Friday, 3 August 2012

အိန္ဒိယရောက် ကာချုပ် မင်းအောင်လှိုင်

နယူးဒေလီကို ရောက်နေတဲ့ ကာချုပ် မင်းအောင်လှိုင် ဒီနေ့မနက်မှာ အိန္ဒိယ အာဇာနည်တွေကို ပန်းခွေချ ဂါရ၀ပြုအပြီးမှာ အိန္ဒိယ ဂုဏ်ပြုတပ်ဖွဲ့ကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

~ အိန္ဒိယ ရေတပ်ဗိုလ်ချုပ်ကြီး နီရ်မာလ် ဗာမာ နဲ့ နှုတ်ဆက်နေတဲ့ ကာချုပ် မင်းအောင်လှိုင် ~ (ဓာတ်ပုံ - www.firstpost.com)

တပတ်ကြာ အိန္ဒိယ ချစ်ကြည်ရေးခရီးစဉ်ထွက်လာတဲ့ ကာချုပ် မင်းအောင်လှိုင်ဟာ ဒီနေ့ နယူးဒေလီမှာ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး၊ အိန္ဒိယ ကြည်း၊ရေ၊လေ တပ်တွေက ဗိုလ်ချုပ်ကြီးတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ နောက်ရက်တွေမှာတော့ ကာလ်ကတ္တား၊ ဘန်ဂလောမြို့တွေကို သွားမယ်လို့ သိရပါတယ်။



http://blog.irrawaddy.org/2012/08/blog-post_1316.html

ဒု သမ္မတ ပဋိပက္ခဖြစ်ခဲ့ရာ ဒေသသို့ သွားရောက်လေ့လာ


ဒု သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော အစိုးရ အဖွဲ့သည် ရခိုင်ပြည်နယ်၌ ပဋိပက္ခနှင့် အကြမ်းဖက်မှုများ ဖြစ်ပွား ခဲ့သည့် ဒေသများသို့ ယနေ့ သွားရောက်ကြောင်း သိရသည်။
ရခိုင်ဒေသတွင်း ပဋိပက္ခများနှင့်ပတ်သက်၍ ပြည်ပမီဒီယာများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ စွပ်စွဲ ရေးသားဖော်ပြချက်
များနှင့်လက်ရှိ အခြေအနေများကို လေ့လာရန် ယနေ့နံနက်ပိုင်းတွင် ရောက်ရှိလာခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသည့် ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင်က ဧရာဝတီကို ပြောသည်။
“ပြန်လည် ထူထောင်ရေးအတွက် လိုအပ်ချက်တွေ လေ့လာမယ်၊ နိုင်ငံတကာ အဖွဲ့တွေ က စွပ်စွဲရေးသားချက်တွေ အတိုင်း ဟုတ်မဟုတ် လေ့လာမယ်။ ကျနော်တို့ကလည်း အချက်အလက်တွေနဲ့ တင်ပြသွားဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
နိုင်ငံတကာ မီဒီယာများနှင့် လူ့အခွင့်အရေးအဖွဲ့များ၊ မွတ်စလင် အဖွဲ့များသည် ဒေသခံ ဗုဒ္ဓဘာသာဝင် များနှင့် အစိုးရ စစ်တပ်တို့ ပူးပေါင်း၍ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ မွတ်ဆလင် များကို ဖိနှိပ်ခွဲခြား ဆက်ဆံခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသည်ဟု အခြေအမြစ် မရှိဘဲ စွပ်စွဲရေးသား နေကြကြောင်း ဦးဝင်းမြိုင်က ပြောသည်။
ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အဖွဲ့သည် အကြမ်းဖက်မှုများ စတင်ခဲ့သည့် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ တို့ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်မည် ဖြစ်ပြီး ဒုက္ခသည်များ၊ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။
ရခိုင်ပြည်နယ် အတွင်းမှ အခင်းဖြစ်ပွားရာ ဒေသများသို့ နိုင်ငံတကာ သံတမန်များ ကိုယ်တိုင် သွားရောက် လေ့လာခဲ့ပြီးနောက်
၎င်းတို့၏ ခရီးစဉ်မတိုင်မီ ပြည်ပ သတင်းဌာနများနှင့် မီဒီယာ အမျိုးမျိုးမှတဆင့် သိခဲ့ရသည့် အတည်မပြုနိုင်သော အချက် အလက်များသည် ယခု ကိုယ်တိုင်တွေ့ မြင်ခဲ့ရသည့် ပကတိ အခြေအနေများနှင့် များစွာ ကွာဟနေကြောင်း သံတမန်များက ပြောဆိုသည်ဟုလည်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသား ဖော်ပြထားသည်။
ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနား နှင့်နိုင်ငံတကာ သံတမန် များသည် ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ ပြီးခဲ့ရက်ပိုင်းက သွားရောက် လေ့လာခဲ့ပြီးနောက် အထက်ပါအတိုင်း ထုတ်ပြန် ပြောဆိုကြောင်း အစိုးရ သတင်းစာများက ဆိုသည်။
ရခိုင်ဒေသသို့ သွားရောက်ခဲ့သည့် သံတမန်အဖွဲ့တွင် ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျ၊
လာအို၊ ကမ္ဘောဒီးယား၊ အီဂျစ်၊ ဘရာဇီး၊ အိန္ဒိယ၊ သီရိလကင်္ကာ စသည့် နိုင်ငံတကာ သံတမန်များ ပါဝင်သည်။
မစ္စတာ ကင်တားနားသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ရခိုင်ဒေသတွင်း ပဋိပက္ခများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း NLD က ပြောသော်လည်း အသေးစိတ် အချက်အလက်များကို ပြောဆိုခြင်း မရှိပေ။ ရခိုင်ဒေသ အရေးကိစ္စနှင့် ပတ်သက်၍ တိတ်ဆိတ်နေသည်ဟု ဆိုကာ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာက ဝေဖန်မှုများလည်း ရှိနေသည်။
ဒေါက်တာ စိုင်းမောက်ခမ်းနှင့်အတူ နယ်စပ်ရေးရာ၊ မီးရထား ၊ ပညာရေး၊ ကျန်းမာရေး၊ စွမ်းအင် စသည့် ၀န်ကြီးဌာန ဝန်ကြီး များ ပါဝင်ကြောင်း၊ ၎င်းတို့သည် စစ်တွေမှတဆင့် မောင်တော၊ ဘူးသီးတောင် ဒေသများသို့ သွားရောက်ကြမည် ဖြစ်ကာ မြောက်ဦးမြို့သို့လည်း သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း ဦးဝင်းမြိုင်က ပြောသည်။
ဒု သမ္မတသည် ရခိုင်ဒေသတွင်း၌ ဇွန်၊ ဇူလိုင် လများအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ နောက်ပိုင်းကာလတွင် နိုင်ငံတော်၏ ထိပ်ပိုင်း ခေါင်းဆောင် တဦးအဖြစ် ပထမဆုံး သွားရောက်သူ ဖြစ်သည်။
ရခိုင်ဒေသ ပြဿနာသည် လတ်တလော ဖြေရှင်း၍ မနိုင်ဘဲ ရေရှည် ဖြေရှင်းရမည့် ကိစ္စဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သို့ တရား မ၀င် ရောက်ရှိလာသည့် ဘင်္ဂါလီလူဦးရေ အဆမတန် တိုးပွားလာခြင်း ကိစ္စကိုလည်း အလေးထား ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး နှင့်ပတ်သက်သည့် အစည်းအဝေး၌ ပြောဆိုချက်ကို အစိုးရ သတင်းစာများ တွင်း ဖော်ပြထားသည်။
မောင်တော၊ ရသေ့တောင်၊ စစ်တွေ ဒေသတို့တွင် ကယ်ဆယ်ရေး စခန်း စုစုပေါင်း ၇၁ ခုရှိပြီး ဒုက္ခသည် ဦးရေ ၅၀၀၀၀ ကျော် ကို ကူညီစောင့်ရှောက်ပေး ထားကြောင်း၊ ကျေးရွာ တချို့ကို ပြည်လည်တည်ဆောက် ပေးနေပြီး ဒုက္ခသည် စခန်းများတွင် တဲအိမ်များ တည်ဆောက်ပေးနေကြောင်း နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောဆိုထားသည်။
ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး ကိစ္စအား နိုင်ငံတကာက ပါဝင်ကူညီရန် တောင်းဆိုထားပြီး နိုင်ငံတချို့ကလည်း ကူညီရန် ကမ်းလှမ်းထားကြောင်း သိရသည်။



