ကိုဖြိုးဝေအောင်ကို ၈၈ မျိုးဆက် သွားရောက်အားပေး
ဓာတ်ပုံ- ၈၈
သေဒဏ်ကျခံ နေရာမှ သြဂုတ်လ ၃ ရက် တွင် ပြန်လည်လွတ်မြောက်လာသော ကိုဖြိုးဝေအောင်ကို ၈၈ မျိုးဆက်ကျောင်းသားများက ယမန်နေ့ (သြဂုတ်လ ၃ ရက်) ညနေပိုင်း၌ အင်းစိန်ဆေးရုံတွင် သွားရောက် အားပေးနှုတ်ဆက်ခဲ့ကြတဲ့ မြင်ကွင်းဖြစ်ပါတယ်။
ထောင်က လွတ်မြောက်လာပေမယ့် အိမ်မပြန်နိုင်သေးပါ။ ဆေးရုံမှာပဲ ဆက်လက်ပြီး သူခံစားနေရတဲ့ ကင်ဆာရောဂါကို ဆက်လက် အံတု ရအုံးမှာပါ။ ဇနီး၊ သားသမီးတွေနဲ့ အတူ အိမ်ဆိုတဲ့ အနှစ်သာရ လေးကို သူ ထောင်က ပြန်လွတ်လွတ်ချင်း မခံစားပါ။
ဒါတွေဟာ ဘာကြောင့်လဲ၊ ဘယ်သူ့ကြောင့်လဲ?????
By Irrawaddy
No comments:
Post a Comment