Saturday, 6 October 2012
အလှူအတန်း ရက်ရောလှသည့် ဥရုဂွေးသမ္မတ
ဥရုဂွေးသမ္မတ ဂျိုးဆယ့် မူဂျီကာအား ကမ္ဘာ့ အဆင်းရဲဆုံး သမ္မတအဖြစ် အများက သတ်မှတ်ကြ သော်လည်း စင်စစ် မူဂျီကာသည် ''ကမ္ဘာတွင် အလှူ အတန်း အရက်ရောဆုံး သမ္မတတစ်ဦး'' အဖြစ် ကမ္ဘာက အသိအမှတ် ပြုခဲ့ သည်။
မူဂျီကာသည် လစာထုတ်သည့် ရက်ရောက်တိုင်း လစာ၏ ၉ဝ ရာခိုင်နှုန်းကို လှူဒါန်းခဲ့၍ ၁ဝ ရာခိုင်နှုန်း ကိုသာ ဇနီးဖြစ်သူထံ အပ်နှံပြီး ၎င်း၏လစာ ၁ဝ ရာခိုင်နှုန်း ဖြစ်သည့် ဒေါ်လာ ၁၂၅၇ ဒသမ ၅၆ ခန့်ဖြင့်သာ မိသားစု ဘဝကို ရပ်တည်ခဲ့သူ ဖြစ်သည်။
မိမိလစာ၏ ၁ဝ ရာခိုင်နှုန်းသည် မိသားစု ရပ်တည်ရန် အတွက် လုံလောက်ကြောင်း အသက် ၇၇ နှစ် အရွယ်ရှိ မူဂျီကာက ရှင်းပြခဲ့ကြောင်း စပိန်သတင်းစာ တစ်စောင်က ဖော်ပြခဲ့သည်။
ထို့ပြင် မူဂျီကာသည် သမ္မတ အိမ်တော်တွင် နေထိုင်ရန် ငြင်းဆိုခဲ့ပြီး သူ၏ ဇနီးဖြစ်သူ ပိုင်ဆိုင်ခဲ့သော နေအိမ်၌သာ နေထိုင်ခဲ့သည်။ မူဂျီကာ၏ ဇနီးဖြစ် သူ မစ္စမူဂျီကာ ကလည်း သူမ၏ ဥပဒေပြု လွှတ်တော်အမတ် လစာ အမြောက်အမြားကို လှူဒါန်းခဲ့သူ ဖြစ်သည်။
မူဂျီကာသည် ပြောက်ကျား တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသူ ဖြစ်ပြီး ၎င်းတွင် ဘဏ်စာရင်း ဖွင့်ထား ခြင်းလည်း မရှိကြောင်း သိရသည်။ သူ၏ အချမ်းသာဆုံး ပိုင်ဆိုင်မှုမှာ သက်တမ်းရင့်နေပြီ ဖြစ်သော ဘောက်စ်ဝက်ဂွန် ကားဟောင်း တစ်စီးသာ ဖြစ်ကြောင်း သိရသည်။
မူဂျီကာသည် ပြောက်ကျား တပ်ဖွဲ့တွင် တာဝန် ထမ်းဆောင် ခဲ့ပြီးနောက် လွှတ်တော် အမတ်အဖြစ် လည်းကောင်း၊ စိုက်ပျိုးရေး ဝန်ကြီးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင် ခဲ့သည်။ မူဂျီကာအား ဥရုဂွေး နိုင်ငံသား များက ဖြောင့်မတ် တည်ကြည်သူ၊ အလှူအ တန်း ရက်ရောသူ အဖြစ် ပြည်သူတို့က ချစ်ခင်ကြ ကြောင်း သိရသည်။
By မြ၀တီ
No comments:
Post a Comment