ထိုင်း ၁၀ ဦး မူးယစ်ဆေးဝါးနှင့် လက်နက်မှု စွဲချက်တင်ခံရ


တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် အတွင်း ဖမ်းဆီးမိ၍ ထောင်ဒဏ်ချမှတ်ထားသည့် ထိုင်းနိုင်ငံသား ၁၀ ဦးကို လက်နက်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ အမှု ၂ ခုဖြင့် မြန်မာ အစိုးရက ထပ်မံ တရားစွဲဆိုထားပြီး အင်္ဂါနေ့က ရုံးတင်စစ်ဆေးခဲ့သည်။
တရားမ၀င် ၀င်ရောက်လာသော ထိုင်းလူမျိုးများထံမှ သိမ်းဆည်း ရမိသည် ဆိုသော လက်နက်များနှင့် ဆေးခြောက်များ (ဓာတ်ပုံ – မြ၀တီ ဖေ့စ်ဘုတ်မှ)
ပြီးခဲ့သည့် ဇူလိုင်၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံသား ၉၂ ဦးကို ကော့သောင်း ခရိုင် တရားသူကြီး ဒေါ်သူဇာလှိုင်ချိုက လူဝင်မှု ကြီးကြပ်ရေး (လ၀က) နှင့် သစ်တော ဆိုင်ရာ ဥပဒေ ပုဒ်မ တို့ဖြင့် ထောင်ဒဏ် ၃ နှစ်ခွဲစီ အမိန့်ချ ခံထားရ သူများ အထဲမှ ၁၀ ဦးကို ထပ်မံ၍ တရားစွဲ ဆိုထားသည့် အမှုများ ဖြစ်ကြောင်း ကော့သောင်း မြို့နယ်မှ ရှေ့နေ တဦးက ဧရာဝတီသို့ ပြောသည်။
ထို ထိုင်းနိုင်ငံသားများကို ကော့သောင်းမြို့နယ် ဒုရဲအုပ် အေးကြိုင်နှင့် မူးယစ်ဆေးဝါး အထူးနိုမ်နင်းရေး အဖွဲ့မှ ဒုရဲအုပ် အေးကျော် တို့က တရားလိုများပြုလုပ်၍ မြို့နယ်နှင့် ခရိုင် တရားရုံးတို့တွင် ရုံးတင် စစ်ဆေးခဲ့ကြောင်း ၎င်းက ဆိုသည်။
ယင်း အမှုများကို စစ်ဆေးရန် လာမည့် ၆ ရက်တွင် ထပ်မံချိန်းဆိုထားပြီး လက်နက်နှင့် မူးယစ်ဆေးဝါး အမှု ဆိုင်ရာ ပုဒ်မများနှင့် ပတ်သက်၍ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တသက် တကျွန်း အထိ ကျခံရနိုင်ဖွယ်ရှိကြောင်း ရှေ့နေက ပြောသည်။
ထပ်မံ စွပ်စွဲခံထားရသူများတွင် လက်နက်ကိုင်ဆောင်မှု ၈ ဦးနှင့် မူးယစ်ဆေးဝါး အမှုတွင် ၂ ဦး ပါဝင်ပြီး ကော့သောင်း မြို့ရှိ ၉ မိုင် အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။
ယင်းကဲ့သို့ တရားစွဲဆိုခံရသည့် အမှုနှင့် ပတ်သက်၍ ထိုင်းသတင်းများက ထိုင်းနိုင်ငံသားများ မိမိကိုယ် မိမိကာကွယ်ရန် အတွက် လက်နက် ကိုင်ဆောင်ရခြင်း ဖြစ်ကြောင်း ဖော်ပြကြသည်။
ယခု ထပ်မံ တရားစွဲဆိုခံထားရသူများနှင့် ပတ်သက်ပြီး ထိုင်း-မြန်မာ နယ်စပ်ရေးရာ ကော်မတီ အကြီးအကဲ ဗိုလ်မှူးကြီး Pornsak Phoolsawat က“သမ္မတ ဦးသိန်းစိန်၏ ကတိနှင့် အညီ ချမှတ်ထားသော ပြစ်ဒဏ်ကိုလျှော့ပေါ့၍ သော်လည်းကောင်း၊ ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးရန် မြန်မာအစိုးရ တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းခံရသည့် ကျန်ရှိနေသူများကိုလည်းကောင်း လွဲပြောင်း ပေး မည် ဖြစ်ကြောင်း ပြောကြားသည်”ဟု The Nation အင်တာနက် စာမျက်နှာတွင်လည်း ယနေ့ ဖော်ပြထားသည်။
ပြီးခဲ့သည့်လတွင် သမ္မတ ဦးသိန်းစိန်က ထိုင်းနိုင်ငံ ခရီးစဉ် အတွင်း မြန်မာ အစိုးရက ထိန်းသိမ်းထားသည့် ထိုင်းနိုင်ငံသားများနှင့် ပတ်သက်၍ ကတိပေးခဲ့ကြောင်း ဗိုလ်မှူးကြီး Pornsak Phoolsawat က ပြောဆိုသည်။
ဦးသိန်းစိန်သည် ဇူလိုင် ၂၂ ရက်က စတင်ပြီး ၃ ရက်ကြာခရီး ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည်။
ဇူလိုင်လ ၄ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ကလပ်ဘူရီမြို့နယ်နှင့် မျက်နှာချင်းဆိုင် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ကျူးကျော်၍ စီးပွားဖြစ် ရော်ဘာပင် စိုက်ပျိုးရန် လုပ်ကိုင်နေသည့် ထိုထိုင်းနိုင်ငံသားများကို မြန်မာ စစ်တပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ် သည်။
ထောင်ဒဏ်ချမှတ်ခံရသော တရားမ၀င် ၀င်ရောက်နေထိုင်သည့် ထိုင်း လူမျိုးတချို့  (ဓာတ်ပုံ – မြ၀တီ ဖေ့စ်ဘုတ် မှ)
ယင်းဒေသတွင် အသုံးပြုနေသည့် မြေထိုးစက် ၃ စီး၊ မြေတူးစက် Backhoe ကား ၅ စီး၊ ယာဉ်မျိုးစုံ ၁၇ စီး၊ ရော်ဘာပင် ဧက ၁၅၀၀၊ မော်တော် ဆိုင်ကယ် အစီး ၂၀ ၊ M-16 , AK-47, AR-15 အမျိုးအစား သေနတ်များ နှင့် ကျည်ဆန်များ၊ လက်ပစ်ဗုံး၊ မိုင်း၊ ခြောက် လုံးပြူး၊ လုပ်သေနတ် စသည့် လက်နက် ခဲယမ်းများကို သိမ်းဆည်းရမိ၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည် ဖြစ် ကြောင်း၊ သက်ဆိုင်ရာနိုင်ငံသို့ သံတမန်နည်းအရ အသိပေးထားကြောင်း ဇူလိုင် ၁၀ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြ ခဲ့သည်။
ထိုဒေသသို့ ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့အပါအ၀င် စူရတ်ဌာနီ၊ နခွန်စီထာမရတ်၊ ချုံဖော်မြို့နယ်များမှ မိသားစုဝင်များ သွားရောက်နေထိုင်ကြပြီး ခန့်မှန်းခြေ လူဦးရေ ၂၀၀ ခန့် ရှိကြောင်း စောစောပိုင်း ဖော်ပြသည့် သတင်းများတွင် ပါရှိသည်။


သမ္မတကိုထောက်ခံသည်ဟုဆိုကာ သံတွဲတွင် နိုင်ငံတော်အလံများလွှင့်ထူ


ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့၏ ဆုံးဖြတ်ညွှန်ကြားချက်များကို ကြိုဆိုထောက်ခံသည်ဟုဆိုကာ ယခုလ ၁ ရက်နေ့မှစပြီး နိုင်ငံတော်အလံကို နေအိမ်နှင့် ယာဉ်အချို့တွင် လွှင့်ထူထားကြသည်။

ထိုသို့လွှင့်ထူရန်အတွက် သံတွဲမြို့နယ် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ က လှုံ့ဆော် ထားသောစာများ သံတွဲမြို့ပေါ်တွင်ပျံ့နှံ့နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။


ယင်းစာတွင် နိုင်ငံတော်သမ္မတကြီးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးတို့မှ ဆုံးဖြတ်ညွှန်ကြားချက်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် တောင်ကုတ်မြို့များတွင် မြို့လုံးကျွတ် ပြည်ထောင်စုအလံကို အိမ်
တိုင်းတွင် လွှင့်ထူပြီး ကြိုဆိုထောက်ခံခဲ့ကြောင်း ဖော်ပြထားပြီး သံတွဲတွင် သြဂုတ် ၁ ရက်မှ ၅ ရက် အထိ အိမ်၊ အဆောက်အဦ၊ ကား/ယာဉ်၊ အနှေးယာဉ်များ၌ အလံလွှင့်ထူကြရန် ရေးသားထားသည်။

“တစ်မြို့လုံးမှာ အိမ် ၁၀ လုံးလောက်နဲ့ ကား၊ ဆိုင်ကယ် ၅ စီးလောက်မှာအလံတွေ တွေ့ရတယ်၊ ကားနဲ့ ဆိုင်ကယ်တွေမှာတော့ သာသနာ့အလံလည်းလွှင့်ထားတယ်” ဟုသံတွဲဒေသခံတစ်ဦးက YPI သို့ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍  သံတွဲမြို့နယ်ရဲတပ်ဖွဲ့ကစုံစမ်းလျက်ရှိသည်။

“ဘယ်သူက လွှင့်ခိုင်းတာလဲ၊ ဘာကြောင့်လွှင့်တာလဲလို့ မေးတော့ ဘာအတွက်မှ မဟုတ်ပါဘူး၊ ဒီလိုပဲ လွှင့်တာပါ လို့ဖြေတယ်” ဟုနယ်ထိန်းအဖွဲ့ဝင် တစ်ဦးကပြောသည်။          ။

By Yangon Press International

လွှတ်တော်ကိုယ်စားလှယ်များ လုံခြုံ ရေးသတိရှိရန် လွှတ်တော်က သတိ ပေးပြောကြား

လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် လုံခြုံရေးကိုအ ထူးဂရုပြုရန် အမျိုးသား လွှတ်တော် ဥက္ကဌ နှင့် ပြည်သူ့ လွှတ်တော်ဥက္ကဌ တို့ကလွှတ်တော်ကိုယ် စားလှယ်များ သို့ဇူလိုင်(၃၁) ရက်နေ့ က သတိပေး ပြောကြား ခဲ့ကြောင်းလွှတ်တော်ကိုယ် စားလှယ်များထံမှသည်။
အမျိုးသားလွှတ်တော် နှင့်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး(၁၈)ရက်မြောက်နေ့ တွင် အစည်းအဝေး အပြီးတွင်အထက် ပါအတိုင်း သတိပေးပြောကြားခဲ့ ခြင်း ဖြစ်သည်။

''လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့်လုံခြုံရေးနဲ့စည်း ကမ်းထိန်းသိမ်းကိုပါဝင်ရမှာဖြစ်ပါ တယ်။ လက်ရှိ အခြေအနေမှာ မိမိတို့ လွှတ်တော်နဲ့လွှတ်တော်ကိုယ်စား လှယ်များရဲ့လုံခြုံရေးအတွက်ပြန် လည်သုံး သပ်ပြီးတိုးမြှင့်ဆောင်ရွက်ရ မှာဖြစ်တဲ့အတွက် လွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် သတိ အသိနဲ့ ပါဝင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကျွန် တော်အနေနဲတင်ပြပါတယ်''ဟုပြည် သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ကပြောကြားခဲ့သည်။

ထိုသို့ကိုယ်စားလှယ်လုံ ခြုံရေးနှင့်ပက်သက်၍ သတိပေးပြော ကြားသည့်အပေါ် ကိုယ်စားလှယ် များက ယခုဖြစ်ပွား နေသည့် ရိုဟင် ဂျာကိစ္စပေါ်အခြေခံ၍သတိပေးပြော ကြားခြင်းဖြစ်နိုင်ကြောင်း ဝေဖန်သုံး သပ်ကြ သည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က''ကျွန်တော်တို့ အမျိုးသားလွှတ် တော်မှာလည်း လွှတ်တော်နဲ့ လွှတ် တော်ကိုယ်စားလှယ်တွေ အနေနဲ့လုံ ခြုံရေးကို အထူးဂရုစိုက်ဖို့ ဥက္ကဌက ပြောခဲ့ တယ်။ ကျွန်တော်တို့ထင်တာ တော့ ရိုဟင်ဂျာကိစ္စနဲ့ပက်သက်ပြီး လုံခြုရေးသတိပေး တယ်လို့ ယူဆ တာပဲ''ဟုဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားဦးမန်းမောင်မောင်ဉာဏ် က''လုံခြုံရေးသတိပေး တယ်ဆိုတာ ရခိုင်ပြည်နယ် မှာဖြစ်ပွားခဲ့တာ နဲ့ဆက် စပ်ပြီး ပြောတယ်လို့တော့ ထင်တယ်'' ဟုဆိုသည်။

''လွှတ်တော်မှာ လုံခြုံ ရေးတိုးမြှင့်မယ်လို့ပြောပြီး နောက် နေ့မှာ ကျွန်တော်တို့မီဒီယာသမား တွေဝင်တဲ့ဂိတ် (၁) မှာအရင်ကအရပ်ဝတ်တွေ နဲ့လုံခြုံရေးရှိတာ အဲ့ဒီနေ့ ကတော့ ယူနီဖောင်းဝတ် တွေပါချ ထားတယ်''ဟု လွှတ်တော်တွင် သ တင်းရယူလျှက်ရှိသည့် အမျိုးသား သတင်းထောက် တစ်ဦးက ဆိုသည်။

အဆိုပါအမျိုးသား လွှတ်တော်နှင့်ပြည်သူ့လွှတ်တော် အစည်းအဝေးများ တွင်ထိုသို့လုံခြုံရေးကို သတိ ပေးပြော ကြားခြင်း သည်ပထမဆုံးအ ကြိမ်ဖြစ်ပြီးရိုဟင်ဂျာအရေးနှင့်ပက် သက်သတင်းများ ထွက်ပေါ်ခဲ့ မှုအပေါ် လွှတ်တော်ကိုယ်စား လှယ်များ နှင်လွှတ်တော်လုံခြုံရေးအတွက် လွှတ်တော် ကိုယ်စား လှယ်များပါ ဝင်လျှက်လုံခြုံရေးတိုးမြှင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။





