွဲကိုယ်စီမှ ထွက်ခွာခဲ့ရပြီ----

မောင်တောမြို့နယ်ရှိ ဒုက္ခသည်များကို အကူအညီပေးရန် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းပြော

imagesဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း
 ဒုတိယအကြိမ်အဖြစ် ရခိုင်ပြည်နယ်
 ပဋိပက္ခအား လေ့လာရေးခရီးစဉ်အတွင်း
 အထူးရဟန်ယာဉ် ၂ စီးဖြင့် စစ်တွေမှ
 ဘူးသီးတောင်-မောင်တော-မြောက်ဦး
-မဟာမုနိ-ကျောက်တော်မှ စစ်တွေတွင် 
ယမန်နေ့က ညအိပ်ရှိနေခဲ့ကြောင်း 
သိရှိရသည်။

ကလေးစစ်သား အသုံးမပြုရေး ဂျီနီဗာ သဘောတူညီချက် မွန် နဲ့ ကရင်နီ အဖွဲ့ လက်မှတ်ရေးထိုး

အသက် (၁၈) နှစ်အောက် ကလေးသူငယ်များကို စစ်မှုမထမ်းခိုင်းရေး အတွက် ဂျီနီဗာ သဘောတူညီချက်ကို မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့က သြဂတ် (၃) ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ တရားဝင် သဘောတူ လက်မှတ် ရေးထိုး
လိုက်တယ်လို့ သိရပါတယ်။

ကလေးသူငယ်များ စစ်မှု မထမ်းခိုင်းရေးအတွက် Deep of Commitment စာချုပ်ကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး(၁) ခူးဦးရယ်၊ အမြဲတမ်း ဗဟိုကော်တီဝင် ဦးရီမာန်ထူး တို့နဲ့အတူ မွန်ပြည်သစ်ပါတီ (NMSP) က ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် လဝီကောင်းတို့က လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်၊ ဒီသဘောတူ စာချုပ်ပါ အချက် (၆) ချက်နဲ့ ပတ်သက်လို့ KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က အခုလိုပြောပါတယ်။

ကျောက်တော်တွင် ဘင်္ဂလီမူဆလင်များ ထပ်မံအကြမ်းဖက်

 Kyauk Tawယနေ့ ညနေ ၄နာရီခန့်တွင်
 ကျောက်တော်မြို့မှ ဘု
ရားပေါင်းနှင့် ငတပေါင်းကျေး
ရွာများသို့ အပြန်လမ်းတွင်
 ဒေသခံများအား ကျောက်
တော်မြို့ ပိုက်သယ်ရပ်ကွက်မှ 
ဘင်္ဂလီမူဆလင်များ အကြမ်း
ဖက်တိုက်ခိုက်ခဲ့ကြောင်း 
သတင်းရရှိသည်။

ကာတွန်းအောင်မော်ရဲ့ လက်ရာ


အညတရ သူရဲကောင်း တတိယ အကြိမ် ဆုပေးပွဲ


ဓာတ်ပုံ- burmaburo
ဒီကနေ့ သြဂုတ်လ ၅ ရက်နေ့မှာ အညတရာ သူရဲကောင်းဆုချီးမြင့်ပွဲ တတိယ အကြိမ်မြောက် အခမ်းအနားကို ဂျပန်နိုင်ငံမှာ ကျင်းပပါတယ်။

ဆင်ဆာအဖွဲ့ကို သေနတ်ပေးမကိုင်နဲ့


The Nation News Journal အတွဲ ၁၊ အမှတ် ၁၈ မျက်နှာဖုံးအား
စာပေစိစစ်ရေးသို့တင်ပြီး ပြန်ကျလာသော မျက်နှာဖုံး။

ကမ္ဘာလဆန်းတရက်နေ့မှာ ဖျက်မယ် ဆိုတဲ့ စာပေစိစစ်ရေးအဖွဲ့ရဲ့ လက်ရာကြမ်း အွန်လိုင်းကို ရောက်လာပါတယ်။

