Thursday, 20 September 2012
ရခိုင် ပါတီ ၂ ခု ပေါင်းစည်းရေး ALD မှ RNDP ကို ကမ်းလှမ်းပြီ
ပါတီ နှစ်ခု တပါတီ အဖြစ် ပေါင်းစည်းရေး အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ကို ကမ်းလှမ်းလိုက်ပြီ ဖြစ်သည်။
ရခိုင် ပါတီကြီး နှစ်ခု ပူးပေါင်းရေး အတွက် ယခုလ ၁၅ ရက်နေ့က စာရေး ကမ်းလှမ်းလိုက်ခြင်း ဖြစ် သည်ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဌ ဦးအေးကျော်က နိရဉ္စရာသို့ ပြောသည်။
“ ရခိုင် ပြည်သူတွေက ပါတီ (၂) ခု ဖြစ်လာတာကို မကြိုက်ကြဘူး။ နှစ်ပါတီဆိုရင် မကောင်း၊ တစ်ပါတီတည်း ဖြစ်စေချင်တယ် လို့ တောင်းဆိုလာကြပါတယ်။ ကျွန်တော်တို့က မှတ်ပုံတင် မကျခင် ကတည်းကပင် နှစ်ပါတီ ဖြစ်ပေါ်လာရင် ရခိုင် ပြည်သူတွေဟာ ဘယ်သူ့ကို အဖေခေါ်ရမလဲ ဆိုပြီး မေးခွန်းတွေ ထုတ်လာကြတယ်။ ရခိုင်ပြည်သူတွေအတွက် အဖေနှစ်ယောက် မဖြစ်ရအောင် ဆန္ဒနဲ့ ခုလို တရားဝင် ပါတီ ပူးပေါင်းရေးကို ကမ်းလှမ်းတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
By June Naing

No comments:
Post a Comment