By Yangon Media Group

‎"ရန်ကုန်မြို့ပတ်ရထား အဆင့်အတန်း ဌာနပိုင်ငွေဖြင့် မြှင့်တင်တော့မည်

ရန်ကုန်မြို့ပတ်ရထား အဆင့်မြှင့်တင်မှုကို ဝန်ကြီး ဌာနပိုင်ငွေကြေးဖြင့် အဆင့် ၃ ဆင့်ခွဲကာ ဆောင်ရွက်သွားမည်ဟု ရထားပို့ဆောင်ရေး ဝန်ကြီး ဌာန မြန်မာ့မီးရထား မှတာဝန်ရှိသူက ပြောသည်။
”အဆင့် ၁ မှာ ကျပ်သန်း ၄ဝဝ ကို အသုံးပြုသွားမယ်”ဟု ၄င်းက ပြောသည်။ မြို့ပတ်ရထားအဆင့်မြှင့်တင် ရာတွင် ဂျပန်နိုင်ငံ၏ အကူအညီပေး မှုများ နောက်ပိုင်းတွင်ရှိ လာမည် ဖြစ်သော်လည်း အကူအညီမရမီ စပ် ကြား မီးရထားပိုင်ငွေကြေးဖြင့် ဦးစွာ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ၄င်း က ဆက်လက်ပြောသည်။ အဆင့်ချင်းအလိုက် မြို့ပတ် ရထားအဆင့်မြှင့်မှုတွင် ရထားလမ်း ပိုင်းများ ပြုပြင်ထိန်းသိမ်းမှု ဆောင် ရွက်ခြင်း၊ တွဲဆိုင်းများ သစ်လွင် အောင် ဆောင်ရွက်ခြင်း၊ ထိုင်ခုံများ အဆင့်မီတပ် ဆင်ခြင်း ကိစ္စရပ်များ ပါဝင်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ ”အခု ဇာသပြင်မှာ တွဲဆိုင်း တွေ ပို့ထားပြီး အကြီးစားပြုပြင် နေပါတယ်။ အသေးစား ကိစ္စ ရပ်တွေ တော့ ရန်ကုန်မှာပဲလုပ်နေပါတယ်” ဟု မြန်မာ့ မီးရထားမှ တာဝန် ရှိသူ က ပြောသည်။တစ်နေ့လျှင် လူတစ်သိန်းခန့် စီးနင်းနေသည့် ရန်ကုန် မြို့ပတ် ရထားအား သမ္မတ၏ အလျင် အမြန်ဖော်ဆောင်ရမည့် လမ်းညွှန်မှု အရ ယခုကဲ့သို့ ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု ၄င်းကထပ်မံပြောသည်။ ရန်ကုန်မြို့ပတ်ရထား ပြေးဆွဲ ရေးလုပ်ငန်းကို တိုင်းရင်းသား လုပ်ငန်းရှင် များထံသို့ လွှဲအပ်ရန် မြန်မာ့ မီးရထားမှ လုပ်ဆောင်ခဲ့သော်လည်း ကုမ္ပဏီ များမှ လုပ်ကိုင်နိုင်ရန် ဆွေး နွေးညှိနှိုင်းဆဲ အဆင့်တွင်သာ ရှိနေသေးကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။



By AF Ijournal

စက်တင်ဘာ ၁၁ရက်နေ့တွင် စင်ကာပူနှင့် မြန်မာအသင်း ခြေစမ်းမည်


ဆူဇူကီးဖလား ခြေစစ်ပွဲ ၀င်ရောက်ရန် အတွက် ပြင်ဆင်မှုများ ပြုလုပ်ရန် ရွေးချယ်ထားသည့် ပဏာမ လက်ရွေးစင် အသင်းသည် လာမည့် စက်တင်ဘာ ၁၁ရက်နေ့တွင် စင်ကာပူ လက်ရွေးစင် အသင်းနှင့် သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲ ကစားမည် ဖြစ်ကြောင်း သိရသည်။

အစောပိုင်းက စက်တင်ဘာ ၁၂ရက်နေ့တွင် ထိုင်းအသင်းနှင့် ခြေစမ်းပွဲ တစ်ရပ် ယှဉ်ပြိုင် ကစားမည်ဟု ထိုင်းဘောလုံး အဖွဲ့ချုပ် (FAT) က သတင်းထုတ်ပြန် ခဲ့သော်လည်း ထိုခြေစမ်းပွဲ ကစားဖြစ်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ မြန်မာ့ လက်ရွေးစင် ပဏာမ အသင်းသည် ထိုခြေစမ်းပွဲ အစား စက်တင်ဘာ ၁၁ရက်နေ့ အင်္ဂါနေ့တွင် စင်ကာပူနှင့် ခြေစမ်းပွဲ ကစားမည် ဖြစ်ကာ စက်တင်ဘာ ၁၇ရက်နေ့၌ ဂျပန်သို့ ပူးတွဲ လေ့ကျင့်ရေးနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားနိုင်ရန် ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ လက်ရွေးစင် ပဏာမ အသင်းသည် ထိုခြေစမ်းပွဲ အစား စက်တင်ဘာ ၁၁ရက်နေ့ အင်္ဂါနေ့တွင် စင်ကာပူနှင့် ခြေစမ်းပွဲ ကစားမည် ဖြစ်ကာ စက်တင်ဘာ ၁၇ရက်နေ့၌ ဂျပန်သို့ ပူးတွဲ လေ့ကျင့်ရေးနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားနိုင်ရန် ဆက်လက် ထွက်ခွာမည် ဖြစ်...ပူးတွဲ လေ့ကျင့်ရေး ခရီးစဉ် ကာလအတွင်း မြန်မာ့ လက်ရွေးစင် အသင်း အနေဖြင့် ဂျပန်ရှိ နာမည်ကြီး ဂျေလိဂ် ကလပ်အသင်း ၃သင်းနှင့် ခြေစမ်းပွဲများ ကစားမည် ဖြစ်သည်။ ပတ်ဆောင်ဟွာ ကိုင်တွယ်မည့် မြန်မာ့ လက်ရွေးစင် အသင်းသည် လာမည့် အောက်တိုဘာ လဆန်းပိုင်းတွင် ၂၀၁၂ ဆူဇူကီးဖလား ခြေစစ်ပွဲ ပွဲစဉ်များအား ရန်ကုန်တွင် ကစားရမည် ဖြစ်ကာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ အရှေ့တီမော အစရှိသည့် အသင်းများနှင့် အုပ်စုအဆင့်တွင် ရင်ဆိုင်ရမည် ဖြစ်သည်။



မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ စာပေထုတ်ဝေခွင့် (နသ) အာမခံငွေအားနိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်း။

စာပေစီစစ်ရေးနှင့် ပုံနှိပ်ခွင့် ဥပဒေညွန်ကြားချက် ၄၂ချိုးဖောက်သည်ဟု ဆိုကာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ နိုင်ငံရေး စာပေထုတ်ဝေခွင့် (နသ) တွက်တင်ထားသော အာမခံငွေ ကျပ်ငါးသိန်းကို စာပေစီစစ် နှင့် မှတ်ပုံတင် ဌာနမှ နိုင်ငံတော် ဘဏ္ဍာအဖြစ် ယနေ့ သိမ်းဆည်းလိုက်ကြောင်း အဆိုပါတီ၏ ဒုတိယဥက္ကဌ ဦးတင်မောင်အေးက ပြောကြားသည်။

ဇူလိုင်လ၂၅ရက်နေ့က မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီမှ ထုတ်ဝေသည့် Peace and Diversity ပါတီမူ ၀ါဒ စာစဉ်အတွင်း နိုင်ငံရေးပါတီနှင့် မသက်ဆိုင်သည့် ဆောင်းပါးများ ပါဝင်နေသည်ဟု ဆိုကာ အဆိုပါညွန်ကြားချက် ၄၂ဖြင့် အရေးယူရခြင်းဖြစ်ကြောင်း စာပေစီစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ အဆိုပါ ပါတီသို့ ပေးသော အကြောင်းကြားစာတွင် ထည့်သွင်း ဖော်ပြထားသည်။

“ကျွန်တော်တို့ကို စာစောင် ထုတ်ဝေခွင့် ဆက်မပေးတာမျိုးလည်း မဟုတ်ဘူး၊တင်ထားတဲ့ အာမခံငွေကို သိမ်းတာ။“ ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဒုတိယဥက္ကဌ ဦးတင်မောင်အေးက ဆိုသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ နိုင်ငံရေးပါတီ ထုတ်ဝေခွင့် (နသ) အတွက် အာမခံကျပ်ငွေငါးသိန်းခန့် ပြန်တင်မည် ဆိုပါက Peace and Diversity စာစဉ်ကို ပြန်လည် ထုတ်ဝေခွင့် ရရှိမည်ဟု စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ယင်းပါတီသို့ အကြောင်းကြားထားကြောင်း ဦးတင်မောင်အေးက ဆိုသည်။

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသည် ယခုပတ်တွင်း အပတ်စဉ်ထုတ် ပုဂ္ဂလိက သတင်း ဦးစားပေး ဂျာနယ် နှစ်စောင်အား ညွန်ကြားချက် ၄၄ ချိုးဖောက်သည်ဟုဆိုကာ ထုတ်ဝေခွင့် အကန့်သတ်မရှိ ရပ်ဆိုင်းထားခဲ့သည်။





By The Voice Weeklya

သမ္မတ၏ ရိုဟင်ဂျာ သဘောထားကို ထောက်ခံသူ အချို့ UNHCR တွင် ဆန္ဒထုတ်ဖော်

နိုင်ငံတော် သမ္မတကြီး၏အဆိုပြုချက်ဖြစ်သော ရိုဟင်ဂျာအရေး နှင့်ပတ်သက်သည့် သဘောထားထုတ်ပြန်ချက် ကို ထောက်ခံသော ပြည်သူ ၂၀ခန့်သည်ပြည်လမ်းစမ်းချောင်းမြို့နယ်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း အဆိုပါ ဆန္ဒဖော်ထုတ်မှုတွင် ပါဝင်လှုပ်ရှားသူ တစ်ဦးဖြစ်သူ ဦးအောင်နိုင်ထွန်းက ပြောကြားသည်။

နိုင်ငံတော် သမ္မတကြီး၏ ရိုဟင်ဂျာ အရေးကို ရဲ့ရင့် ပြတ်သားစွာ ပြောကြားချက်ကို ထောက်ခံကြောင်း၊ UNHCR မဟာ မင်းကြီးပြောကြားသော ရိုဟင်ဂျာများနှင့် အတူယှဉ်တွဲ နေထိုင်ရေး ပြောကြားချက်အား ကန့်ကွတ်ရှုတ်ချသော အနေဖြင့် ယင်းသို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း အဆိုပါ ဆန္ဒဖော်ထုတ်သူများက တညီတညွတ်တည်း ဆိုသည်။

“ကင်တားနား ဒီရောက်နေတဲ့ အချိန်မှာ သမ္မတကြီး၏ သဘောထားကို အပြည့်အ၀ ထောက်ခံတယ်ဆိုတာကို သိစေချင် လို့ပါ“ ဟု ဦးအောင်နိုင်ထွန်းကဆန္ဒပြပွဲ၏ရည်ရွယ်ချက်ကို ရှင်းပြသည်။
အဆိုပါ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှု ပြုလုပ်ရန် စမ်းချောင်းမြို့နယ် ရပ်တဲဖွဲ့မှူးကို တရားဝင်လျှောက်ထားခဲ့သော်လည်း အဆိုပါ ရဲတပ်ဖွဲ့မှူးက ခွင့်ပြုချက် မပေးခဲ့ကြောင်း ဆန္ဒဖော်ထုတ်သူများထံမှ သိရှိရသည်။

စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမြအောင်ကမှု “အနည်းဆုံး ၅ရက်ကြိုတင် လျှောက်ထားရမယ်ဆိုတာကို ၄ရက်ပဲ ကြိုတင် လျှောက်ထားတဲ့ အတွက် ခွင့်ပြုချက် မပေးခဲ့တာပါ“ ဟု ၄င်းက ပြောကြားသည်။
အဆိုပါ ဆန္ဒဖော်ထုတ်မှုသည် နာရီဝက်ခန့် ကြာမြင့်ခန့်ပြီး ရိုဟင်ဂျာသည် တိုင်းရင်းသားမဟုတ်၊ မြန်မာလူမျိုးမဟုတ်၊ လိမ်ညာ ၀ါဒဖြန့်နေ မီဒီယာများ ချက်ချင်းရပ်၊ ရိုဟင်ဂျာ တိုင်းရင်းသားဟု ပြောသူများ အလိုမရှိဟု ကြွေးကြော်သံနှင့် နိုင်ငံ တော်သီချင်းကို ဆိုကာ တစ်နာရီ ၃၀မိနစ်ခန့်တွင် လူစုခွဲခဲ့သည်။





By The Voice Weekly

Express Checkout ကို MyanPay တွင် ထပ်မံထည့်သွင်း

မန်မာနိုင်ငံ၏ ပထမဦးဆုံးသော အွန်လိုင်းငွေပေးချေမှု စနစ်တစ်ခု ဖြစ်သည့် MyanPay Third Party Online Payment စနစ်တွင် အွန်လိုင်း စီးပွားရေး ဆောင်ရွက်လိုသူများအတွက် လုပ်ဆောင်ချက်အသစ်တစ်ရပ်အဖြစ် "Express Checkout" Button ထပ်မံပါဝင်လာမည် ဖြစ်ကြောင်း Myanmar Soft-Gate Technology ၏ မန်နေးဂျင်း ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးရန်နောင်စိုးက ဆိုသည်။

"Express Checkout" ဆိုသည်မှာ အွန်လိုင်းတွင် မိမိဘာသာ Online Shopping များပြုလုပ်လိုသူများ၊ Online Business ဆောင်ရွက်လိုသူများအနေဖြင့် Shopping Cart လုပ်ဆောင်ချက်ကို မိမိ Website တွင်ပင် သီးခြားဆောင်ရွက်နိုင်ပြီး Payment လုပ်ခါနီးတွင် MyanPay API နှင့် တိုက်ရိုက် ချိတ်ဆက် အသုံးပြုရခြင်း ဖြစ်ကြောင်းသိရသည်။ ငွေပေးချေမှုပြုလုပ်သော Customer များ၏ Payment လုပ်ဆောင်များအား MyanPay Website သို့ redirect လုပ်ရန် မလိုအပ်ဘဲ မိမိ Website တွင်ပင် တိုက်ရိုက်ပြုလုပ်နိုင်ရန် စီစဉ်ထားသော လုပ်ဆောင်ချက်ဖြစ်ကြောင်း သိရသည်။ ထိုသို့ပြုလုပ်နိုင်ရန်အတွက် မိမိ Website တွင် MyanPay API (Application Programming Interface) code အနည်းငယ်ကို ထည့်သွင်းရေးသားရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

"ကျွန်တော်တို့ရဲ့ MyanPay စနစ်မှာ beta version ကတည်းက 'Buy Now' Button, 'Pay Now' Button, 'Donate Button', 'Add to Carts' Button ဆိုပြီး Payment Button ၄ မျိုး developer တွေအတွက် မိတ်ဆက်ပေးခဲ့ပါတယ်။ အခု Myanpay release version မှာ လုပ်ဆောင်ချက်အသစ်ဖြစ်တဲ့ 'Express Checkout' Button ကို ထပ်မံထည့်သွင်းထားတာ ဖြစ်ပါတယ်။ 'Express Checkout' Button ကို developer တွေအနေနဲ့ သူတို့ရဲ့ Website တွေမှာ ရှင်းရှင်းလင်းလင်း လွယ်လွယ်ကူကူသုံးနိုင်အောင် စီစဉ်ထားပါတယ်" ဟု ၎င်းက ပြောကြားသည်။

အဆိုပါ MyanPay အွန်လိုင်းငွေပေးချေမှု စနစ်အား သြဂုတ်လ (၂၀) ရက်နေ့တွင် စတင်မည်ဖြစ်ပြီး စမ်းသပ်အသုံးပြုလိုများအနေဖြင့် www.myanpay-virtualbox.com တွင် သွားရောက် စမ်းသပ် အသုံးပြုနိုင်ကြောင်း သိရသည်။ ယခုလက်ရှိ ထုတ်ဝေပြီးသော 'Buy Now' Button သည် Single-Item များ ရောင်းချခြင်းအတွက် အသုံးပြုရန်ဖြစ်ကြောင်း၊ 'Pay Now' Button သည် လစဉ်ကြေး၊ နှစ်စဉ်ကြေးများ၊ Bill များ၊ ဝန်ဆောင်ခများ ပေးသွင်းခြင်းအတွက် အသုံးပြုရန် ဖြစ်ကြောင်း၊ 'Donate' Button သည် အသင်းအဖွဲ့များသို့ အလှူငွေများ လှူဒါန်းခြင်းဆိုင်ရာ လုပ်ဆောင်ချက်များအတွက် အသုံးပြုရန် ဖြစ်ကြောင်း၊ 'Add to Carts' Button သည် Multi-Item များ ရောင်းချခြင်းအတွက် အသုံးပြုရန်အတွက် ဖြစ်ကြောင်း၊ အခုထပ်မံထည့်သွင်းထားသည့် 'Express Checkout' button သည် developer များအနေဖြင့် မိမိတို့၏ Website တွင်ပင် MyanPay API အား အသုံးပြု၍ လွယ်ကူလျင်မြန်စွာ ငွေလက်ခံနိုင်ရန် စီစဉ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ MyanPay Online Payment System ၏ Website မှာ https://www.myanpay.com.mm/ ဖြစ်ကြောင်း သိရသည်။





By The Voice Weekly

အလုံသင်္ဘောကျင်း နေရာတွင်နိုင်ငံတကာ အဆင့်မီဆိပ်ကမ်း တစ်ခု ကိုလုပ်ကိုင်ခွင့်ပြုလိုက်ပြီ


ဇော်လင်းထွဋ်
==========================================

ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးပိုင် အလုံသင်္ဘောကျင်း နေရာတွင် နိုင်ငံတကာ အဆင့်မီဆိပ်ကမ်း တစ်ခု ကို ဘီအိုတီ စနစ်ဖြင့်လုပ် ကိုင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းမြန်မာ့ ဆိမ်းကမ်းအာဏာ ပိုင်မှ သိရ သည်။

ထိုအလုံ သင်္ဘောကျင်း နေရာကိုဘီအိုတီ စနစ်ဖြင့်တည်ဆောက် လုပ်ပိုင်ခွင့်ကိုမြန်မာ့မြန်မာ့ အဏ္ဏဝါ စွမ်းအား ရှင် အုပ်စု ကုမ္ပဏီ လီမိတက်ကရရှိထားကြောင်း သိရသည်။

''ဒီအလုံ သင်္ဘောကျင်းမြေနေရာ ကကျွန် တော်တို့မြန်မာ့ဆိမ်းကမ်းအာဏာ ပိုင်ကပိုင်ဆိုင်တာ ဖြစ်ပါတယ် ။ဒါကြောင့် ဘီအိုတီစနစ်နဲ့ ဆိမ်းကမ်း တည်ဆောက်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ အဲဒီလုပ်ပိုင် ခွင့်ရရှိတဲ့ ကုမ္ပဏီ အနေနဲ့ကျွန်တော်တို့ မြန်မာ့ဆိမ်းကမ်း အာဏာပိုင် ကိုမြေအသုံးပြုခ ပရီမီ ယမ်ကြေး နဲ့ နှစ်စဉ်ဝင်ငွေ ကို လည်ရာခိုင်နှုန်းနဲ့ပေးရမှာ ဖြစ်ပါတယ်'' ဟုမြန်မာ့ဆိမ်ကမ်း အာဏာပိုင် မှ အထွေ ထွေမန်နေဂျာ ဦးကျော်မြင့်ကပြောသည်။

ယင်းသို့ပြောင်းလဲ တည်ဆောက်မှုကြောင့် အလုံသင်္ဘောကျင်းအား ဒဂုံဆိပ်ကမ်းမြို့နယ် တွင်မြန်မာ့ သင်္ဘောကျင်း ကလက်ရှိအနေအထား အတိုင်းခေတ်မှီ သင်္ဘောကျင်း တစ်ခုပြန်လည် တည်ဆောက်ပေး သွား မည်ဖြစ်သည်။ ''ကျွန်တော်တို့အနေနဲ့ သင်္ဘောကျင်းကို လက်ရှိပုံစံ အတိုင်းပြောင်း ရွေ့တည်ဆောက် ပေးသွား မှာပါ။ အရင် ဒီဇိုင်းမျိုး မဟုတ်တော့ပဲခေတ်မှီပုံစံနဲ့တည် ဆောက်ပေးမှာပါ''ဟုယင်းကပြောသည်။

အလုံ သဘောင်္ကျင်း ကို မြန်မာ့ အဏ္ဏဝါစွမ်း အားရှင်အုပ်စုအနေနှင့် နိုင်ငံတကာ အဆင့်မီဆိမ်ကမ်း တည် ဆောက်မှု အတွက်မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် အားမြေတစ်ဧက လျှင်ကျပ်ခုနှစ် သန်းနှုန်းဖြင့် ၄၈.၀၇ ဧက အတွက်ကျပ်၃၃၆.၄၉ရသန်းကိုမြေအသုံးချပရီမီယံ ကြေးအဖြစ်ပေးရမည်ဖြစ်သည်။

ထို့အပြင် ဆိပ်ကမ်း မှနှစ်စဉ်ဝင်ငွေစုစုပေါင်း မှပထမနှစ်မှဆယ်နှစ် အတွင်းခြောက်ရာခိုင်နှုန်း၊ဆယ် နှစ်မှ အနှစ် နှစ်ဆယ်အတွင်း၁၂ ရာခိုင်းနှုန်း၊၂၁နှစ်မှ၂၅ နှစ်အထိ၁၈ရာခိုင်နှုန်း ၊၂၆နှစ်မှ ၃ဝနှစ် အထက် အထိ ၂ဝရာခိုင်နှုန်း ကိုမြန်မာ ဆိမ်ကမ်း အာဏာပိုင် ကိုနှစ်စဉ် ပေးဆောင် ရမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါ အလုံသင်္ဘောကျင်း နေရာတွင်ဘီအိုတီစနစ်ဖြင့် ဆိပ်ကမ်း တည်ဆောက်ခွင့်လက်မှတ်ရေး ထိုပွဲ ကို ဩဂုတ်လ(၄) ရက်နေ့တွင်ရန်ကုန်မြို့ရှိဆီဒိုးနား ဟိုတယ်တွင် ကျင်းပခဲ့သည်။





By Yangon Media Group

လက်ရှိ လိဂ် အနေအထား အရ အာရှအဆင့်သို့ ထိုးဖောက်ရန် မလွယ်ဟု ပတ်သုံးသပ်


လက်ရွေးစင် အသင်း နည်းပြချုပ် ပတ်ဆောင်ဟွာက လက်ရှိ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲ၏ အနေအထား အရ အာရှအဆင့်သို့ ထိုးဖောက်ရန် မလွယ်ကူကြောင်း သုံးသပ် ပြောကြားခဲ့သည်။

