Tuesday, 23 October 2012
စစ်တွေမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် CCTV အကူအညီဖြင့် ငွေလိမ်လည်သူတစ်ဦးအားကူညီဖော်ထုတ်ပေးနိုင်ခဲ့
ယခုလ(၁၈)ရက်နေ့တွင် စစ်တွေမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် ****တပ်တွင်တာဝန်ထမ်းဆောင်နေသော ဒုတက****မှ တပ်ရင်းတပ်ဖွဲ့ဝင်များ၏ စုငွေစာအုပ်မှ ငွေလိမ်လည်
ထုတ်ယူမှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါငွေလိမ်လည်ထုတ်ယူမှုအား မိခင်တပ်ရင်းမှ ချက်ချင်းမသိရှိသေးဘဲ (၂၂)ရက်နေ့တွင်မှ သိရှိခဲ့သဖြင့် ဘဏ်သို့လာရောက်အကြောင်းကြားစစ်ဆေးခဲ့ရာ ဘဏ်မှ ထုတ်ယူခဲ့သည့် တပ်ရင်းမှုးလက်မှတ်အမှန်များဖြင့် ထုတ်ယူသွားခဲ့ကြောင်းစီစစ်တွေ့ရှိသောကြောင့် အမှုမှန်ပေါ်ပေါက်ရေးမှာ အလှမ်းဝေးသွားခဲ့သည်။ သို့ရာတွင် ဘဏ်တွင်တပ်ဆင်ထားသော CCTV အကူအညီဖြင့် ငွေထုတ်ယူခဲ့သည့်နေ့ရက့်တွင် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ဂဏာမငြိမ်ဖြစ်နေ့သည့် မသင်္ကာဖွယ်ရာလူတစ်ဦးအား တွေ့ရှိ ခဲ့ရာ အဆိုပါတပ်သို့ အကြောင်းကြားခဲ့ပြီး တရားခံအားကူညီဖမ်းဆီးပေးနိုင်ခဲ့ကြောင်းသိရသည်။ တရားခံသည် ယင်းနေ့တွင် တပ်ရင်းတပ်ဖွဲ့ဝင်များ၏ စာရင်းများမှ တပ်ရင်းမှုးလက်မှတ်အတုဖြင့် ငွေစုစုပေါင်းငွေကျပ် ၁,၂၀၀,၀၀၀ိ/-တိတိအား လိမ်လည်ထုတ်ယူခဲ့ပြီး စိန်လက်စွပ်နှင့် အခြားအသုံးအဆောင်များဝယ်ထားရှိခဲ့ပြီး ငွေကျပ်(၃)သိန်းအား ကမ္ဘောဇဘဏ်ရှိ ကိုယ်ပိုင်ငွေစုစာရင်းတွင်ဖြည့်သွင်းခဲ့ပြီး လေးသိန်းကျပ်အား မိမိသေတ္တာတွင်သိမ်းဆည်းပြီးထားကြောင်းသိရသည်။
စစ်တွေမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယခင်ကပင် ငွေလိမ်လည်မှုများမရှိခဲ့ကြောင်းသိရပြီး ယခုအချိန်တွင် CCTV တပ်ဆင်လိုက်ခြင်းအားဖြင့် ဘဏ်တွင်အပ်နှံသူများနှင့် ဘဏ်နှင့်ဆက်ဆံသူများအဖို့ ပိုမိုစိတ်ချယုံကြည်နိုင်မည်ဖြစ်ကြောင်း ဘဏ်နှင့်နီးစပ်သူတစ်ဦးက သုံးသပ်ပြောကြားခဲ့ပါသည်။
(ဓာတ်ပုံဖော်ပြချက်-စစ်တွေမြန်မာ့စီးပွားရေးဘဏ်၊ တွင် ငွေထုတ်ယူနေသူများ)
By Rakhine Straight Views
Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
No comments:
Post a Comment