ကျောက်တော်မြို့ အပေါက်ဝကျေးရွာတွင် ဒုတိယအကြိမ် မီးရှို့မှု ဖြစ်ပွား


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင် ယနေ့ မွန်းလွဲ ၃နာရီက မီးရှို့မှု ဒုတိယအကြိမ်ဖြစ်ပွားကာ ၂ လတာအတွင်း ဒုတိယအကြိမ် မီးရှို့မှုဖြစ်၍ အိမ်ခြေ ၃၀ ကျော် မီးလောင်ကျွမ်းခဲ့ရသည်ဟု အမည်မဖေါ်လိုသူ ကျေးရွာသားတဦးက YPI သို့ပြောသည်။

ဘင်္ဂါလီလူမျိုးများ အများစု နေထိုင်သည့် ယင်းအပေါက်ဝ ကျေးရွာတွင် ရဲစခန်းရှိသော်လည်း ရဲစခန်းမှ မည်သို့မျှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟု ၎င်းက ပြောသည်။ မီးရှို့မှုအပြင် လူတဦးလည်း အသတ်ခံရကာ သေဆုံးခဲ့ရသည်ဟု ၎င်းကပြောသည်။

မရင်းချောင်းရေလျှံမှုကြောင့် စိုက်ပျိုးပြီးလယ်ဧက ၂၀၀ ကျော်ရေနစ်မြုပ်ဆုံးရှုံး


သြဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ လေး မျက်နှာမြို့နယ် အိုင်သပြုအုပ်စု မ ယင်းချောင်းရေလျှံမှုဖြစ်ပွားပြီး စိုက် ပျိုးလယ်ဧက ၂၀၀ ၀န်းကျင်ရေနစ် မြုပ်ဆုံးရှုံးခဲ့ရကြောင်းသိရသည်။
အဆိုပါချောင်းနှင့် ဆက်စပ် လျက်ရှိသော သိမ်ကုန်းအုပ်စု၊ ကြက် ကုန်းအုပ်စု၊ ညောင်ဝိုင်းအုပ်စု၊ အိုင် သပြုအုပ်စု၊ ၀န်းကျင်လယ်မြေများ မှ စိုက်ပျိုးလယ်ဧကများ ၂၀၀ ကျော် ရေနစ်မြုပ်ဆုံးရှုံးခဲ့ကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။ 

သြဂုတ်လ ဒုတိယပတ်တွင် မြန်မာနိုင်ငံရှိ မြစ်ကြီးများတွင် လက်ရှိရေမှတ်ထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါင်တာထွန်းလွင်ကအောက်ပါအတိုင်းခန့်မှန်း

သြဂုတ်လ ဒုတိယပတ်တွင် မြန်မာနိုင်ငံရှိ မြစ်ကြီးများတွင် လက်ရှိရေမှတ်ထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါင်တာထွန်းလွင်ကအောက်ပါအတိုင်းခန့်မှန်းသည်။ 
“ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသများတွင် ရှိ မြစ်များနဲ့ မြေနိမ့်ဒေသများတွင် မြစ်ချောင်းများမှာ ရေလျှံမှုအလားအလာများ မြင့်မားနိုင်ပါတယ်။

ရတနာပုံ - ရန်ကုန်ပွဲ၌ နီကိုလာ၏ နောက်ကျ ချေပဂိုးကြောင့် သရေပွဲ အဖြစ်သာ ပြီးဆုံးခဲ့


ယနေ့ ညနေပိုင်းက ယှဉ်ပြိုင် ကစားခဲ့သည့် ရတနာပုံ - ရန်ကုန် ယူနိုက်တက်တို့ ပွဲစဉ်တွင် ရတနာပုံ အသင်းက ရန်ပိုင်၏ ပထမပိုင်း သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ သော်လည်း ပွဲပြီးခါနီး နီကိုလာ၏ ချေပဂိုးကြောင့် တစ်ဂိုးစီ သရေပွဲ အဖြစ်သာ ပြီးဆုံးခဲ့သည်။