ယနေ့ထုတ် Sport Times ဂျာနယ်နှင့် အင်တာဗျူးတွင် ပတ်ဆောင်ဟွာက "ကျွန်တော် ပွဲတိုင်းလိုလို လာကြည့်တယ်။ အားရစရာ ကောင်းတဲ့ ကစားကွက်မျိုး မတွေ့ရဘူး။ အဆိုးဆုံး ကတော့ ကစားသမားတွေ ရပ်နေတာပဲ။ ဒီလို အနေအထား မျိုးနဲ့ မြန်မာလိဂ်ဟာ အာရှမှာ ထိုးဖောက်ဖို့ ဆိုတာ မလွယ်နိုင်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ နိုင်ငံ အသင်းကို အခြေခံ ရွေးတာဟာ ပြည်တွင်းလိဂ် ဖြစ်နေလို့ပါပဲ။ ပြည်တွင်းလိဂ် မကောင်းဘဲနဲ့တော့ မြန်မာ့ လက်ရွေးစင် အသင်းက တိုးတက်လာမှာ မဟုတ်ဘူး" ဟု ပြောကြားခဲ့သည်။ ထို့အတူ ပတ်က ဆက်လက် ပြောကြားရာတွင် မြန်မာ့ ဘောလုံး လောကသည် အခြား နိုင်ငံများနှင့် ယှဉ်ပါက ပြောင်းပြန် ဖြစ်နေသည်ဟု သုံးသပ်ခဲ့ကာ အခြားနိုင်ငံ များ၌ ကလပ်အသင်း ပွဲစဉ်များတွင် နိုင်ငံ့ လက်ရွေးစင် အသင်း၏ ပွဲများထက် ပရိသတ် ပိုမို များပြားကြောင်းလည်း သုံးသပ်ခဲ့သည်။

ထို့နောက်တွင် လိဂ်ပြိုင်ပွဲများ၌ ယူ-၂၂ အသင်းမှ ကစားသမားများ ခြေစွမ်း ကျသွားခြင်း အပေါ် စိုးရိမ်ပူပန်လျက် ရှိနေပြီး လက်ရွေးစင် အသင်းကြီးတွင် ရွေးချယ် ခံထားရသည့် ကစားသမား အားလုံး၏ စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံး အနေအထား ရရန်အတွက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ "အသက်ငယ်တယ်၊ အသက်ကြီးတယ်၊ ၀ါရင့် ကစားသမားမှ မဟုတ်ပါဘူး။ ဘယ် ကစားသမားမဆို သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို အမြင့်ဆုံး ရောက်အောင် လုပ်ပေးရမှာက ကျွန်တော့် တာဝန်ပါ။ ဒါကြောင့် ကျွန်တော့် ဘက်ကတော့ အခု ရွေးချယ်လိုက်တဲ့ ကစားသမားတွေကို အကောင်းဆုံး ထိန်းကျောင်းနိုင်မယ်လို့ ထင်ပါတယ်" ဟု ပတ်ဆောင်ဟွာက ပြောကြားခဲ့သည်။
အသက်ငယ်တယ်၊ အသက်ကြီးတယ်၊ ၀ါရင့် ကစားသမားမှ မဟုတ်ပါဘူး။ ဘယ် ကစားသမားမဆို သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို အမြင့်ဆုံး ရောက်အောင် လုပ်ပေးရမှာက ကျွန်တော့် တာဝန်ပါ...အသင်း၏ လေ့ကျင့်ရေးတွင် စည်းကမ်း မလိုက်နာသည့် ကစားသမားများ ရှိလာပါကလည်း လက်ခံမည် မဟုတ်ကြောင်း ဖွင့်ဟခဲ့ကာ "စည်းကမ်း မလိုက်နာတဲ့ ကစားသမား တွေကို လက်ခံလို့ မဖြစ်ပါဘူး။ လက်ရွေးစင် ကစားသမား တစ်ယောက်ဆို စည်းကမ်း လိုက်နာရမယ်။ လေ့ကျင့်ချိန်မှာ ကြိုးစား လေ့ကျင့်ရမယ်။ နည်းပြ ပြောစကားကို နားထောင်ရမယ်။ ဒါဟာ လက်ရွေးစင် ကစားသမား တစ်ယောက် လိုက်ကို လိုက်နာရမယ့် အချက်တွေပါပဲ။ ဘယ်လောက်ပဲ ခြေစွမ်း ကောင်းနေပါစေ။ မကြိုးစားတဲ့ ကစားသမား ကိုတော့ ကျွန်တော် လုံးဝ မကြိုက်ပါဘူး" ဟု ဆိုခဲ့သည်။


အိတ်စ်တူးအို မဏ္ဍပ် ဗုံးကွဲမှုဖြင့် သေဒဏ်ချမှတ်ခံရသူ ကိုဖြိုးဝေအောင် လွတ်ပြီ


၂၀၁၀ ခုနှစ် သင်္ကြန် အိတ်စ်တူးအို မဏ္ဍပ်ဗုံးကွဲမှုဖြင့် စွပ်စွဲ ပြစ်ဒဏ်ချမှတ်ခံထားရသူ ကိုဖြိုးဝေအောင်ကို ယနေ့မွန်းတည့် ၁၂ နာရီဝန်းကျင်က ပုဒ်မ ၄၀၁ ဖြင့် လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း ဇနီးဖြစ်သူ မဋ္ဌေးဋ္ဌေးက YPI သို့အတည်ပြုပြောဆိုသည်။

“ဒီနေ့ နေ့လည် ၁၂ နာရီကျော်ကပါ၊ ကိုဖြိုးဝေအောင်ကတော့ အင်းစိန်ဆေးရုံမှာပါ။ သူ့ကို ကျန်းမာရေးကြောင့် အခုလိုလွှတ်လိုက်တယ်လို့ ယူဆပါတယ်” ဟု မဋ္ဌေးဋ္ဌေး ကပြောသည်။ ၎င်းအားအခြားအဆင်ပြေသည့် ဆေးရုံတရုံသို့ ပြောင်းရွှေ့ရန် စဉ်းစားနေကြောင်းလည်း ဇနီးဖြစ်သူက ပြောသည်။ ကိုဖြိုးဝေအောင်မှာ ကင်ဆာရောဂါ ခံစားနေရသည်ဟုလည်း သိရှိရသည်။

အကျဉ်းကျခံနေရစဉ် ကာလအတွင်း မကြာမီလပိုင်းအတွင်းက ကိုဖြိုးဝေအောင် ကျန်းမာရေး အခြေအနေဆိုးရွားလာသဖြင့် အင်းစိန်ဆေးရုံသို့ တင်ပို့ကုသမှု ခံယူနေစဉ် ယခုလို လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်းဖြစ်သည်။


ကိုဖြိုးဝေအောင်ကို ၂၀၁၀ ခုနှစ် သင်္ကြန်ကာလအတွင်း ကန်တော်ကြီးစောင်းရှိ အိတ်စ်တူးအို မဏ္ဍပ် ဗုံးကွဲမှုနှင့် ပတ်သက်၍ မသင်္ကာမှုဖြင့် ဖမ်းဆီးကာ ယခုနှစ် မေလ၌ သေဒဏ်ချမှတ်ခဲ့သည်။

ယင်းဗုံးကွဲမှုကို ကိုဖြိုးဝေအောင် အမှန်တကယ်ကျူးလွန်ကြောင်း ခိုင်လုံသည့် အထောက်အထား မတင်ပြနိုင်သော်လည်း တရားရုံးမှ သေဒဏ်ချမှတ်ခဲ့သဖြင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများမှ ၎င်းအားလွှတ်ပေးရန် တောက်လျှောက်တောင်းဆို လျှက်ရှိသည်။


ယခင်သီတင်းပတ်က မြန်မာနိုင်ငံသို့ လာရောက်သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တာနာက ရန်ကုန်မြို့ အင်းစိန်ဆေးရုံတွင် 
ကိုဖြိုးဝေအောင်အား သွားရောက် တွေ့ဆုံခဲ့သည်။ ။

By Yangon Press Internationl


ကျိုက်မှော်ဝန်း ရေလယ် စေတီ ရင်ပြင်ပေါ်တွင် သြဂုတ် ၂ ရက် နေ့က မကြုံစဖူးရေ လွှမ်းမိုးမှု ဖြစ်ပေါ်

ကျိုက်မှော်ဝန်း ရေလယ် စေတီတော်တွင် ဩဂုတ်၂ရက်(ဝါဆို လပြည့်)နေ့၌ နေ့လယ်၃နာရီ မှစ၍စေတီ၏ ရင်ပြင်ပေါ် အထိ မကြုံစဖူး ရေလွှမ်းမိုးမှုများဖြစ်ပေါ် ခဲ့ ကြောင်းဘုရားဖူးသွားရောက် သူများထံမှသိရသည်။

ကျောက်တန်း မြို့နယ်ရှိကျိုက် မှော်ဝန်းရေလယ် စေတီတော်သို့ ဩဂုတ်လ၂ရက်နေ့ ၃နာရီနောက် ပိုင်းဘုရားဖူး ဧည့်များ အန္တရာယ် မဖြစ်ပေါ်စေရန် အတွက်လာရောက် ဖူးမြော်ခွင့်ခေတ္တရပ်ဆိုင်းထားလိုက် ရကြောင်း သိရ သည်။

ကမာရွတ်မြို့နယ်မှ ယင်းစေတီ တော်သို့သွားရောက်ဖူးမြော်ခဲ့သူဦးအောင်ညွှန့်က''အဲဒီအချိန်မှာတော့ ဘုရားပေါ် ရောက်နေကြတဲ့သူတွ အားလုံးကြောက်ပြီး ကမ္ဘာပျက်မတတ်ဘဲ၊ဒီရေတက်ပြီး ဘုရား ရင်ပြင် ပေါ်ရေတွေ တက်လာ တာအရမ်း မြန်တယ်၊ ကျွန်တော်တို့လူကြီး အရပ်တောင် ဒူးလောက်ရေမြှပ်တယ်၊ လပြည့်နေ့ဆိုတော့ လူတွေက လည်း အရမ်းများတယ်၊ ကားလမ်းမပေါ် လှမ်းကြည့်လိုက်တာ လည်းရေ တွေဆိုတာ ဖွေးနေ တာဘဲ၊ ၄နာရီ ကျော်လောက်မှ ရေပြန်ကျ သွား တယ်' ဟုကြုံတွေ့ ခဲ့ရပုံ များကို ပြောပြသည်။

ယင်းသို့ဘုရား ရင်ပြင်တော် ပေါ်သို့ရေများလွှမ်းနေချိန်၌စေတီ တော်၌ ဘုရားဖူးဧည့်သည်များရာနှင့်ချီ ၍ရှိ နေပြီး နိုင်ငံခြားသား ဧည့်သည် များလည်း အယောက် ၃ဝခန့်ရှိနေ ကြောင်း သိရသည်။
ဘုရားဖူး ဧည့်သည် တစ်ဦး ဖြစ်သူဦးအောင်သူ က''စေတီတော် ပေါ်ရောက်နေတဲ့သူတွေကို ဟိုဘက် ကမ်းမှာရှိသမျှ သမ္မာန်အားလုံး လွှတ်ပေးပြီးလာကြိုပေးတယ်၊အားလုံး လုတက်ကြရတာပေါ့၊အဲဒီမှာတင် သမ္မာန်ပေါ်လုတက်နေ ရတာနဲ့ အချိန် နာရီဝက်လောက်ကြာတယ်၊ကလေး တွေနဲ့ မိန်းမတွေကို ဦးစားပေးပြီး တင်ပေးရတယ်၊ ဒုက္ခရောက် နေပေမယ့် ဘုရားကြီး ရဲ့တန်ခိုး ကိုတော့ အပြည့်အဝ ယုံကြည်တယ်၊ ''ဟုဆို သည်။

စေတီတော် ပေါ်သို့ရေများ တက်လာချိန်မှ စ၍စေတီတော်ရှိ တာဝန်ရှိ သူဂေါပက များ မှတစ်ဖက် ကမ်းရှိစက်တပ် သမ္မာန်များ အားလုံး ကိုလွှတ်စေပြီး လာရောက်ဖူးမြော် မည့်ဧည့်များကိုလည်းထပ်မံ မလွှတ် စေရန် အကြောင်း ကြား ထားခဲ့ရ ကြောင်း ယင်းဂေါပကများ ထံမှသိရ သည်။ မြစ်ရေကြီးချိန် နှင့် လပြည့်၊ လကွယ်ရက်များတွင် တွင်ယင်းကျိုက် မှော်ဝန်းရေ လယ်စေတီတော်သို့ ရေများ တက်သော် လည်း ယခုကဲ့သို့ရေ ပြင်တော် ပေါ်အထိရေလွှမ်းမိုးခြင်း များမဖြစ်ပေါ်ခဲ့ ဖူးကြောင်းသိရသည်။

