Friday, 21 September 2012
တရုတ်နိုင်ငံတလွှား ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုများဖြစ်ပွား
စက်တင်ဘာလ (၂၀) ရက် ။ ။ ဂျပန်နိုင်ငံအပေါ် ဆန့်ကျင်ဆန္ဒပြမှုများ တရုတ်နိုင်ငံတလွှား မြို့ကြီးများ၌ ပျံ့နှံ့ဖြစ်ပွားနေစဉ် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါက ဂျပန်ကုမ္ပဏီများနဲ့ သံတမန်ရေးဆိုင်ရာ အဆောက်
အဦးများအား ရုတ်တရက် ဝင်ရောက် တိုက်ခိုက် ဖျက်ဆီးနေမှုများကို အကာအကွယ်ပေးဖို့ ဂျပန်အစိုးရက တရုတ်အစိုးရကို တောင်းဆို လိုက်ကြောင်း အယ်ဂျာဇီးယား သတင်းမှာ ဖေါ်ပြထားပါတယ်။ တရုတ်နဲ့ ဂျပန်နိုင်ငံတို့ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ အရှေ့တရုတ်ပင်လယ်ထဲရှိ ကျွန်းများပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ဟောင်ကောင်နဲ့ နီးကပ်လျပ်ရှိပြီး တရုတ်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ရှန်ဇန်းမြို့ပေါ်မှာ ဖြစ်ပွား နေတဲ့ စက်တင်ဘာလ ၁၆ ရက် တနင်္ဂနွေနေ့ ဆန္ဒပြပွဲများကို တရုတ် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များ အသုံးပြုပြီး ဖြိုခွဲခဲ့တယ်လို့ ဆိုပါတယ်။ ဆန္ဒပြသမားများဟာ ဈေးဆိုင်များကို လုယက် ဖျက်ဆီးခြင်း၊ ဂျပန်နိုင်ငံလုပ် ကားများကို မီးရှို့ဖျက်ဆီးခြင်းနဲ့ တရုတ်နိုင်ငံ အရှေ့ဘက်တွင် ဒို့မြို့မှာရှိတဲ့ ဂျပန်ပိုင် အဆောက်အအုံများကို ဖျက်ဆီး မှုတွေ ပြုလုပ်နေတယ်လို့ ဖေါ်ပြထားတာကို တွေ့ရပါတယ်။
Ref: အယ်ဂျာဇီးယား
ရတနာပုံဘာသာပြန်သတင်း
By Royal Hero Media
No comments:
Post a Comment