အမှတ်ပေး ဇယား ဦးဆောင်သူ နာမည်ကြီး အသင်းနှစ်သင်း ထိပ်တိုက် တွေ့ဆုံမှု ဖြစ်သည့်အလျှောက် မန္တလေး ဗထူးကွင်းအပြည့် ပရိသတ်များ အပြည့် လာရောက် အားပေးခဲ့ကာ ပွဲမှာလည်း တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ထိုးဖောက် ကစားခဲ့၍ ကြည့်ကောင်းခဲ့သည်။

ရခိုင် အရေးအခင်း စုံစမ်းစစ်ဆေးရေး အဖွဲ့ အမှန်တကယ် လွတ်လပ်ရန် ၈၈ တိုက်တွန်း

ရန်ကုန်၊ သြဂုတ် ၅

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနား၏ ခရီးစဉ်အတွင်း တောင်းဆိုသွားခဲ့သော ရခိုင် အရေးအခင်းအတွက် ဖွဲ့စည်းမည့် စုံစမ်းရေး ကော်မရှင် အနေနှင့် အမှန်တကယ် လွတ်လပ်ရန် လိုကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။


ယနေ့ ညနေပိုင်းတွင် ပြုလုပ်သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ ရခိုင်ခရီးစဉ် သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကင်တားနား၏ မြန်မာခရီးစဉ်နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်မှ ကောက်နုတ်ချက်များ (၂)


ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ (INGO များ) အပေါ်ဆန့်ကျင်တဲ့ ခံစားချက်တွေပေါ်မှာလည်း ကျွန်တော်စိုးရိမ်ပူပန်မိပါတယ်။ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့ ကူညီမှုများအား ဘက်မလိုက်ရေးနှင့် ကြားနေရေးဆိုသော အခြေခံမူများအတိုင်း မထောက်ပံ့ဟူသော ရခိုင်ဗုဒ္ဓ္ဓဘာ သာဝင်တွေရဲ့ ထင်မြင်ယူဆမှုတွေကို ပူပန်ပါတယ်။ ဒီထင်မြင်မှုတွေကို ချေဖျက်ဖို့ရာ ပါဝင်ပတ်သက်နေသော နိုင်ငံတကာအဖွဲ့အစည်းများ အနေနဲ့အစိုးရအာဏာပိုင် များနှင့်အတူတကွ ပူးတွဲလုပ်ဆောင်ရန် ကျွန်တော်တိုက်တွန်းပါတယ်။

ဦးမောင်အေး အရက် ဖြတ်လိုက်ပြီ


Maung Aye


ဇူလိုင် လ ဆန်း ပိုင်း က ရုတ်တရက် လေဖြတ်ရောဂါ နှင့် ကျန်းမာ ရေး ချို့ ယွင်းလာ သဖြင့်
တပ်မတော် စစ်ဆေး ရုံ ကြီး တွင် အရေး ပေါ် ဆေး ကုသ မှု ခံယူ ခဲ့ရသည့် နိုင်ငံတော်
အေးချမ်းသာယာရေး နှင့်

ကမ္ဘာ့ အသေးဆုံး ဆီမီး ကွန်ဒက်တာ လေဆာ ဆိုတာ



ကမ္ဘာ့ အသေးဆုံး ဆီမီး ကွန်ဒက်တာ  လေဆာ ဆိုတာတရုတ် (တိုင်ပေ) နဲ့ တရုတ်နိုင်ငံမှာ ရှိတဲ့ ပညာရှင်တွေနဲ့ တက်ဆက် တက္ကသိုလ် က ရူပဗေဒ ပညာရှင်တွေ ပူးပေါင်းပြီး နောက်ဆုံး ဖန်တီးလိုက်တဲ့ နည်းပညာ ကတော့ ကမ္ဘာ့ အသေးငယ်ဆုံး ဆီမီး ကွန်ဒက်တာ လေဆာပဲ ဖြစ်ပါတယ်။
ဒီနည်းပညာဟာ အလင်းနဲ့ ပတ်သက်ပြီး ကွန်ပျူတာ နည်းပညာကနေ ဆေးပညာအထိ အထောက်အပံ့ပေးနိုင်မယ့် နောက်ဆုံးတွေ့ရှိမှု တစ်ခုလို့ သိပ္ပံပညာရှင်တွေက အတိအလင်း ပြောကြားလိုက်ပါပြီ။

မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား၏ မြန်မာခရီးစဉ်နှင့်ပတ်သက်ပြီးကောက်နုတ်ချက်များ(၁)


ထုတ်ပြန်ချက်မှ ကောက်နုတ်ချက်များ (၁)
 ကျွန်တော်ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ်မှာ သိသိသာသာ ရိုက်ခတ်မှုတွေရှိခဲ့တဲ့ အပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်နေသော နောက်ခံအခြေအနေရှိနေချိန်မှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ မကြာသေးမီက အောင်မြင်တိုးတက်မှုတွေကို ကြိုဆိုပါတယ်။ ဥပမာအားဖြင့် နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ အတင်းအကျပ် အလုပ်စေခိုင်းမှုအားလုံး ပပျောက်ရေးနဲ့ ကုလသမဂ္ဂနဲ့လက်မှတ်ရေးထိုးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ကလေးသူငယ်များ စုဆောင်းခြင်း၊ အသုံးချခြင်းများကို တားဆီးရေးလိုမျိုးဖြစ်ပါတယ်။

ဇေကမ္ဘာ ကုမ္ပဏီ ဇုန်မြေထဲမှာရှိ ဓါတ်တိုင် ပြန်လည်နှုတ်ခိုင်းနေ

ရန်ကုန်တိုင်းဒေသကြီး၊မြောက် ပိုင်းခရိုင် ၊ လှည်းကူးမြို့နယ်ထဲမှ ဆင်ဖုံကျေးရွာသည် မင်္ဂလာဒုံ မြို့ နယ်နှင့်မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့ သစ်တို့နှင့်နယ် နမိတ်ချင်းထိစပ်နေပြီးဆင်ဖုံကျေး ရွာမလစ်ကျေးရွာ
၊ စစ်ပင် ကျေး ရွာသို့အားထားနေရသော ရွှေ ပေါက်ကံမြို့သို့  ဆက်သွယ်ထား သောလမ်းကို အသုံးပြုနေခြင်းမှာ နှစ်ပေါင်းမြောက်များ စွာကြာ မြင့်နေပြီဖြစ်သည်။

အမရဌာနီအရှေ့ NLD ရုံးဖွင့်ပွဲ


  
ယနေ့ သြဂုတ် (၅) ရက်နေ့  မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့
ရပ်ကွက်တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်ပွဲ
အခမ်းအနား ကျင်းပခဲ့ပါသည်။ 

ချောင်းဖျားရွာသားတွေရဲ့ စာ

ကျးရွာ လျှပ်စစ်မီးရရေးကိစ္စအတွက် တိုင်းဝန်ကြီးရုံးကို ပေးပို့တဲ့ မကွေးတိုင်း ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာအုပ်စု ချောင်းဖျားရွာသားတွေရဲ့ စာပါ။

" ခေတ်သစ် သစ်ခုတ်သမားပုံပြင်

တစ်နေ့ မှာ သစ်ခုတ်သမားတစ်ယောက်ဟာ မြစ်ကမ်းထက်နားက သစ်ပင်တစ်ပင်ရဲ့ အကိုင်းကို အားရပါးရ ခုတ်နေ ပါတယ် ။ အဲ....အဲလိုခုတ်နေရင်းနဲ့ သူ့ ရဲ့ လက်စွဲတော် ပုဆိန်ဟာ မြစ်ထဲကို ပြုတ်ကျသွားပါလေရော။