ယင်းစေတီတော်သည်ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်များအများဆုံးလာရောက်ဖူးမြော်ကြသည့်စေတီ တစ်ဆူဖြစ်ကြောင်း ယင်းစေတီ၏ တာဝန်ရှိသူများထံမှသိရသည်။





By YAngon Media Group

ချောက်မြို့ စလေတိုက်နယ်ရှိ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်စက်ရုံမီးလောင်

မကွေးတိုင်းဒေသကြီး ချောက်မြို့ စလေတိုက်နယ်အတွင်းရှိ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် စက်ရုံတွင် မီးလောင်မှုဖြစ်ပွား မကွေးတိုင်းဒေသကြီး ချောက်မြို့ စလေတိုက်နယ်၊ စလေမြို့နှင့် ခြောက်မိုင်ခန့်အကွာတွင် ရှိသော စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း၊ဟိုက်ဒရိုဂျင်ပါ အောက်ဆိုက်စက်ရုံသည်သြဂုတ်လ၂ရက်နေ့ မွန်းလွဲ ၁၂နာရီ ၅၅ မိနစ်ခန့်က မီးလောင်မှုဖြစ်သွားခဲ့ကြောင်း သိရသည်။ မီးလောင်ရာသို့ စလေ၊ ချောက်၊ မကွေး၊ ဆိပ်ဖြူ၊ ရေနံချောင်း၊ ညောင်ဦး၊ ကျောက်ပန်းတောင်း စသည့်အနီးဝန်းကျင် ဒေသများမှ မီးသတ်ကားများ၊ ရေသည်ယာဉ်များ သွားရောက်ငြှိမ်းသတ်ခဲ့ပြီး ညနေ ၆ နာရီအချိန်မှ မီးညွန့်ကျိုးခဲ့ကြောင်း သတင်းရရှိပါသည်။ ''ပထမဆုံး ပေါက်ကွဲသံကြားရတယ်။ ကြွေသီး စက်ရုံကထင်နေတာ မီးခိုးတွေက မည်းပြီး တက်လာတယ်။ သုံးမိုင်ဝန်းကျင် ဘယ်သူမှ မကပ်နဲ့ဆိုလို့ မသွားဝံ့ကြဘူး။ ချောက်နဲ့က ကိုးမိုင်လောက်ဝေးတယ်။ စလင်းနဲ့က ခြောက်မိုင်ဝေးတယ်'' ဟု ဒေသခံတစ်ဦးက ပြောပါသည်။ နောက်ထပ်ပေါက်ကွဲသံများကိုလည်း လေးငါးကြိမ်ထက်မနည်းကြားရကြောင်း မီးလောင်သည့် အဆောက်အအုံမှာ စက်ရုံဧ။် main unit အအဆောက်အအုံဖြစ်ပြီး၊ ကွန်ပျူတာများဖြင့်
ထိန်းချုပ်ပါသောစနစ်ဖြင့် စက်ရုံလည်ပတ်ကြောင်း သိရသည်။ ''ပေါက်ကွဲသံကိုကြားလိုက်ရပြီး အသံကြားတဲ့ဘက်ကို ကြည့်တော့ မီးခိုးလုံးတွေ တက်လာတာမြင်ရပါတယ်၊ စလေနားမှာဖြစ်တယ် ထင်ခဲ့ပေမယ့် ပြီးမှ H2O2 စက်ရုံလို့ သိရတာပါ။ မီးသတ်ကားနဲ့ ရေသယ်ကားတွေတော့ သွားနေတာမြင်ရပါတယ်''ဟု ချောက်မြို့တစ်ဦးက ပြောကြားသည်။ ''အနီးဝန်းကျင်မှ ပေါက်ကွဲသံများ ဆက်တိုင်ကြားရတယ်၊ ဓာတ်ငွေ့စက်ရုံပေါက်တာဆိုတော့ မြို့ခံတွေက လန့်ပြီး mask တွေတတ်ပြီး နေကြတယ်။ နောက်မှ အန္တရာယ်မရှိဘူးဆိုလို့ စိတ်အေးသွားကြတယ်''ဟု ချောက်မြို့မှ မြို့ခံတစ်ဦးကပြောပါသည်။ ဓာတ်ငွေ့ မီးလောင်ပေါက်ကွဲမှုဖြစ်သည့်အတွက် မီးသတ်သမားများအနေဖြင့် သတိကြီးစွာဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း၊ ရေကို ဓာတ်ငွေ့သိုလှောင်ကန်များ မပေါက်ပွဲရန်သာ ပက်ဖျန်းရကြောင်း သိရသည်။ မီးကို ည၁၀နာရီခန့်အထိ ငြှိမ်းသတ်ခဲ့ကြကြောင်း၊မီးလောင်ပေါက်ကွဲမှုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခြင်း မရှိကြောင်း၊ လူ၊ တိရစ္ဆာန် အသေပျောက်မရှိခဲ့ကြောင်း ၊စက်ရုံ အဆောက်အဦးတစ်ခုလုံး ပျက်စီးသွားခဲ့ကြောင်း သိရှိရပါသည်။





By Eleven Media Group

"လူ့အခွင့်အရေး ကိုယ်စားလှယ် ကွင်တားနား၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် ရခိုင် ကိစ္စကို အဓိကထား ဆွေးနွေးခဲ့"


မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကွင်တားနားသည် ဇူလိုင်လ ၃ဝ ရက်က ၈၈ မျိုးဆက်ကျောင်းသားများနှင်
့ တွေ့ဆုံ ခဲ့စဉ်တွင် ရခိုင်အရေးကိစ္စ ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
၎င်းသည် ၈၈ မျိုးဆက် ကျောင်းသား မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်၊ ပြုံးချို၊ မြအေး၊ ဂျင်မီ တို့နှင့် ယင်းနေ့ ညနေ ၄ နာရီမိ နစ် ၄ဝ က ရန်ကုန်မြို့ နတ်မောက်လမ်းရှိ UNDP ရုံးတွင် တွေ့ဆုံခဲ့စဉ် ရခိုင် အရေးကိစ္စနှင့် ပတ်သက်သည် များကို ဆွေးနွေး မေးမြန်းခဲ့ပြီး ညနေ ၆ နာရီတွင် ၈၈ မျိုးဆက် ကျောင်းသူ နှစ်ဦးဖြစ်သည့် မနီလာသိန်း၊ မမီးမီးတို့နှင့် ရခိုင်အရေး ကိစ္စဆိုင်ရာ သီးသန့် အနေဖြင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
”သူက ရခိုင်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး သိချင် တယ် ပြောပါဆိုပြီး မေးတယ်။ ကျွန်မတို့က ရခိုင်နဲ့ပတ်သက်တဲ့ ဗီဒီယို မှတ်တမ်း၊ ဓာတ်ပုံ၊ ရရှိခဲ့တဲ့ အချက် အလက်၊ ဆာဗေး လုပ်ထားတာတွေ အကုန်လုံး သူ့ကို ပေးလိုက်တယ်” ဟု သီးသန့်တွေ့ဆုံရာတွင် ပါဝင်ခဲ့ သည့် မနီလာသိန်းကပြောသည်။
၎င်းအပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော တိုင်းရင်းသားရေးရာ ကိစ္စရပ် အချို့အပေါ် နိုင်ငံသားနှင့် နိုင်ငံသား အခွင့်အရေး၊ တိုင်းရင်း သား နှင့် တိုင်းရင်းသား အခွင့်အရေး၊ ဧည့်နိုင်ငံသားနှင့် ဧည့်နိုင်ငံသား အခွင့်အရေး၊ လုံလုံခြုံခြုံ အကာအကွယ် ပေးနိုင်ဖို့အပေါ် မစ္စတာ ကွင်တားနားကို တောင်းဆိုခဲ့ကာ ယင်း ဒေသများအတွင်း ဒုက္ခသည်များ၏ နေထိုင် စားသောက်ရေး၊ ကျန်းမာရေးနှင့် လုံလုံ ခြုံခြုံ နေထိုင်နိုင်ရေး ကိစ္စအပေါ် မိမိတို့၏ သုံးသပ်ချက် ကို ပေးအပ် ခဲ့ကြောင်း မနီလာသိန်း က ပြောသည်။
မစ္စတာ ကွင်တားနား၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် ရခိုင်အရေး ကိစ္စကို အဓိက ထား ဆောင်ရွက်သွားရန် ကြိုးစားနိုင်မည်ဟု မျှော်လင့်ပြီး ပြန် လည် တင်သွင်းမည့် အစီရင်ခံစာ တွင်လည်း ပဋိပက္ခများ တည်ငြိမ်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံ ကြည်ကြကြောင်း တွေ့ဆုံ ရာတွင် ပါဝင်ခဲ့သူ ၈၈ မျိုးဆက်ကျောင်းသား ကိုပြုံးချိုက ပြောသည်။
”တချို့ကိစ္စတွေမှာ သူ့အနေနဲ့ စိတ်ရှည်ရှည် ခေါင်းအေးအေးထားပြီး ဆုံးဖြတ်တယ်။ ယူဆတယ်။ သို့သော် ပြည်ပလုပ်ဆောင်မှုထက် ပြည်တွင်းအင်အားစုက တည်ငြိမ်အောင် ပိုမို လုပ်ဆောင်သင့်တယ်လို့ သူမြင်တယ်” ဟု ရခိုင်အရေးကိစ္စနှင့် ပတ်သက်ပြီး ကွင်တားနား၏ အမြင်ကို ဆွေးနွေးခဲ့မှုအပေါ် အခြေခံ၍ ကိုပြုံးချိုက သုံးသပ်ပြောကြားသည်။
ကွင်တားနားနှင့် တွေ့ဆုံခဲ့စဉ်တွင် ရခိုင်အရေး ကိစ္စရပ်များအပြင် ကချင် ဒုက္ခသည်များနှင့် အဖွဲ့အစည်း ဆိုင်ရာ ကိစ္စရပ်များ၊ လယ်သမားများ လယ်ယာမြေ သိမ်းဆည်းခံ ရသော ကိစ္စရပ်များ။ အလုပ်သမားများ၏ လုပ်ခလစာ၊ အလုပ်ချိန် ကိစ္စရပ်များ၊ အမှန်အတိုင်း ဖော်ထုတ်ခွင့် မရသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်ဟု လည်း သိရသည်။
”သူကတော့ သတင်းအချက်အလက် ယူဖို့လာတာပါပဲ။ လာတာကိုက လွတ်လပ်တဲ့ စုံစမ်းမှု အတွက်ပေါ့။ သူ့အနေနဲ့ ကမ္ဘာက မြန်မာပြည် အရေး စိတ်ဝင်စားသူတွေ၊ မြန်မာပြည်ကို ကူညီပေးချင်တဲ့ သူတွေကို ပြောပြမယ်။ ဒီက အသံတွေ နား ထောင်ချင်တယ်။ ဒီက ပြည်သူတွေက အသံ စုံရင်တော့ မှတ်ချက်ပေးမယ် ထင်တယ်” ဟု မစ္စတာ ကွင်တားနားနှင့် တွေ့ဆုံရာတွင် ပါဝင် ခဲ့သော ၈၈ မျိုးဆက်ကျောင်းသား တစ်ဦးဖြစ်သူ ကိုဂျင်မီ က ပြော သည်။
မစ္စတာ ကွင်တားနားသည် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၂၉ ရက် ညပိုင်း က ရောက်ရှိခဲ့ပြီး ဇူလိုင်လ ၃ဝ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်သို့ သွားရောက်ခဲ့ကာ အင်းစိန်အကျဉ်းထောင်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့နှင့် တွေ့ဆုံကာ ညနေပိုင်းတွင် ၈၈ မျိုးဆက်ကျောင်းသားများနှင့် တွေ့ ဆုံခဲ့ပြီးနောက် ဇူလိုင်လ ၃၁ ရက်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ကြောင်း သိရသည်။ မစ္စတာ ကွင်တားနားသည် မြန်မာ နိုင်ငံသို့ ၅ ရက်ကြာ ခရီးစဉ်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်ပြီး ၄င်း၏ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတအပါအဝင် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံရန် တင်ပြ တောင်းဆိုထားသော် လည်း တွေ့ဆုံဖြစ်ရန် မသေချာသေး ကြောင်း သိရသည်။



