Friday, 21 September 2012
ငြိမ်းချမ်းရေးနေ့ ဆုတောင်းပွဲကျင်းပ
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်(ယနေ့)တွင် ကျရောက်သော ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ကြိုဆိုခြင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်း စစ်အတွင်း မှားယွင်းပစ်ခတ်မှုကြောင့် ဖားကန့်မြို့တွင်
သေဆုံးသွားသော ကချင်ကျောင်းသူလေး မဂျာဆိုင်းအိန် (၁၄)နှစ် အပါအ၀င် စစ်ဘေးကြောင့် သေဆုံးသွားကြသော တိုင်းရင်းသားများ၊ စစ်ဘေးအတွင်း ဒုက္ခရောက်လျက်ရှိသော တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများ အားလုံးအတွက် ရည်စူး၍ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ဇီးဖြူတောင်ဘုန်းကြီးကျောင်းတွင် သီတင်းသုံးလျက်ရှိသော သံဃာခုနစ်ပါးအား မောချယ်ရီပညာရေးကွန်ရက်နှင့် ငြိမ်းချမ်းရေးလိုလားသူများ စုပေါင်း၍ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုအခမ်းအနားသို့ မောချယ်ရီပညာရေးကွန်ရက်မှ အဖွဲ့ဝင်များနှင့် တိုင်းရင်းသားလူမျိုးများ တက်ရောက်ခဲ့ပြီး ကွန်ရက်အဖွဲ့ဝင်များမှလည်း မိမိတို့ ကိုးကွယ်ယုံကြည်သော ဘာသာဖြင့် မြန်မာနိုင်ငံတွင် အမြန်ဆုံး ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန်၊ မဂျာဆိုင်းအိန်နှင့်တကွ စစ်ဘေးကြောင့် သေဆုံးသွားကြသော တိုင်းရင်းသားများအတွက် ထာဝရငြိမ်းချမ်းပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။
By 7Day News Journal
No comments:
Post a Comment