သူလဲဘာလုပ်ရမှန်းမသိတော့တာနဲ့ ပဲ မြစ်ကမ်းနဖူးမှာ ထိုင်ငိုနေမိတယ်။အဲဒီအချိန်မှာ မြစ်ကို စောင့်တဲ့ နတ်မင်းကြီးပေါ်လာပြီး

သစ်ခုတ်သမားကို အခုလိုမေးသတဲ့ ။

ဟာသပုံလေးများ... ရယ်မောနိုင်ကြပါစေ

KNU နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် မြ၀တီမှာ တွေ့ဆုံ


ဓာတ်ပုံ- Hla Maugn Shwe's facebook
မြန်မာ အစိုးရ မီးရထား ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကြိုးစားသူများ အဖွဲ့ဟာ ကရင် အမျိုးသား အစည်းအရုံး ( KNU ) ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေး ခရီးစဉ် အကြို ဆွေးနွေးပွဲ တခုကို ဒီကနေ့ သြဂုတ်လ ၅ ရက်နေ့ နံနက် ၁၁ ကျော်လောက်က ထိုင်း- မြန်မာနယ်စပ် မြို့တခုဖြစ်တဲ့ မြ၀တီ မြို့ မှာ ဆွေးနွေးခဲ့ကြပါတယ်။

ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်ကို လေးခွနှင့်ပစ်၍ထောင်ကျသည့်ကိစ္စနောက်ကွယ်တွင် ရွာသားများ မကျေမနပ်ဖြစ်နေကြ

သြဂုတ် ၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျောက္ကလပ်ကျေးရွာအုပ်စု ပြည်ခိုင် ဖြိုးပါတီဆိုင်းဘုတ်ကို မူးယစ် သောက်စား လေးခွနှင့်ပစ်၍ ထောင်ခုရက်ကျခံရသူမှာ ရပ်ရွာမှ ကြင်နာသနားခံရသူ အိမ်ယာမဲ့တစ် ဦးဖြစ်ရာ အမှုကိစ္စအတွက် ၀ိုင်းဝန်း ထောက်ပံ့ငွေလည်းကုန် ထောင် ဒဏ်လည်းကျခံရသဖြင့် မကျေမနပ် ဖြစ်နေကြကြောင်းသိရသည်။

၈၈ ကျောင်းသားများ အဖွဲ့ မုံရွာသို့ သွားရောက်မည်

ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့အစည်း ဖော်ဆောင်ရန်အတွက် သြဂုတ်လ ၉ ရက် နေ့တွင် ကိုမင်းကိုနိုင် အပါအဝင် ၈၈ကျောင်းသား ၁၂ ဦးသည် မုံရွာမြို့သို့ လာရောက်မည် ဖြစ်ကြောင်း မုံရွာမြို့မှ ကြိုဆိုရန်နှင့် ယင်းအဖွဲ့လာရောက်စဉ်တွင် အကူအညီပေးရန် စီစဉ် ဆောင်ရွက်နေသည့် မုံရွာမြို့ခံတစ်ဦးက ပြောကြားသည်။

 သီလ၀ါဆိပ်ကမ်းဒေသ အထူးစီးပွားရေးဇုန်၌ ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည့် Myanko မြို့တော်စီမံကိန်းနှင့်ပတ်သက်၍ တရားဝင်ခွင့်ပြုထားခြင်း မရှိဟု သိရ


သီလ၀ါ ဆိပ်ကမ်းဒေသ အထူးစီးပွားရေးဇုန်၌ ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည့် Myanko မြို့တော် တည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်၍ တရားဝင် ခွင့်ပြုထားခြင်း မရှိဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်၏ ပြောကြားချက်အရ သိရပါသည်။
"မြန်-ကို စီးပွားရေးမြို့တော်စီမံကိန်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့နဲ့ တိုက်ရိုက်မပတ်သက်ခဲ့ပါဘူး။ မြန်-ကိုကနေ ဒီလိုလုပ်ဖို့လူကြီးတွေကို တင်ပြဖူးတာရှိပါတယ်။