By AF Ijournal

"ရခိုင်မောင်းတောရှိ ပျက်ဆီးစာသင်ကျောင်းများ ပြင်နိုင်ရေး ရန်ပုံငွေဂီတပွဲ ကျင်းပမည်"

ရခိုင်ပြည်နယ် တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ များကြောင့် ပျက်ဆီး ဆုံးရှုံးသွား ခဲ့သော မောင်တောရှိ စာသင်ကျောင်း ၅ကျောင်းပြန်လည်ပြုပြင်ရန် နှင့် ကယ်ဆယ်ရေးစခန်းများအတွင်း ရောက်ရှိနေသော အဆိုပါ စာသင်ကျောင်း မှ ကျောင်းသားကျောင်းသူများအား ပညာရေး သင်ထောက်ကူပစ္စည်း များ ထောက်ပံ့နိုင်ရန် ရန်ပုံငွေ တေးဂီတ စင်တင်ဖျော်ဖြေပွဲကို သြဂ
ုတ်လ ၁၉ရက်နေ့ ၌ ဒဂုံမြို့ နယ်ရှိ အမျိုးသား ကဇာတ်ရုံတွင် ကျင်းပပြုလုပ်မည်ဟု ရခိုင်အမျိုးသားကွန်ယက်ဥက္ကဌ ကိုတင်ထူးအောင် ကပြောသည်။ ရခိုင် အမျိုးသား ကွန်ယက်၊ WAVE Myanmar နှင့် ဖွံဖြိုးရေး မဏ္ဍိုင်အဖွဲ့  တို့  ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး သတင်းစာရှင်းလင်းပွဲကို သြဂုတ် လ ၄ ရက်ေ န့ နေ့ လယ်၂နာရီ အချိန်တွင် ယုဇနဟိုတယ်၌ ကျင်းပမည်ဟု သိရ သည်။ ကိုတင်ထူးအောင် က "ဖျော်ဖြေပွဲ ကရရှိလာမည့်ရန်ပုံငွေကို ကြည့်ပြီး ကလေးတွေ ကို ထောက်ပံ့ပေး ပြီးတာ နဲ့ ကျောင်းတွေပြင်ပါ့မယ်" ဟုပြော သည်။ လက်မှတ်တစ်စောင်လျှင် ကျပ်၈၀၀၀ မှ ကျပ်၁၂၀၀၀ အထိရှိပြီး ရန်ပုံငွေပွဲတွင် အောင်လ၊Lဆိုင်း ဇီ၊ ရေဗက္ကာဝင်း အစရှိသည့် နာမည်ကြီး အဆိုတော်တို့ သီဆို ကြမည်ဟု သိရသည်။





By Popular Myanmar News Journal

မြန်မာ့ ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ကျင်းပမည်

မန်မာနိုင်ငံတွင် ပထမဆုံး အဖြစ် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ထိပ်သီး အစည်းအဝေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့တွင် လာမည့် နိုဝင်ဘာလ ၁ ရက်နေ့ မှ ၂ ရက်နေ့အထိ ကျင်းပသွားရန်ရှိကြောင်း ယင်းထိပ်သီး အစည်းအဝေး အဖွဲဖြစ်မြောက်ရေး စီစဉ်နေသည့် Advantique Group မှ The Voice Weekly သို့ပြောကြားသည်။

အဆိုပါ ညီလာခံတွင် နိုင်ငံခြ

ားရင်းနှီးမြှုပ်နှံမှုဥပဒေ သစ် ၊ ငွေကြေး လဲလှယ်နှုန်း နှင့် ဘဏ်လုပ်ငန်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အပြင် လယ်ယာ စိုက်ပျိုးရေး ၊ သားငါးနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍ ၊ ဧည့်လမ်းညွှန် ကဏ္ဍ အစရှိသည် တို့ကိုအထူးပြု ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ရှန်နန် (Shannen) က ပြောသည်။

“မြန်မာမှာလာပြီးရင်နှီးမြှုပ်နှံဖို့စောင့်နေတဲ့ ကုမ္ပဏီတွေအတွက် အကျိုးရှိနိုင်သလို ၊ မြန်မာ နိုင်ငံထဲမှာရှိနေတဲ့ ကုမ္ပဏီတွေ အတွက်လည်း အဆက်သွယ်အတွေ့အကြုံတွေ ပိုမိုရရှိနိုင်မှာပါ” ဟု ယင်းကဲ့သို့ ထိပ်သီး အစည်းအဝေးကျင်းပရခြင်းဖြင့် ရရှိလာမည့် အကျိုးဆက်များနှင့်ပက်သက်၍ ၄င်းက ရှင်းပြခဲ့သည်။

အစည်းအဝေးကျင်းပမည့် နေရာအတည်အကျကိုမူ ယခုအချိန်ထိ မဆုံးဖြတ်ရသေးကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံသို့ နိုင်ငံပေါင်း ၃၁ နိုင်ငံမှရင်းနှီးမြုပ်နှံမှုများ လာရောက်ပြုလုပ် လျက်ရှိရာ တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉၄၇ ဘီလီယံ ရှိပြီး ၊ဒုတိယအများဆုံးမှာ ထိုင်းနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၆၈ ဘီလီယံ ရှိကြောင်း ၊ ကျန်နိုင်ငံများမှာ ဟောင်ကောင် ၊ တောင်ကိုရီးယား ၊ ဗြိတိန် ၊ စင်ကာပူ နိုင်ငံတို့ဖြစ်ကြသည်။




By The Voice Weekly

ဝါဆိုလပြည့် တရားဟောနေစဉ် သဲချောင်းကို ၀ိုင်းဝန်းတိုက်ခိုက်ရန် ဆူပူလိုသူများ ကြိုးပမ်း

ဒီကနေ့ ၀ါဆိုလပြည့်နေ့ ညနေဘက် စစ်တွေမြို့နယ် သဲချောင်းကျေးရွာမှာ ဆရာတော် တရားဟောနေစဉ် အနီးအနားက ဆူပူလိုသူ  မွတ်ဆလင် ၂၀၀ ကျော်ခန့်ဟာ တုတ်ဓါးတွေနဲ့  တိုက်ခိုက်ရန် ၀ိုင်းဝန်းလာခဲ့တယ်လို့ သိရပါတယ်။

အခုလို ၀ိုင်းဝန်းလာတဲ့ အတွက် အနီးအနားက စစ်တပ်ကို ဖုံးနဲ့ အကြောင်းကြားလိုက်တဲ့ အတွက် တပ်ရင်းမှူးကိုယ်တိုင် ကားတွေနဲ့ လာပြီး တားဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
“ ညနေ ၅ နာရီကျော် ဆရာတော် တရားဟောလို့ မပီးတပီးမှာ ဖြစ်တာပါ။ စစ်တပ်က ရောက်လာတဲ့ အတွက် လူစုကွဲပြီး ဘင်္ဂလီတွေ ၀င်ပြေးသွားကြပါတယ်။ အခု စစ်တပ်နဲ့ လုံထိန်းတွေ ရွာထဲကို လိုက်သွားပါတယ်” ဟု သဲချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
အခုအခါမှာတော့ အခြေအနေ အေးဆေး ငြိမ်သက်သွားပြီလို့ ပြောပါတယ်။ ဒါပေမယ့် စိတ်ချရတဲ့ အနေအထားတော့ မရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

နိရဉ္စရာ သတင်းဌာန



http://www.thithtoolwin.com/2012/08/blog-post_4833.html#.UBtY7pPbXbM

ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး နှင့် သံတမန်များ စစ်တွေမြို့ ကို သွားရောက်လေ့လာ

ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး နှင့် သံတမန်များ စစ်တွေမြို့ ကို သွားရောက်လေ့လာစဉ် ။ ဓါတ်ပုံ (မြ၀တီ)
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် သံတမန်လေ့လာရေးအဖွဲ့ဝင်များ စစ်တွေမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပကတိအခြေအနေမှန်များအား သွားရောက်လေ့လာ ခဲ့ပါသည်။ 

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး၊ တာဝန်ရှိသူများနှင့် ဘာသာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာအကြီးအကဲများသည် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဖြစ်ပွားခဲ့သည့် ပကတိအခြေအနေမှန်များအား သြဂုတ် ၁ ရက် နံနက် ၈ နာရီက စစ်တွေမြို့ ပတ်ဝန်းကျင်တစ်လျှောက် သွားရောက်ကြည့်ရှု လေ့လာခဲ့ပြီး ဒုက္ခသည်များ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆောင်ရွက်ပေးထားမှုအခြေအနေများကို သံတမန်အဖွဲ့များအား ရှင်းလင်းပြောကြားခဲ့ကြောင်း မြ၀တီ ဖေ့စ်ဘုတ် အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။



http://www.thithtoolwin.com/2012/08/blog-post_2569.html#.UBtYd5PbXbM

၃၊၈၊၂၀၁၂ မနက်ပိုင်းသတင်းတိုများစုစည်းမှု

ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အိန္ဒိယ ခရီးစဉ်
ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယ နိုင်ငံကို တပတ်တာ အလည် အပတ်ခရီးစဉ်အဖြစ် ရောက်ရှိနေပါတယ်။
ဒီခရီးစဉ်ကို အိန္ဒိယ ကာကွယ်ရေးဦးစီးချုပ်က ဖိတ်ကြားခဲ့တာဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်ရဲ့ ပထမဆုံး အိန္ဒိယ ခရီးစဉ်လည်း ဖြစ်ပါတယ်။
အိန္ဒိယ ကာကွယ်ရေးဝန်ကြီး၊ ကြည်း၊ ရေ၊ လေ စ

စ်ဦးစီးချုပ်တွေနဲ့ မြန်မာ ကာချုပ်တို့ တွေ့ဆုံခဲ့ကြပြီး မြန်မာစစ်တပ်ကို သင်တန်းပေး လေ့ကျင့်ရေး၊ စစ်ဘက်ဆိုင်ရာ အထောက်အကူ ပစ္စည်းတွေ ပေးရေးကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
နှစ်နိုင်ငံ နယ်စပ် လုံခြုံရေးနဲ့ သူပုန်တိုက်ဖျက်ရေး တို့အတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာအစိုးရသစ် တက်လာပြီးနောက် သမ္မတဦးသိန်းစိန်က ၂၀၁၁ အောက်တိုဘာလမှာ အိန္ဒိယကို သွားရောက်ခဲ့သလို၊ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကလည်း ၂၀၁၂ မေလမှာ မြန်မာနိုင်ငံကို သွားခဲ့ပါတယ်။

By Myanmar Journal














မြန်မာ ဂျူဒိုမယ် ပွဲဦးထွက်မှာ ရှုံးနိမ့်
ပွဲအစ အားမာန်အပြည့်သွင်းလို့ တွေ့ရတဲ့ အေးအေးအောင်
မအေးအေးအောင်ဟာ တရုတ်က ယန်ရွှီလီ နဲ့ ၇၈ ကီလိုတန်း သြဂုတ် ၂ရက် ကြာသပတေးနေ့မနက်က ကွာတားအကြိုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ရာမှာ တရုတ် ပြိုင်ဖက်က အိပွန်း တချက်ကောင်းနည်းနဲ့ ကြမ်းပြင်ပေါ်ဆွဲလှဲပြီး အနိုင်ယူသွားခဲ့ပါတယ်။
ပွဲစဉ်အစမှာတော့ အပြန်အလှန် တိုက်စစ်ဆင်ခဲ့ပြီး မအေးအေးအောင်က ပြိုင်ဖက်ကို အကြိမ်ကြိမ် ဆွဲလှဲဖို့ ကြိုးစ

ားခဲ့တာလဲ တွေ့ရပါတယ်။
တနေ့ထဲမှာ ဆက်ကျင်းပတဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ မအေးအေးအောင်ကို အနိုင်ယူခဲတဲ့ တရုတ်ဂျူဒိုမယ်လဲ ပြင်သစ်က ပြိုင်ဖက်နဲ့ တွေ့ပြီး ရှုံးနိမ့်သွားခဲ့ပါတယ်။
ထိုင်းမှာ ကျင်းပခဲ့တဲ့ ၂၄ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရခဲ့တဲ့ အေးအေးအောင်ဟာ မြန်မာအားကစားအဖွဲ့အတွက် မျှော်လင့်ချက်အရှိဆုံး အားကစားမယ်တယောက်လဲ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အခု အိုလံပစ်မှာ အားကစားသမား ခြောက်ဦး နဲ့ အားကစားနည်း ခြောက်မျိုးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အခုတော့ အမျိုးသား မီတာ ၄၀၀ အတွက် ကိုသက်ဇော်ဝင်းနဲ့ မာရသွန် ပြေးပွဲအတွက် မနီလာစန်းတို့ ယှဉ်ပြိုင်ကြမယ့် ပွဲတွေပဲ ကျန်ပါတော့တယ်။
အိုလံပစ်ပြိုင်ပွဲ ၆ ရက်မြောက် သြဂုတ်လ ၂ ရက် မနက် အထိတရုတ်အသင်းက ရွှေ ၁၇ ခု၊ ငွေ ၉ ခု၊ ကြေး ၄ ခု စုစုပေါင်း ဆုတံဆိပ် ၃၀ နဲ့ ထပ်က ဦးဆောင်နေပြီး၊ အမေရိကန် ကတော့ ရွှေ ၁၃ ငွေ ၈၊ ကြေး ၉ နဲ့ ဒုတိယနေရာက လိုက်နေပါတယ်။


By Myanmar Journal

















ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒု ဥက္ကဋ္ဌ မစ္စ Pamela Cox နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင်လ ၃၁ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီလို တွေ့ဆုံရာမှာ ဒေသခံ အဖွဲ့အစည်းတွေ ကို ကူညီထောက်ပံ့တဲ့ နည်းလမ်းတွေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်သွားမယ့် ကမ္ဘာ့ဘဏ်ရဲ့ အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒေသခံအဖွဲ့အစည်းတွေက ကျောင်းဆောက်လုပ်ရေး၊ လမ်းဖောက်လုပ်ရေး၊
ရေရရှိရေး ဆောင်ရွက်မှုတွေနဲ့ တခြား ဖွံ့ဖြိုးရေး စီမံကိန်းတွေကို ကိုယ်တိုင် ဆုံးဖြတ် အကောင်အထည်ဖော်သွားဖို့ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

By RFA Burmese

















မြန်မာနိုင်ငံထဲမှာ ဖမ်းဆီးမိထားတဲ့ ထိုင်း ၉၂ ယောက်အနက် ၉ ယောက်က လက်နက်တွေ ပိုင်ဆိုင်ကြောင်း ၀န်ခံတယ်လို့ စစ်ဘက် သတင်းရပ်ကွက်က
ပြောကြားခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ
ဖော်ပြထားပါတယ်။

ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ပါလို့ အဲဒီလူ ၉ ယောက်က ပြောဆိုကြောင်း သိရပါတယ်။

သူတို့ရဲ့အမှုကို ဒီနေ့ စစ်ဆေးမှာ ဖြစ်ပါတယ်။ သူတို့လက်ဝယ်မှာ M16 , AK47 ရိုင်ဖယ်တွေ၊ လက်ပစ်ဗုံးတွေရှိတယ် လို့ ဆိုကြောင

်း၊ ဥပဒေ လမ်းကြောင်းသစ်နဲ့ အမှုသစ် စတင်ဖို့ နယ်စပ် ကျူးကျော်ဝင်ရောက်မှု
နဲ့ တခြားဥပဒေရေးရာတွေမှာ တတ်ကျွမ်းနားလည်တဲ့ စုံစမ်း စစ်ဆေးရေး
မှူးတွေပါဝင်တဲ့ အဖွဲ့သစ်ကို မြန်မာအာဏာပိုင်တွေက ဖွဲ့စည်းထားတယ်
လို့ ဆိုပါတယ်။


သမ္မတ ဦးသိန်းစိန် ကတိက၀တ်ပေးထားတဲ့အတိုင်း ပြစ်ဒဏ်ကင်းလွတ်ခွင့် ဒါမှမဟုတ် ပြစ်ဒဏ်သက်သာခွင့် ပေးဖို့ သုံးသပ်စဉ်းစားရအောင် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျန်လူ ၈၃ ဦးရဲ့ အမှုကို နေပြည်တော်ကို လွှဲအပ်မယ်လို့ ထိုင်းမြန်မာ နယ်ခြားကော်မတီ အကြီးအကဲ ဗိုလ်မှူးကြီး Pornsak က ပြောကြောင်း The Nation သတင်းစာမှာ ဖော်ပြထားပါတယ်။


By RFA Burmese

















မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ သွင်းကုန် ပိတ်ဆို့ ပြစ်ဒါဏ်ကို တနှစ်သက် တမ်းတိုးဖို့ အမေရိကန် လွှတ်တော်က မနေ့ကအတည်ပြုလိုက်ပါတယ်။

အမေရိကန်အထက်လွှတ်တော်နဲ့ အာက်လွှတ်တော် နှစ်ရပ်လုံးက ကန့်ကွက်မဲမရှိ သဘောတူ ချမှတ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ နောက်ထပ် လုပ်ဆောင်စရာတွေ အများကြီးကျန်ရှိ နေသေးတဲ့ အတွက်၊ သွင်းကုန် ပိတ်ဆို့ပြစ်ဒါဏ်ကို ဆက်လက်ထားရှိတာဖြစ

်ကြောင်း အမေရိကန် လွှတ်တော်အမတ်တွေက ပြောဆိုပါတယ်။


ပြီးခဲ့တဲ့လ ကတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုကို သမ္မတအိုဘားမား အစိုးရကပြန်လည် ရုတ်သိမ်းပေးခဲ့ ပါတယ်။


သွင်းကုန်ပိတ်ဆို့ ပြစ်ဒါဏ်ကို ၂၀၀၃ ခုနှစ်က စတင်ပြဌာန်းထားခဲ့တာ
ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေသေးတာ၊ ဖွဲ့စည်းပုံစည်းမျဉ်းမှာ ဒီမိုကရေစီနည်းလမ်း မကျတဲ့ အချက်တွေ ပါဝင်နေတာ၊ တိုင်းရင်းသား နယ်မြေတွေမှာ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတာ၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံနေတာ စတဲ့ အချက်တွေဟာ ဆက်လက်စိုးရိမ်ရဆဲ အချက်တွေဖြစ်တယ်လို့ သွင်းကုန်ပိတ်ဆို့ရေး အဆိုကို ဦးဆောင်ချမှတ်ခဲ့တဲ့ ရီပါပလစ်ကန် အမတ် Mitch McConnell က ပြောဆိုခဲ့ပါတယ်။


မနေ့က တင်သွင်းတဲ့ မူကြမ်းကို သမ္မတအိုဘားမား လက်မှတ်ရေးထိုး လိုက်ရင် ဥပဒေတစ်ရပ် အဖြစ် ရောက်ရှိမှာ ဖြစ်ပါတယ်။




By RFA Burmese










မကွေးတိုင်း ချောက်မြို့နယ်အတွင်း စက်မှု ၀န်ကြီးဌာနလက်အောက်က အစွန်းချွတ် ဓါတုပစ္စည်း ထုတ်လုပ်ရေး စက်ရုံတစ်ရုံမှာ မနေ့က ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ (၆) ယောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

မနေ့က မွန်းလွဲ (၁ ) နာရီလောက်က ချောက်မြို့ နဲ့ (၃) မိုင်လောက် အကွာ၊ ဇီးချိုပင် နဲ့ ရေတွင်းကျေးရွာ ကြား မှာရှိတဲ့  ဟိုက်ဒရိုဂျင် ပါရောက်ဆိုဒ် စက်ရုံမှာ ပြင်းထန်တဲ့ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပ

ါ။

ဟိုက်ဒရိုဂျင်ပါဝင်တဲ့ ဓါတုဖျော်ရည် သိုလှောင်ရုံ ရဲ့ ဒုတိယအဆင့်ကနေ အက်ဆစ်လို ဓါတုဖျော်ရည်တွေ ပန်းထွက်ခဲ့ရာက စတင် ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

ပေါက်ကွဲမှုကြောင့် စက်ရုံ ပြူတင်းပေါက်တွေ ပျက်စီးသွားခဲ့ပြီး စက်ရုံအရာရှိ တစ်ဦး အပါအ၀င် စက်ရုံ ၀န်ထမ်း (၅) ဦး နဲ့ မီးသတ်သမား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ပြည်တွင်းကလာတဲ့ သတင်းတစ်ရပ် အဆိုအရ ဒဏ်ရာရသူတွေ တချို့ဟာ ဓါတုဖျော်ရည် လောင်ကျွမ်းခံခဲ့ရပြီး၊ ချောက် ဆေးရုံ ကို (၃)ယောက်၊
ကျောက်ပန်းတောင်းဆေးရုံကို (၂)ယောက် ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့တဲ့ စက်ရုံကို မီးငြိမ်းသတ်ခဲ့ရာမှာ ညနေ (၆) နာရီလောက်မှာ မီးငြိမ်း သွားခဲ့တယ်လို့ သိရပါတယ်။

By RFA Burmese

















နေ့စဉ်မိုးလေ၀သသတင်း

(၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၃)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ က

ချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။


မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

Source : မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာ

By The Voice Weekly




















မြစ်ရေကြီးမှု အခြေအနေသတင်း

(၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂)ရက် (၁၃း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ဟင်္သာတမြို့တွင် (၁၃၄၉)စင်တီမီတာသို့ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၇)စင်တီမီတာ (၀.၂-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက် (၄၈)နာရီအတွင်း (၁၅)စင်တီမီတာ (ပေ၀က်ခန့်) ဆက်လက်တက်လာနိုင်ပြီး၊ ယင်းမြို့၏ စိုးရိမ်ရေမှတ်

 (၁၃၄၂)စင်တီ မီတာ အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။


င၀န်မြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ငါးသိုင်းချောင်းမြို့တွင် (၁၁၇၇)စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၄၇)စင်တီ မီတာ ( ၁-ပေခွဲခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် (၁၁၃၀)စင်တီမီတာ အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။


ရွှေကျင်မြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြို့တွင် (၇၆၈)စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၆၈)စင်တီမီတာ (၂.၂-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှနောက် (၄၈)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် (၇၀၀)စင်တီမီတာအထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။


Source : မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန


By The Voice Weekly